မျက်ရည်..။။

မျက်ရည်..။။

စာဖတ်သူများခင်ဗျား..မျက်ရည်ကျဘူးပါသလား..?
ကျဘူးပါတယ်လို့သံပြိုင်ဖြေဆိုကြမယ်လို့ ထင်ပါတယ်
ဘယ်အချိန်တွေမှာကျဘူးခဲ့တာပါလဲ ….ခင်ဗျား..?
ဟုတ်ကဲ့ တစ်ယောက်တစ်ပေါက်ဖြေဆိုကြမယ် လို့ ထင်ပါတယ် အသံတွေတူနိုင်မယ်မထင်တော့ပါဘူး
လူတိုင်းမျက်ရည်ကျဘူးကြတယ်လို့ ပြောရမှာပါ ….။
မျက်ရည်ကျခြင်း အကြောင်းအရာအဖြစ်သနစ်တွေသာ မတူညီရင် နေရမယ် တစ်ကြိမ်တော့ မျက်ရည်
ကျဘူးခဲ့ကြပါတယ်တစ်ချို့ဆိုအကြိမ်ကြိမ် မျက်ရည် ကျဘူးတဲ့အတွက် မိငို/မယ်ငို/နောက်ပိုင်းမင်းသမီး/
နောက်ပိုင်းမင်းသာကြီး/အလွမ်းမင်းသမီး/အလွမ်းမင်းသား /တိုက်ကြီးသံပုရာ  လို့တောင် နောက်ပြောင်ခေါ်ဝေါ်ကြတာ
တွေ့ကြုံရဘူးမှာပါ..။။လူတွေဘာကြောင့်မျက်ရည်ကျရတာပါလဲ..ကျွန်တော်ရဲ့ မပြည့်မစုံလေ့လာမှတ်သားမိသမျှလေး
စာဖတ်သူအပေါင်း မျက်စိညောင်း စေခြင်းငှာ ထင်သမျှမြင်သမျှ  မဟုတ်တာရောဟုတ်တာရော ရုပ်တန်းရမ်းတုတ်
မှန်းခြေလေးနဲ့ ကုတ်ခြစ်စဉ်းစားမှတ်သားစိမ့်စေသောငှာ ရေးသားအလုပ်လုပ် မျက်စိရှုပ်တော်မူကြပါရန် စေတနာအပေါင်းနဲ့
ကြေငြာမောင်းခတ်အပ်ပါတယ်…။။။။လူတွေမျက်ရည်ကျရတဲ့ အကြောင်းတရားပေါင်းများစွာရှိပါတယ်..
အဲဒီအကြောင်းတွေထဲက  အဓိက လည်းကျ ဖြစ်နိုင်ခြေလဲ များတဲ့ တစ်ချို့သော အကြောင်းလေးတွေကိုထုတ်နှုတ်
တင်ပြရရင်တော့…
“လူတစ်ယောက်ဟာ သိပ်ဝမ်းသာလွန်းအားကြီးလာရင်..။။”
ဟာဒယဝတ္ထု နှလုံးအိမ်၌ နှလုံးသွေးများ ပြင်းထန်စွာ လှုပ်ရှားစီးဆင်းခြင်းကြောင့် မျက်ရည် /နှပ် အစရှိသော
အရေကြည်  စီးဆင်းရာနေရာများက စွတ်ဆိုလာတတ်ပြီး မျက်ရည် ထွက်လာတတ်ပါတယ် ဒီလိုအဖြစ်ကြောင့်
လူမှာ ခုန်ပေါက်အော်ဟစ်ခြင်း လက်မောင်းဆန့်တန်း ကြိမ်းမောင်းခြင်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောခြင်း
တို့နှင့်အတူမျက်ရည်ကျခြင်း မျက်ရည်စို့တက်လာခြင်း မျက်ရည်ဝဲခြင်း များထင်ရှားစွာဖြစ်တတ်ပါတယ် ..။။။။
