အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ လာမည့်လေးလအတွင်း မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းတော့မည်

klnMay 11, 20101min441

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ရေးဆွဲလျက်ရှိရာ မကြာမီအတွင်း ဥပဒေထွက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောသည်။ အဆိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ၂၀၀၅ခုနှစ်ကတည်းက စတင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းတပ်ဖွဲ့က ရေးဆွဲလျက်ရှိကြောင်း၊ ယခုအခါ ရှေ့နေချုပ်ရုံးက ခွင့်ပြုပေးပြီးဖြစ်သဖြင့် မကြာမီသုံးလ၊ လေးလခန့်အတွင်း ဥပဒေတစ်ရပ် ထွက်လာမည်ဖြစ်ကြောင်း ရဲချုပ်က ဆိုသည်။ နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံး အရိန္ဒမာခန်းမ၌ မေ ၆ရက်က ပြုလုပ်သည့် X2Oဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် ယင်းသို့ ဖြေကြားလိုက်ခြင်းဖြစ်သည်း။ “ပထမဒီကိစ္စက ဥပဒေဆွဲပြီး ကျွန်တော်တို့က ရှေ့နေချုပ်ရုံးကို တင်ပေးရမှာပါ။ ရှေ့နေချုပ်ရုံးက ဒီတင်ပြတဲ့အပေါ်မှာ Comments လုပ်ပေးမှာဖြစ်ပါတယ်။ လုပ်ပေးပြီးလို့ရှိရင် ဒီကိစ္စကို UNOTC က ကျွမ်းကျင်ပညာရှင်နဲ့ ပြန်တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအတွက် Focal Point ပေးထားသော UNOTC လေ။ သူ့ဆီက Approve ဆိုလို့ရှိရင် အစိုးရအဖွဲ့ကနေပြီးတော့ အတည်ပြုပေးမှာပါ။ သို့သော်လဲ နောက်ပိုင်းမှာ Financial Terrorism အကြမ်းဖက်သူတွေကို ငွေကြေးထောက်ပံ့တဲ့ကိစ္စတွေမှာ နည်းနည်းလေးပိုပြီးတော့ ဒီ Criteria မှာ များလာတယ်။ ဒါကျွန်တော်တို့ ပြန်ပြင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့လကမှ နောက်ဆုံးပိတ် ပြီးသွားခဲ့ပြီးတော့ ရှေ့နေချုပ်ရုံးကလဲ Pass ဖြစ်သွားခဲ့ပါတာပါ။ နောက်သုံးလေးလအတွင်းမှာ ဥပဒေထွက်ပါမယ်” ဟု ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ပြောကြားသည်။ အကြမ်းဖက်မှုဥပဒေပေါ်ပြီးပါက အရေးယူဆောင်ရွက်နိုင်မည့်အပေါ် ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ဆက်လက်၍ ပြောကြားရာတွင်“ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားနိုင်မှာဖြစ်ပါတယ်။ အခုသင်္ကြန်ဗုံးဖောက်တဲ့သူတွေကို ဒီဥပဒေနဲ့အရေးယူလာနိုင်ဖို့ရှိပါတယ်။ အခု ကျွန်တော်တို့ ထောင်ဒဏ်လေးနှစ်ထက်ပိုတာကို Serious Crime လို့ခေါ်တယ်ဗျ။ နိုင်ငံတစ်နိုင်ငံမှာဖြစ်ပေမယ့် ဒီနိုင်ငံကနေပြီးတော့ ကြိုတက်စီစဉ်မယ်။ ကြိုးကိုင်တယ် ဒါဆိုရင် နိုင်ငံဖြတ်ကျော်မှုခင်း၊ ဒါကို လေးနှစ်ထက်ပိုတဲ့ ပြစ်မှုကျူးလွန်တယ်။ သုံးယောက်ထက်ပိုရင် နိုင်ငံဖြတ်ကျော်အဖွဲ့လိုက်မှုခင်း။ ဒါဆိုရင် အင်တာနေရှင်နယ် ဥပဒေထွက်လာရင် အများကြီးအရေးယူနိုင်မှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၁ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 12, 2010 at 8:10 am

    မြန်မြန် အကောင်အထည်ပေါ်မှ အပြစ်မဲ့ပြည်သူတွေ အသက်ချမ်းသာရမယ်
    အကြမ်းဖက်ဝါဒ ကို တိုက်ဖျက်ကြပါစို့

Leave a Reply