တန်ရာကိုပြော တန်ရာကိုဆို

ဘာတဲ့လား

သမ္မတကြီးက ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ပြန်လာခွင့်ဘာညာ

မိနစ်အနည်းငယ်လုပ်တဲ့စည်းဝေးပွဲတစ်ခုမှာ အပျင်းပြေပြောလိုက်တာကို

ဘုရားစူးမိုးကြိုးပြစ်လောက်အောင် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ကြတာ

စုံလိုက်သမှ စုံစုံ စုံစုံ နဲ့ အင်တာနက်ကြီး ဘန်းသွားမှာတောင်ဆိုးရိမ်နေရ

စုံလွန်းလို့ ငရုပ်ဆုံ ကအဘခေါ်ရလောက်အောင် ကိုစုံတာ

အဟုတ် မြေမျို

ပြောလိုက်ကြတာ ကြည့်

နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘဲနဲ့ ဒါဟာယုံကြည်နိုင်စရာမရှိဘူး

ဒါကတော့ လူပြောအများဆုံး

နောက်ထပ်စာကြီးပေကြီးတတ်ကြတဲ့ တော်တော်ကြီးပုံရကြတဲ့

ခပ်ကြီးကြီးဆရာကြီးတွေက

ဒီလိုကိစ္စတွေဆိုတာ သက်ဆိုင်ရာ နိုင်ငံ သံရုံးတွေကနေ

ကြေငြာချက်ဒေ ဘာဒေ ထုပ်ပြန်ပြီး ပေါ့ဗျာ ဘာညာသာရကာပေါ့

တော်သေးပြီး ပြောရရင်တော့ ကျုပ်ပင်ပန်းတယ်

ကျုပ်က ပင်ပန်းတယ်လို့ထင်ရင် လေတောင်ချွန်တာမဟုတ်ဘူး

ဒီလောက်စုံတဲ့ အကြောင်းတွေထည်းမှာ တစ်ခုသောအကြောင်းတစ်ခုက

အံ့ဩစရာကောင်းလောက်အောင် ပျောက်ကွယ်နေလေရဲ့

လူတွေများ ကိုယ့်ကိုယ်ကိုယ် မတန်ရာကြံစည် အထင်ကြီးပုံ

တတိယနိုင်ငံလို့ဆိုတဲ့ ပြည်ပနိုင်ငံတွေကို အကြောင်းကြောင်းကြောင့်

ရောက်ရှိနေတဲ့သူတွေကို ကျုပ် မေးစမ်းပါရစေဗျာ

ဘာဖြစ်လို့ မေးရတာလည်းဆိုတော့ ဒီအချိန်မှာ

အဲ့သည်ကလူတွေက ပိုပြီးများ အာပိုပြဲနေကြသလားလို့(အထင်ပါ)

