လှိုင်သာယာမြို့နယ် အချို့ရပ်ကွက်များအတွင်း မီးအားတရှိန်ထိုး မြင့်တက်ခဲ့

etoneAugust 18, 20111min15715

၂၀၁၁ ခုနှစ် ၊ဩဂုတ်လ (၁၆) ရက်နေ့တွင် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အချို့၌ နေ့လည်ခင်းအချိန်မှစ၍ လျှပ်စစ်မီး ပျက်တောက်လျှက်ရှိပြီး ည (၇)နာရီခွဲခန့်အချိန်တွင် မီးပြန်လာခဲ့ရာ … အဝင်ဗို့အား ၃၀ဝကျော် ထိ နာဝက်ကျော်ကြာချိန်တိုင်အောင် မြင့်တက်ခဲ့ကြောင်း သိရသည် …. ။ အဆိုပါ ဗို့အားမြင့်တက်မှူကြောင့် လူနေအိမ်နှင့် ဆိုင်ခန်းအချို့တွင် မီးချောင်းများပျက်ဆီးခြင်း ၊ မီးကြိုးနဲ့ မီးပလပ်ပေါက်များ ဝါယာရှော့ဖြစ်ခြင်း နှင့် .. အချို့သော လျှပ်စစ်အသုံးဆောင်ပစ္စည်းများ ပျက်ဆီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည် … ။တချိန်တည်းမီးလာသော အချို့ ရပ်ကွက်များတွင်တော့ မီးအားအလွန်ကျဆင်းလျှက်ရှိပြီး  100ဗို့ထက်ပင် လျှော့နည်းခဲ့ကြောင်း သိရသည် … ။

 

%%%%%%%%

 

အဲ့ဒီအချိန်က ကျွန်မလည်း မီးအားမြင့်တဲ့ ရပ်ကွက်ထဲရောက်နေခဲ့တာပါ … ။ မီးပြန်လာတာနဲ့ .. ဘောင်းခနဲ ပေါက်ကွဲသံနှင့်အတူ ….. ကျွန်မရောက်နေတဲ့ အဆောက်အုံက မီးချောင်း ငါးချောင်းစလုံး ဖျက်ခနဲ လင်းပြီး မှိန်ကျသွားပါတယ် .. … ။ ဝါယာကြိုးတွေက ညှော်နံ့ထွက်လာတာမို့.. အမြန်မိန်းချပြီး ပိတ်လိုက်ရပါတယ် … ။ ဆယ့်ငါးမိနစ်လောက် ညှော်နံ့ ကုန်သွားမှ ပြန်ဖွင့်ကြည့်တော့ … နောက်တခါ ဖောက်ခနဲ ရှော့ဖြစ်သံကြားရပြန်တယ် … ။ ဒါနဲ့ ဆက်မဖွင့်ရဲတော့ပဲ မီးဆင်တဲ့လူကို ခေါ်ရပါတော့တယ် ….။

 

မီးဆင်တဲ့လူက လူငှားများနေတာမို့… မနက်ဖြန်မှ လာနိုင်မယ့်အကြောင်းပြောတော့ ….. ဖယောင်းတိုင်လေး ကိုယ်စီ ကိုင်ပြီး အလုပ်လုပ်ရပြန်တာပေါ့ … ။ ကြိုးတွေ ကောင်းမကောင်း မစစ်ရသေးတာမို့ … ဘယ်သူမှ မီးလင်းဖို့ကိစ္စ ထမကိုင်ရဲကြပါဘူး …။ ဒါနဲ့ပဲ ..ကျမတို့နှစ်ယောက်သား အလုပ်ပိတ်ပြီး …အိမ်ပြန်လစ်လာကြတယ် … ။ နောက်နေ့ရောက်တော့ … မီးသမားက အတော်နဲ့မလာပါဘူး … မှောင်မှလာပြီး စစ်တော့ … မီးချောင်း ချုပ်ကြွသွားပါတယ်တဲ့… ဒီတော့ …ဝယ်ထည့်ရတော့တာပဲ …… အလကားနေရင်း ကိုယ့်ပယောဂမပါဘူး … ဗို့အားမြင့်လျှပ်စစ်မီးကြောင့် ပိုက်ဆံကုန်ရတာ စိတ်တိုဖို့ကောင်းပါတယ် … ။ တချို့ အိမ်တွေဆို တီဗွီတွေ ကြွသွားတယ်တဲ့… ဒီဗွီဒီစက်တွေလည်း ကြွတယ်… ကြားရတာတော့… အစုံပါပဲ … ။

