ကျနော် ဒီအကြောင်း ရေးသင့်မရေးသင့် စဉ်းစားနေတာ အတော်ကြပြီ …။
လူတစ်ယောက်အကြောင်းပါ ..။ တလောက Sunday talk ကြည့်လိုက်မိတော့ တိုက်တိုက်ဆိုင်ဆိုင်
ကျနော်တွေးနေတဲ့အကြောင်းအရာမျိုး ဖြစ်နေတော့ … ဘာဘဲဖြစ်ဖြစ် စိတ်မကောင်းလှပေတဲ့
တနည်းတနည်းနဲ့ပညာပေးရာတော့ ရောက်မှာပါဘဲလေ ဆိုပြိးရေးချလိုက်ရတော့တယ် ….။

မိန်းမပျိုလေးများ အိမ်ထောင်ပြုဖို့စဉ်းစားကြတဲ့အခါ ရုပ်ချောသူ ငွေကြေးချမ်းသာသူ … အစရှိသဖြင့်
သူ့အရွယ်လိုက်ပြီး … သူ့အတွေကအကြုံလေးအလိုက် စဉ်းစားကြတဲ့အကြောင်း …
အဲဒီထဲမှာမှ တာဝန်သိသော ယောကျာင်္းမျိုး ဆိုတာကိုထည့်သွင်းစဉ်းစားတာမျိုး အနည်းငယ်သာရှိကြောင်း ဆွေးနွေးသွားတာပါ။
ကောင်းပါတယ် … ဆွေးနွေးခန်းလေးက ..။

ကျနော်သိတဲ့မိသားစုလေးတစ်စုအကြောင်းကို ဖွဲ့နွဲ့မနေတော့ဘဲ ရိုးရိုးလေးဘဲတင်ပြလိုက်ပါတော့မယ် ..။
ဖြစ်ရပ်မှန်လဲဖြစ်တယ် ဖြစ်တတ်တဲ့သဘောလဲရှိတာမို့ … အထူးအဆန်းရယ်လို့တော့မဟုတ်လှပါဘူး။
အများးအမြင်မှာတော့ သူဌေးလေးတစ်ယောက်လို့ အထင်ခံနေရတဲ့ လူတစ်ယောက်ရျိတယ် …။
အသက် ၃၀ ကျော်လောက်ထိတော့ ပုံမှန်မိသားစုဘ၀လေးပါဘဲ မရှိမရှားလေးပေါ့ ..။

သူ့မှာကလေးနှစ်ယောက်ရှိတယ် အကြီးမလေးက တက္ကသိုလ်ကျောင်းသူအပျိုလေး ..။
အငယ်ကတော့ ဒီနှစ် ၁၀ တန်းဖြေမဲ့ကျောင်းသားလေး ..။
အဖေဖြစ်သူက ကန်ထရိုက်တယောက်နဲ့တွဲမိသွားပြီး သူလဲကန်ထရိုက်အဖြစ် အဆောက်အဦတွေစဆောက်ပါတော့တယ် ..။
အမေဖြစ်သူက သူများဆီကနေငွေအရင်းအနှီးကို သိန်းထောင်ချီယူလိုက်ပြီး အတိုးပြန်ပေးတယ်။
ရှစ်ကျပ်တိုးယူပြီး ငွေရှင်တွေကို ၅ ကျပ်တိုးနှုန်းနဲ့ပြန်ရှင်းတယ်။ သူက ၃ ကျပ်စားပေါ့။

အမေဖြစ်သူရဲ့လုပ်ငန်းလေးက ပုံမှန်တော့လည်ပတ်နေတာပေါ့။ တခါတလေလည်း အခက်အခဲလေးတွေကြုံရတာမျိုးရှိပါတယ်။
အတိုးယူထားသူက ပြန်မဆပ်ချင်လို့ရှောင်နေတာတို့ အတိုးမှန်မှန်မဆပ်တာတို့ဖြစ်လာတဲ့အခါ ရှေ့နေရှေ့ရပ်တွေနဲ့
တရားရင်ဆိုင်ရတာတွေလဲရှိရဲ့ ဒါပေတဲ့ သူတို့အဖေကနာမည်ကျော်ရှေ့နေကြီးတစ်ယောက်ဆိုတော့ ဖြေရှင်းနိုင်ကြပါတယ် ..။

ဘ၀ဇာတ်ကြောင်းပြောင်းချင်တော့ …. သူများကိုငွေချေးမဲ့အစား ယောကျာင်္းလုပ်သူက သူ့ကန်ထရိုက်လုပ်ငန်းမှာ ငွေထည့်ဖို့
သူ့မိန်းမကိုဆွယ်တော့တယ် ..။ သမီးအပျိုလေးကလည်း အရွယ်ရောက်လာတော့ တင့်တောင့်တင့်တယ် ယောကျာင်္းလေးနဲ့တွေ့အောင်
ငါတို့မိသားစုလည်း အဆင့်မြင့်မြင့်နေနိုင်အောင်လုပ်ရမယ်ပေါ့ ….။