“လူတစ်ယောက်ဟာ သိပ်ဝမ်းနည်းစရာနဲ့ ကြုံတွေရရင်..။။”
လူတစ်ယောက် ဟာသိပ်ဝမ်းနည်းစရာနဲ့ ကြုံတွေရတဲ့ အခါ ကမ္မဇ ရုပ်ဝတ္ထုများမတည်မငြိမ် လှုပ်လှုပ်ရှားရှား ဖြစ်ခြင်း
မိမိ၏ ခန္တာကိုယ်အား  မထိမ်းသိမ်းနိုင်ခြင်း စသည်တို့အပြင် အခြားဆက်စပ် ရုပ်လက္ခဏာ များအထိမ်းကွပ်မဲ့
ဖြစ်ရခြင်းကြောင့် ရင်ဘတ် စည်တီး အော်ကြီးဟစ်ကျယ် ဖြစ်ခြင်း  ဦးတည်ရာမဲ့ ဖြစ်ခြင်းနှင့်အတူ
မျက်ရည်ထွက်တတ်ပါတယ် ..။။
“လူတစ်ယောက်ဟာ စိတ်ဖိစီးမှုများလွန်းအားကြီးလာရင်..။။”
လူတစ်ယောက်ဟာ လုပ်ငန်းခွင်မှာဖြစ်စေ ပြင်ပ လူမှုရေးကိစ္စများတွင်ဖြစ်စေ အတင်းအကြပ် ဖိအားပေးမှု
မိမိစွမ်း ဆောင်ရည် နှင့် လုပ်ဆောင်ရသည့် လုပ်ငန်းတာဝန် မမျှတမှု မဖြစ်နိုင်ဟုယူဆသောကိစ္စရပ်များအား
အတင်းအကြပ် လုပ်ဆောင်စေခြင်းပြန်လှန်ဖြေရှင်းချက်များအတွက် အခွင့်အရေး မရခြင်းများ အကြိမ်ဖန်များစွာ
ကြုံတွေ့ရလာပါက စိတ်နှလုံးညိုးငယ်ခြင်း   စိတ်မချင့် မရဲဖြစ်ခြင်း မိမိကိုယ်ကိုအလိုမကျ ခြင်း
စသော ဝေဒနာများခန္တာကိုယ်တွင်း ပေါ်ပေါက်လာကာ
မျက်ရည်ကျခြင်း မျက်ရည်လယ်လာခြင်း  ငိုကြွေးခြင်းများ ဖြစ်ပေါ်တတ်ပါတယ်…။။
“လူတစ်ယောက်ဟာ သိပ်ကြောက်လန့်ပူပန်စိုးရိမ်လွန်းအားကြီးလာရင် ..။။”
လူတစ်ယောက်ဟာ မိမိကိုယ်တွင်းစိတ်က သိပ်ကြောက်လန့်လွန်းအားကြီးရင် သော်လည်းကောင်း အမြဲတမ်း
ကြောက်လန့်နေရရင်သော်လည်ကောင်း  ညှင်းပန်းနှိပ်စက်ခြင်း ခံရမည်ကိုသော်လည်းကောင်း စည်းစိမ်းဥစ္စာ
ရာထူးအာဏာအတွက် ရတက်မအေး ဆုံးရှုံးမည့်ဘေး အတွက် ပူပန်ကြောက်လန့် နေရလျှင်သော်လည်းကောင်း
ထိုကဲ့သို့ကြောက်လန့်ပူပန်စိုးရိမ်နေရမှုများကြောင့် ပူဆူအော်ဟစ်ခြင်း နဲမျက်ရည်ကျတတ်ပြီး
ဒီလိုမဖြစ်ပဲထိမ်သိမ်းနိုင်သူများမှာတော့
မျက်ရည် တွေတွေ ကျတတ်ပါတယ် ..။။
“လူတစ်ယောက်ဟာ လိမ်ညာပြောဆိုရတဲ့အခါမှာ ..။။