 

တခြားနိုင်ငံတွေမှာတော့ ဓါတ်အားပေးတဲ့ ကိစ္စ ဘယ်သူတွေကတာဝန်ယူပြီး ဘယ်လိုလုပ်ကိုင်လည်း မသိပေမဲ့ … ဒီမှာတော့ … မီးလာချင်လာမယ်… မလာချင်မလာဘူး … အားနည်းချင်နည်းမယ် .. .များချင်များမယ် .. အပျက်ဆီးရှိလည်း .. ကိုယ့်ဟာကိုယ်ပြင် ဒါမျိုးဖြစ်နေတာ စိတ်ညစ်ရတာတော့အမှန်ပါပဲ … ။ မီတာသုံးစွဲ ဆောင်နေတဲ့ လူတွေကို respect လေးတော့ ပေးပြီး responsible တော့ဖြစ်သင့်တာပေါ့ … ။ တခြားနိုင်ငံတွေမှာတော့ ပုဂ္ဂလိက ပေးတယ် ထင်ပါတယ် … ပြီးတော့… မီးပျက်တဲ့အပေါ် အလျှော်စားလည်း ရှိမယ် ထင်ပါတယ် …. သိတဲ့လူများ ဝင်ဆွေးနွေးပါဦးနော် … ။

15 comments

  • mr.lone

    August 18, 2011 at 4:14 pm

    ဟုတ်တယ် etone မမ ရေ မီတာဖတ်သမားတွေဆို သူတို့ဖတ်ချင်သလောက်ဖတ်ပြီးတောင်းချင်သလောက်
    တောင်းနေတာ ။ အိမ်စစပြောင်းချင်းတုန်းကဆို မီတာခ အရမ်းများတော့ ပထမတော့ ကိုယ်သုံးလို့ပဲများတယ် ထင်တာ ။ နောက်မှ သူတို့က တောင်းချင်သလိုတောင်းနေတာ ။ အမေ က ရုံးကိုသွားပြောတော့မှ နောက်လတွေ နဲနဲလျော့သွားတယ်….

  • aungnng87

    August 18, 2011 at 4:15 pm

    မလေးရှားမှာတော့မီးမပျက်တတ်ပါဘူး။ မီးဖြတ်မယ်ဆိုရင်ကြိုပြောပါတယ်။ လွန်ခဲ့တဲ့၁ဝနှစ်လောက်တုန်းကမီး၃ရက်ပြတ်သွားတဲ့အတွက်လျှပ်စစ်ဝန်ကြီးအလုပ်ပြုတ်သွားပါတယ်။ အဲဒီ
    နောက်ပိုင်းOKပါတယ်။

    • pheephee

      August 18, 2011 at 4:23 pm

      အဲယ်….ဒီမှာပိုတောင် အဆင့်မြင့်သေးတယ် ကိုယ့်အိမ်က ကိုယ့်မီးတာဘုံးကို လက်နဲ့တောင် ထိစရာမလိုဘူး ….သူတို့က ဘယ်နေရာကနေလှမ်းပြီးတော့ ထိန်းပေးလဲမသိဘူး တစ်လကို ထိန်းသိမ်းခ ၅၀ဝ ကိုတော့ လတိုင်းပေးနေရတယ်လေ……

  • mr.lone

    August 18, 2011 at 4:20 pm

    အမလေးတို့မြန်မာနိုင်ငံမှာ မီးပျက်တိုင်းသာ အလုပ်ဖြုတ်ခံရရင် အလုပ်သမားတောင်လောက်မှာမဟုတ်ဘူး…

