ဝတ်မှုန်ရွှေရည်ဓာတ်ပုံစာအုပ်တစ်အုပ်ကို ၁၃၅၀ဝကျပ်ပါတဲ့

moonpoemAugust 17, 20111min49262

ဩဂုတ်လ၁၄ရက်နေ ့က ဝတ်မှုန်ရွှေရည်ရဲ ့၂၃နှစ်မြောက် မွေးနေ ့ဖြစ်ပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့၊နေ့လည်၂နာရီက
မျှော်စင်ကျွန်းမှာ သူ ့မွေးနေ ့အထိမ်းအမှတ်အဖြစ် The Profolio of Hmone Hmone အမည်ရှိ သူရဲ ့ဓာတ်ပုံစာမျက်နှာတွေ
များစွာပါဝင်တဲ့ စာအုပ်လက်မှတ်ထိုးပွဲကျင်းပခဲ့ပါတယ်။ ဈေးနှုုန်းက အဆမတန်မြင့်မားနေတာကြောင့် မီဒီယာတွေက အင်တာဗျူးကြတဲ့အခါ သူ ့စာအုပ်ကို ရောင်းရတဲ့ငွေကို မိဘမဲ့ ဂေဟာကို လှူဒါန်းမှာ ဖြစ်တဲ့အကြောင်း။ စာရွက်စာသားတွေ
ကောင်းတဲ့အပြင် ဓာတ်ပုံတွေကို အချိန်ယူရိုက်ခဲ့ရတဲ့အတွက် စီစဉ်သူက သတ်မှတ်တဲ့ဈေးဖြစ်တဲ့အကြောင်း။ဈေးမြင့်တယ်ဆိုသော်လည်း လှူဒါန်းမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေလည်း ကုသိုလ်ရမှာ
ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။
KANEBOအလှကုန်ပစ္စည်းမော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်လာခဲ့ပေမယ့် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်နဲ ့
သင်္ကြန်မှာကဲတဲ့ဓာတ်ပုံတွေ ပြန် ့ပြီးနောက်မှာမှ လူသိများလာခြင်း ဖြစ်ပါတယ်။ အခုတော့ မင်းသမီးတွေထဲမှာ ဈေးအရဆုံး ကြော်ငြာမင်းသမီး တစ်ယောက်ဖြစ်နေပါပြီ။ ကြော်ငြာရိုက်ခ တစ်ရက်ကို သိန်း၆ဝရတယ်လို ့ဆိုကြပါတယ်။
ကျွန်မကတော့ စာရေးဆရာမ ခင်ခင်ထူးရေးသားတဲ့ မအိမ်ကံ ဝတ္ထုစာအုပ်ကို ဝယ်သိမ်းချင်သော်လည်း ၇၀၀ဝကျပ်ဖြစ်သည့်အတွက် တော်တော် စဉ်းစားပြီး ဝယ်ဖို ့ဆုံးဖြတ်ရခက်နေချိန်မှာ ဘာမှ အနှစ်သာရမရှိတဲ့ ဒီလို စာအုပ်
၁၃၅၀ဝ တောင်းတာတော့ လွန်တယ်များလားလို ့။

62 comments

  • aungnng87

    August 17, 2011 at 2:01 pm

    လွန်လွန်မလွန်လွန်လေ။ ဝယ်နိုင်တဲ့သူဝယ်မှာပေါ့။ သူပြောတယ်လေ။ လှူမှာလို..။

  • windtalker

    August 17, 2011 at 2:01 pm

    ဟိုတစ်လော က
    အရမ်းဟော့ခဲ့တဲ့
    ဦးဘောဂ သားနဲ ့
    ကလပ် မှာ တွဲ ရိုက်ထားတဲ့
    ပုံလေးတွေ
    အားလုံးပါ
    ထည့်ပေးထားတာမို ့များလား ဟင်
    ၁၃၅၀ဝ ကျပ် ကြီးများတောင် ဆိုတော့

  • mr.lone

    August 17, 2011 at 2:10 pm

    ဘယ်လောက်လှူလှူလေ တစ်အုပ်ကို တစ်ထောင် လောက်နဲ့ရောင်းရင်တောင် တစ်ပြည်လုံး ဝယ်ကြဦးမယ်။
    အဲ့ဒီ့လောက်လှူချင်ရင် မွေးနေ့မှာလက်ဆောင်ရတဲ့ကားကြီး လှူလိုက်ပါလား ဝတ်မှုန်ရယ် ။ ဒါမှမဟုတ် တစ်ရက် ကြေငြာရိုက်ခ သိန်း၆ဝထဲက တစ်ရက်ကို ၁သိန်းလောက် ဖဲ့ဖဲ့စုရင်တောင် တစ်လကို သိန်း၃ဝ လှူလို့ရပါတယ် ။ အကြောင်းပြချက်တွေ ပေးမပါနဲ့ ။ နားကြားရခက်လို့ပါ…..

