မန္တလေးမှာမိုးများလို့ လမ်းမှာရေအိုင်..

kontwinsAugust 17, 20111min20916

မန္တလေးမှာ ၁၆ ရက် ညနေလောက်က ရွာချလိုက်တဲ့မိုးပေါ့နော်
သည်းလိုက် မသည်းလိုက်နဲ့ ညကျတော့ အရမ်းရွာချပါလေရော်
၃နာရီလောက်ကြီး …………………………………………………..။
မနက်ကျတော့ မန္တလေး နေရာ တော်တော်များများရေအိုင်လေးဖြစ်လို့
ဘာဖြစ်လို့ ရေအိုင်တာလဲတော့မသိပါဘူး လမ်းပေါ်တွေရော် ။

ဒူးလောက်ရှိတယ် တဲ့ တစ်ချို့နေရာတွေမှာ
လမ်းတွေ များများ ရေတွေချည်း
လူတွေ ရေတွေနဲ့ဆို သိပ်ကြီး စိတ်ညစ်ကြတယ်ထင်ပါတယ်  ။
ဆိုင်ကယ်တွန်းတဲ့လူတွေ အများကြီးတွေ့ရတယ် ။
ဒီလိုရေအိုင်တော့ ဆိုင်ကယ်ပလက်ရေထိသွားထင်တယ် ။

…………………………………………………………………………………………..။

ရေတွေဘာလို့ဒီလောက် အိုင်ရတာလဲ ?

16 comments

  • mr.lone

    August 17, 2011 at 9:33 am

    ရေကတစ်နိုင်ငံလုံးကြီးနေတာနော် ။ ရန်ကုန်မှာလည်း တစ်ချို့နေရာတွေ မှာ မိုးသည်းသည်းမဲမဲရွာလိုက်
    ပြီဆို မြစ်ရေလျှံပြီး ရေတွေကားလမ်းမှာအပြည့်ပဲ … … … ရှေးလူကြီးတွေ ပြောဖူးတဲ့ တဘောင်စကား တစ်ခု
    ရှိတယ်တဲ့ … ရန်ကုန်မှာ ရေကြီးရင် ရွှေတိဂုံစေတီက ခြင်္သေ့တွေ နှာခေါင်းပဲပေါ်မယ်တဲ့ …. …

  • kai

    August 17, 2011 at 9:47 am

    ပြီးခဲ့တဲ့… ၁ဝစုနှစ်အတွင်း.. ရေကြီး..မိုးခေါင်..မုန်တိုင်းဝင်.. ပေါက်တတ်ကရရာသီဥတု.. မြန်မာပြည်မှာဖြစ်နေတယ်..။ ကျုပ်မြန်မာပြည်နေစဉ်က..မကြားဖူးတာတွေချည်းပဲ..။
    အမိဧရာဝတီက ..အဖမြန်မာပြည်ရဲ့..အဓိကအသက်သွေးဆိုတော့.. ဧရာဝတီနဲ့ ဆိုင်တယ်သေချာတယ်.။

    ပြောချင်တာက… မြစ်ဆုံဆည်မဆောက်ခင်ကတည်းက..ဧရာဝတီဟာ.. ဖျားနာနေခဲ့ပြီပဲ..။
    တော်တော်ကို.. မကျမ်းမမာဖြစ်နေခဲ့တာ…။

    မြစ်ဆုံဆည်ကိစ္စက..ဧရာဝတီကို ပြန်ကယ်ဖို့ဖြစ်ချင်ဖြစ်သွားနိုင်တာပဲ… ။
    နိုင်ငံတကာ ကျွမ်းကျင်သူပညာရှင်တွေကိုခေါ်ပြီး လွတ်လပ်တိကျတဲ့ ဆာဗေးပြန်လုပ်ဖို့ကောင်းတယ်ထင်မိတယ်..။
    .. တောင်းဆိုလိုက်ပါကြောင်း..။

  • etone

    August 17, 2011 at 12:51 pm

    ရေကြီးတာတော့ ပြောမနေနဲ့တော့… ခါးတောင်းကျိုက်ပြီး ကားလမ်းဖြတ်ကူးချင်စိတ်တောင် ပေါက်မိတယ် 😀

    • mr.lone

      August 17, 2011 at 4:57 pm

      မမ etone ရယ် ခါးထောင်းတော့မကျိုက်လိုက်ပါနဲ့ လှေလေးနဲ့ဆိုတော်သေး …… အခု MRTV ကနေ ပြည်သူအားလုံးကို လှေဆောက်ဖို့ မှာနေပြီလေ ။ ကြိုတင်ကာကွယ်တဲ့သဘောတဲ့….