  • pan pan

    August 18, 2011 at 4:36 pm

    မနေ့ညကတော့ ကျွန်မတို့လမ်းရဲ့ဟိုဘက်လမ်းတော့ လမ်းထိပ်မှာ ရှော့ခ်ဖြစ်သွားလေရဲ့
    အိမ်ပေါ်ကနေလှမ်းမြင်ရတယ်
    လင်းထိန်နေတာပဲ မီးတွေပွင့်ထွက်တာ
    အသံတွေလည်းထွက်တယ်

  • မီးမီး သော်

    August 18, 2011 at 4:45 pm

    အဲ ဒီလောက်ထိအောင် ဗို ့အားတက်ရင် ဝါယာရှော့ကနေ မီးလောင်တတ်တယ်နော်။သတိထားကြပါ။မိန်းချထားရမယ် အဲလောက်ဆောင့်တက်နေရင်

  • နွယ်ပင်

    August 18, 2011 at 4:46 pm

    နွယ်ပင်တို့ လမ်းထိပ်က ထရန်စဖာမာကြိးဆို ခဏခဏပေါက်သလားမမေးနဲ့
    အခုဆို ခဏခဏပေါက်တာ အကြိမ်ရေတောင်ပိုစိပ်လာသလား ထင်ရတယ်
    တစ်ခါတစ်လေဆို ဘေးနားက လက်ဖက်ရည်ဆိုင်ထိတောင် မီးတွေစင်လာလို့
    ထိုင်နေတဲ့ သူတွေတောင် ထပြေးရတဲ့ အထိပဲ ။ အဲလို ပေါက်လို့ မီးသမားကိုခေါ်ရင်လဲ
    အလကားမဘူးနော် RK လေးနဲ့မှ ဒီလို ပေါက်တာလဲ တစ်ပတ်ကို အနည်းဆုံး (2) ခေါက်လောက်
    ဆိုတော့ တစ်ခါတစ်လေများ အဲလို ခဏခဏပေါက်အောင် မခံတဲ့ မီးကြိုးများ တပ်ပေးခဲ့သလားတွေးမိတယ် ။

  • MaMa

    August 18, 2011 at 5:54 pm

    အဲဒီလို ဖြစ်ရင် လွှတ်တော်အမတ်ကို တိုင်ကြားလေ။ သဂျီးသင်ထားတာ မှတ်ထားမှပေ့ါ။
    🙂

    • ဆူး

      August 18, 2011 at 6:39 pm

      ရွာထဲမှာ ဖြစ်တယ် ဆိုရင်တော့ ရွာတွင်း အမတ်တွေကို စုရုံးခိုင်းလိုက်.. အမတ်တွေ စုထားခိုင်းပြီးတော့ အလဲတွေ ရှောင်နေခိုင်းလိုက်.. လဲ နေတာ မမြင်ချင်လို့.. 😀

  • ogre

    August 18, 2011 at 6:01 pm

    ဒါမျိုးကြုံဖူးတယ်ဗျ
    ကျွန်တော်အိမ်မှာ မူးစုမတ်စု စုပြီးဝယ်ထား တဲ့
    တီဗွီတစ်လုံး အောက်စက်တစ်လုံးနဲ ့မီအားမြှင့်စက်တစ်လုံး
    မြန်မာနိုင်ငံ လျှပ်စ်စွမ်းအားရဲ့ကျေးဇူးကြောင့် အကုန်းလုံးမာလကီးယားသွားလေရဲ့
    ဘယ်တိုင်ဘယ်ပြောရမှန်တောင်မသိဘူး
    အေးလေ သူတိုတွေက မီးအားနဲနဲလေးပေးနေကျဆိုတော့
    တစ်ခါတစ်လေးများများလေး စေတနာထားပြီလွှတ်ပေးတာနေမှာပါ
    ခွေးလွှတ်လိုက်ပါတယ်

