မြန်မာ့လူထုလူတန်းစားများအရေးvs ပြည်ထောင်စုအစိုးရ(မြန်မာ)သို့မဟုတ်သူတို့လျှောက်သင့်သည့်လမ်း

kyawhan21August 18, 20111min982

မြန်မာတို့၏သမိုင်းကောင်းဗိသုကာသို့မဟုတ်ပုံရိပ်သမိုင်းရှင်မှာ ဗိုလ်ချုပ်အောင်ဆန်းသာလျှင်ဖြစ်သည်၊ဗိုလ်ချုပ်သည်ခေတ်တစ်ခေတ်၏ဆန္ဒနှင့်အညီပေါ်ပေါက်လာသော လူထုခေါင်းဆောင်ဖြစ်သည်၊အနော်ရထာ၊ဘုရင့်နောင်၊အလောင်းဘုရားတို့သည်မြန်မာ့သမိုင်း၏ဗိသုကာများမဟုတ်ပါ၊လူထုလူတန်းစားများကိုကိုယ်စားပြုသည့်လူထုခေါင်းဆောင်များလည်းမဟုတ်ပါသမိုင်းတွင်သက်ဦးဆံပိုင်ပဒေသရာဇ်များဖြစ်ကြသည်၊    ပဒေသရာဇ်များသည် ကိုယ်ကျိုးစီးပွားကိုကာကွယ်ရန် စစ်ခင်းသည် သိမ်းပိုက်သည်၊ ခေတ်သစ်မြန်မာနိုင်ငံကိုမွေးဖွားသူများ မဟူတ်ကြပါ၊သမိုင်းတွင်ကောင်းကွက်တစ်ခုတော့ရှိကောင်းရှိမည် သို့သော်လူထုလူတန်းစားမျာအတွက်မဟုတ်ပါ၊ ပဒေသရာဇ်များခေတ်တွင်ပြည်သူသည် ကျေးကျွန်ဖြစ်ပြီး လူထုခေါင်းဆောင်များအတွက်မူ ပြည်သူများက စစ်မှန်သော အာဏာပိုင်ရှင်များဖြစ်ကြသည် လွန်စွာကွာခြားပါသည်၊

ထိုပဒေသရာဇ်များခေတ် ဘုရင်ကိုသတ်လျှင် ဘုရင်ဖြစ်သော အမွေဆိုးကြောင့် လက်ဦးသူဘုရင်ဖြစ်လာသည်၊အရည်အချင်းညံ့ဖျင်းသောကြောင့် ထိုဘုန်းရှင်ရူး ကံရှင်ရူးတို့၏လက်ထက်တွင် တိုင်းပြည်နှစ်ပေါင်း120 ကျွန်သားပေါက်ဘဝသို့ရောက်ရသည်၊

ယခုမြန်မာပြည်သည် လွတ်လပ်သော တိုင်းပြည်အဖြစ် ရပ်တည်နေပါသည်၊ တပ်မတော်သည်ဦးဆောင်ပြိး အသက်သွေးချွေး များစွာစွန့်လွှတ်စတေားကာ လူထုလူတန်းစားများနှင့် လက်တွဲပြီး အတူတိုက်ပွဲဝင်ခဲ့သည်၊ ထိုလွတ်လပ်ရေးတိုက်ပွဲဝင် တပ်မတော်အား အနော်ရထာ ဘုရင့်နောင် အလောင်းဘုရား စသည့်ပဒေသရာဇ် သက်ဦးဆံပိုင်များ မဖွဲ့စည်းခဲ့ပါ၊ လွတ်လပ်ရေး တိုက်ခဲ့သော တပ်မတော်သည် လူထုလူတန်းစားများဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့ပြိး ပြည်သူ့အမှုကိုထမ်းရွက်သော ြပြည်သူ့သားပြည်သူ့အမှုထမ်းများဖြစ်သည်၊ သက်ဦးဆံပိုင်အာဏာရှင်တို့၏ အမှုကိုထမ်းရသော အာဏာပါးကွပ်သားများ မဟုတ်ပါ၊

ထိုတပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်း အမြှော်အမြင်ကြီးစွာ တည်ထောင်ခဲ့ပြိး တပ်မတော်၏ ဖခင်အစစ်မှာ ဗိုလ်ချုပ်အောင်ဆန်း သာလျှင်ဖြစ်သည်ကို အနာဂတ်၏အောင်စစ်သည်အပါဝင် အနာဂတ် မျိုုးဆက်သစ်များက လက်ခံယုံကြည်ထားလာစေရန် ပြည်ထောင်စုအစိုးရအဖွဲ့တွင်တာဝန်ရှိပါသည်၊ ချစ်သင့်သည့်ကိုမဖျောက်သင့် ဘုရင်နောင်၏နန်းတော်ရာ တူးဖေါ်ခြင်းက သမိုင်းဂုဏ်မတင့် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝမှ သည် ကျဆုံးချိန်ထိ လူထု၏ ယုံကြာ်ကိုးစားမှုကိုရယုကာ တိုင်းရင်းသား လူထုလူတန်းစားများ၏ ညီညွတ်မှုဖြင့် အတူလက်တွဲ ရယူခဲ့သော လွတ်လပ်ရေးသမိုင်းသည် မြန်မာတို့၏ တန်ဘိုးအရှိဆုံးသမိုင်းဖြစ်သည်၊ သမိုင်းကောင်းဆိုသည်မှာ ထိုနိုင်ငံ ထိုလူမျိုးတို့၏ အသက်သွေးချွေးကို စွန့်ကာ ရဲစွမ်းသတ္တိပြောင်မြောက်စွာ ရေးထိုးခဲ့သော မော်ကွန်းဖြစ်သည်၊

သမိုင်းကိုဦးဆောင်သူတို့သည် အမှားမကင်းတတ်ပေ ထိုအမှားကို ပြုပြင်နိုင်စွမ်းသူသာလျှင် သမိုင်း၏သူရဲကောင်းအစစ်အမှန်ဖြစ်သည်ဆိုသည်ကို ပြည်ထောင်စုအစိုးရ အနေဖြင့် သတိမူရမည်ဖြစ်သည်၊

အတိုက်ခံကင်းမဲ့သော နိုင်ငံရေးအခင်းအကျင်းအပြင်အဆင်သည်  ကကြိုးမဲ့သော ရုပ်သေးရုပ်နှင့်တူနေပေလိမ့်မည်၊

နိုင်ငံကိုဦးဆောင်သူနှင့် ဒီမိုကရေစီရေးနှင့် လူ့အခွင့်ရေးများကိုပုံဖေါ်သူ နိုင်ငံပြုသုခမိန်ဆိုသည်မှာ  အတိုက်ခံများအား စိုးရွံ့ကြောက်လန့်ခြင်း မရှိတတ်ပေ၊အတိုက်အခံမရှိသော နိုင်ငံရေးအခင်းအကျင်း၏ လွှတ်တော်သည် သုသာန် တစ်စပြင်ခဲ့သို့ဖြစ်နေပေမည်၊ထိုကြောင့်တိုင်းပြည်နှင့် လူမျိုးအတွက် အပြုသဘောဆောင် ဝေဖန်အတိုက်ခံပြုသည့် နိုင်ငံရေးပြိုင်ဘက်များကို ချစ်ကြည်ပွင့်လင်းစွာ လက်တွဲသင့်သည်။ ဝါဒမတူတိုင်း ရန်သူမဟုတ်ပေ၊ ပြည်သူ့အကျိုးကို ဖျက်စီးသူသာလျှင် တိုင်းပြည်ရန်သူဖြစ်မည်၊ နိုင်ငံချစ်စိတ်ရှိပြီး အရည်အသွေးပြည့်ဝသည့် ပြိုင်ဘက်အတိုက်အခံများအား မွေးမြူနိုင်သော အရည်အသွေးမှာ နိုင်ငံတော်အာဏာကို ကိုင်တွယ် အသုံးပြု နေသော အစိုးရတစ်ရပ်၏ စံ ပင်ဖြစ်သည်၊ အစိုးရနှင့်အတိုက်ခံပြုသူတို့၏ အတိုက်ခံပြုငြင်းခုံဆွေးနွေးမှု၏ ပန်းတိုင်သည် မြန်မာပြည် မြန်မာလူမျိုးတို့၏“ လူတန်းစားနိုင်ငံရေးဘဝတိုးတက်မြင့်မားရေး အတွက်သာဖြစ်စေရမည်ဖြစ်သည်၊