  • pan pan

    August 17, 2011 at 2:15 pm

    ၁၃၅၀ဝမပြောနဲ့ ၃၅၀ဝတောင်မဝယ်ဘူး
    လမင်းကဗျာရေ..ခင်ခင်ထူးရေးတဲ့စာအုပ်ကတောင်ဈေးချိုနေတယ်
    မြန်မာနိုင်ငံကလူတော်တော်များများ တန်ဖိုးနားမလည်ကြဘူး
    ဟွန်း!!!
    ဖတ်ကြစမ်းပါ ဗိုလ်ချုပ်ဓါတ်ပုံတွေပါတဲ့စာအုပ်တွေ၊ ဆရာစံတို့၊ ဦးသန့်တို့အကြောင်းစာအုပ်တွေလည်း ဓါတ်ပုံတွေပါပါတယ်
    ဈေးလည်းအဲလောက်တောင်မများဘူး
    ကျွန်မတောင်ပြီးခဲ့တဲ့လကုန်က ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေပါတဲ့စာအုပ်တစ်အုပ်ဝယ်ထားသေးတယ်
    ဓါတ်ပုံတွေလည်းပါတယ်
    မိန့်ခွန်းကောက်နုတ်ချက်တွေနဲ့ ဗိုလ်ချုပ်ကိုယ်တိုင်ရေးဝတ္ထုတွေရောပါတယ်
    ၂၂၀ဝလားပဲပေးရတယ်
    တန်ပ့ါ

    • ဂျဲသု

      September 11, 2011 at 5:39 pm

      350 ဆိုရင်တော့ဝယ်မယ်ဗျာ အထဲကစာရွက်တွေဗြဲပြီး ဗလာစာအုပ်တွေ ဖုံးရအောင်လို.။ ဗလာစာအုပ်ပဲဖုံးမှာနော် တခြားစာပါတဲ့စာအုပ်နဲ့ဆို မတန်လို.။

    • MYO MYINT AUNG

      September 27, 2011 at 4:02 pm

      နင်လိုလူမျိုးမဝယ်လည်း ဝယ်မဲ့သူတွေပုံလို့ဟေ့……..ပြသနာမရှိဘူး…….. R U OK? ဟ…..ဟ

  • moonpoem

    August 17, 2011 at 2:22 pm

    မတန်ဘူးဘဲပြောဦးတော့ ၂ထောင်၃ထောင်လောက်ဆို အပြစ်တင်မှာ မဟုတ်ပါဘူး။ အခုဟာက၁၃၅၀ဝဆိုတော့လည်း….

  • nature

    August 17, 2011 at 2:26 pm

    ကြော်ငြာခ တရက်သိန်း ၆ဝ ကျော်ဆို မြန်မာတွေ တော်တော်ချမ်းသာကြတယ်လို့ ဆိုရမလိုတောင်ဖြစ်နေပြီ။ ကြော်ငြာခ တရက်ကို သိန်း၆ဝ ဆို ရုပ်ရှင်မင်းသားမင်းသမီးတွေ ရောဘယ်လောက်ရလဲ မသိဘူး။

  • နွယ်ပင်

    August 17, 2011 at 2:31 pm

    ဈေးကလဲကြီးပ အလကားပေးရင်တောင် သိပ်စိတ်မဝင်စားဘူး
    သူ့စာအုပ်ဝယ်မယ့်အစား ကိုယ့်အတွက် အကျိုးရှိစေမယ့် ဗဟုသုတရစေမယ့်
    စာအုပ်ပဲ ဝယ်တော့မယ် အလှူလုပ်ချင်တယ်ဆိုလဲ ကိုယ့်ဟာကိုယ်ပဲ နောက်ထပ် 10000 လောက်ထပ်စိုက်လိုက်ရင် မိဘမဲ့ကလေးတွေကို မနက်မုန့်စာကောင်းကောင်းလှူလို့ရနေပြီ ….

  • cobra

    August 17, 2011 at 2:32 pm

    သိပ်ဟုတ်တာပေါ့….
    ပန်ပန်ရာမင်းပဲပြောလိုက်တော့။
    သူဓာတ်ပုံကိုဈေးကြီးပေးပြီးမဝယ်နိုင်ပေါင်။

  • thit min

    August 17, 2011 at 2:38 pm

    Please take easy! All my friends. Later, we can see these photos online with “FOC”, of course.

  • May

    August 17, 2011 at 2:51 pm

    အောင်မလေး….
    ဗိုလ်ချုပ်အောင်ဆန်း စာအုပ်တောင် ၁၂၀၀ဝ ကျပ်ဘဲပေးရတယ်…

  • နီလေး

    August 17, 2011 at 2:53 pm

    မဝယ်ရေးချ မဝယ်ပါ တကယ်လဲမဝယ်နိုင်ဘူး သုံးစရာများနေလို့ အကျိုးလဲမရှိမဲ့အတူတူ အဝယ်တော့ပါဘူးလေ အင်တာနက်မှာပဲကြည့်တော့မယ်

  • naywoonni

    August 17, 2011 at 2:58 pm

    အဲဒါကြောင့် တစ်ချိန်က ကဗျာဆရာတစ်ယောက်ပြောခဲ့ဖူးတဲ့ စကားသွားသတိရမိသေးတော့…။ မင်းတို့ဗမာပြည်မှာ ဘာမှအရေမရအဖတ်မရစာအုပ်တွေ မီးပုံရှို့ပစ်ရမဲ့စာအုပ်တွေအများကြီးရှိတယ်တဲ့…။ သူပြောတာမနာနဲ့..။ သူ့လို မပြောရဲကြလို့…။ ငြိမ်နေတာ အဟုတ်ထင်နေတဲ့ဟာတွေက ရှိသေး…။