      • ဆူး

        August 17, 2011 at 11:05 pm

        လှေအတွက် မပူနဲ့ ဝါး ၃ချောင်းကို ၃ပိုင်းပိုင်းပြီး ပူးပြီး တွဲချည်လိုက်ရင် ဖောင်ဖြစ်တယ်။
        ဖောင်ပေါ်မှာ အသာတကြည် မျှောလိုက်ယုံပဲ.. ဟိဟိ…

    • moethidasoe

      August 17, 2011 at 10:35 pm

      အိတုန်ရယ် .. ခွေးတစီစီ ဖြစ်နေပါဦးမယ်

  • pan pan

    August 17, 2011 at 1:17 pm

    ရေခန်းတဲ့နေရာခန်း
    ရေကြီးတဲ့နေရာကြီး
    လိုတာမရ ရတာမလိုကြီးပါလား

    • kai

      August 21, 2011 at 4:42 pm

      တရားခံက…မိုး..။အဲဒီကနေ…ချောင်း…မြစ်ရေစီးစင်းမှုကအဓိကပဲ..။
      အဲဒါကြောင့်…တောင်ကိုဖေါက်..။တံတားဆောက်တဲ့လူသားတွေဟာ..မြစ်ရေစီးဆင်းမှုကိုလည်း ထိမ်းချုပ်ခဲ့ကြတယ်..။
      ဆည်တွေဆောက်..ရေစီးဆင်းမှု..ကန့်သတ်တာပေါ့..။
      ကယ်လီဖိုးနီးယားကလူတွေ..ရေချိုတွေသောက်သုံးနိုင်အောင်.. အယ်လ်အေလိုမြို့ကြိးမီးထိန်ထိန်လင်းနိုင်အောင်.. ကိုလိုရာဒိုမြစ်ကြီး..ဆည်ဖို့ပြီးကမ္ဘာကျော် ဟူးဗားဒမ် ဆောက်တာပဲ..။
      မြစ်ခမြာလည်း..သေရှာတာပဲ..။ သေကာမှသေရော.. လူတွေသန်းချီပြီး.. အဆင်ပြေကုန်တာကလည်းရှိနေတာပဲလေ…။

      ပြောရရင်…
      ပုဂံခေတ်ရဲ့.. ပထမဆုံးကဗျာလို့..ပြောရမဲ့..မြကန်သာ ကဗျာထဲပါတဲ့.. မြကန် ဟာလည်း.. အဲဒီလို..တဖက်ပိတ်ကန်ဆည်ထားတာပဲ..။ မြန်မာတွေအင်မတန်ကို ..စောစော..ကန်ဆည်ခဲ့ကြတယ်..။

      ဒါမျိုးတွေကို..ကမ္ဘာပေါ်ကမြစ်ကြိးတွေတော်တော်များများမှာ… လုပ်ခဲ့တယ်..လုပ်နေဆဲပဲ..။
      နည်းပညာတိုးတက်လာတော့ ပိုအမြတ်ထွက်အောင်..ရေကိုပိတ်ပြီးမှ.. ရေတွန်းထွက်အားကနေ.. လျှပ်စစ်ထုတ်တာပေါ့..။

      အခုလို.. ကမ္ဘာကြီးပူလာပြီး.. ပါတ်ဝင်းကျင်ထိမ်းသိမ်းတာတွေ.. ဘာတွေ. .အော်ကြတဲ့အချိန်ကျ.. ဒါတွေမှားတယ်အော်ကြတာပဲ.. ။ပြန်ကြည့်တော့..ကမ္ဘာ့ မြစ်ကြီးတွေအားလုံလိုလို.. ရေကာတာကြီးတွေနဲ့..ဖြစ်ပြီးနေပြီ..။

      သာမန်အတွေးနဲ့ကတော့.. ဖွံ ့ဖြိုးပြီး..တိုးတက်နေတဲ့နိုင်ငံတွေမှာ.. သဘာဝကိုထိမ်းသိမ်းဖို့ဆိုတာ… ဖြစ်နိုင်ပေမဲ့.. မြန်မာပြည်လိုနိုင်ငံမှာ ချိန်ဆစဉ်းစားစရာတွေအများကြီးရှိနေတယ်..။

      အဲဒါကို.. သေသေချာချာ ..လွတ်လပ်တဲ့..ပညာသည်တွေအစုအဖွဲ ့တခုခုက.. ဆာဗေးလုပ်သင့်တယ်ရေးတာကို.. အနီကဒ်တွေစွတ်ပြတော့တာပဲ..။
      နိုင်ငံရေးကစားတာမှာ.. လူထုဟာ..နိုင်ငံရေးသမားတွေ..စေရာနောက်ပဲ..စွတ်လိုက်နေလို့လည်း..မဖြစ်သေးဘူး..။