  • windtalker

    August 18, 2011 at 8:52 pm

    ဟိုဘက်ကမ်း က မီးထိန်ထိန်
    ဒီဘက်ကမ်း က မီးထိန်ထိန်
    မအီးတုန်း တို ့အိမ်

  • pyinlepyaw

    August 19, 2011 at 1:10 am

    လျှပ်စစ်မီး အကြောင်းတွေဖတ်ရရင် စိတ်နာတယ်၊ ကျွန်တော်တို့ သံတွဲမြို့မှာ ဖိုးသီးချို ကုမ္ပဏီ က လျှပ်စစ်
    မီးပေးနေတာ ၂၄ နာရီပေးတဲ့အတွက် ကျေးဇူးတင်တယ်၊ ဒါပေမဲ့ လျှပ်စစ်မီးမပေးခင်က ပထမ လ စမ်းပေး
    ကြည့်ပါမယ်တဲ့၊ နောက်လတွေမှာ ဈေးလျော့ပေးပါ့မယ်တဲ့၊
    ခုတော့လဲ တစ်စိမ်းတွေလို ဖြစ်နေပီလေ၊ စားပီးနားမလည်လုပ်နေကြပြီလေ၊ မိတ်ဆွေတို့တွက်ကြည့်ပေး
    ကြည့်ပါ၊ လျှပ်စစ်မီးပေးတဲ့စက်တွေက တစ်နာရီ ဒီဇယ် ၁ဝ ဂါလန် စားသတဲ့၊ တစ်လ မြို့က သုံးတဲ့ယူနစ်
    ( ကောက်ခံရတဲ့ယူနစ်) ၇၅၀၀ဝ ရသတဲ့၊ ကုမ္ပဏီဝန်ထမ်း တစ်ယောက်ပြောတာပါ၊
    ဈေးနှုန်းကတော့လျှော့ပါတယ်၊ စပေး တဲ့လ က တစ်ယူနစ် ၅၀ဝ ပါ၊ ခု ၂ဝ လျှော့တော့ တစ်ယူနစ်ကို၄၈၀
    ပေးနေရပါတယ်၊ ဒီဇယ်ဆီတစ်ဂါလံကို ၃၀၀ဝ ( အစိုးရဈေး) နဲ့လဲမောင်းနေကြတာပါ၊
    ပီးတော့ လမ်းမီးဝန်ဆောင်မှု လဲ အရမ်းအားနည်းနေပါတယ်၊ မြို့တွင်း နေရာတော်တော်များများမှာလည်း
    လမ်းမီးတွေ မထွန်းပေးလို့ မဲမှောင်နေပါတယ်၊ တစ်ယူနစ်ကို ၄၈ဝ ပေးဆောင်နေကြရလို့ အဆင်မပြေ
    ကြပါဘူးဗျာ။ အလကားလူတွေပါပဲ၊ ဂတိမတည်ဘူး။

    • etone

      August 19, 2011 at 8:10 am

      ဟွန်း… မီတာခကလည်း ဈေးကြီးလိုက်တာ … တယူနစ်ကို 480တဲ့လား .. အစပေါင်းများစွာ ဈေးကြီးတယ်နော် 🙁

  • zawthulay

    August 19, 2011 at 11:39 am

    မီးအားက လုံးဝကို မမှန်တာပါ.. တက်ရင် တစ်ဟုတ်ထိုးတက်ပီး ကျတော့လည်း တစ်ဟုန်တိုး ကြတယ်ဗျ ကျွန်တော်တို့ ဒဂုံမှာဆိုရင် ၁ဝ ကျော်ရင် တက်ပီ ၂၂ဝ ကျော် ..

  • etone

    August 19, 2011 at 12:49 pm

    မီးအားကို အဲ့ဒါမျိုး တက်ရင် အရမ်းတက် … ကျလျှင် အရမ်းကျ ဖြစ်နေတာ ဘယ်သူ့မှာများ တာဝန်ရှိလည်း မသိဘူး … တကယ်ပါပဲ … ဘာတွေဖြစ်နေမှန်းကို မသိဘူး .. သူတို့ တက်တာ ကျတာ အရေးမကြီးဘူး … ပစ္စည်းတွေပျက်ကုန်တာက ကိုယ်ခံရကိန်း 😥

Leave a Reply