သူငယ်ချင်းတို့ရေ မင်းတို့အခါအခွင့်ကြုံကြိုက်ခဲ့မယ်ဆိုရင် ….

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်စွန်းမြို့နယ် ရှိ မြို့ဦးပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သို့ တစ်ခါတစ်ခေါက်တော့ အရောက်လာစေချင်လှသည် အကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။

(လူငယ်စောက်ရှောက်ရေး ဌာန)

(အနာဂတ်အတွက်ပန်းကောင်းလေးများ ပွင့်လန်းစေဖို့ မေတ္တာရေ အစဉ်ပက်ဖြန်းကြပါစို့) ဆိုတဲ့စကားနဲ့ အညီ လေလိုင်းကြားကနေ သတင်းကောင်းပါအပ်ပါတယ်။

မြို့ဦးပရဟိတ ဘုန်းကြီးပညာသင်ရေးကျောင်း (လူငယ်စောက်ရှောက်ရေးဌာန) သည် ကျိုက်ထီးရိုးဘုရားနှင့် (၁၇)မိုင်ခန့်အကွာ မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ၊ တောင်စွန်းမြို့ အရှေ့ဘက်စူးစူးအရပ်တွင် တည်ရှိပြီး ဘုရင်နောင်ရပ်ကွက် ။ မင်းလမ်းကြီးတွင် မြို့ဦး ပရဟိတလမ်းညွန်ဆိုင်းဘုတ်ကို တွေ့မြင်နိုင်ပါသည်။ ထိုမှတဆင့် မြှားပြသည့်အတိုင်း လျှောက်လှမ်းလာပါက ကြည်နူးဝမ်းသာ စိတ်အေးချမ်းဖွယ်ရာ မြို့ဦးပရ ဟိတ (ဘ/က ) လူငယ်စောက်ရှောက်ရေး ဌာနသို့ရောက်ရှိမည် ဖြစ်ပါသည်။

မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ၊တောင်စွန်းမြို့၊ မြို့ဦးပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (လူငယ်စောက်ရှောက်ရေးဌာနကို) ၂၀၀၁ ခုနှစ်တွင် မိဝေး၊ ဖဝေး ၊မိမဲ့ ၊ ဖမဲ့၊ မိဘမဲ့၊ နွမ်းပါး ၊ ကလေး(၃၅) ဦးဖြင့် နိုင်ငံတော်အစိုးရ သာသနာရေး ဌာနတို့၏ ခွင့်ပြု့ချက်ဖြင့် ဖွင့်လှစ်ကာ လောကီအတန်းပညာရေးကို စတင်ဆောင်ရွက်ခဲ့ပါသည်၊ တစ်နှစ်ထက်တစ်နှစ် ကျောင်းသားဦးရေ တိုးတက်လာခဲ့ရာ ယခုနှစ် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ပေါင်း (၂၀၇) ဦးအထိ တိုးတက်ခဲ့တယ်လို့သိရပါတယ် ။

ကျောင်းတိုက်တွင် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဇဋိလ နှင့်စေတနာပညာဒါန ပရဟိတ ဆရာမ (၇) ဦးတို့ ဖြင့် ကျောင်းသား ။ကျောင်းသူများကို နိုင်ငံတော်အစိုးရ ချမှတ်သော ပညာရေးလမ်းညွန်မှုများအတိုင်း လူ့စွမ်းအားအရင်းအဖြစ် တိုးတက်စေရန် ပညာဖြင့်ဘ၀ ကိုတည်ဆောက်ပြီးအနာဂတ် နိုင်ငံဝန်ထမ်းကောင်း။ သာသနာဝန်ထမ်းကောင်း များဖြစ်ပေါ်လာစေရန် အစဉ်တစိုက် ကြိုးပမ်းပေးလျက်ရှိပါသည်။

ထို့ပြင်ဗုဒ္ဓ ဘာသာယဉ်ကျေးမှု့ စာမေးပွဲ၊ (YMBA) မင်္ဂလာစာမေးပွဲနှင့် ယဉ်ကျေးလိမ္မာသင်တန်းများကိုပါ တွဲဖက်၍ု သင်ကြားပို့ချဖြေဆိုစေလျက်ရှိပါသည်။ စောက်ရှောက်ထားသောကလေးများအားလုံး ယဉ်ကျေး စေ၊လိမ္မာစေ၊စာပေတက်မြောက်စေခဲ့ပါသည်။ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့လည်း တိုးချဲ့ဖွင့်လှစ် သင်ကြားပေးနိုင်ရန် မျော်မှန်းထားပါသည်။

သူငယ်ချင်းအပေါင်းတို့ ….ဆရာတော်စောက်ရှောက်မွေးမြူထားသည့် မိဝေး၊ဖဝေး၊ မိဘမဲ့ ၊အသိမကြွယ် မျိုးဆက်သစ် ကလေးငယ်များအပေါ် မိမိတို့ ၏ မောင်ငယ် ညီမငယ် လေးများကဲ့သို့ဂရုဏာထား၍

