ဘာတဲ့လား

သမ္မတကြီးက ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ပြန်လာခွင့်ဘာညာ

မိနစ်အနည်းငယ်လုပ်တဲ့စည်းဝေးပွဲတစ်ခုမှာ အပျင်းပြေပြောလိုက်တာကို

ဘုရားစူးမိုးကြိုးပြစ်လောက်အောင် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ကြတာ

စုံလိုက်သမှ စုံစုံ စုံစုံ နဲ့ အင်တာနက်ကြီး ဘန်းသွားမှာတောင်ဆိုးရိမ်နေရ

စုံလွန်းလို့ ငရုပ်ဆုံ ကအဘခေါ်ရလောက်အောင် ကိုစုံတာ

အဟုတ် မြေမျို

ပြောလိုက်ကြတာ ကြည့်

နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘဲနဲ့ ဒါဟာယုံကြည်နိုင်စရာမရှိဘူး

ဒါကတော့ လူပြောအများဆုံး

နောက်ထပ်စာကြီးပေကြီးတတ်ကြတဲ့ တော်တော်ကြီးပုံရကြတဲ့

ခပ်ကြီးကြီးဆရာကြီးတွေက

ဒီလိုကိစ္စတွေဆိုတာ သက်ဆိုင်ရာ နိုင်ငံ သံရုံးတွေကနေ

ကြေငြာချက်ဒေ ဘာဒေ ထုပ်ပြန်ပြီး ပေါ့ဗျာ ဘာညာသာရကာပေါ့

တော်သေးပြီး ပြောရရင်တော့ ကျုပ်ပင်ပန်းတယ်

ကျုပ်က ပင်ပန်းတယ်လို့ထင်ရင် လေတောင်ချွန်တာမဟုတ်ဘူး

ဒီလောက်စုံတဲ့ အကြောင်းတွေထည်းမှာ တစ်ခုသောအကြောင်းတစ်ခုက

အံ့သြစရာကောင်းလောက်အောင် ပျောက်ကွယ်နေလေရဲ့

လူတွေများ ကိုယ့်ကိုယ်ကိုယ် မတန်ရာကြံစည် အထင်ကြီးပုံ

တတိယနိုင်ငံလို့ဆိုတဲ့ ပြည်ပနိုင်ငံတွေကို အကြောင်းကြောင်းကြောင့်

ရောက်ရှိနေတဲ့သူတွေကို ကျုပ် မေးစမ်းပါရစေဗျာ

ဘာဖြစ်လို့ မေးရတာလည်းဆိုတော့ ဒီအချိန်မှာ

အဲ့သည်ကလူတွေက ပိုပြီးများ အာပိုပြဲနေကြသလားလို့(အထင်ပါ)

