အားလုံးလည်း သိပြီးသား ဖြစ်ချင်လည်း ဖြစ်မယ် … မသိသေးတာလဲ ဖြစ်ချင်ဖြစ်မယ်ပေါ့ဗျာ .. ပြည်ပမှာ နေတဲ့သူတွေအတွက် ဖတ်ရရင်လည်း ဖတ်ရမယ် မဖတ်ရရင်လည်း ပြည်တွင်းမှာ ဒီလို သတင်းတွေ ရေးသားကြတယ် … ဘာဖြစ်တယ်ပေါ့ဗျာ.. သိနိုင်စေဖို့ အစမ်းရေးတင်ပေးလိုက်တယ်ဗျ.. ပထမဆုံး ရေးပြချင်တဲ့ အကြောင်းအရာကတော့ Hot News ဂျာနယ်ရဲ့ Vol2. No.53 Page 10 မှာ ဖော်ပြထားတဲ့ စာရေးသူ ကိုရွှေအောင်သင်းရဲ့ ” သခင်အောင်ဆန်းကို ဈေးဗန်းခင်းသူများ ”‘ ဆိုတဲ့ ဆောင်းပါးလေးထဲက စာအချို့ကို ကောက်နှုတ်တင်ပြချင်ပါတယ်ဗျ .. Hot News ဂျာနယ်ဆိုတာလည်း အများပြည်သူတွေ သိကြတဲ့အတိုင်း ပုဂ္ဂလိက ဆေးရုံတစ်ရုံဖြစ်တဲ့ SSC အကြောင်း ဖော်ပြရင်း တရားစွဲဆိုခံရတဲ့ ဂျာနယ်ဖြစ်ကြောင်းကိုလည်း အထူးပြောစရာ မလိုဘူးလို့ ထင်မှတ်မိပါတယ် … ကဲကဲ ဆောင်းပါး အကြောင်းကိုပဲ ဆက်သွားလိုက်ကြရအောင်ဗျာ … ဆောင်းပါးထဲက တင်ပြပုံအချို့ကို အားလုံးပဲ အတွေးပွားနိုင်အောင် ဖော်ပြလိုက်ပါတယ် …

ထိုစာရွက်ကို ကြည့်မိသောအခါ ကာတွန်းပုံဆွဲထားသော လူတစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုရှေ့တွင် “ ဗိုလ်ချုပ်သူများတွေ လုပ်စားနေကြပြီ၊ ကျွန်တော့်ကိုလည်း လုပ်စားခွင့်ပြုပါခင်ဗျာ “ ဆိုသည့် စာသားကို ရေးသားထားသည်။ နောက်တစ်ကွက် ကာတွန်းပုံတွင် အဆိုပါလူက ရေခဲရေ ရမယ်။ နတ်မောက် ရေခဲရေ ဟူသည့် ရေခဲရေပုံးနှင့် ရေခဲရေရောင်းနေဟန် ရေးဆွဲထားလေ၏

နောက်ထပ် စာစုလေးကတော့ ..

လွန်ခဲ့သော နှစ်များမှ အဖြစ်အပျက်များကို တင်ပြလိုပါ၏။ ရန်ကုန်တစ်ဖက်ကမ်းမှ ကျူရှင်ဆရာတစ်ဦးသည် ဗိုလ်ချုပ်ကို ကလေးသူငယ်များ အစဉ်သတိရ စေရန် ရည်ရွယ်ပြီး ” ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကာကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ် “ ဟူသည့် သီချင်းဖြင့် သွန်သင်ဆုံးမစကား ပြောကြားမိသည့် အတွက် အချုပ်အနှောင် ခံခဲ့ရပါသည်။

ထိုအချိန် ထိုကာလများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများကို ချိတ်ဆွဲထားရဲသူ စာရေးဆရာများ၊ ထုတ်ဝေသူများကို ရှာဖွေကြည့်သော် တွေ့ရလိမ့်မည် မထင်ပါ။ ၄င်းတို့၏ စီးပွားရေးထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြပါလိမ့်မည်။

ဆက်လက်ပြီး ဆောင်းပါရှင်ရဲ့ ယနေ့ ဖြစ်ပျက်နေပုံကိုလည်း ….

သူတို့ မဂ္ဂဇင်းဂျာနယ်များတွင် ဗိုလ်ချုပ်အောင်ဆန်းပုံများကို မော်ဒယ်ကောင်မလေးများနှင့် တန်းတူထားကာ ထုတ်လုပ်သုံးစွဲခဲ့ကြလေ၏။ (မော်ဒယ်ကိုသုံးလျှင် ငွေကုန်မည်။ ဗိုလ်ချုပ်ပုံသုံးလျှင် ငွေမကုန်)

တစ်ချိန်က ဗိုလ်ချုပ်ဓါတ်ပုံမဆို ထားဘိ မိန့်ခွန်းများနှင့် အမှတ်တရ ပစ္စည်းများကိုပင် ဥပက္ခာပြု ထားရက်သူများက ယခုအခါ သူတို့အကျိုးအတွက် ဗိုလ်ချုပ်မိန့်ခွန်းများကို ပိုစတာစိုက်ထူပြီး ပြည်သူကို လှည်းစားနေကြပါ၏။