လူတစ်ယောက်ဟာလိမ်ညာပြောဆိုရတဲ့အခါ မှာ စိတ်မလုံချုံ ခြင်း စိတ်မသန့်ခြင်း နေရထိုင်ရကျဉ်းကျပ်လာခြင်း
အကြောင်းအရာခပ်များများတွေကို အကြိမ်ကြိမ် ကွယ်ဝှက်လိမ်ညာ နေရတဲ့အခါမှာ။ ဒါမှမဟုတ်တစ်ခုနဲ့တစ်ခု
ကြောင်းကျိုးဆက်စပ်ကွယ်ဝှက် နိုင်စေရေး ကြိုးပမ်း ပြောဆိုရတဲ့ အခါမှာ ။ သူတစ်ပါးအကျိုးအတွက်
လိမ်ညာပေးရတဲ့အခါမှာ ၊ မမှန်ကန်မှန်သိသိကြီးနဲ့လိမ်ညာ ကွယ်ဝှက်ရတဲ့ အခါမှာ ။
ဒါမှမဟုတ် လိမ်ညာပြောဆိုဘို့ စကားလုံးရှာမရတော့တဲ့အခါမှာ
အဲဒီအခါမျိုးတွေမှာ နောက်ကျောမလုံတဲ့ စိတ်ခံစားမှု လိမ်ညာနေရတဲ့ စိတ်ဖိစီးမှုကို
ထွက်ပေါက်တစ်ခု ဖြစ်ရာဖြစ်ကြောင်း မျက်ရည်ကျတတ်ခြင်း ဆက်လက်ပြောဆို၍ မရတော့ခြင်း စသည်တို့ဖြစ်တတ်ပါတယ်..။။
“ကြိမ်ဖန်များစွာရင်မဆိုင်ဝံတဲ့အရာတွေကိုရင်ဆိုင်ရတဲ့အခါ..။။
လူတစ်ယောက်ဟာ ကိုယ်ရင်မဆိုင်ဝံတဲ့အကြောင်းတရားတွေ ရင်မဆိုင်ခြင်တဲ့ အဖြစ်အပျက်တွေ ရင်မဆိုင်ခြင်တဲ့
လုပ်ရပ်တွေအတွက်စိုးရွံနေတတ်ကြပါတယ် ရင်မဆိုင်ခြင်တဲ့အကြောင်းတရားတွေကိုကြိမ်ဖန်များစွာရင်ဆိုင်လာရတဲ့အခါမှာ
ဖြေရှင်နိုင်စရာနည်းလမ်းကုန်ခန်းသွားခြင်း  ဖြေရှင်းနိုင်မှု စွမ်းဆောင်ရည်ကျဆင်းလာခြင်းများဖြစ်တတ်ပါတယ် ဒီအချိန်မှာ
ဝမ်းနည်းစိတ် ကြီးစိုးလာပြီး မျက်ရည်ကျတတ်ပါတယ် ..။။
ကျွန်တော်လေ့လာမိသလောက်လေးပါ………………………….
မှန်တယ်မှားတယ် ဝေဖန်ခြင်းအတွက်တော့ မည်သိုမည်ပုံမျှ   ပြန်လည်ခြေပနိုင်ခြင်းမရှိသည်အတွက်
ကျွန်တော်  မျက်ရည်ကျမိမလားတောင်မသိတော့ပါဘူး..မန်းဂေးဇက်မှာ လူတစ်ယောက်ငိုတဲ့အကြောင်း ဖတ်လိုက်ရလို့
အဲဒီလူရဲ့ မျက်ရည်ကျခြင်းဟာ အထက်ဖေါ်ပြပါ အချက်များထဲက ဘယ်အချက်နဲများ တိုက်ဆိုင်ခဲ့သလဲ ….။
အလုပ် အားအားယားယား  ဒီနေ့တော့  ထိုင်စဉ်းစားမိသမျှ ဖောက်သည်ချလိုက်ရကြောင်းပါခင်ဗျား..။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