လှူဒါန်းထောက်ပံ့လိုပါက

ကလေးတစ်ဦးအတွက် တစ်ရက်စာစားစရိတ် (500/- ) ကျပ်နှုန်း

ကလေး (207) ဦးအတွက် တစ်ရက်စာ (103500/-) ကျပ်

မူလတန်းကလေးတစ်ဦး တစ်နှစ်တာ ပညာသင်စရိတ် (25000/-) ကျပ်

အလယ်တန်းကလေးတစ်ဦး တစ်နှစ်တာ ပညာသင်စရိတ် (45000/-) ကျပ်

အထက်တန်းကလေးတစ်ဦး တစ်နှစ်တာ ပညာသင်စရိတ် (65000/-) ကျပ်

ကလေးတစ်ဦးတစ်နှစ်တာ ကျမ်းမာရေးစရတ် (5000/-) ကျပ်

ကျောင်းဝတ်စုံတစ်စုံလျှင်  (3500/-) ကျပ်နှုန်းဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်၊

ဆက်သွယ်လှူဒါန်းနိုင်သည့်ဌာနများ

၁။ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဇဋိလ၊ မြို့ဦးပရဟိတ (လူငယ်စောက်ရှောက်ရေးဌာန) ၊တောင်စွန်းမြို့ ။

(ဖုန်း 057-64406 (လိုင်းခွဲ)1302-09-86-8627042)

၂။ ဦးထွန်းဥာဏ် (ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့) ၊တောင်စွန်းမြို့

(ဖုန်း 09-8627042)

၃။ ဒေါ်မေစန်းတင် (အငြိမ်းစားကျောင်းဆရာမကြီး

အမှတ် (123)၊ဆူးလေဘုရားလမ်း၊ ရန်ကုန်။ (ဖုန်း 01-246231)

၎။ ဦးမျိုးလွင် (ရွှေမြန်မာကာလာပုံနှိပ်နှင့်စာရေးကိရိယာအမျိုးမျိုးရောင်းဝယ်ရေး)

31 လမ်း ၊ ရန်ကုန်။ (ဖုန်း 09 51 68042)

5။ ကိုအောင်နိုင်ဝင်း + မခင်ငြိမ်း ။ဣစ္ဆာသယ စာအုပ်ဆိုင်၊ ရွှေတိဂုံတောင်ဘက်မုခ်

ဖုန်း 01- 374813

၆။ ဦးကျော်လင်း + ဒေါ်အေးအေးညို ၊မွန်ဓိမ္မာရုံ ၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်။

ဖုန်း 01-375590

၇။ ဦးဖေဇော်ဝင်း+ဒေါ်ခင်ဆွေဝင်း “ရာပြည့်” စာအုပ်တိုက် အမှတ် 416၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထောင့် ရန်ကုန်မြို့။ ဖုန်း 01-710103 ၊ 09-5178536

အခက်အခဲများကိုကျော်ဖြတ်သန်း ထာဝစဉ်တို့ကြိုးပမ်း ဆိုတဲ့ စကာရပ်နဲ့  အညီ

2001ခုနှစ်မှစပြီး ဤလူငယ်စောက်ရှောက်ရေးပရဟိတလုပ်ငန်းကို မေတ္တာစေတနာကြီးမား၊ ဦးတည်ချက် ကောင်းထား၍ လက်ရှိ 2011 ခု (11)နှစ်ဝန်းကျင်အထိ ကြိုးပမ်းခဲ့သော်လည်း၊ အမာခံငွေပင်ငွေရင်း၊ ကျောထောက်နောက်ခံမရှိသေးပါ။ အခက်အခဲများ ဖြင့်အဆင်ပြေသလိုရုန်းကန်လည်ပတ်နေရဆဲဖြစ်ပါသည်။ စားရေးစသည့်အခက်အခဲများ လွန်မြောက်ပြီး ကလေးများအား အေးချမ်းစွာစောက်ရှောက်နိုင်ရေးအတွက် အမာခံငွေပင်ငွေရင်း အမှန်တကယ် လိုအပ်ကြောင်း ရိုးသားစွာတင်ပြအပ်ပါသည်။ ထိုသိုသော အခက်အခဲများကို ဖယ်ရှားပေးမည့် ကယ်တင်ရှင်ငွေပင်ငွေရင်း အလှူရှင် ကံအားလျော်စွာပေါ်ပေါက်ခဲ့ပါလျှင် ဦးဇင်းတို့ရဲ့ လူငယ်စောက်ရှောက်ရေး ပရဟိတ လုပ်ငန်းကြီး ရေရှည်တည်တံတိုးတက်သွားမှာဧကန် ဖြစ်ပါသည်၊ မေတ္တာ စေတနာကိုအစဉ် မျှော်လင့်လျှက် ကျမ်းမာချမ်းသာလိုရာ ပြည့်ဝစေကြောင်း၊ မေတ္တာလောင်း ၍အစဉ်ကြိုးပမ်းနေပါမည်ဟု တင်ပြအပ်ပါသည်။

သူငယ်ချင်းတို့လဲ မွန်ပြည်နယ်ကိုအလည်တစ်ခေါင်ရောက်ရှိခဲ့ရင် သဒ္ဒါတအားနည်းများမဆို ကုသိုလ်ပါဝင်ရင်း မြို့ဦးပရဟိတ ကျောင်းလေးကိုလဲ ၀င်ရောက်လှူဒါန်းနိုင်ကြောင်း အသိပေးဖိတ်ခေါ်အပ်ပါတယ်။

About annonymous

has written 4 post in this Website..