  • minthakhin

    August 17, 2011 at 3:02 pm

    သက်မွန်မြင့်ဆိုရင် ဝယ်ပလိုက်မယ်။ 1 သိန်းဖြစ်ရင်ဖြစ်ပစေ။ ငှဲ ငှဲ ငှဲ။

  • etone

    August 17, 2011 at 3:02 pm

    အလကားပေးမယ်ဆိုလျှင်တောင် … မလိုချင်ဘူး … ကြည့်ချိန်လည်းမရှိ… သိမ်းရအောင်လည်း အိမ်ရှုပ်တယ် … ။ လှူမယ်သာ လျှောက်ပြောနေတာ… တပြားမကျန် အရှုံးခံပြီး လှူမှာမို့လား … အူကြောင်ကြောင်နဲ့ … ။ ကဲကဲ .. မှုန်မှန် တို့ ဘယ်လောက် စေတနာ သဒါ္ဓတရားထက်သန်လဲ စောင့်ကြည့်ရအောင် ။

  • Snowy

    August 17, 2011 at 3:19 pm

    ၁၃၅၀ဝ ဆိုတာ က ဓါတ်ပုံထုတ်ဝေတဲ့တိုက်ကရောင်းတာပါ … သူကတော့ကော်မရှင်ရမယ် သူရတဲ့ ပမာဏကိုလှူမယ်ပြောတာနေမှာပါ … ကြော်ငြာရိုက်ခသိန်း ၆ဝ ကတော့ ကြော်ငြာတစ်ခုကို မဆိုလိုပါ … တစ်ရက်လေးငါးခုရိုက်ရလို့ နေမှာပေါ့ သေချာတော့မသိဘူး အထင်ကိုပြောတာပါ 😀 😛 … ဒီနှစ်စကနေပြီးတော့ နာမည် လေးလုံးနဲ့ မင်းသမီးရဲ့ အနုပညာကြေးတက်လို့ ကျန်တဲ့မင်းသမီးတွေပါ လိုက်တက်တာ ခုဆိုမင်းသမီးရက်ရတဲ့ နေ့မှ အလုပ်ဖြစ်တယ်လို့ ကြားတာပဲ 🙂

  • kai

    August 17, 2011 at 3:29 pm

    အဲဒီကလေးမက..မြန်မာအမျိုးသမီးတွေထဲ..ဂုဏ်ယူလို့ရအောင်ကိုလှတာပဲ..။
    ပုံတွေဘယ်လောက်ထည့်ထားသလည်းတော့မသိ…။
    အဲဒီလောက်ဈေး… များတယ်မထင်မိပါဘူး..။

    နိုင်ငံခြားရောက်မြန်မာတွေပါရောင်းနိုင်ဝယ်နိုင်အောင် စီစဉ်ပေးလိုက်ဖို့သင့်တယ်..။
    ၁၅-၂ဝဒေါ်လာလောက်ဆို ဝယ်ကြမှာပါ..။
    လှူတယ်ဆိုတော့.. ဘယ်လောက်လှူလှူ.. ကလေးတွေကိုလှူတာမို့.. အကျိုးရှိမွန်မြတ်ပါတယ်..။

    စာအုပ်အဖုံးလေးလောက်တော့..ရှာထည့်ပေးထားဖို့သင့်တယ်..။

    • kai

      August 19, 2011 at 3:12 am

      သေပါပြီဗျ..။
      အနီကဒ်တွေစွတ်ပြကြတေ့ာတာပဲ..။

      သူ့ပုံသူ.ဈေးကြီးနဲ့ထုတ်ရောင်းတာ.. ဒီလောက်လှူနိုင်တယ်ဆိုတော့.. ပေါ်ပြူလာဘယ်လောက်ဖြစ်သလည်း.. သိသာနေတာပဲ..။
      စီးပွားရေးလုပ်ငန်းတခုခုကြော်ငြာသာ တင်ရိုက်ရင်.. အဲဒါပေါက်မှာသေချာတယ်လို့.. ကောက်ချချမိသွားပါကြောင်း..။ 🙂

    • ကြောင်ကြီး

      August 20, 2011 at 11:35 am

      ဘာရယ်တော့ဟုတ်ဘူး။ သဂျီး အနီကတ်စွတ်ထိထားလို့ ဝမ်းသာအားရ ဆွမ်းတော်ကြီးပွဲ ဝင်နွှဲသွားပါတယ်။ မဲမပေးခင် -၁ရကို ကိုးနဝင်းကျေ -၁၈ဖြစ်သွားအောင်လို့ပါ…။ 🙂

    • intro

      August 20, 2011 at 12:19 pm

      ဟိုက်ရှားပါး… သူကြီးကတောင် အနီကတ်တွေ ပလူပျံနေပါလား…

      • pan pan

        August 20, 2011 at 4:20 pm

        အဟဲ….အဲဒါဒီမိုကရေစီရွာကြီးနဲ့ ဒီမိုကရေစီသဂျီးပီသလို့ပေ့ါ 🙂
        သဂျီးလည်း ရွာသူရွာသားများနှင့်တန်းတူ အနီကဒ်အထိခံရတာပါပဲ

    • MYO MYINT AUNG

      September 27, 2011 at 4:06 pm

      သဂျီးရေ……….အားပေးသဗျ…………………….ဝေဖန်လေကန်နေတဲ့သူတွေကိုမေးကြည့်စမ်းပါ……ဒင်းတို့တောင် ကလေးသူငယ်တွေအတွက် ဘယ်နှပြားလှုဖူးသတုန်းလို့……. ခြူးတစ်ပြားမှမလှုဖူးပဲနဲ့ လူတတ်ကြီးတွေဝင်လုပ်ပြီး လေကန်နေလိုက်ကြတာ……သောက်မြင့်ကိုကပ်လွန်းလို့………….