မြန်မာပြည်၏ အတိုက်ခံများကို အုပ်စုနှစ်မျိုးခွဲရမည်ဖြစ်သည်၊ ပထမအုပ်စုတွင် နိုင်ငံရေးပါတိများ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသောနိုင်ငံရေးနှင့် စီးပွားရေး ပညာရှင်များအဆင့်မြင့် ပညာရပ်များတတ်မြောက်ပြီး နိုင်ငံခြားတိုင်းပြည်များတွင်အဆင့်မြင့်တာဝန် ထမ်းဆောင်ဆောင်နေသော တတ်သိပညာရှင်များကတစ်အုပ်စု၊တစ်ဖက်တွင် လူမျိုးရေးဦးတည်ချက်ကိုရှေ့တန်းတင်ပြီး မြန်မာပြည်အားခွဲခြမ်း စိပ်ဖြာပြီး ဗိုလ်လုပ်ချင်သူ လက်နက်ကိုင်များအားတစ်အုပ်စု ထားရမည်ဖြစ်သည်၊

အဓိကထားရမည့်အုပ်စုမှာ ပထမအုပ်စုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် မင်းကိုနိုင်နှင်ံတိုင်းရင်းသားကိုယ်စားပြု ဦးခွန်ထွန်းဦး စသည့် လူထုလူတန်းစားကိုယ်စားပြုသည့်စစ်မှန်သော လူထုကိုယ်စားလှယ်များမှတစ်ဆင့်  ပြည်တွင်းပြည်ပ ပညာရှင်များ၏ အင်အားကိုစုစည်းကာ လက်တွဲဆောင်ရွက်သင့်သည်၊ထိုမှတစ်ဆင့် ပြည်ထောင်စုအစိုးရသည် လူထုလူတန်းစား နိုင်ငံရေး အင်အားစုများကို ပိုမိုစုစည်းစေပြီးနိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများအား  အလုံးစုံပယ်ဖျက်စေကာ အမျိုးသားအကျိုးစီးပွားကိုရှေးရှုသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မျာကို နိုင်ငံတော်နှင့် တိုင်းရင်းသားလူထုလူတန်းစား များအကျိုးအတွက် ဖိတ်ခေါ်လုပ်ဆောင်ရမည်ဖြစ်သည်၊

1994 ခုနှစ်နောက်ပိုင်း မြန်မာစစ်အာဏာရှင်တို့ ကျင့်သုံးခဲ့သည့် တံခါးဖွင့်ဝါဒ စီးပွားရေးပုံစံသစ်သည် class collaboration လူတန်းစားပူးပေါင်းရေးအသွင်သဏ္ဍန်မဆောင်ပဲ new economic class စီးပွားရေးလူတန်းသစ်တစ်ရပ်ပေါ်ထွန်းလာခဲ့သည် ၊ထိုလူတန်းစားများမှာ oligo poly& oligopsony     လူတစ်စု လက်ဝါးကြိးအုပ် ရောင်းမှုဝယ်မှု ကိုလက်ဝယ်ပိုင်ဆိုင်ရသည့်  စစ်အာဏာရှင် အရင်းရှင်များနှင့် ပြည်တွင်းဖြစ် ဘူစွာအရင်းရှင်များဖြစ်ပြီး ထိုသူတို့ အသက်သွင်းသည့် power monopoly capitalism အာဏာမူပိုင် အရင်းရှင်ဝါဒဋ္ဌ သွေးစုတ် ချယ်လှယ်မှုအောက်တွင် လူထုလူတန်းစားအသီးသီး စီးပွားရေးအချေပျက် economic distocation  ဖြစ်ရသည့် ဘဝသို့ရောက်ပြီး လူတန်းစားတိုက်ပွဲ  class struggle ဖြစ်ပေါ်ကာ ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် တိုင်းပြည်၏ တိုးတက်မှု လွန်စွာဆုတ်ယုတ်နောက်ကျကန်နေခဲ့်သည်၊

