ဝတ်မှုန်ရွှေရည်ဓာတ်ပုံစာအုပ်တစ်အုပ်ကို ၁၃၅၀ဝကျပ်ပါတဲ့

moonpoemAugust 17, 20111min50062

ဩဂုတ်လ၁၄ရက်နေ ့က ဝတ်မှုန်ရွှေရည်ရဲ ့၂၃နှစ်မြောက် မွေးနေ ့ဖြစ်ပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့၊နေ့လည်၂နာရီက
မျှော်စင်ကျွန်းမှာ သူ ့မွေးနေ ့အထိမ်းအမှတ်အဖြစ် The Profolio of Hmone Hmone အမည်ရှိ သူရဲ ့ဓာတ်ပုံစာမျက်နှာတွေ
များစွာပါဝင်တဲ့ စာအုပ်လက်မှတ်ထိုးပွဲကျင်းပခဲ့ပါတယ်။ ဈေးနှုုန်းက အဆမတန်မြင့်မားနေတာကြောင့် မီဒီယာတွေက အင်တာဗျူးကြတဲ့အခါ သူ ့စာအုပ်ကို ရောင်းရတဲ့ငွေကို မိဘမဲ့ ဂေဟာကို လှူဒါန်းမှာ ဖြစ်တဲ့အကြောင်း။ စာရွက်စာသားတွေ
ကောင်းတဲ့အပြင် ဓာတ်ပုံတွေကို အချိန်ယူရိုက်ခဲ့ရတဲ့အတွက် စီစဉ်သူက သတ်မှတ်တဲ့ဈေးဖြစ်တဲ့အကြောင်း။ဈေးမြင့်တယ်ဆိုသော်လည်း လှူဒါန်းမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေလည်း ကုသိုလ်ရမှာ
ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။
KANEBOအလှကုန်ပစ္စည်းမော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်လာခဲ့ပေမယ့် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်နဲ ့
သင်္ကြန်မှာကဲတဲ့ဓာတ်ပုံတွေ ပြန် ့ပြီးနောက်မှာမှ လူသိများလာခြင်း ဖြစ်ပါတယ်။ အခုတော့ မင်းသမီးတွေထဲမှာ ဈေးအရဆုံး ကြော်ငြာမင်းသမီး တစ်ယောက်ဖြစ်နေပါပြီ။ ကြော်ငြာရိုက်ခ တစ်ရက်ကို သိန်း၆ဝရတယ်လို ့ဆိုကြပါတယ်။
ကျွန်မကတော့ စာရေးဆရာမ ခင်ခင်ထူးရေးသားတဲ့ မအိမ်ကံ ဝတ္ထုစာအုပ်ကို ဝယ်သိမ်းချင်သော်လည်း ၇၀၀ဝကျပ်ဖြစ်သည့်အတွက် တော်တော် စဉ်းစားပြီး ဝယ်ဖို ့ဆုံးဖြတ်ရခက်နေချိန်မှာ ဘာမှ အနှစ်သာရမရှိတဲ့ ဒီလို စာအုပ်
၁၃၅၀ဝ တောင်းတာတော့ လွန်တယ်များလားလို ့။

62 comments

  • Yin Nint

    August 20, 2011 at 12:08 am

    ဘာလုပ်မှာတုန်းဟ .. သူက ကုန်ကုန်ပြောမယ်. လောကအတွက် .. ဘာသာသာသနာအတွက် .
    ဘယ်လောက်များ ကိုယ့်ကျိုးစွန့်ပြီး လုပ်ခဲ့ပြီတုန်း.. အလကား ရုပ်လေးလှတာ တစ်ခုနဲ့များ..
    @naw naw kham သူလည်းသူနိုင်သလောက်လုပ်တယ်လို့ပဲ အကောင်းမြင်ကြည့်ပါ
    ခင်ဗျားကော လောကအတွက် ဘာသာသာသနာအတွက် ဘယ်လောက်များ ကိုယ်ကျိုးစွန့်ပြီး
    လုပ်ခဲ့ပြီတုန်း ပြန်မေးကြည့်တာပါ