      အင်း… ဒါလည်း.. တဒုက္ခ… 🙁 🙁

  • pooch

    August 17, 2011 at 10:41 pm

    ရေကြီးလွန်းလို့ အဲ့ဒီနေ့ တရက်လုံး ဘယ်မှ ထွက်လို့ မရဘူး

  • Moe Z

    August 21, 2011 at 4:20 pm

    ရေကြီးလို့ အပြင်သွားလို့မရပါဘူးဆိုမှ အိမ်မှာနေတော့လည်း မီးကမလာ..
    ပြည်သူတွေ ဓာတ်လိုက်မှာစိုးလို့ မီးဖြတ်ထားတယ်လို့ FM ကကြေငြာထားတယ်..
    မီးမလာတော့ ရေတင်လို့မရ.. ရေပတ်လည်ဝိုင်းပြီး ရေမချိုးရတာ (၂)ရက်ရှိပြီဗျို့

  • manawphyulay

    August 21, 2011 at 5:47 pm

    မန်းလေး မိုးက ရန်ကုန်လောက်မဆိုးဘူးပဲ။ ခြေမျက်စိလောက်ပဲ တက်တာပေါ့နော်။ ရန်ကုန်မှာတော့ ကားတွေ ပင်လယ်ထဲမောင်းနေသလိုပဲ………..

  • winkyawaung

    August 21, 2011 at 6:39 pm

    မိုးရွာတော့ ရေလျှံနေတာပေါ့။ စည်ပင်ကလည်း အခွန်တွေသာ တက် တက်ကောက်နေတာပါ။ ပြုပြင်ရေးလုပ်ငန်းတွေကျတော့ ထိထိမိမိ မလုပ်ကြပါ။ နှစ်တို နှစ်ရှည် ပြင်ပြီး စားနေကြတာပါ။ မြေအောက်မြောင်းတွေဆို ညာစားထားတာ မိုးရွာတော့ ပေါ်ကုန်တာပေါ့လေ..။

  • jaryitt

    August 21, 2011 at 8:08 pm

    မန္တလေးမှာ မိုးရွာရင်ရေတင်တာက ခုမှမဟုတ်ပါဘူး..။ လမ်းဘေးမြောင်းတွေက ရေထုတ်မြောင်းတွေ မဟုတ် ရှာပဲ ဘယ်ကိုမှရေထွက်ပေါက် မရှိရှာတဲ့ ရေဆိုးမြောင်းတွေ ဖြစ်နေတာက အဓိက ကျနေတယ်လို့ထင်တယ်…။ အဲဒိရေမြောင်းတွေ ရေထွက်ပေါက်ရရင်တော့ ရေသိပ်မတင်လောက်ပါဘူး..။ မန်းသားတွေ နည်းလမ်းရှာကြပေါ့ဗျာ……

  • Ko Nanda

    August 21, 2011 at 8:18 pm

    ဘာလို့ ဓာတ်ပုံက နှစ်ပုံဘဲ တင်တာလဲ

  • ဟိုအရင်က ရေဝင်လာရင် ခဏနားစရာ အင်းတွေရှိတယ်၊
    အခုတော့ ဒီအင်းတွေက အိမ်တွေဖြစ်ကုန်ပါတယ်။
    နောက်ရေမြောင်းထဲကို အမိူက်တွေချပါတယ်။
    အဲတော့မြောင်းတွေက ရေမစီးဘူးပေါ့။
    အဲတော့ လမ်းပေါ်မှရေတင်………
    လမ်းတွေကိုမြှင့်လိုက်တော့ လမ်းက အိမ်ထက်မြင့်တော့ အိမ်ထဲကိုရေဝင်။
    အဲဒါမန်းတလေးရာဇဝင်

  • ရွှေအိမ်စည်

    August 21, 2011 at 11:06 pm

    ရေတက်ပြီးရင်ခြင်..ကပိုဆိုးမယ်….
    နဂိုထြ ကခြင်ပေါနေတာ..
    .မိုးရေကြီးနေတာကမြန်မာတနိုင်ငံလုံး….
    .နေရာမလပ်စေရဘူး

    ——————

    အိတုန်ရယ်..မလုပ်လိုက်ပါနဲ ့မကောင်းပါဘူး…
    ရွာထဲ မှာပါနေအုံးမယ်

Leave a Reply