နွယ်ပင် တစ်ယောက်ကတော့ အင်တာဗျူးမေးရင်ခွေးနဲ့ တော်တော်အကျိုးထူးပုံရပါတယ် ။ ဒီတစ်ခါ မေ့လို့မရတဲ့ အင်တာဗျူး အတွေ့အကြုံလေးက (NO) အဖွဲ့က ရည်မွန်ကိုမေးတာလေးပါ ။ ရည်မွန်ကလဲ အိမ်ကိုပဲ လာမေးပါလား အစ်မရယ်ဆိုတော့ ညနေဘက် အလုပ်ပြန်ချိန်လေး သွားမေးတယ် ဒီတစ်ခါတော့ အင်တာဗျူးကို တစ်ယောက်သော သူကိုပါရအောင်ခေါ်သွားဖြစ်တယ် ။ ရည်မွန်တို့ အိမ်ကိုရောက်ရောက်ချင်းမှာပဲ တံခါးဖွင့်ယုံရှီသေးတယ် နွယ့်ပင်အချစ်တော်လေးတွေပြေးထွက်လာပြီး ဟောင်ကြတာ အမလေး နည်းတာမဟုတ်ဘူး အနည်းဆုံးမရှိဘူးဆို (5) ကောင်လောက်ရှိမယ် ။တစ်ကောင်သောခွေးကလေးက အရပ်လေးပုနေတော့ သူကဆိုဖာတွေပေါ်ပြေးတက်ပြီး နွယ်ပင်နဲ့ အနီးဆုံးနေရာလောက်ရောက်အောင်လာပြီး အသားကုန်ကို ထိုးပြီးဟောင်နေတော့ပဲ ကိုယ်ကလဲ အစကတည်းကကြောက်နေတာဆိုတော့ အခုလို အစုလိုက်အပြုံလိုက်လဲ ဟောင်ရော အင်တာဗျူးလာတာကို မေ့ပြီး ဘေးနားက တစ်ယောက်သောသူကို အားကိုးတစ်ကြီးနဲ့ ” မောင်ရေ ကယ်ပါဦးတွေ ဘာတွေဖြစ်ကုန်ရော ” ဟိုတစ်ယောက်ကလဲ မေ့ပြီး ” မကြောက်နဲ့ မောင်ရှိတယ်ဆိုပြီး ” ဖြစ်ကုန်ရော အဲတော့မှ ရည်မွန်လဲ အော် အစ်မတို့က ရည်းစားတွေကိုးလို့ ပြောမှပဲ အလုပ်ကိစ္စနဲ့လာတာကို ပြန်သတိရလာတယ် ။ အဲလိုလဲ နွယ်ပင်တို့က မလိမ့်တစ်ပတ်နဲ့လည်း ကြွားတက်သေးတယ် :P
အင်တာဗျူးနဲ့ ပတ်သတ်ပြီး နောက်တစ်ခုက Celebrity ရဲ့ ကလေးလေးတွေကို အင်တာဗျူးလုပ်ခဲ့ရတာလေးပါ ။ အမြဲတမ်း လူကြီးတွေကိုမေးနေကြဆိုတော့ ဒီတစ်ခါကလေးတွေကိုမေးရင် ဘယ်လို အတွေ့အကြုံလေး ရမလဲဆိုပြီးအစကတည်းက စိတ်ဝင်စားနေခဲ့တဲ့ အင်တာဗျူးလေးပါ ပထမဦး အင်တာဗျူးကို ခိုင်သင်းကြည်သမီးလေးကိုမေးရင်းစခဲ့တယ် တကယ်ကို ထင်မထားခဲ့ရဘူး မေးသမျှကို သွက်သွက် လက်လက်ကလေးနဲ့ ကလေးပီပီ ဟန်မဆောင်ပဲဖြေပုံလေးက လူကြီးတွေနဲ့ကွာလို့ပေါ့ နောက်အင်တာဗျူးမေးပြီးလို့ ဓာတ်ပုံရိုက်မယ်ဆိုမှ ကလေးလေးက သူ့ရဲ့ သရုပ်ဆောင်မူကို အံမခန်းကို ထုတ်ပြပါတော့တယ် ဓာတ်ပုံဆရာရဲ့ ညွန်ကြားမူမပါဘဲ အိုက်တင်လေးတွေကို လုပ်ပြသွားတာ တစ်ပုံနဲ့ တစ်ပုံအိုက်တင်လုံဝမထပ်ဘူးဆိုတာ အသေအချာပါပဲ အမေလုပ်တဲ့သူကလည်း သူ့သမီးလေးကိုကြည့်လို့ တစ်ပြုံးပြုံးနဲပေါ့ ။ နောက်ကလေး အင်တာဗျူးတစ်ခုမှာတော့ မင်းမော်ကွန်းရဲ့ သာနဲ့ သမီးလေးကိုမေးမြန်းဖြစ်ခဲ့တယ် အဲဒီမှာလည်း ကလေးနှစ်ယောက်က ချစ်စဖွယ် ဟန်မူယာလေးတွနဲ့ မေးသမျှကိုဖြေပေးပြန်ပါတယ် ။ သူတို့နှစ်ယောက်မှာတော့ အကြီးကောင်လေးက ပိုပြီး ကလေးဆန်တဲ့ ပုံစံလေးပေါက်ပါတယ် “သားသား တိရိစ္ဆာန်လေးတွေကို ချစ်လား “လို့မေးတော့ “ချစ်တယ် သားက တိရိစ္ဆာန်လေးတွေဆိုအကုန်ချစ်လို့ ပိုးဟပ်တောင်မွေးတယ်လို ”့ ဖြေပုံလေးကို သဘောကျလို့ ၇ီလိုက်ရသေးတယ် နောက် သူက ” သားအိမ်မှာလဲ ငမန်းတစ်ကောင်မွေးထားသေးတယ် မမ ကြည့်မလားဆိုလို့ ကြည့်မယ်လို့ပြောတော့ ” ဖန်ခွက်ထဲကို ငမန်းရုပ်လေးထည့်ယူလာလို့ သူ့ဖွားကဆူတော့ “သားက မမတို့ ပျင်းနေမှာဆိုးလို့ ပျော်အောင်စတာပါ ငမန်းဆိုတာ အိမ်မှာမွေးလိုရရမလားဆိုပြီး ” အဖွားကို ပြောလိုက်ပုံလေးကလည်းတကယ့် ကလေးဟန်လေးအပြည့်နဲ့ပါပဲ …အငယ်မလေးကြတော့ မေးသမျှကို တကယ့်လူကြီးဆန်ဆန်လေးနဲ့ ဖြေသွားခဲ့တယ် နောက် “သမီးကိုကို ကိုယ်ချစ်လားလို့မေးတော့ ချစ်တော့ချစ်တယ် ဒါပေမယ့် အရမ်းအစားကြီးတဲ့ အချိန်ဆိုမချစ်ဘူးတဲ့ ” သူ့အစ်ကို အစားကြိးပြီး ဝတာကို မကြိုက်တာကိုလည်းပြောပြသေးတယ် .၊ ကြီးလာရင် သမီးဘာလုပ်မလဲလို့မေးတော့ ဖေဖေ့လို အဆိုတော် သရုပ်ဆောင်လုပ်မယ်တဲ့ ငယ်ငယ်လေးကတည်းက အဖေသွေးအပြည့်ပါလာဟန်လေးနဲ့ ဖြေပေးခဲ့တယ် ။ ကလေးတွေရဲ့ အင်တာဗျူးတာလေးကလည်း တကယ့်ကို အမှတ်တရဖြစ်စေခဲ့ပါတယ် ။
နွယ်ပင်အင်တာဗျူးလုပ်ခဲ့တဲ့ တစ်လျွှောက်လုံးမှာ သရုပ်ဆောင်တွေရဲ့ စိတ်တွေ ခံစားချက်တွေနဲ့ ပိတ်ကားနောက်ကွယ်က အဖြစ်အပျက်တွေ တော်တော်များများကို
အမှတ်တရတွေအဖြစ် သတိတရနဲ့ မှတ်ထားဖြစ်ခဲ့ပါတယ် ဒီအထဲက တစ်ချို့ကို ရွာသူရွာသားတွေအတွက် ဖော်ပြပေးလိုက်တာပါ နောက်ထပ်လဲအမှတ်တရဖြစ်ခဲ့တာလေးတွေပြောပြဖို့ကျန်နေသေးပါတယ် …… ဆက်ရန် ……..

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..