    • Shanma TUmdy

      August 20, 2011 at 12:19 am

      အော်.. နည်းနည်လွဲနေပြီကို..ကျနော်ဆိုလိုချင်တာက ဒီလိုပါ.
      အထက်က အရင် comment ပေးထားတဲ့လူတွေကပြောခဲ့တယ်နော်.
      ဗိုလ်ချုပ်အောင်ဆန်းစာအုပ်တောင် .. သူ့လောက်မကြီးဘူးဆိုတာ..
      ဆရာ့ဆရာကြီးများစာအုပ်တောင် သူ့စာအုပ်လောက်ဈေးမများပါဘူး.
      ထားပါတော့ .. ဦးအောင်ပုပြောသလို.. သူရုပ်ချောလို့.သူတတ်နိုင်လို့ လုပ်တာ..
      ဒါပေမယ့်..သူ့စာအုပ်ဝယ်လိုက်ခြင်းအားဖြင့်.. ဘယ်လိုအကျိုးကျေးဇူးတွေ ရလာမှာလဲ..
      သူ့ပုံကြည့်ရတာပေါ့လို့တော့ မပြောနဲ့ပေါ့ဗျာ.. ရုပ်ကတော့ ဘယ်အချိန်ထကြည့်ကြည့်.. ဒီရုပ်ပဲ.. ရှင်းရှင်းပြောပါတယ်.. ကျနော့်အသက် အခုဆယ့်ရှစ်ကျော်ပါပြီ ဒီ ၂၀၁၁ မတိုင်ခင်တုန်းက.. ကျောင်းတက်မယ်.. ပျော်မယ် ပါးမယ် ကဲမယ်. လောက်ပဲ စိတ်ဝင်စားတာပါ.. ဒီလောက်ဆို. သဘောပေါက်တယ်နော်.. ကျနော်နဲ့သူ့ကိုယှဉ်စရာအကြောင်းဘာမှ မရှိပါဘူး.. ခင်ဗျားလာယှဉ်နေတာကိုက မဟုတ်တာ.. 😀
      နောက်ဆုံးကျနော်ပြောချင်တာကတော့ .. သူ့စာအုပ်က မတန်တဆ ဈေးကြိးလွန်းပါတယ်.. ဒါပေမယ့်ပေါ့ဗျာ..ပေးရတဲ့ဈေးနဲ့တန်အောင် သူက ဗိုလ်ချုပ်တို့လို (နှိုင်းတာများမြင့်နေမလားမသိဘူး.. )တိုင်းပြည်အတွက် ဘာသာသာသနာအတွက် ဘယ်လောက်များလုပ်ခဲ့လဲ.. အဲလိုကိုဆိုလိုချင်တာပါခင်ဗျာ..

  • Yin Nint

    August 20, 2011 at 12:38 am

    အင်း အင်း ထားပါတော့ဗျာ မပြောတော့ပါဘူး ဟိုတစ်ခေါက်တုန်းကလိုထပ်မဖြစ်ချင်လို့ပါ

  • swezin99

    September 27, 2011 at 3:20 pm

    ဟုတ်တော့လည်းဟုတ်ပါတယ်…ဒါပေမဲ့လည်းသူကရှေးဘဝကကောင်းမှု
    ကုသိုလ်တွေအများကြီးလုပ်ခဲ့တယ်ဆိုတာငြင်းလို့တော့မရပါဘူး….
    ဒါကြောင့်ဒီဘဝမှာဒီလောက်လှပြီး..ဒီလောက်ပေါ်ပြူလာဖြစ်နေတာ..
    ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပါ..သူကချစ်ဖို့တော့ကောင်းပါတယ်…..
    သူ့နောက်ကွယ်ကဇာတ်ရုပ်ကိုတော့မသိပေမဲ့..
    ကင်မရာရှေ့ကဝတ်မှုန်ကတော့…ချစ်စရာကောင်းပါတယ်….

  • Tony

    September 27, 2011 at 5:21 pm

    တန်လား ၊ မတန်လားတော့မသိဘူး။ ကောင်းမလေးတွေ ဝယ်လိုက်တာ ပြောမနေနဲ့တော့။ popular ဆိုတော့လဲ ဒီလောက်တော့ရှိမှာ။ ကျွန်တော်ကတော့ အဲ့ဈေးပေးပြီးမဝယ်ဘူး။ဘာလုပ်မှာလဲ။ ၁၃၅၀ဝ ဆို ဆရာဖေမြင့် ရဲ့ စာအုပ် တော်တော်များများ ဝယ်လို့ရနေပြီ။

  • minmahar

    September 28, 2011 at 1:41 am

    ဝယ်တဲ့သူတွေဆီက မရ ရအောင် ဌားကြည့်လိုက်မှာပေါ့ ..
    ဒါဆို တန် တွားပီ .. ။

Leave a Reply