ဒုတိယအတိုက်ခံများအား သုံးသပ်ကြည့်မည်ဆိုလျှင် အ်ဆိုပါ လက်နက်ကိုင်အင်းအားစုများသည် မည်သည့်လူမျိုး မည်သည့်လူတန်းစားကိုမျှ ကိုယ်စားပြုသူများမဟုတ်ကြပါ၊ အဆို်ပါအတိုက်ခံများ၏ နှစ်60 လက်နက်ကိုင်တော်လှန်မှုတွင် မြန်မာမြေတစ်လက်မကိုမျှ  ကောင်းအောင်လုပ်နိုင်ခြင်းမရှိပါ ထိုသူတို့ရပ်တည်ရေးအတွက် ပြည်သူများမှ အကြောက်တရားဖြင့်ဆပ်ကြေးပေးခဲ့ရသည်၊တိုင်းပြည်၏ သယံဇာတများအား မိမိတို့ရပ်တည်မှု အတွက် တရားမဝင် ရောင်းဝယ်သုံးစွဲခဲ့သည်ကိုပြည်သူများအသိပင်ဖြစ်သည်၊ ထိုကြောင့် ပြည်ထောင်စုပြိုကွဲလိုသည့် ရည်မှန်းချက်ဖြင့်မဟုတ်ဘဲ တစ်စည်းတစ်လုံးတည်းသော အမိမြန်မာပြည် နှင့် တစ်စည်းတစ်လုံးတည်းသော မြန်မာတိုင်းရင်းသားများ ၏ တိုးတက်ရေးကို အလေးထားသည်ဆိုလျှင် ပြည့်ဝသောဒီမိုကရေစီ အသွင်ဖြင့် စစ်မှန်သော လူထုအစိုးရတစ်ရပ်ပေါ်ပေါက် လာစေရေးအတွက် လက်နက်များကိုစွန့်ကာပြည်သူများနှင့် ငြိမ်းချမ်းစွာလက်တွဲသင့်သူများဟုဆိုချင်ပါသည်၊

ပြည်ထောင်စုအစိုးရသည်  တိုင်းပြည်အကျိုးစီးပွားကိုရည်ရွယ် တက်လှမ်းကာ စီးပွားရေးပိတ်ဆို့မှုများ အမြန်ဆုံး ရပ်တန့်နိုင်ရေးအတွက် အတိုက်ခံများနှင့်ပူးပေါင်း ဆောင်ရွက်ရန်အလွန်အရေးတကြီးလိုအပ်ပါသည်၊ အဖမ်းဆီးခံ အတိုက်ခံများအား အမြန်ပြန်ကာ ယုံကြည်မှုတစ်ရပ်တည်ဆောက်ရန် အထူးလိုအပ်နေပြိး ပြည်ထောင်စုအစိုးရသည် အလွန်လှုပ်ယမ်းနေသော ကြိုးတံတားပေါ်တွင် လျှောက်လှမ်းနေရပြီးအတိုက်ခံဆိုသည်မှာ ထိုတံတား၏ လက်ကိုင်တန်းလေးများဖြစ်သည်ကို သတိမူရပေမည်၊

သတင်းမီဒီယာများ လွတ်လပ်မှုနှင့် နိုင်ငံပိုင်ရုပ်သံ သတင်းစာတို့၏ ဂုဏ်သိက္ခာအား ပြည်ထောင်စုအစိုးရသည် အထူး ဂရုစိုက်သင့်ပြီဖြစ်သည်၊

အဘယ်ကြောင့်ဆိုမူ ပြည်ပသတင်း မီဒီယာများက လူထုလူတန်းစားကို ကိုယ်စားပြုနေပြီး နိုင်ငံပိုင် ရုပ်သံနှင့် သတင်းစာများကမူ စစ်အာဏာရှင်တို့ ဝါဒဖြန့်ရာ ယန္တယားဖြစ်နေသည်၊နိုင်ငံတစ်ကာသာမက မြန်မာပြည်သူများကပင် မြန်မာ့သတင်းအားမယုံကြည်ကြပါ၊ v o a  bbc  rfa  dvb  စသည့်ပြည်ပအခြေပြု သတင်းဌာနများကို ယုံကြည်အားထားနေကြသည်၊ ပြည်သူ၏ ယုံကြည်မှုပျောက်ဆုံးချင်းသည် တိုင်းပြည်အတွက်ကောင်းသော လက္ခဏာမဟုတ်ပေ၊