  • meelay

    August 17, 2011 at 3:44 pm

    ဝယ်ဘူး ……. သူတို့ပုံကြည့်မယ့်အစား .. ကိုယ်ပုံကိုယ်ပဲ ကြည့်တော့မယ် … 😀
    လှူရင်လဲ ကိုယ့်ဘာသာ တတ်နိုင်သလောက် လှူမယ် ……….

  • kosharshi

    August 17, 2011 at 3:46 pm

    အလကားအိမ်လာပေးလဲ မကြည့်ခြင်ပါကြောင်းဗျားးးးးးး

  • Shwe Ei

    August 17, 2011 at 3:51 pm

    သူ့ကျတော့လည်းကောင်းစားပြီးရင်း ကောင်းစားရင်းဘဲနော်။
    မုဒိတာပွါးရင်း သာဓု သာဓု ၂ခါဘဲထုလိုက်မယ်။

  • intro

    August 17, 2011 at 4:01 pm

    Wutt Hmone celebrated her Birthday Party happily together with her fans and some orphans today (14 August 2011) at Kandawgyi Park, Yangon. Wutt Hmone released her Portfolio Photo Album, titled “The Portfolio of Hmone Hmone”, and gave her Signature for every single fans who bought her album at her birthday event. She donated 7 Millions Kyat (Seven Millions Kyat) for Orphanages which are poor and needy.

    (အထက်ပါ စာသားများမှာ Myanmar Celebrity Website တွင် တင်ထားသော ပိုစ့်များအနက်မှ ကူးယူလာခြင်းဖြစ်ပါသည်။)
    ဝတ်မှုန်က သူ့မွေးနေ့အလှူအတွက် ဓါတ်ပုံစာအုပ်ကို ရောင်းပြီး ရောင်းရငွေ သိန်း (၇၀) လှူပါတယ်လို့ ဆိုပါတယ်…

  • intro

    August 17, 2011 at 4:13 pm

    ဝတ်မှုန်က သူ့ဓါတ်ပုံတွေကို စာအုပ်ထုတ်ပြီး တစ်အုပ်ကို တစ်သောင်းကျော်နဲ့ ရောင်းတာ သိန်း (၇၀) တောင် လှူဖြစ်တယ်ဆိုပဲ။
    ဒါကို အားကျမိလို့ intro လဲ ကိုယ့်ပုံကိုယ်ထုတ်ပြီး တစ်အုပ်ကို တစ်သောင်းကျော်နဲ့ ရောင်းတာ… တစ်နေကုန်ရောင်းမထွက်လို့ ညနေစောင်းတော့ အလကားပေးပါတယ်ဆိုပြီး ပေးတာတောင် တစ်ယောက်မှ ယူမယ့်လူမရှိ… 🙁

    စကားမစပ် အဲသည့်စာအုပ်ကို မြင်လိုက်တဲ့လူရှိရင် တင်ပေးပါလို့၊ ကိုယ်က မဝယ်နိုင်လို့၊ လိုတော့ လိုချင်မိသား။ သူလို လှတဲ့ မြန်မာမိန်းကလေးတစ်ယောက် ရှိနေပါလား လို့။

    • mr.lone

      August 17, 2011 at 4:39 pm

      မလှပါဘူး … ဟဲဟဲ မနာလိုလို့ပြောတာ … လှတယ်ဆိုတာ အဲ့လိုမျက်နှာမျိုးမဟုတ်ဘူး။ သူကဖြူပြီး ချောတာပဲ ရှိတာ ။ လှတယ်ဆိုတာ မျက်လုံးလေးကဘယ်လို၊ မျက်ခုံးလေးကဘယ်လို၊ နှာတံလေး
      ကဘယ်လို၊ ဟဲ ဟဲ သူ့ နှုတ်ခမ်းကြီး ကသရုပ်ဆောင်လို့စကားပြောရင်လှမှမလှတာ သေချာကြည့် သူ့ ထက်စာရင်ဖွေးဖွေးလေးကမှ
      ချစ်ဖို့ကောင်းသေးတယ်။ ဖွေးဖွေးလေးကိုတော့ ကြိုက်တယ် ။

      • စုန်းထီး

        August 17, 2011 at 5:05 pm

        ဒီတစ်ခါတော့
        ကျုပ်နဲ့ Mr တာနဲ့ အကြိုက်ချင်းတူပြီဗျ
        အချစ်ချင်းတူရင် စစ်ခင်းယူမယ်ဆိုတာ မေ့မထားနဲ့နော် …