ခင်ဗျားတို့အထင်မှာ ယ္ခုလက်ရှိအခြေအနေမှာပေါ့နော နိုင်ငံတော်သမ္မတကြီးက

ပြည်ပရောက် မြန်မာတွေ ပြန်လာနိုင်တယ်ဘာတယ်ဆိုတာ

ခင်ဗျားတို့ကို ပြောတယ်လို့များ ခင်ဗျားတို့ ကြံကြံဖန်ဖန် တွေးမိကြတယ်နော

အံဖွယ်သရဲဘဲ

ခင်ဗျားတို့ ယ္ခုလက်ရှိနေရာတွေမှာ အကြောင်းအမျိုးနဲ့ ရှိနေလို့

မြန်မာနိုင်ငံတော်ကြီး တော်တော်နစ်နာသွားတယ်လို့ထင်နေကြသလား

အထူးသဖြင့် ခင်ဗျားတို့ကြောင့် ယ္ခုလက်ရှိ ထိပ်ပြောင်သမ္မတကြီးက

ရပ်တည်ဘို့ တော်တော်ခက်ခဲနေတယ်လို့ ထင်နေကြသလား

ခင်ဗျားတို့ အဲ့သည်မှာရှိနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်း

အင်အားချိနဲ့နေတယ်လို့ထင်နေကြသလား

တန်ရာကိုလည်းတွေးကြဦးနော

ဟိုးးးးးးးးးးးးးးးးးးးးးးးး

ထိုင်းနယ်စပ်မှာ ရှိနေတဲ့ သိန်းနဲ့ချီပြီးရှိနေတဲ့ ဘာတဲ့

ဒုက္ခသည်တွေလို့ဆိုမလား အဲ့သည်လူတွေကို ရည်ညွှန်းလိုက်တယ်လို့

ခင်ဗျားတို့ နည်းနည်းလေးမှ အနည်းငယ်လေး မတွေးကြည့်မိဘူးလား

အဲ့သည်လူတွေဟာ ဘယ်သူတွေလည်း

အဲ့သည်လူတွေကြောင့် ထိပ်ပြောင်အစိုးရကို ဘယ်လို ထိခိုက်စေနေသလဲ

ဒါ့ကြောင့် ထိပ်ပြောင်အစိုးရက ဒီလူတွေကို ဘယ်လို ကြံစည်နေသလဲ

နေသလဲ

နေသလဲ

နေသလဲ..နေသလဲပေါင်းများစွာ

သြော်……………..အံ့ဖွယ်သရဲရှိပေစွ

ကိုယ့်ကိုယ်ကိုယ်ဘာများအောင့်မေ့လို့များ ခင်ဗျားတို့ကိုသမ္မတကြီးကပြန်ခေါ်တယ်လို့

ထင်လိုက်ကြသတုံး

ဒါနဲ့စကားမစပ် ခင်ဗျားတို့ရော တော်တော်လေးစုမိဆောင်းမိကြပြီလား

မသာကာ ပြည်တော်ပြန်ဆိုပြီး ဟိုမှာ ကိုယ်မွေးထားတဲ့ကလေးတွေကို

ရွှေပြမျိုးပြ လာပြန်ပြ ပြီးရင် ကလေးတွေက သူတို့နေခဲ့ဘူးတဲ့ ဒေသစကား

အများအားဖြင့် အင်္ဂလိပ်စကားကို မွတ်နေအောင်ပြောတတ်ကြတာကို

ရွာကလူတွေကို လာပြန်ကြွား

အင်းအင်းအင်း ဆက်ပြောရရင်တော့ လက်သီးပွဲတွေဖြစ်ကုန်လိမ့်မယ်

ဒီတော့ကာ ကျုပ်အထူးဆိုလိုခြင်တာက

ယ္ခု သမ္မတကြီးပြောတဲ့ ပြန်လာလို့ရပါတယ်ဆိုတာ ခင်ဗျားတို့ကိုပြောတာမဟုတ်သလို

ခင်ဗျားတို့လည်း လယ်ပြန်ထွန်မဲ့သတ္တဝါတွေမဟုတ်ဘူးဆိုတာ

ဘယ်သူယုံယုံ မယုံယုံ ကျုပ်ယုံတယ်

ဒါ့ကြောင့် ကိုယ်နဲ့တန်ရာကို ဟောင်ကြ ဟုတ်ပါဘူးယောင်လို့

ကိုယ်နဲ့တန်တဲ့ စကားကိုပြောကြပါလို့နော်

( တိုင်းပြည်တွက် တစ်ကယ်လုပ်နေတဲ့ ပြည်ပရောက် အနည်းငယ်မျှသော သူရဲကောင်းတွေရယ်

စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု့ကြောင့် အတိဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေရယ်ဟာ

များစွာကုန်သော အချောင်ခို သမားများကြောင့် ………………………….)

ဒါ ကျုပ် တော်တော်ဖေးဖေးမမလေး ပြောထားတယ်နော်

About မိုက်ကယ်ဂျော်နီအောင်ပု

aungpu michaelaungpu has written 87 post in this Website..

friend