နိုင်ငံပိုင်သတင်းစာတွင် ဖေကံကောင်း နှင့်ပေါက်စ စစ်အာဏာရှင်လက်ပါးစေ ကလောင်တစ်ရှဉ်း၏  ဒေါ်အောင်ဆန်းစုကြည် အပေါ်ဝေဖန်ရေးသားချက်မျ်ားသည် ပြည်သူအားအကျိုးတစ်စုံတရာမဖြစ်ထွန်းသော အလွန်အဆင့်အတန်းနိမ့်ကြသည့်ယုတ်ညံ့သောကြောင့် ပြည်သူများ၏ ရွံရှာစက်စုတ်မှုကို ခံရသည်၊မြန်မာပြည်လွတ်လပ်ရေးသည် နင့်အဖေတိုက်လို့ရတာမဟုတ်ဟူသော ရေးသားမှုသည် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအား တိုက်ရိုက်စော်ကားမှုဖြစ်သည်၊

ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးမုန်းတီး နိုင်ပါသည် ဗိုလ်အောင်ဆန်းနှင့်မသက်ဆိုင်ပါ၊မြန်မိာပြည်လွတ်လပ်ရေးသည် မြန်မာတစ်မျိုးသားလုံး သွေးစည်းညိညွတ်စွာတိုက်ခဲ့သည့်သမိုင်းကိုမြန်မာတိုင်းသိပြီးဖြစ်သော်လည်း  ဖေကံကောင်းနှင့် ပေါက်စ

အနှီတစ်ရှဉ်းတို့မသိသည်မှာ အဆိုပါတစ်ရှဉ်းသည် ဖအေ မရှိဘဲမွေးလာသူများဖြစ်မည်ထင်ပါသည်၊

သတင်းသမားများအားလုံးဝလွတ်လပ်ခွင့်ပေးနိုင်ရမည်ဖြစ်သည်၊ မြန်မာရုပ်သံနှင့် စာနယ်ဇင်းမျာကို အလုံးစုံ လူထုလူတန်းစားအကျိုးပြုဖြစ်စေရန် အထူးလိုအပ်နေပေသည်၊

နိုင်ငံရေးအမြင်မတူသူများအား အမြင်ခြားနားမှုကို တိုက်ခိုက်မည့်အစား အစိုးရယန္တယား လက်အောက်ရှိ အကျင့်ပျက်ဝန်ထမ်းများ ၏ ပြည်သူလူထုအပေါ် power bullying အင်အားသုံး အနိုင်ကျင့်မှုများအား ရေးယူဖေါ်ထုတ်သည့်သတင်းကို ထုတ်လွှင့်သင့်ပေသည်၊ယခုမူ voa bbc  rfa dvb စသည့်ပြည်ပအသံလွှင့်ဌာနများ၏ ထုတ်လွှင့်ချက်ကြောင့်လယ်ယာမြေအကြမ်းဖက်မှုများ၊ မတရားဖမ်းဆီးချုပ်နှောင်ခံရမှုများ နှင့် လူ့အခွင့်ရေးချိုးဖေါက်မှုများကို  ပြည်သူများ သိရှိနေရခြင်းသည် ပြည်ထောင်စုအစိုးရ၏ ခေါင်းဆောင်မှု ကြဆုံးမှုပင်ဖြစ်သည်၊

အချုပ်အားဖြင့် ဆိုရသော်   ပြည်ထောင်စုအစိုးရသည် ပြည်သူ၏ယုံကြည်မှုကို ရရှိရန် 1963 ခုနှစ်တွင် ဖေါက်ခွဲဖျက်ဆိးခဲ့သော မြန်မာ့လွတ်လပ်ရေးသမိုင်း၏ ဘူမိနက်သန် အဆောက်ဦးဖြစ်သော ကျောင်းသားသမဂ္ဂ အဆောက်ဦးကို ပြန်လည်တည်ဆောက်ခြင်းဖြင့် လူတန်းစားနိုင်ငံရေးအသွင်သဏ္ဍန်တည်ဆောက်ခြင်း ၊ အကျဉ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်ထားသော မင်းကိုနိုင် ဦးခွန်ထွန်းဦး အပါဝင် အတိုက်ခံများအား ပြန်လည်လွှတ်ပေးပြီး အတိုက်ခံများအားစည်းရုံးလက်တွဲခေါ်ဆောင်ကာ အမျိုးသားအကျိုးစီးပွားကို ပိုမိုလေးနက်စေကာ နိုင်ငံရေးအနှစ်သာရကို တည်ဆောက်ခြင်း၊ပွင့်လင်းလွတ်လပ်သော သတင်းမီဒီယာခေတ် ကိုတည်ဆောက်ခြင်းဖြင့် ပြည်သူ့ဆန္ဒများကို စစ်စစ်မှန်မှန် ဖေါ်ထုတ်ကာ တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို အဖြေပြုသော ပိုမိုပွင့်လင်းပြီး လွတ်လပ်စွာ တရားဥပဒေ စိုးမိုးသော နိုင်ငံရေးအဝန်းအဝိုင်းကို လူတန်းစားနိုင်ငံရေးအသွင်သစ်ဖြင့် ဒီမီုကရေစီ နှင့် လူ့အခွင့်ရေး နိုင်ငံသစ် သမိုင်းကောင်း မှတ်တိုင်ကို တည်ဆောက်ရန် လိုအပ်နေကြောင်း ပြည်သူများပြောသော ပြည်သူ့ ဆန္ဒ အဖြစ် တင်ပြအပ်ပါသည်၊

