ခြံတွင်းမှ ပန်းအလှများ ၁

manawphyulayAugust 17, 20111min998

အိမ်မှာစိုက်ထားတဲ့ ဂမုန်းကနေ ကွင်းထိုးနေတဲ့ပုံ ဖြစ်ပါတယ်ရှင်။

ဂမုန်းပင်တွေ စိုက်ထားတဲ့ထဲက ကွင်းထိုးနေတဲ့ အပင်ဖြစ်ပါတယ်။


ဒါကတော့ ခေါင်းရင်းအုတ်တံတားဘေးမှာ စိုက်ထားတာပါ။ အပွင့်ဖူးနေပုံပေါ့။

ဒါကတော့ အပွင့်ဖူးရုံမဟုတ်တော့ပဲ အရမ်းပွင့်နေပုံကို ရိုက်ထားတာပါ။

8 comments

  • windtalker

    August 17, 2011 at 1:08 pm

    အင်း
    အိမ်ရှေ ့မှာ
    ဧည့်လာ ဂမုန်း ၊ လာဘ်ခေါ် ဂမုန်း
    စိုက်ထားတာ ကောင်းပါတယ်
    ဂမုန်းပန်းတွေ တောင် ပွင့်နေပြီ ဆိုတော့
    တစ်ခုခု ထူးခြားလာတော့မယ် ထင်တယ်နော်
    တစ်မျိုးလို နေတယ်
    ထင်တယ်နော်
    ဟီဟိ

    • etone

      August 17, 2011 at 3:52 pm

      မနောတို့ ဒီနှစ် ကံကောင်းပြီလေ… လာဘ်လည်းဝင်မယ် စုတ်လည်း ဝင်မယ်တဲ့ ဟိဟိ ။ 😛

  • mr.lone

    August 17, 2011 at 1:54 pm

    အပင်တွေမြင်ရင်နယ်ကိုအရမ်းသတိရတယ် … ရန်ကုန်မှာ တိုက်ခန်းကြီးနဲ့ မွန်းကျပ်တယ် ။ ….

  • Shwe Ei

    August 17, 2011 at 3:56 pm

    နယ်ကအိမ်မှာလဲ ဂမုန်းပင်တွေ အများကြီးဘဲ (မယ်တော်ကြီးဂမုန်း၊ လပြည့်ဝန်းဂမုန်း၊ ဘီလူးဂမုန်း၊ ရွှေလာငွေလာဂမုန်း )။ ကွင်းထိုးနေတာတော့ အခုမှမြင်ဘူးတယ်။

  • အဆိုတော်ရူးမလေး

    August 17, 2011 at 5:18 pm

    ဂမုန်းတွေအများကြီးကိုတွေ့ဖူးပါတယ် ဒါပေမဲ့ ဒီကွင်းထိုးဂမုန်းကိုတော့ခုမှပဲမြင်ဖူးတယ်
    ထူးဆန်းတဲ့အပင်လေးတွေတင်ထားပေးလို့ ကျေးဇူးပါရှင်

  • ဆူး

    August 17, 2011 at 7:33 pm

    အောက်ဆုံးက အပင်နဲ့ အပွင့်တွေက ရန်ကြီးအောင် အပင် မဟုတ်လား။
    အဲဒီ ပန်းတွေက မွေးတယ်။ မူလတန်းကျောင်းမှာတုန်းက ပန်းပွင့်လေးတွေ ခူးပြီးဆော့တယ်။

  • KoNyeinChan

    August 17, 2011 at 10:02 pm

    အားပါးပါး.. ဒီနေ ့MG မှာတင်ကြတဲ့ Post တွေ အတော်များတာဘဲ.. ဧကန္တ မြန်မာပြည်မှာ ဒီကနေ ့လိုင်းကောင်းပုံရတယ်
    မနောရေ ဟို အပေါ်ဆုံးပုံမှာပါတာ ဘာဂမုန်းလဲ.. ရွာမှာကြီးပြင်းခဲ့ရပေမယ့် တခါမှ မတွေ ့ဖူးဘူး.. ပုံထဲမှာ ကြည့်ရတာ မီးမြှိုက်ထားသလိုမျိုးဘဲ အရောင်က(နှိုင်းပြတာနော် စိတ်ဆိုးနဲ ့)..
    မနော ဂမုန်းပင်ပုံတွေတင်ထားတာမြင်လိုက်တော့ ငယ်ငယ်တုန်းက ဇာတ်ပွဲမှာ လူပြက်တွေ ပြက်တာ သတိရမိတယ်
    “လာဘ်ရွှင်အောင်လို ့ ရွှေလာ ငွေလာ စိုက်လိုက်တာ ဖာလာပင်တွေပေါက်လာတယ်” တဲ့
    😀 😀 😀

  • စုံ စုံ

    August 18, 2011 at 4:27 pm

    သူငယ်ချင်းတယောက်အိမ်မှာကွင်းထိုးဂမုန်းပင်ရှိတယ်
    အကြီးကြီးဘဲ
    သူတို့ပြောတာတော့ဂွင်းထိုးဂမုန်းကလာဘ်လာဘပေါတယ်တဲ့
    ဟုတ်မဟုတ်တော့အပင်စိုက်ထားတဲ့သူတွေသိမှာပေါ့နော်
    မနောကောအဲ့ဒိဂမုန်းစိုက်ပြီးမှငွေကြေးနဲ့ပတ်သက်ပြီးထူးခြားလား

Leave a Reply