17 comments

  • pan pan

    August 18, 2011 at 4:57 pm

    အားငယ်လွန်းလို့မျက်ရည်ကျတာတို့၊ သေခါနီးလူတွေနာကျင်လို့ မျက်ရည်ကျတာတော့ သိပ်ဝမ်းနည်းစရာနဲ့ ကြုံတွေ့ရလို့ဆိုတဲ့ထဲရောက်သွားမလား
    ကြိမ်ဖန်များစွာရင်မဆိုင်ဝံတဲ့အရာတွေကိုရင်ဆိုင်ရတဲ့အခါ ဆိုတဲ့ထဲမှာလည်း အားငယ်လို့ကျတဲ့မျက်ရည်လည်း ပါမယ်နော်

  • မီးမီး သော်

    August 18, 2011 at 5:00 pm

    “”””“လူတစ်ယောက်ဟာ လိမ်ညာပြောဆိုရတဲ့အခါမှာ ..။။
    လူတစ်ယောက်ဟာလိမ်ညာပြောဆိုရတဲ့အခါ မှာ စိတ်မလုံချုံ ခြင်း စိတ်မသန့်ခြင်း နေရထိုင်ရကျဉ်းကျပ်လာခြင်း
    အကြောင်းအရာခပ်များများတွေကို အကြိမ်ကြိမ် ကွယ်ဝှက်လိမ်ညာ နေရတဲ့အခါမှာ။ ဒါမှမဟုတ်တစ်ခုနဲ့တစ်ခု
    ကြောင်းကျိုးဆက်စပ်ကွယ်ဝှက် နိုင်စေရေး ကြိုးပမ်း ပြောဆိုရတဲ့ အခါမှာ ။ သူတစ်ပါးအကျိုးအတွက်
    လိမ်ညာပေးရတဲ့အခါမှာ ၊ မမှန်ကန်မှန်သိသိကြီးနဲ့လိမ်ညာ ကွယ်ဝှက်ရတဲ့ အခါမှာ ။
    ဒါမှမဟုတ် လိမ်ညာပြောဆိုဘို့ စကားလုံးရှာမရတော့တဲ့အခါမှာ
    အဲဒီအခါမျိုးတွေမှာ နောက်ကျောမလုံတဲ့ စိတ်ခံစားမှု လိမ်ညာနေရတဲ့ စိတ်ဖိစီးမှုကို
    ထွက်ပေါက်တစ်ခု ဖြစ်ရာဖြစ်ကြောင်း မျက်ရည်ကျတတ်ခြင်း ဆက်လက်ပြောဆို၍ မရတော့ခြင်း စသည်တို့ဖြစ်တတ်ပါတယ်..။။
    “ကြိမ်ဖန်များစွာရင်မဆိုင်ဝံတဲ့အရာတွေကိုရင်ဆိုင်ရတဲ့အခါ..။။””””

    မယ်ကျော်ဆန်းတစ်ယောက်ငိုပုံဧ။် ရှင်းတမ်း။ဖြေမယ့်စကားရှာမရ၊သူ ့မလဲ အထက်ဖားအောက်ဖိ လုပ်နေရ၊အဖြေမတတ်လို ့အမှား ပါသွားရင်ထိုင်ခုံလေးပြ ုတ်သွားမှာကြောက်ငိုခဲ့တာနေမှာပါ

  • nozomi

    August 18, 2011 at 6:39 pm

    ဘီလူးကြီး လက်ရာတွေ ကြိုက်တယ်

    အရိုးရဲ့ ….ဆိုသည်မှာ ဆိုတာမျိုး ပဲ

    ဆက်လုပ်ပါဦး “ သူကြီး” ဆိုသည်မှာ မျိုးလေး တစ်ပုဒ်လောက်

    • ogre

      August 18, 2011 at 6:53 pm

      သားသား..ကြောက်ကြောက်
      သူကြီးက… နှစ်လုံးပြူးကြီးတရမ်းရမ်းနဲ့….ကြောက်ချာဂျီးဂျ
      ရေးမယ်..ဆိုလဲနဲနဲတော့ ဖါးပြီးရေးမှပဲ ..
      အနော်….သူကြီးအကြောင်းရေးနေတယ်လို့ ပြောနဲ့နော်…တိတ်တိတ်လေးအသာကြည့်နေ…။။

  • ဆူး

    August 18, 2011 at 7:13 pm

    မျက်စိ အလုပ်တာဝန်များများ ထမ်းဆောင်ရသော အခါ မျက်ရည် မှ ရိုးရိုး မဟုတ်ဘူး မျက်ရည်ပူတွေ ထွက်တာ မျက်လုံးတောင် မဖွင့်နိုင်ဘူး။

    • king

      August 18, 2011 at 7:53 pm

      ဟုတ်ပါ့ မဆူးရေ
      အလုပ်က ကွန်ပျူတာကြောင့်
      အိပ်ပြန်နောက်ကျတဲ့အချိန်မှာ သာလွန်းလှတဲ့ ငွေလှစန္ဒာရှိရင်တောင်
      ကျမိတဲ့ မျက်ရည်ပူကြောင့်
      မခံစားရတာ နှစ်လများစွာ ကြာခဲ့ရပြီဗျာ …. 🙁

      • ညီလေး

        August 18, 2011 at 8:24 pm

        ူဘီလူးမျက်ရည်တွေ ့ဘူးချင်လိုက်တာ……..