ခင်ဗျားတို့အထင်မှာ ယ္ခုလက်ရှိအခြေအနေမှာပေါ့နော နိုင်ငံတော်သမ္မတကြီးက

ပြည်ပရောက် မြန်မာတွေ ပြန်လာနိုင်တယ်ဘာတယ်ဆိုတာ

ခင်ဗျားတို့ကို ပြောတယ်လို့များ ခင်ဗျားတို့ ကြံကြံဖန်ဖန် တွေးမိကြတယ်နော

အံဖွယ်သရဲဘဲ

ခင်ဗျားတို့ ယ္ခုလက်ရှိနေရာတွေမှာ အကြောင်းအမျိုးနဲ့ ရှိနေလို့

မြန်မာနိုင်ငံတော်ကြီး တော်တော်နစ်နာသွားတယ်လို့ထင်နေကြသလား

အထူးသဖြင့် ခင်ဗျားတို့ကြောင့် ယ္ခုလက်ရှိ ထိပ်ပြောင်သမ္မတကြီးက

ရပ်တည်ဘို့ တော်တော်ခက်ခဲနေတယ်လို့ ထင်နေကြသလား

ခင်ဗျားတို့ အဲ့သည်မှာရှိနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်း

အင်အားချိနဲ့နေတယ်လို့ထင်နေကြသလား

တန်ရာကိုလည်းတွေးကြဦးနော

ဟိုးးးးးးးးးးးးးးးးးးးးးးးး

ထိုင်းနယ်စပ်မှာ ရှိနေတဲ့ သိန်းနဲ့ချီပြီးရှိနေတဲ့ ဘာတဲ့

ဒုက္ခသည်တွေလို့ဆိုမလား အဲ့သည်လူတွေကို ရည်ညွှန်းလိုက်တယ်လို့

ခင်ဗျားတို့ နည်းနည်းလေးမှ အနည်းငယ်လေး မတွေးကြည့်မိဘူးလား

အဲ့သည်လူတွေဟာ ဘယ်သူတွေလည်း

အဲ့သည်လူတွေကြောင့် ထိပ်ပြောင်အစိုးရကို ဘယ်လို ထိခိုက်စေနေသလဲ

ဒါ့ကြောင့် ထိပ်ပြောင်အစိုးရက ဒီလူတွေကို ဘယ်လို ကြံစည်နေသလဲ

နေသလဲ

နေသလဲ

နေသလဲ..နေသလဲပေါင်းများစွာ

ဪ……………..အံ့ဖွယ်သရဲရှိပေစွ

ကိုယ့်ကိုယ်ကိုယ်ဘာများအောင့်မေ့လို့များ ခင်ဗျားတို့ကိုသမ္မတကြီးကပြန်ခေါ်တယ်လို့

ထင်လိုက်ကြသတုံး

ဒါနဲ့စကားမစပ် ခင်ဗျားတို့ရော တော်တော်လေးစုမိဆောင်းမိကြပြီလား

မသာကာ ပြည်တော်ပြန်ဆိုပြီး ဟိုမှာ ကိုယ်မွေးထားတဲ့ကလေးတွေကို

ရွှေပြမျိုးပြ လာပြန်ပြ ပြီးရင် ကလေးတွေက သူတို့နေခဲ့ဘူးတဲ့ ဒေသစကား

အများအားဖြင့် အင်္ဂလိပ်စကားကို မွတ်နေအောင်ပြောတတ်ကြတာကို

ရွာကလူတွေကို လာပြန်ကြွား

အင်းအင်းအင်း ဆက်ပြောရရင်တော့ လက်သီးပွဲတွေဖြစ်ကုန်လိမ့်မယ်

ဒီတော့ကာ ကျုပ်အထူးဆိုလိုခြင်တာက

ယ္ခု သမ္မတကြီးပြောတဲ့ ပြန်လာလို့ရပါတယ်ဆိုတာ ခင်ဗျားတို့ကိုပြောတာမဟုတ်သလို

ခင်ဗျားတို့လည်း လယ်ပြန်ထွန်မဲ့သတ္တဝါတွေမဟုတ်ဘူးဆိုတာ

ဘယ်သူယုံယုံ မယုံယုံ ကျုပ်ယုံတယ်

ဒါ့ကြောင့် ကိုယ်နဲ့တန်ရာကို ဟောင်ကြ ဟုတ်ပါဘူးယောင်လို့

ကိုယ်နဲ့တန်တဲ့ စကားကိုပြောကြပါလို့နော်

( တိုင်းပြည်တွက် တစ်ကယ်လုပ်နေတဲ့ ပြည်ပရောက် အနည်းငယ်မျှသော သူရဲကောင်းတွေရယ်

စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု့ကြောင့် အတိဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေရယ်ဟာ

များစွာကုန်သော အချောင်ခို သမားများကြောင့် ………………………….)

ဒါ ကျုပ် တော်တော်ဖေးဖေးမမလေး ပြောထားတယ်နော်

27 comments

  • ogre

    August 18, 2011 at 8:03 pm

    နိုင်ငံရေးတွေတော့သိပ်မသိဘူးဗျာ
    ဖတ်ရတာတော့ စီးစီးပိုင်ပိုင်ရှိလှတယ်
    အားရသဗျာ..။။။

  • akswe

    August 18, 2011 at 8:11 pm

    ကိုရင် ပု သိပ်မှန်တာတွေ အရမ်းပြောတတ် လွန်းတယ် … ဖြတ်ကနဲပေါ်တာ ကို ဆတ်ကနဲ ရေးတတ် တယ် ..လွှတ် ပြီးတော်တာပဲ။

  • စုန်းထီး

    August 18, 2011 at 8:18 pm

    ကျုပ်လည်း ကိုရင့်ပို့စ်ကို ကြိုက်မိပါရဲ့
    ဒါတောင် သိပ်အားမပါသေးလို့ပဲ
    ကျုပ်လည်း ရေးချင်ပေမယ့် ကျုပ်အသက်က အစိုးရတစ်ဆက်စာပဲ ရှိတော့ ကိုရင့်လိုတော့ သိပ်မသိဘူးဗျ
    သူပြော
    ကိုယ်ပြော
    ဘယ်သူပြောပြော
    ကိုယ့်အတ္တနဲ့သာ ပြောကြ၏
    ကိုယ်လည်းအတူတူ ပုထုဇဉ်မို့
    လွန်တာရှိက ဝန်တာမိပါ၏ …

  • forever

    August 18, 2011 at 8:26 pm

    ကိုအောင်ပုကြိးကတော.ဇွတ် ဘဲ…
    မှန်တာတွေလျောက်ပြောတော.
    အချစ်လျော.ကုန်တော.မယ်

  • ရာဇဝင်လူဆိုး

    August 18, 2011 at 9:12 pm

    ကိုကြီး..အကြီးကြီး ကိုအောင်ပု…ထပ်တူဗျာ.. ကျူ့ပ်ငယ်သေးလိူ.မပြောချင်ပေမယ်. ပြောချင်တာ ဒီစကားပဲ ။ နိုင်ငံရေးလုပ်စားတဲ.သူတွေကို တွေ.ဖူးသလို(မျောက်ပြဆန်တောင်းပေါ.နော.)။ တကယ်လုပ်နေတဲ. သူတွေလဲရှိကြပါတယ်(တကယ်) ။ အများစုကတော. နိုင်ငံတကာက ထောက်ပံကြေးကိုမက်နေကြနေလေရဲ.။ ဒါကြောင်. ဗမာပြည် ဘာမှဖြစ်မလာတာ ။ ကျွန်သာသာနေရတဲ. နိုင်ငံသားတွေလေ..ဗျ..။ ကျူပ်က မဟုတ်ရင်မခံ ..

