ဧရာဝတီ အတွက်ဆွေးနွေးပွဲ

ေရႊဘိုသားAugust 16, 20111min845

ကျနော်. အွန်လိုင်းက အစ်ကိုတစ်ယောက် ပြောလို.ဒီသီတင်းကို ရွာထဲသယ်လာတာ

ရွာထဲက စိတ်ဝင်စားတဲ. သူများ သွားနိုင်အောင်လို.ပါ ကျနော်တို.ရဲ. ရေသောက်မြစ်ကြီးဖြစ်တဲ.

အမိဧရာဝတီမြစ်ကြီးနဲ.ပတ်သတ်ပြီး ဆွေးနွေးပွဲလုပ်ဖို. ရှိပါသတဲ.ဗျာ စိတ်ဝင်စားရင် ရွာသူ ရွာသားတွေလည်း

ကိုယ်သိတဲ.အကြောင်း သိချင်တဲ.အကြောင်းတွေကို ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်လို. သိရပါတယ်

ဆွေးနွေးပွဲလုပ်မဲ. နေရာ လိပ်စာကတော.

Thingangyun,Yangon.( အမှတ်(၄၅၃) သုမနလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့)

Ohn Mar Oo အလုပ်ရုံဆွေးနွေးပွဲရှိပါတယ်၊ဧရာဝတီအတွက်ပါ ဗေဒါသင်တန်းကျောင်းမှာဖြစ်ပါတယ်၊ ပြည်သူတို ့၏ ဆန္ဒကို ဖြည့်စွမ်းပေးနိုင်သော
ပညာရှင်များအား ဖိတ်ခေါ်ခြင်းဖြစ်သည့် အတွက် နိုင်ငံပိုင်သတင်းစာများတွင်
ရေးသားသော ဆောင်းပါးရှင်များအပါအဝင် အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့်
တက်ရောက်ဆွေးနွေးပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်လိုပါက- ဝင်းချို ၊ ဖုန်း ဝ၁-၃၉၃၁၅၅ လိုင်းခွဲ ၂၆၄၊ ဝ၉-၈၀-၃၃၅၅၄

ဗေဒါ သင်တန်းကျောင်း Date: 18 August 2011,Time: 9 am to 12 am ဖြစ်တယ်လို. သိရပါတယ်

ကျေးဇူးပြုပြီး ဆက်လက်ဖြန့်ဝေပေးပါရန်
ကျနော်တို. အမိဧရာဝတီအတွက် တတ်နိုင်သလောက် ဝင်ရောက်ကူညီကြဖို. မျှော်လင်.ပါတယ်ဗျာ
ဆက်လက်ပြီး မျှဝေပေးကြပါ ရွာသားတို.
ရေးချင်တာတော. အများကြီး ဆေးရုံသွားလူနာစောင်. ရအုံးမှာမို. ဂိုးပြီဗျို. နောက်မှ တွေ.မယ် အခုတလော
ဒါ.မို. ရွာထဲမဝင်ဖြစ်တာ အခုတောင် ရက်ကနီးနေပြီမို. ခဏလာပြီး ရွာထဲဝင်ရင် အပျိုလှည်.ရင်းလာတာ

 

 

5 comments

  • ဇွဲ

    August 16, 2011 at 7:36 pm

    ဪ..
    ဆေးရုံစောင့်ခါနီး အပျိုတောင် ဖမ်းလှည့်သွားသေးပါကလား..
    ကဲ..ကဲ..
    ဧရာဝတီကို ကယ်တင်မယ် တကဲကဲ လုပ်နေတဲ့ အာစရိတို ့.. စိတ်ဝင်စားရင်သွားဆွေးနွေးကြပေရော့
    ကျုပ်တော့….ကိုယ့်ကိုယ်ကို အရင်ကယ်တင်ရဦးမှာမို ့..ဆွေးနွေးနိုင်သေးဘူး..
    ဒါဗြဲ.. 😛

  • ကြောင်ကြီး

    August 17, 2011 at 9:37 am

    ဟိတ်ကောင် ရွှေဘိုသား၊ မင်းငါ့ညီမကို အွန်လိုင်းမှာ ရီးတီးယားတားလုပ်နေတာ ကြာပြီ၊ မင်းသူ့ကို ယူမှာလား မယူဘူးလား..။ မယူဘူးဆိုရင် ဆေးရုံကြီး ၅၊၆ အဆောင်မှာ ကုတင်နေရာသွားကြည့်ထား…။

  • ရွှေအိမ်စည်

    August 17, 2011 at 9:41 pm

    အရင်ဆုံး…
    “အချိန်မနှောင်းခင် .. အိမ်ရှေ့မြောင်းကို .. ကယ်တင်ကြပါစို့ ..”

    မြောင်းပိတ်ခြင်းအကျိုးဆက် ပြဿနာများ

    မြောင်းတွေက ကြာလာတာနဲ့ အမျှ အမှိုက်သရိုက် အနည်အနှစ်တွေ အောက်ခြေမှာ စုပုံလာပြီး ကောလာပါတယ်။
    ခုနောက်ပိုင်းမှာ စည်ပင်သာယာက ပုံမှန်ပြန်ဆည်လေ့ရှိပေမယ့် ပိတ်နေတဲ့ နေရာတွေလောက်သာ ဆည်နိုင်ပြီး မြောင်းတစ်လျှောက်ကို ပုံမှန်ပြန်မတူးနိုင်ပါ။

    လမ်းမပေါ်မှာရေတွေ ကြီးနေတာ..အရင်လုပ်ရအုံးမယ်လို ့…….နောက်မှဘဲ
    စနေ နေ ့တော့…အိမ်ရှေ ့မြောင်းအရင်ဖော်ကြဖို ့နိုးဆော်ပါတယ်…

  • moethidasoe

    August 17, 2011 at 10:52 pm

    အိမ်ရှေ့မြောင်းက ရေစီးရေလာကောင်းရေး ဆိုပြီး ငါးပေ အကျယ် သုံးပေ နက်ရမယ် ဆိုပြီး မနှစ်က ချဲ့လိုက်တာ အိမ်ရာရဲ့ ဆိုင်းဘုတ်တောင်မှ ပြိုသွားပြီ
    မူလ မြောင်းကျော် တံတားတောင် မလွှဲသာမရှောင်သာ ရပ်ကွက်က ပြင်လိုက်ရတယ် .. (ဘယ်မှာလဲ စည်ပင် .. သူတောင်မှ ရွှေချောင်းကိစ္စနဲ့ အရေးယူခံရတော့မလို ဆိုလား)
    ကိုယ့်စရိတ်နဲ့ ကိုယ်ပြင်တာတောင်မှ .. စည်ပင်ရဲ့ ခွင့်ပြုချက် မရလို့ ဆိုပြီး အရေးယူခံနေရဦးမှာ

Leave a Reply