စစ်မှန်သော ငြိမ်းချမ်းရေး အမြန်ပေါ် ထွန်းပါစေ

ကျွန်တော်ကျော်ဟန်ပါ

2 comments

  • ကြောင်ကြီး

    August 20, 2011 at 10:34 am

    အာဏာရှင်အစိုးရတွေရဲ့ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်လာတဲ့ တိုင်းပြည်တွေမှာ ပထမလေးနှစ်သက်တမ်းလောက်သာ တော်လှန်ရေးကာလ ဦးဆောင်အတိုက်အခံပါတီ၊ ခေါင်းဆောင်က နိုင်ငံကိုအုပ်ချုပ်နိုင်ပြီး နောက်ပိုင်းမှာ ဘေးရောက်၊ သူများကျော်တက်သွားတာခံရတာ မကြာခဏတွေ့နေရတယ်။ တိုင်းပြည်ပြန်လည်ထူထောင်တဲ့အချိန်မှာ ဦးစားပေးရမှာတွေများတော့ တိုင်းပြည်တိုးတက်ကြီးပွားရေးအတွက် အခရာကျလာတဲ့ နိုင်ငံတကာနဲ့ထိတွေ့ဆက်ဆံရင်း တော်လှန်ရေးကာလ အမာခံ ပြည်သူလူထုနဲ့ ကင်းကွာသွားပြီး နောက်တခါရွေးကောက်ပွဲမှာ ကျဆုံးရတာလို့ ညဏ်မှီသလောက် စဉ်းစားမိတယ်။ ဦးကျော်ဟုန်ပြောတဲ့ အတိုက်အခံ အမျိုးအစားနှစ်အုပ်စု (နိုင်ငံရေးသမား၊ တတ်သိပညာရှင်များ အုပ်စုနဲ့ လူမျိုးရေးအစွန်းရောက် အချို့လက်နက်ကိုင်အဖွဲ့များ) နဲ့စပ်ဆက်မိလို့ပါ။

  • မီးမီး သော်

    August 20, 2011 at 11:49 am

    ယခု လက်ရှိအနေအထားအရ အနေကျပ်အဖြေကျပ် ရောက်နေ၍သာတွေ ့ဆုံဆွေးနေသဟန်ပြ ုကြသည်ဟု ယူဆရပါတယ်။တကယ်တော့ တိုင်းပြည်တကယ် ကို တိုးတက်ချင်တယ်၊တိုင်းပြည်အတွက် အလုပ်လုပ်ကြတော့မယ် ဆိုရင် အကျဉ်းကျခံ နိုင်ငံရေးသမားတွေအားလုံးဟာတကယ် စွမ်းနိုင်တဲ့အရွယ်ကောင်းတွေမို ့လွှတ်ပေးသင့်ပါတယ်။ကိုယ်ချင်းစာသင့်ပါပီ။ခုလက်ရှိချိန်ထိ ဘယ်လောက်ဘဲတွေ ့ဆုံဆွေးနွေးစေကာမူ ဒေါ်စု တစ်ယောက်ထဲနဲ ့တော့ ဘာမှမစွမ်းဆောင်နိုင်ပါဘူး

Leave a Reply