        • etone

          August 18, 2011 at 9:46 am

          အချစ်ချင်းတော့ တူမယ်မထင်ပါဘူး .. သူက ဘွိုင်းဖရန့် နဲ့ .. ရှင်ကရော .. ဘွိုင်းဖရန့်ထားမလို့လား ။ .. အဘပုတို့တော့ အဖွဲ့ဝင်တိုးဦးမယ် .. ဟားဟား 😀

          ဝတ်မှုံရွှေရည်မျက်နှာ တကယ်တမ်းမလှပါဘူး… မင်းသမီးမဖြစ်ခင်က ပုံတွေဆို သာမန်တရုတ်မ မျက်နှာမျိုးပါပဲ … နောက်ပိုင်း အပြင်ဆင်နဲ့မို့ … ပေါ်ပြူလာဖြစ်လာတာ … 😛

        • စုန်းထီး

          August 19, 2011 at 9:06 pm

          သိပါဘူးဗျာ သူက Mr ပါနေတော့ ကျုပ်က အားကောင်းမောင်းသန် ယောကျင်္ားမှတ်နေတာ
          အမျိုးသမီးဖြစ်နေတာကိုး …
          အမျိုးသမီးတွေနဲ့တော့ ကျုပ်က ဖက်မလုပါဘူး .. ကျုပ်ဘယ်လောက် ပညာတတ်တတ် အမျိုးသမီးတွေနဲ့ ဖက်ဖြစ်ရင် ကျုပ်ကိုယ်ကျုပ်မထိန်းနိုင်ဘူး …:D

  • စုန်းထီး

    August 17, 2011 at 4:45 pm

    အဟဲ … ကျုပ်ကတော့ သူ့ဓါတ်ပုံစာအုပ်မပြောနဲ့ သူ့ကိုပေးမယ်ဆိုရင်တောင် မဝယ်ရေးချမဝယ်ပေါင်
    ဘာလို့လဲဆိုတော့ ကျုပ်က သူ့ကိုမှ မကြိုက်ကိုး …
    ကျုပ်ကြိုက်တာ ရွာထဲက ကဝေမလေးလေ .. ကြုံတုန်းကြော်ငြာဝင်လိုက်တာဗျ

    • mr.lone

      August 17, 2011 at 4:51 pm

      ရွာထဲမ ကဝေမလေး တော့မတွေ့ဖူးပေါင် ဒါပေမယ့် ရွာပြင်မှာတော့ စုန်းမအခြောက်တစ်ယောက်
      က စုန်းထီးကိုကြိုက်လို့ပြောပေးပါတဲ့ … လမ်းကြုံတုန်းစကားပါးလိုက်လို့ပြန်ပြောရတာပါ။ စိတ်ဆိုးနဲ့ … 😛

      • စုန်းထီး

        August 17, 2011 at 5:03 pm

        တေရောကွာ …
        တစ်ခုတော့ရှိတယ် Mr ရဲ့
        ကျွန်တော်တို့ စုန်းပြည်မှာတော့ စုန်းမလေးတွေ စုန်းထီးလေးတွေပဲ ရှိတယ်ဗျ
        ၂ မျိုး ၂ စားပဲ… စုန်းအခြောက်တော့ ရှိဘူး… ဘာလို့လဲဆိုတော့ စုန်းမ လုပ်ချင်ရင် ပညာနဲ့ ပြောင်းလိုက်လို့လေ.. 😛 …
        စုန်းပြည်သူ့ဆေးရုံကို သွားစရာမလိုသလို
        စုန်းလုံခြုံရေးကောင်စီကနေလည်း ပြစ်မှုကင်းရှင်းကြောင်းတွေ
        စုန်းများစိစစ်ရေးကော်မတီဆီကလည်း ထောက်ခံချက်တွေ ယူစရာမလိုလို့လေ … 😀 🙂

  • manawphyulay

    August 17, 2011 at 4:48 pm

    ဆရာ့ ဆရာကြီးတွေ စာအုပ်တောင် ရ ထောင် တစ်သောင်း မဝယ်နိုင်တာ သူက ဘာတွေထုတ်ရောင်းနေတာလဲ ဘယ်လိုလူမျိုးတွေက ဝယ်ကြမှာလဲမသိဘူးနော်။ များများလှူနိုင်ပါစေလို့တော့ ဆုတောင်းပေးပါတယ်။

    • pan pan

      August 17, 2011 at 5:02 pm

      အဲဒါပြောတာပေ့ါမမနောရယ်
      မနေ့ကဆို ကျွန်မအဒေါ်ကပြောနေတာပေါ့
      သူ့စာအုပ်ထဲမှာ ဘာတွေပညာရစရာပါမှာမို့ တစ်သောင်းကျော်နဲ့ရောင်းတာလဲတဲ့

  • winkhant

    August 17, 2011 at 5:32 pm

    အဲ့ဟာ မဝယ်နဲ့.. ကျနော် အခုအဲဒီစာအုပ်ကို 3000 ကျပ်နဲ့ ပြန်ရောင်းပေးနေပါပီ… ကော်ပီပေါ့ဗျာ (သောက်ညင်ကို ကတ်လို့)… ရောင်းရငွေအားလုံးကို သူကြီးနဲ့အတူ ရွာထဲက ရွာသူ/သားတွေ အားလုံးကို စပယ်ရှယ်လိုက်ပြုစုပေးမှာပါဗျာ… pmaung888@gmail.com ကို ဆက်သွယ်နို်င်ပါတယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 17, 2011 at 7:42 pm

