ယနေ့ညနေ ထူးခြားသတင်း

fattyAugust 17, 20111min30421

ယနေ့နေပြည်တော်တွင်ပြုလုပ်သောအစည်းအဝေးမှ သမ္မတ ဦးသိန်းစိန်က …
………….. ပြည်ပသို့ အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိနေသော မြန်မာ နိုင်ငံသားများကို အမိမြေသို့ပြန်လည် ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း
ကြေငြာလိုက်သည်။ နိုင်ငံရေးအသိုင်းအဝိုင်းမှ …….. ထိုသူတို့အား လွတ်လပ်စွာ နိုင်ငံရေးလုပ်ခွင့်ပြုရန်လိုကြောင်းနှင့် ရှေးဥိးစွာပြည်တွင်းရှိနိုင်ငံရေးအကျဉ်းသားများကို
အရင်လွှတ်ပေးရန်လိုကြောင်း ထင်မြင်ချက်ပေးကြသည်။

………….. သတင်းစာများတွင်ပါသော VOA ဘာဖြစ်သည် BBC DVB ဘာဖြစ်သည် စသည့်စာသားများကို သတင်းစာများတွင် ဖေါ်ပြနေခြင်းမှလည်း
ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

21 comments

  • padonmar

    August 17, 2011 at 7:27 pm

    ဦးဖက်ပြောသလိုဆို ပျော်စရာအတိပါဘဲ၊
    😀 😀 😀 😀 😀

  • king

    August 17, 2011 at 7:35 pm

    လုပ်သဟ … ဂွတ်ထ ဂွတ်ထ 😛

  • fatty

    August 17, 2011 at 7:36 pm

    ယုံယုံကြည်ကြည် ဖြစ်လောက်ပြီဆို … ဝမ်းသာစရာအတိပေါ့ ….။ ပြန်လာကြမဲ့သူတွေကို သတင်းများရရင် ပန်းစီးတွေနဲ့ကြိုလိုက်ချင်တယ် ….။ ကျုပ်ကြံအုံးမယ် ..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 17, 2011 at 7:53 pm

    နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲနဲ့
    ဒီစကားပြောဝန့်တာ ဒီလိုသတ္တတွက်ကတော့ မထူးဆန်းလောက်ပါဘူး
    ယုံကြည်တဲ့သူရော ရှိသေးသလားဗျို့
    ယုံဘူး

  • pooch

    August 17, 2011 at 8:05 pm

    ဟယ် တကယ်ကြီးလား… အဟုတ်ကြီးပေါ့… လောလောဆယ်ဆယ်တော့ တဝက်လောက်ပဲ ဝမ်းသာလိုက်အုန်းမယ် တကယ်ဖြစ်သွားပြီ ဆိုမှပဲ ဝမ်းသာလုံးဆို့အောင် ပျော်လိုက်မယ်..

  • windtalker

    August 17, 2011 at 8:14 pm

    ဘာပဲဖြစ်ဖြစ်
    ဒီလို စကားမျိုး ကို
    သတင်းစာရှင်းလင်းပွဲ မှာ
    ပြောလာတာကိုက
    မင်္ဂလာတစ်ပါး ပါပဲ
    နောက်ဆက်တွဲ
    ဖြစ်ရပ်များကတော့
    ပိတ်ကားပေါ်မှာ
    ဆက်လက်စောင့်မျှော်ရုံပဲပေါ့

  • nature

    August 17, 2011 at 8:28 pm

    …..သတင်းစာများတွင်ပါသော VOA ဘာဖြစ်သည် BBC DVB ဘာဖြစ်သည် စသည့်စာသားများကို သတင်းစာများတွင် ဖေါ်ပြနေခြင်းမှလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ….
    ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်ပါသည်။ ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

  • captainamerica

    August 17, 2011 at 9:25 pm

    ယုံကြည့်ရမှာပဲ နက်ဂတစ်အမြင်တွေခဏဖယ်ထားလိုက်မယ်….

  • unclegyi1974

    August 17, 2011 at 9:42 pm

    ဖြစ်သင့်တာကဒီမှာရှိတဲ့အထဲကလူတွေအရင်လွှတ်
    နောက်တဆင့်မှအပြင်မှာရောက်နေသူတွေကိုဖိတ်ခေါ်
    နောက်ပြီးပြန်လာနိုင်တယ်ဆိုတာဘဲဖတ်လိုက်ရတယ်
    နောက်ပိုင်းဘာညာဘာညာဘာမှမပါဖူး
    ကြိုပြောရင်လည်းအောင်မင်းလွန်မယ်
    ဒါကြောင့်စောင့်ကြည့်ကာသာနေရအုန်းမယ်

  • zaw min

    August 17, 2011 at 10:37 pm

    အဲဒီသတင်းကို http;//www.dvb burmese.org မှာဝင်ရောက်ဖတ်ရူနိုင်ပါတယ်၊ ပြည်ပကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသူများကို ပြန်လည်ဖိတ်ခေါ်ပါတယ်ဆိုတာမှန်ပေမယ့် ြ ပစ်မူကျူးလွန်ခဲ့သည်များကို လျှော့ပေါ့စဉ်းစားပေးမယ်လို့ပဲပါရှိပါတယ်။အမှန်တကယ်ဖိတ်ခေါ်ချင်တယ်ဆိုရင် အရင်ဦးဆုံးပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဦးစားပေးအစီအစဉ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ပါတယ်။ ဒါမှ ပြည်ပရောက်နေသူများကလည်း ပိုမိုယုံကြည်မူတွေရရှိလာမှာဖြစ်ပါတယ်။

  • shwepyiaye

    August 17, 2011 at 11:36 pm

    သူကြီးကိုမေးကြည့်ဦးလေ
    ပြည်ပကအခြေအနေတွေကို
    ဘယ်သူကပြန်မှာလဲလို့…….