  • forever

    August 18, 2011 at 8:33 pm

    တသက်လုံး အသားစိမ်းတွေ စားနေပြီး
    တရက်ကလေး ဥပုဒ်စောင်.ရလို.ဝမ်းနဲပြီး.ကျတာ
    ဘီလူးမျက်ရည်……

  • ညီလေး

    August 18, 2011 at 8:54 pm

    အမလေးဥပုဒ်တဲ့ ပြောရဲလိုက်တာ၊ သက်သတ်လွတ်ဆိုတော်သေး……………

  • mr.lone

    August 19, 2011 at 10:38 am

    lone ကတော့ စိတ်အားငယ်တတ်တယ်လို့ကိုယ့်ကိုယ်ကို ထင်ပါတယ် ။ နဲနဲလေးမဟောက်လိုက်မဆူလိုက်နဲ့ ထစ်ကနဲဆိုမျက်ရည်ကျတတ်မိပါတယ် ။ တစ်ခါတစ်ခါ မျက်ရည်လွယ်တယ်လို့လည်း အပြောခံရဖူးတယ် ။ မျက်ရည်လွယ်တာတော့မဟုတ်ဘူး … ခံနိုင်ရည်မရှိတာပါ။ … လိမ်ညာလို့ကျတဲ့မျက်ရည်တော့ တစ်ခါမှမရှိဖူးပါကြောင်း …. lone လူတွေအပေါ်မှာလိမ်ညာမဆက်ဆံတတ်ပါဘူး…..ဟဲဟဲ ကြေငြာဝင်တာ….

  • နွယ်ပင်

    August 19, 2011 at 11:09 am

    မျက်ရည်ကတော့ အခုတစ်လော ခဏခဏကျနေတယ်လေ
    အလုပ်တွေကများလို့ ကွန်ပျူတာကို ကြည့်တာများလို့ နေ့တိုင်းနီးပါးပဲ ကျနေတာ
    ကြားဖူးတာက မျက်ရည်ထွက်တယ် ငိုတယ်ဆိုတာက မျက်လုံးကို ဆေးပေးတာနဲ့တူတယ်တဲ့
    ဒါဆိုရင်တော့ နေတိုင်းမျက်လုံးဆေးဖြစ်နေပါတယ် 😛

  • ကြောင်ကြီး

    August 19, 2011 at 11:26 am

    ရှေးတုံးကတော့ ငိုရင်ပုလဲ ရယ်ရင်ရွဲ ကျတဲ့ မင်းသားလေးတပါး ရှိခဲ့ဖူးသတဲ့။

  • windtalker

    August 19, 2011 at 11:31 am

    တစ်ရက်ကြတော့
    အဲဒီ မင်းသားလေး ဟာ
    အော်ဇီ ကို ရောက်သွားသတဲ့

  • manawphyulay

    August 19, 2011 at 11:44 am

    ဘီလူးမျက်ရည်ဆိုတာ မြေမှာ မကျကောင်းဘူးဆိုလားပဲ… ကြားဖူးတာပြောပါတယ်။
    မနောကတော့ တစ်ခါတလေ စိတ်ဖိစီးမှုများတဲ့အခါ မိသားစုအရေး စိတ်ညစ်ရတဲ့အခါမှ တစ်ယောက်ထဲ တိတ်တိတ်ကျဖူးတဲ့ မျက်ရည်တော့ ရှိခဲ့ပါတယ်။ အသံတိတ်ပေါ့လေ… အဲလိုအချိန်ဆို ဝမ်းနည်းတာရော စိတ်အားငယ်တာရော အားမလိုအားမရ ဖြစ်နေတာရော အစုံဖြစ်ပေါ်ခံစားရတယ်။ တစ်ခါတလေကျတော့လည်း မငိုပဲ ကျတဲ့မျက်ရည်ဆိုတာ ရှိသေးတယ်။ အငိုမျက်လုံး အပြုံးမျက်နှာဆိုတာလိုလေ… 🙁

  • hmee

    August 19, 2011 at 1:22 pm

    ကိုogre ဘာကိုကြည့်ပြီး ဒီအတွေးရတာလဲ ဆိုတာ သိသလို မသိသလိုလိုပဲ……

  • moonpoem

    August 19, 2011 at 2:38 pm

    ကြက်သွန်လှီးရင်လည်း မျက်ရည်ကျတယ်လေ

  • thit min

    August 19, 2011 at 5:05 pm

    မျက်ရည်ကျတဲ့အပေါက်မျက်လုံးထဲမှာရှိတယ် ။ အဲဒီအပေါက်လေးကို ပိတ်ကြည့်ပြီး ငို်ကြည့် ရယ်ရ တယ်။

Leave a Reply