    တူငြားနဲ့မတူအောင်မန်းရမယ်ဆိုရင်ဖြင့်…………
    ကျုပ်ပြောတာကို အလျှင် နှလုံးသွင်းကြည့်ပါ( မသွင်းခြင်လည်းနေ )
    ဒီနေရာမှာ ကျုပ်တို့ဟာ မိမိစိတ်ကိုတည်ကြည်အောင်ထာရမှာဖြစ်ပါတယ်
    စိတ်တည်ကြည်မှ သမာဓိရမှာဖြစ်ပြီး သမာဓိရမှ အသိမှန်မှာဖြစ်ပါတယ်
    လေကိုရှူသွင်းလိုက်ပါ
    ဒီနေရာမှာ ကြုံလို့ဖောလ်ရမယ်ဆိုရင်ဖြင့် အသက်ရှူးခြင်းကို ဆင်ခြင်တဲ့အခါ
    ဝင်သက်ထွက်သက်လို့ မသုံးဘဲ ဝင်လေထွက်လေလို့ သုံးကြဘို့ပါ
    အသက်က ဝင်လိုက်ထွက်လိုက်ဖြစ်ရအောင် လိပ်ဂေါင်းမှ မဟုတ်တာ
    ကိုယ့်ဘက်ကိုယ်ယက်တဲ့ လိပ်ရဲ့ခေါင်းနဲ့ ဖင်ထည်းက ဝင်လိုက်ထွက်လိုက် လိပ်ဂေါင်းက အမျိုးတော်ပုံရတယ်
    ဆိုတော့ကာ
    ရှူသွင်းလိုက်ရင် ရှူသွင်းတယ်လို့မှတ် ရှူထုပ်လိုက်ရင် ရှူထုပ်တယ်လို့မှတ်ကြပါ
    ငါးမိနစ်လောက်ပါ ဒါဆိုရင်စိတ်ကလေးက နည်းနည်းလေးတည်ငြိမ်နေလောက်ပြီ
    ဒီတော့
    လူသားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်ထည်းမှာ မြင်ဘူးကြမှာပါ
    ဆိုခြင်တာက သူ့ပုံကို သူဓာတ်ပုံရိုက် အယ်ဘမ်ထုပ်ပြီး ရောင်းမယ် ရတဲ့ငွေကို လှူမယ်ပေါ့
    ခင်ဗျားတို့က ဝိုင်းပြီးဝေဖန်ကြတယ် ဘာညာကွိကွ
    အထူးသဖြင့် ဈေးကြီးတာတို့ မလှဘဲနဲ့တို့ ရှိစေ
    ဒီနေရာမှာ ခင်ဗျားတို့သိရမှာက
    ( ၁ ) သူ့ရုပ်ကိုသူ ဓာတ်ပုံရိုက်မှာ
    ( ၂ ) ခင်ဗျားတို့စီက ထောက်ပန့်ကြေးယူမှာမဟုတ်ဘူး
    ( ၃ ) ခင်ဗျားတို့ကို ဟိုခွေးမသားယဉ်ထိမ်းရဲတွေ ပြက္ခဒိန်ရောင်းသလို မဝယ်မနေရမပြောဘူး
    ဒါကတော့ ဆက်ပြီးမေးရင် ကျုပ်လက်ညောင်းတယ် ကျုပ်က စာရေးစာဖတ်ပျင်းတယ်
    ဒါ့ကြောင့် ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ကြ
    ( ၁ ) ခင်ဗျားတို့ရုပ်တွေကို သူလိုဓာတ်ပုံရိုက်ပြီး ရောင်းလို့ရမယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်သလား
    ဒီလောက်ဘဲမေးတော့မယ် ဆက်သာမေးရင်တော့ ခင်ဗျားတို့ မူးမေ့လဲကုန်ရင်
    ကျုပ်ပါ အာပတ်သင့်တယ် 😀
    ကျုပ်ကတော့ ခင်ဗျားတို့ကို ဒီလိုစွပ်စွဲတယ် ခင်ဗျားတို့ဟာ –
    သူတစ်ပါးကို မနာလိုဝန်တိုတတ်သူတွေ
    သူတစ်ပါးရဲ့ လုပ်ရပ်ကို မလေ့လာတတ်သူတွေ
    တောပါပြီဗျာ ခင်ဗျားတို့တွေ နှလုံးသွင်းကောင်းပုံသိပ်မရကြသေးဘူး ကြိုးစားကြပါဦး
    ဘယ့်နှယ့်ဗျာ သူ့ကိုယ်သူယုံလို့ သူလုပ်တဲ့ကိစ္စ
    ကိုယ့်ပိုက်ဆံ တစ်ပြားမှ သူလာတောင်းတာလည်းမဟုတ်ဘဲနဲ့
    တိုးတက်ဦးမယ် မြန်မာပြည် 🙁 🙁 🙁
    နော် ဝတ်မှုံလေးနော်

