မြန်မာနိုင်ငံဗိသုကာအသင်း ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်

klnMay 11, 20101min571

မြန်မာနိုင်ငံဗိသုကာအသင်းမှ စီစဉ်ကျင်းပသော ပညာရပ်ဆိုင်ရာဆွေးနွေးပွဲ(၁၃/၂၀၁၀)ကို မေ ၁၅ရက်(စနေနေ့) ညနေ ၃နာရီခွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အဆောက်အအုံ(လှိုင်းတက္ကသိုလ်နယ်မြေဝင်း) မြေညီထပ် Seminar Room ၌ ကျင်းပမည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် Buildings and Concrete Jungle Effect ခေါင်းစဉ်ဖြင့် ဦးသန်းအောင်က ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး ဝါရင့်ဗိသုကာများက ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်ရာ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်း နှင့် အသေးစိတ်သိရှိလိုပါက ဖုန်း -၀၉-၈၇-၆၃၅၀၀၊ ဝ၉-၅၁-၁၆၉၈၂၊ ဝ၁-၇၂-၃၀၀၄တို့ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁ဝခုနှစ် မေလ ၁ဝရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 12, 2010 at 8:04 am

    နေပြည်တော်က အဆောက်အဦးတွေ တော့တော်တော်ကြည့်လို့ကောင်းတယ်
    သားနားလိုက်တာ။

Leave a Reply