မလေးရှားနိုင်ငံတွင်တုတ်ဝေသည့် Friday News Journal No.17.Aug 5.2011 နေ့တွင်ပါရှိသော မြန်မာနိုင်ငံမှအနုပညာရှင်လေးများဖြစ်ကြတဲ့ ရတနာမိုင်နဲ့နိုဗယ်ကျော်ကျော်တို့ရဲ့ နေရာလုရင်း ရန်ဖြစ်ကြတဲ့အကြောင်းပါ။သိပြီးသူများအတွက်ရော အသိသေးသူများအတွက်ပါမျှဝေပေးလိုက်ပါတယ်။

ရုပ်မြင်သံကြားရိုက်ကူးရေးတစ်ခုမှာ ဂုဏ်ပြုသီချင်းတစ်ပုဒ်ရိုက်ကူးနေရင်း အငြင်းပွားရန်ဖြစ်ကြတဲ့ မင်းသမီးလေးနှစ်ယောက် အကြောင်းကလည်း ကြားရသူအပေါင်းရယ်စရာကောင်းသလို အံ့ဩသက်ပြင်းချ ရပါတယ်။

ဖြစ်ပုံကတော့ ရုပ်သံက စီစဉ်ရိုက်ကူးတဲ့ ဂုဏ်ပြုတေးတစ်ပုဒ်မှာ အဆိုတော်သရုပ်ဆောင်ရတနာမိုင်နဲ့ နိုဗယ်ကျော်ကျော်တို့ ကျော်မကောင်းကြားမကောင်း တစ်ယောက်တစ်ခွန်းစကားများလို့ ကင်မရာမန်းတွေခင်မှာဗျာ..ကင်မရာရှေ့မှာ ငုတ်တုတ်ထိုင် လက်မိုင်ချခဲ့ရပါတယ်။အဆိုတော်၊သရုပ်ဆောင်၊မော်ဒယ်လေးတွေတန်းစီပြီး ရိုက်ကူးနေရာက နိုဗယ်ကျော်ကျော်နဲ့ ရတနာတို့က အလယ်နေရာကိုလုကြပါရော။လုရင်းနဲ့မှ တစ်ယောက်နဲ့တစ်ယောက်မခံချင်အောင်ပြောကာ ပါးတွေနားတွေရိုက်မယ်ထိပါဖြစ်ပြီး၊မင်းသမီးအမေတွေပါ ပါလာကြပါတယ်၊”အရက်မှူးမှ ကျွဲခိုးပေါ်တယ်”ဆိုတဲ့မြန်မာစကားပုံအတိုင်း နိုဗယ်ကျော်ကျော်က “နင့်လို လူတကာနဲ့…..တဲ့ကောင်မ မဟုတ်ဘူး”လို့ပြော်တဲ့စကားကို ရတနာမိုင်ကလည်း “နင်ဘယ်သူနဲ့ဘာဖြစ်တယ်ကအစ အကုန်သိတယ်။ငါ့ ခြေဖျားတောင်မမှီတဲ့ ကောင်မကများ”ဆိုပြီး ပြန်လည်ချေပခဲ့ပါတယ်တဲ့။ဒီအစီအစဉ်ကို တင်ဆက်တဲ့ဗိုလ်မှူးလည်း လက်မှိုင်ချခဲ့ရပါတယ်။နောက်ဆုံးမှာ နိုဗယ်ကျော်ကျော်ကလည်း မနိုင်နိုင်ရာ ပြောချလိုက်တဲ့စကားက_ “ဗိုလ်မှူး ဒီအစီအစဉ်ကို ဘယ်သူ့ ခွင့်ပြုချက်နဲ့ရိုက်ရတယ်ဆိုတာသိတယ်နော်” လို့ အော်ပြောလိုက်တာကြောင့် အားလုံးပွဲကျသွားကြပါတယ်။အစီအစဉ်မစခင် လူစစုထဲက တိုင်းမှူးအခန်း ထဲကထွက်လာတဲ့ နိုဗယ်ကျော်ကျော်ကို တွေ့လိုက်အပေါင်းက လက်တို့တီးတိုး ဆိုနေကြပြန်သတဲ့။

ကဲ….ပရိသတ်ကြီးရေ စဉ်းစားသာ ကြည့်ပေတော့ ဒီလောက်အစီအစဉ်လေးကိုတောင် နေရာလုနေကြသတဲ့ မြန်မာမင်းသမီးလေးတွေရဲ့ စိတ်ဓါတ်က အံ့ဩ လေးစားလောက်ပါရဲ့။

ဒေါသကြီးလို့ ၁၉ ချက် ချုက်လိုက်ရတဲ့ ရွှေစင် ။        ။ဇူလိုင်လ ၁၈ရက်နေ့က မော်ဒယ် သရုပ်ဆောင် ရွှေစင်တစ်ယောက် ရန်ကုန်ပြည်သူဆေးရုံကြီးမှာ တက်ရောက် ဆေးကုသခံယူခဲ့တယ်ဆိုတဲ့ သတင်းကြောင့် သူ့ပရိတ်သတ်တချို့ တအံ့တဩ ဖြစ်ခဲ့ရပါတယ်။ဒီလောက် ငွေကြေးပြည့်စုံနေပါလျက်နဲ့ တစ်ခြားပုဂ္ဂလိကဆေးရုံ၊ဆေးခန်းမျိုး မတက်ပဲ အများပြည်သူနဲ့အတူ ဆေးရုံကြီးတက်ရတဲ့အကြောင်းရင်းကို စုံစမ်းကြည့်တော့ အမှုအခင်းနဲ့ပက်သက်နေလို့ တခြားပုဂ္ဂလိကဆေးရုံတွေက လက်မခံကြောင်း၊သူမယခုလက်ရှိတွဲနေတဲ့ ချစ်သူနဲ့ရန်ဖြစ်ပြီး မတော်တဆ ထိခိုက်မိကာဒဏ်ရာရခဲ့ပြီး ၁၉ချက် ချုပ်လိုက်ရကြောင်းသိရပါတယ်။

ရွှေစင်နဲ့ပက်သက်ပြီး ကြားသိရသမျှက စပွန်ဆာချစ်သူ များလွန်းလှတဲ့ ရွှေမင်းသမီးလေးက မူးလာပြီဆို လူကြားသူကြားမရှောင် အော်ဟစ်သောင်းကျန်းတတ်တာတွေ့ရသူ အတော်များများက ပြောကြပါတယ်။ဒါရိုက်တာ ညိုမင်းလွင်၊အဆိုတော် မင်းသားနေရဲမာန်တို့နဲကားရိုက်ပြီးကတည်းက ငြိမ်ချက်သားကောင်းနေတဲ့ ရွှေစင်က အခုတော့ ဇတ်ကားထပ်ရိုက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ပြည်တွင်း မီဒီယာတွေ ထက်မှာတော့ ရွှေစင် က သူမ ဒဏ်ရာရခဲ့တာ ရေချိုးခန်းမှာ မတော်တဆ ချော်လဲကျ သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းကနေအတင်းဖြစ်သွားတယ်ဆိုတော့ ရွာသူရွာသားအားလုံးကိုတောင်းပန်ပါတယ်။အရင်းအတိုင်းပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ကာယကံရှင်များကား နစ်နာလိုစိတ် လုံးဝလုံးဝမရှိပါ။

About ခေတ်သစ်ပေါက်ကျိုင်း

zaw min has written 92 post in this Website..