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 17, 2011 at 7:49 pm

    ပြောဘို့ကျန်သွားတယ်
    ဟိုအပေါ်က winkhant ဆိုတဲ့ဆရာကြီး
    ကျုပ်ကိုလည်း ရှယ်ပါဦး 😀
    michaeljonnyaungpu@hotmail.com
    အင်မတန်ချစ်လို့လဲသတိပေးရဦးမယ် ကိုယ့်ရွာသားတွေ
    ဒီပုံတွေက သူအလှူတန်းလုပ်မဲ့ပုံတွေနော်
    သူများအလှူကို ဖျက်တဲ့သဘောတော့ရှိတယ်
    အခြားဝိုင်းသမနေတဲ့သူတွေလည်း သတိထားကြဦး
    ခင်ဗျားတို့ဟာက ပုတီးကုံးကြီးနဲ့ ဘိုးတော်က ဘုရားတည်ဘို့အလှူခံတာကိုမှ သာဓုခေါ်ခြင်ကြတယ်
    ဒါကတော့ ဘာသာရေးအရ ခင်ဗျားတို့ကို ကျုပ်အနည်းငယ်ချဉ်းကပ်ပြီး
    ရိုးသားစွာ သတိပေးတာပါ
    ဒါကိုမှ မကျေနပ်ကြရင်လည်း
    ကျုပ်ဘက်လှည့် ထမီလှန်ပြီး ဗျန်းဗျန်းမည်အောင်သာ ရိုက်ပြကြပေတော့
    မျပ်နှာလွှဲသွားမယ် မအောင့်မေ့နဲ့
    မှတ်တမ်းပါ တင်လိုက်ဦးမှာ ..တင်အုန်းမှာ 😀 😀 😀

  • captainamerica

    August 17, 2011 at 9:42 pm

    ပုကတော့ဘုစကားပြောပီ နို.ပေမဲ့ မှန်တာပဲ
    ကိုယ့်အတင်းလိုက်ရောင်းတာမှမဟုတ်တာ
    မကြိုက်မဝယ်နဲ.ပေါ့ ရှင်းရှင်းလေးပဲဟာကို
    လူတွေကလည်းခက်တော့ခက်သား
    သူတို.နေရာကိုယ်ရောက်ခဲ့ရင်ဘယ်
    လိုနေမလဲဆိုတာကိုယ့်ကိုကိုယ်
    မလိမ်တမ်းတွေးကြည့်……………………
    ဝေဖန်ရေးကတော့နေရာတကာအလွန်ပေါ၏။

    • mr.lone

      August 18, 2011 at 3:17 pm

      အဲဒါကတော့ သူကကိုယ်မဟုတ် … ကိုယ်ကသူမဟုတ်တဲ့ အတွက်ပြောလို့မရဘူးလေ … “ ဝေဖန်ရေးကတော့နေရာတကာအလွန်ပေါ၏” လို့ပြောလိုက်တဲ့ ကို captainamerica ကြီးကလည်း သူများတွေ ဝေဖန်ထားတာကို ပြန်ဝေဖန်လိုက်တာနဲ့ တူမနေဘူးလား …

  • moethidasoe

    August 17, 2011 at 10:49 pm

    အရူးနဲ့ အကောင်း ဘယ်လောက်များသလဲ ဆိုတော့ ရူးတဲ့လူ နည်းနည်း ပိုများမယ် ထင်တယ်
    ဘာမှ အရေမရ ပိုက်ဆံကုန်တဲ့ စာအုပ်ကို ၁၃၅၀ဝ ပေးဝယ်ကြရင်တော့ …
    တကယ် လှူချင်စိတ်ရှိရင် စာအုပ် ထုတ်မနေနဲ့ .. ထုတ်မယ့် စရိတ် .. ဓါတ်ပုံဆရာကို ပေးရမှာ .. နိုင်ငံခြား စက္ကူ ဒါတွေ အကုန်ခံပြီး အမြတ်လောက်ကို လှူတယ် ဆိုတော့ .. သဂျီးကတော် အလှူ (သဂျီးကိုလဲ ဖားလိုက်တာ) အရူးကောင်းမှု ဖြစ်တော့မှာပေါ့
    (သူများကောင်းစားနေတာ မနာလိုလို့ မဟုတ်သော်လည်း လမ်းကြောင်း လွဲနေသလားလို့ပါ)

  • မီးမီး သော်

    August 17, 2011 at 10:57 pm

    ဝယ်မနေတော့ပါဘူး။လှုချင်တန်းချင်တာက နည်းနည်း စာအုပ်အကြောင်းပြပြီး ငွေမည်းတွေ ငွေဖြ ူလုပ်မလို ့နေမှာပါ။သူ ့စာအုပ်ဝယ်မှအလှုမြောက်မလိုလိုဖြစ်နေပီ။ဝယ်ဘူးးးး

  • ကြောင်ကြီး

    August 18, 2011 at 8:44 am

    ကိုအောင်ဘုကို ဝတ်မှုန်လေးက သူတယောက်ထဲရှိတဲ့အချိန်ကြရင် အိမ်ကိုခေါ်လိုက်မယ်တဲ့။ ကျေးဇူးတင်လို့ ရေအတူချိုးပါရစေတဲ့။ သံဘရပ်ရှ်နဲ့ပါ ဂျေးတွန်းပေးအုံးမယ်တဲ့..