ဆောင်းပါးရှင်ရဲ့ ဆန္ဒ …

တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းအရာများကို နိုင်ငံပိုင်ကျမ်းကြီးအဖြစ် မှတ်တိုင်စိုက်ထူ ရေးဖွဲ့သင့်ပါ၏။ ထင်ရာမြင်ရာ ကိုယ်လိုရာကို ရောင်းကောင်းရုံမျှ သက်သက်ဖြင့် လုပ်မစားသင့်ဟူ၍ ထင်ပါသည်။

ဆောင်ပါးရှင်ရဲ့ ထင်မြင်ချက် …

ဗိုလ်ချုပ်ကို အမှတ်တကယ်ချစ်သည်ဆိုလျှင် ကိုယ်တိုင်ရိုးသားကြဖို့ပို၍ အရေးကြီးပါသည်။ မိမိကိုယ်တိုင် လိမ်ညာလှည့်ဖြားမှုများနှင့် နေပြီး ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံများကို ကပ်ကာ စာအုပ် အတုများနှင့် ငွေရှာကြမည်ဆိုပါက မြန်မာပြည်၏ ဖခင်ကြီးအား ယခုတိုင်လုပ်ကြံနေကြသော ဂဠုန်ဦးစောလက်သစ်များ ဖြစ်သွားကြပါလိမ့်မည်။

ဆောင်းပါးရှင်ရဲ့ တိုက်တွန်း ဆန္ဒပြုမှု …

ဗိုလ်ချုပ်အောင်ဆန်းအား တရုတ်သိုင်းဝတ္တုများ ဘာသာပြန်သကဲ့သို့၊ ဂမ္ဘီရ၀တ္တုများ၊ တစ္ဆေသရဲဝတ္တု စာအုပ်များကဲ့သို့ ရောင်းရလျှင်ပြီးရော စိတ်ဓာတ်ဖြင့် ထုတ်ဝေဖြန့်ချီရေးသားခြင်းများနှင့် ကိုယ်ကျိုးရှာမှုများအား ရပ်တန့်က ရပ်သင့်ပြီဟူ၍ ဖြစ်ပါသည်။

ကိုယ့်သိက္ခာကိုယ်သာသိသင့်ပါသည်။

ကိုယ့်အကြောင်းကိုယ်သိသင့်ပါသည်။

ကျွန်တော်လည်း ဆောင်းပါရှင်ရေးထားမှ မီးပွိုင့်မှာ မြင်တွေ့နေရသော ……………………….. ……….. ….. ……….. …………….. …………………………………………………..

နောက်တစ်ခုကတော့ .. ရွာထဲမှာတောင် ဟိုတစ်လောတုန်းက ဖတ်ခဲ့ရတဲ့ 45 ရက်ကြာ မှောင်အတိကျမယ် ဆိုတဲ့ ကောလဟာလာနဲ့ ပတ်သတ်ပြီး … သည်ဂျာနယ်မှာပဲ နားတစ်ရာရဲ့ လက်တို့ပြီးတော့ ပြောရဦးမယ် ဆောင်းပါးထဲမှာတော့ ….

ဒေါက်တာဦးထွန်းလွင်က .. ကမ္ဘာကြီး ရပ်တန့်သွားအောင် ဘယ်အကြောင်းအရာက ရပ်တန့်စေမှာလဲ၊ ပြီးတော့ မှောင်အတိကျရအောင် နေက ဘယ်ကိုပျောက်သွားလို့လဲ။ ဒါတွေဟာ လုပ်ကြံသတင်း ဖြန့်မှု တစ်ခုလို့ပဲထင်ပါတယ် …

ဟူး … ကွန်နက်ရှင်လည်း သိပ်မကောင်းတော့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်တော့မယ်ဗျာ ..

သြော် နောက်တစ်ခု ဆက်ရေးခဲ့ပါဦးမယ် .. ဒီတစ်ပတ် ရန်ကုန်တိုင်းသတင်း ဂျာနယ်မှာ ” အမျိုးသား အဆင့် အကောင်းဆုံး သတင်းဆုချီးမြှင့်မည် “ ဆိုတဲ့ သတင်းမှာ ပြည်တွင်း သတင်းထောက်တွေကို အမျိုးသားအဆင့် အကောင်းဆုံး သတင်းဆု (National Press Award) ကို ယခုနှစ်ကစပြီး ချီးမြှင့်တော့မယ်ဆိုတော့ ပြည်တွင်း သတင်းထောက်တွေအတွက်တော့ ရုပ်ရှင်မင်းသားမင်းသမီးတွေ အကယ်ဒမီ စင်မြင်ပေါ်မှာ ပေးမှာဆိုရင် ဆုဗန်းကိုင်မယ့် ကောင်မလေးကို ကြိုတင် ရင်ခုန်ကြည့်နေပါကြောင်း ရေးသားရင်း …….. အားလုံးကို လေးစားလျှက် ………….. King

 

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................