သူတို့မိသားစု အဆင့်မြင့်သွားတာတော့အမှန်ပါဘဲ .. အဆောက်အဦိတွေဆောက်ရောင်း ကြိုပွိုင့်နဲ့ပေါ့…။
ငွေစကြေးစလေးရွှင်လာတော့ … ပြဿနာကစပါပြီ ..။
ယောကျာင်္းတချို့ရဲ့ထုံးစံအတိုင်း … သာယာမှုအသစ်ကိုရှာလာတယ် ..။
ပတ်ဝန်းကျင်ကလည်း သူဌေးလေးလို့မြင်နေကြပြီဆိုတော့ … စပွန်ဆာရှာနေတဲ့ ကောင်မလေးငယ်ငယ်နဲ့ငြိသွားရောဆိုပါတော့ ..။
မိသားစုအတွင်းမှာပြဿနာ ကြီးလာပြီပေါ့ … ။ သမီးလုပ်သူအပျိုလေးကလည်း အမျိုးကောင်းသားလေးတစ်ဦးနဲ့ ရီးစားဖြစ်နေရာက
နှစ်ဦးနှစ်ဖက်သဘောတူထားကြပြီ။ အငယ်လေးကလည်း ၁၀ တန်းဆိုတော့ စာကိုဘဲအာရုံပြုနေရာကနေ …
တနေ့တနေ့မူးပြီးပြန်လာတဲ့အဖေဖြစ်သူနဲ့ အမေနဲ့ရန်ပွဲတွေ တစတစ များလာတော့အာရုံမရတော့ဘူး ..။ စာမကျက်တော့ဘူး ..။
ကြားထဲက ကလေးတွေ မြေဇာပင်ဖြစ်ကြရပြီ ..။
အဖေဖြစ်သူကလည်း ငါကအလုပ်ကြီးအကိုင်ကြီးလုပ်နေတာ ဆိုတဲ့အကြောင်းပြချက်နဲ့ ကားကောင်းကောင်းတစ်စီးဝယ်စီးလိုက်တယ်။
ကားကလေးနဲ့ သားသမီးတွေ ကျူရှင်အပို့အကြိုတောင် လုပ်မပေးဖြစ်ဘူး … တခါတခါ နောက် စမောလေးနဲ့ ကားပေါ်မှာ …
ကလေးတွေက တွေ့သွားတာကိုး …။ နေ့တိုင်းမူးပြီးအချိန်နောက်ကျမှပြန်လာတဲ့အဖေ ..။ အိမ်ကကားကို သူတို့တောင်မစီးရဘဲ
နောက်မိန်းမကိုတင်ပြီး လမ်းသလားနေတဲ့အဖေကို မကျေနပ်ကြတော့ဘူးလေ ..။ အဖေလုပ်သူကလည်း စီးပွါးရေးသမားကြီးပုံစံနဲ့
ဖုန်းအကောင်းစား ဈေးကြီးကြီးဝယ်ကိုင်တယ် ..။ ဘယ်ဟာမဆို branded မှ ..။ ငွေကို မိန်းမပြန်မအပ်တဲ့အပြင် မိန်းမဆီကယူထားတဲ့
အတိုးကိုလဲမှန်မှန်မဆပ်နိုင်တော့ဘူး …။

အဆုံးသပ်စာရင်းရှင်းကြတော့ … မိန်းမဆီကယူထားတဲ့ငွေ သိန်း၅၀၀ ပြန်မဆပ်နိုင်တဲ့အပြင် သူ့ဖာသာ သိန်း ၅၀၀ အကြွေးတင်နေလေရဲ့
စမောလေးကသူ့မယူရင် လျှော်ရမယ်ဆိုလို့ လျှော်လိုက်ရဆိုဘဲ …။

ပြဿနာကြီးလာတော့ ဖက်တီးတို့ဆီ ရောက်လာပါရော အမျိုးတော်တာကိုး …။ ကဲမိသားစုတွေ တပြုံလုံးနဲ့ မျက်နှာချင်းဆိုင်ရှင်းကြလင်းကြ
လုပ်ကြရပြီပေါ့ …။ အဖေဖြစ်တဲ့သူကလည်း အမေဖြစ်သူကိုအပြစ်တင် … မင်းကလည်းစီးပွါးရေးဘဲလုပ်နေတော့ ငါ့ကိုဘယ်သူကဂရုစိုက်လို့တုန်း
မင်းနေပုံထိုင်ပုံကိုကြည့်အုံး ပစ်စလက်ခတ်ပုံစံကြီးနဲ့ … ဘာညာနဲ့ အတင်း ဟုတ်တာရောမဟုတ်တာတွေရော ပြောပြီး ကိုယ်လွတ်ရုံးဖို့ ကြံတာပေါ့ ..။

အဲ ကျုပ်လေ စိတ်မကောင်းလိုက်တာ … သူ့သမီးလေးစကားကြောင့်ပါ ..။ ကျုပ် လန့်လဲလန့်သွားတယ် …။
သားတွေသမီးတွေက အဖေကို အတော်စိတ်နာနေကြပြီလေ ..။
သူ့သမီးလေးပြောလိုက်ပုံက …..
အဖေ .. ဒီလောက် နုနုရွယ်ရွယ်အငယ်လေးတွေကိုမှ သဘောကျရင် မိသားစုထဲမှာဒီလိုပြဿနာတွေလဲမဖြစ်ရအောင် …. သမီးကိုဘဲယူလိုက်ပါလား .. အဖေတဲ့။
အဖေသိပြီးသားဘဲ သမီးက အပျိုစစ်စစ်ပါတဲ့ ……….။

ကောင်းကြသေးရဲ့လား …. ကျုပ်မရေးချင်လှဘူး … ဒါပေတဲ့ သင်ခန်းစာယူကြပါလို့သာပြောပါရစေတော့ ….။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.