    • Foreign Resident

      August 18, 2011 at 9:53 am

      Government actually wants well educated & rich people ( not politician)
      to come back to Myanmar &
      distribute their knowledge & make business in Myanmar.

      But, the most important thing to consider is,
      at least 95% of them were naturalized (changed) to foreign citizen.

      If Myanmar government does not allow dual citizenship,
      I think, not much people will come back & stay in Myanmar.
      Because, foreigner cannot own unmovable property in Myanmar. 🙁

      So, first ease your regulation first.
      If not, all of them will just visit to Myanmar &
      they will not stay in Myanmar

  • nature

    August 18, 2011 at 6:06 am

    သူကြီးက ၁ဒေါ်လာ ၃၀ဝ ဖြစ်ရင် ရွာပြန်ကောက်စိုက်တော့မယ်လို့ပြောထားတယ်လေ။

  • etone

    August 18, 2011 at 8:20 am

    သူက ပြန်လာပါဆိုတာတောင် …. တချို့ ပြန်လာရဲမှာ မဟုတ်သေးဘူးလေ … အချိုသပ်ပြီး စည်သွပ်ဗူးထဲ ညာထည့်ခံရမှာ စိုးရိမ်နေကြသေးတယ် … ။ 🙄

    • pan pan

      August 18, 2011 at 9:00 am

      ဟုတ်ပ
      စဉ်းစားစရာတွေတပုံတပင်နဲ့
      ဝမ်းမလီးဝဲကမ်းတုန်းက လူသိရှင်ကြား
      စည်သွပ်ဗူးထဲရောက်ကို လူမသိသူမသိညာထည့်ရင်…. အင်း…… 🙄
      လောလောဆယ်တော့ ဝမ်းသာစရာသတင်းပေ့ါ

  • manawphyulay

    August 18, 2011 at 10:14 am

    ပြန်လည်ဝင်ခွင့်ပြုလိုက်ပြီလို့ ပြောတာမဟုတ်ပဲ စဉ်းစားပေးမယ်ပြောခဲ့တာ မဟုတ်ဘူးလား။ ကိုယ့်မှာအပြစ်ရှိလဲဝန်ခံကျဆိုပြီး ပြောသေးတယ်လေ….

  • နွယ်ပင်

    August 18, 2011 at 10:28 am

    မနေ့ကတော့ ဒီသတင်းကို ကြားလိုက်ရတယ်
    ဒါပေမယ့် သူပြောထားတာက သိပ်မရှင်းသလိုဖြစ်နေတယ်
    တကယ်ဆိုရင်တော့ နောနော်ပေါ့ ………

  • zawthulay

    August 18, 2011 at 11:46 am

    မှန်တာပေါ့ .. နိုင်ငံရေးအကျဉ်းသား အများကြီးကိုတော့ ထောင်ထဲက လွှတ်မပေးသေးပဲ ပြန်ခေါ်တယ်ဆိုတော့ ထူးဆန်းနေတယ်နော်.. ပြန်လွှတ်ပေးမှ ယုံရမလိုဖြစ်နေတယ်

  • R Ga

    August 18, 2011 at 5:57 pm

    ယုံကြည်ဖို့ အတွက် လူထုယုံကြည်လောက်တဲ့ ကိစ္စတွေ လက်တွေ့ဆန်ဆန်လုပ်ပြမှယုံကြည်မယ်။
    ဘာလို့လည်းဆိုတော့ သူလည်း အရင်အကောင်တွေထဲက အရောင်ပြောင်းထားတဲ့အကောင်တစ်ကောင် မိုလို့ပဲ..။ အရင်အကောင်တွေတုန်းကလည်း ဘာလုပ်ပေးပါမယ် ညာလုပ်ပေးပါမယ်နဲ့ ဖိအားတွေလျော့အောင် နည်းမျိုးစုံနဲ့ လူထုကိုလိမ်ညာခဲ့တာပါ။ နောက်တော့လည်း ကုလားကြီးနဲ့ အရာကြီး ဖြစ်နေတယ်။

  • padonmar

    August 18, 2011 at 6:31 pm

    18.8.2011
    ဒီညနေ ကြေငြာချက်အသစ် ၃ခုထုတ်ပြန်၊
    (၁) ငြိမ်းချမ်းရေးကမ်းလှမ်း၊လက်နက်ကိုင်အဖွဲ့များ ပြည်နယ်အစိုးရနှင့် အရင် ညှိ ရမည်၊
    (၂)ဝင်ငွေခွန်လျှော့ရာတွင်ကျန်နေသေးသော CMP လုပ်ငန်းများ
    (၃) ဒေါ်လာဖြင့်ဝင်ငွေရသူများ
    ၁၀% မှ ၂% သို့ ၆လတာ လျှှော့ပေး
    ဝမ်းသာစရာသတင်းလေးမျှဝေလိုက်ပါတယ်။

Leave a Reply