  • Patriot

    August 18, 2011 at 11:47 am

    Just comment – Should be ” Portfolio “, Not ” Profolio”

  • koyinmaung

    August 18, 2011 at 12:17 pm

    ဝယ်စရာမလိုပါဘူး အချိန်တန်အင်တာနက်ပေါ်ရောက်လါမှာပါ….

  • minthakhin

    August 18, 2011 at 4:25 pm

    winkhant ပြောတဲ့
    ရွာထဲက ရွာသူ/သားတွေ အားလုံးကို စပယ်ရှယ်လိုက်ပြုစုပေးမှာပါဗျာ
    ဆိုတာကိုအင်မတန်မှသဘောကျကြောင်းပါဗျား။ အဲဒါဘယ်ဒေါ့လဲ ဟင်….
    ဘယ်နေရာဖြစ်ဖြစ် အရောက်လာမှာနော်…

    တဂျီး နဲ ့တားကတော့ ရဲရဲတောက် ဒို ့ဗမာတွေ ဘဲ
    ရွာသူ ရွာသားတို ့ရေ သက်မွန် ကိုကြိုက်တာ တားအပြစ်လားဗျို ့

  • Ko Ko Aung

    August 18, 2011 at 6:38 pm

    ရဲရဲတောက် ထောက်ခံမှု့ရထားတဲ့ သူကြီးကိုအားကျလို့ ဝင်ပြောပါဦးမယ်။

    အဲသလောက်ပိုက်ဆံ သောင်းဂဏန်းပါးပါးလေးဟာ ကျွန်တော်တို့ ခင်ဗျားတို့ သမာအာဇီဝနဲ့ ရှာရသူတွေအတွက် ပိုက်ဆံဟုတ်ပေမယ့် …

    အလကား မတရား ရထားသူတွေအတွက် ဘာဘာ ဘာမှ မဟုတ်ပါဘူးဗျာ။

    ပြီးတော့ ရန်ကုန်က တရားမဝင်မြို့တော်ကြီးလေ ..။ အဲသည်လိုလူတွေက များမှများ။

    ပြီးခဲ့တဲ့ သင်္ကြန်တုန်းက လစာတသိန်းကျော်ပဲရတဲ့ ဌာနတခုက မြို့နယ်ဦးစီးမှုးတယောက် သူ့သမီးတွေလျှာက်လည်ဘို့ မုန့်ဘိုးပေးတာ တယောက်ငါးသိန်း ။ သင်္ကြန်ရုံးစားရိတ်ဆိုပြီး ဆက်ကြေးလှမ်းတောင်းလို့ သူ့ဆီစာအိတ်လေးနဲ့ရောက်နေတုန်း ကိုယ့်ရှေု့တင်ပေးတာ။

  • Nan Naw Kham

    August 18, 2011 at 10:31 pm

    ဘာလုပ်မှာတုန်းဟ .. သူက ကုန်ကုန်ပြောမယ်. လောကအတွက် .. ဘာသာသာသနာအတွက် .
    ဘယ်လောက်များ ကိုယ့်ကျိုးစွန့်ပြီး လုပ်ခဲ့ပြီတုန်း.. အလကား ရုပ်လေးလှတာ တစ်ခုနဲ့များ..

  • pyinlepyaw

    August 19, 2011 at 12:39 am

    ရှမ်းကြိုက်နွားချောပါ၊ လှတယ်ပြောရလောက်အောင် လှပါဘူး၊ ကံကောင်းအကြောင်းလှလို့ နေမှာ၊
    သူ့ဘဝ အကျိုးပေးထင်ပါရဲ့။

  • Sonny

    August 19, 2011 at 1:06 am

    ဆင်းရဲ လက်လုပ်လက်စား မိသားတစ်စု အတွက် ဆန်(၁၂) ပြည်လောက်ဝယ်လို့ရတယ်နော်။

  • antimoe

    August 19, 2011 at 8:41 pm

    ဒီနေ့ တွေ့ခဲ့တယ်။ ပန်းဆိုးတန်းက အမေ့အိမ်မှာ။
    မိန်းကလေး(မိန်းမ)တစ်ယောက်ရဲ့ အလှဆုံးအချိန်တွေကို
    အကောင်းဆုံးဖက်ရှင်၊
    အကောင်းဆုံးမိတ်ကပ်၊
    အကောင်းဆုံးဓာတ်ပူံဆရာ
    အကောင်းဆုံးနည်းပညာ
    …..စတာတွေနဲ့…
    ဒီခေတ်မှာ
    အကောင်းဆုံးမှတ်တမ်းတင်ခွင့်ရရှိသွားတဲ့ ကံထူးသူကလေးပါလို့
    မုဒိတာပွားလိုက်ရပါတယ်။

  • အလန်း

    August 19, 2011 at 9:26 pm

    အင်တာနက်မှာ ပျံ့နေရင် လင့်လေး ဘာလေး ပေးပါ။
    ကြည့်ချင်လွန်းလို့.. အသည်းတွေတောင် ယားနေတယ်။ ပိုက်ဆံတော့ အကုန်မခံနိုင်ဘူး။

Leave a Reply