    • စုန်းထီး

      August 18, 2011 at 9:23 pm

      ရာဇဝင်လူဆိုးတို့က ပိုင်သဟ
      ကျူပ်လည်း နိုင်ငံရေး နိုင်ငံရေးဆိုပြီး ကိုယ့်တစ်ဘို့ပဲကြည့်တဲ့သူတွေကို
      သိပ်အစေးမကပ်တော့ …

  • ရာဇဝင်လူဆိုး

    August 18, 2011 at 9:47 pm

    ကျူပ် လောလောဆယ်ခေတ်မှာ လူဆိုးပဲဖြစ်ချင်တယ်။ တစ်ခုသတိထားမိတာက ရွာထဲမှ နိုင်ငံရေးအကြောင်းဆွေးနွေးရင် ရွာသူတွေ ဘာကြောင်.မပါရတာလဲ..။ သူကြီးက ကန်.သတ်ထားလို.လား..အသိစိတ်မရှိလို.လား..ကြောက်နေကြလို.လား..။ အမြင်မရှိကြလို.လား။။ ဒါ ကျူပ်တို. တိုင်ပြည်အရေးလေဗျာ..။ ဒီမိုကရေစီ ကျင်.သုံးတဲ. ကျူပ်တို.ရွာမှာ ဖြစ်သင်.ပါတယ်ဗျ။….။

    • Foreign Resident

      August 19, 2011 at 3:43 am

      ” ရွာထဲမှ နိုင်ငံရေးအကြောင်းဆွေးနွေးရင် ရွာသူတွေ ဘာကြောင်.မပါရတာလဲ ”
      ကြောက်နေကြလို.လား ???
      အမြင်မရှိကြလို.လား ???
      😛

    • MaMa

      August 19, 2011 at 7:13 am

      ရွာသူများ လက်ဝှေ့ထိုးသင်တန်း တက်နေတုန်းဖြစ်ပါ၍ မပါရခြင်းဖြစ်ပါသည်။ သင်တန်း ဆင်းပြီးလျှင် အကြောင်းကြားပါမည့်အကြောင်း…………… 😉

      • etone

        August 19, 2011 at 11:09 am

        ရွာသူတွေ မပါဆို နိုင်ငံရေး အကြောင်း ဂဃနဏမှ နားမလည်တာ … ကိုယ်တွေ မွေးပြီး လမ်းလျှောက်တတ်ယုံပဲရှိသေးတယ် ….. အရေးခင်းဖြစ်တာကိုး … ။
        မဆလ ခေတ်တို့ .. မဆလာခေတ်တွေလည်း မသိဘူး … 😀 နာမည်ရှေ့ ဗိုလ်တပ်ခေါ်လိုက် … သခင်တပ်ခေါ်လိုက် … အရှင်ကြီးတွေ ၊ သခင်ကြီးတွေ ခေတ် … လုံးဝ လုံး ဝ မမှီလိုက်ဘူး ။
        သိတတ်တဲ့ အရွယ်ရောက်တော့ … ဘဘကြီးတို့ကျောင်းကိုလာလျှင် လက်အုပ်ချီရမယ်ဆိုတဲ့ ခေတ်ရောက်နေပြီလေ … 😛 😛 😛

  • captainamerica

    August 18, 2011 at 10:19 pm

    🙂 🙂 🙂 ကိုရင်ပုရယ်ရယ်
    မှန်လိုက်တာဟဲ့
    ဗိုလ်စိန်မှန်သေပြီးဝင်စားလားတောင်အောက်မေ့ရတယ်
    ဒါပေမဲ့လူဆိုတာမှန်တာပြောရင်နာတတ်ကြတယ်ဗျ
    ကိုရင်ပုမန်းတာကိုဖတ်ပြီးဟုတ်တဲ့သူတစ်ယောက်
    လောက်ကတော့ဖျတ်ဖျတ်လူးနာနေလောက်ကြဘီ။
    ကျွန်တော်ကလည်းဒီနေရာကနေထပ်ပြီးပြောပရစေ
    နာရင်လည်းလဲသာသေလိုက်ကြပါလို.၊၊

  • minthakhin

    August 19, 2011 at 1:38 am

    ( တိုင်းပြည်တွက် တစ်ကယ်လုပ်နေတဲ့ ပြည်ပရောက် အနည်းငယ်မျှသော သူရဲကောင်းတွေရယ်
    စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု့ကြောင့် အတိဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေရယ်ဟာ
    များစွာကုန်သော အချောင်ခို သမားများကြောင့် ………………………….)

    ဟား ဟား ဟား သွေးထွက်အောင်မှန်သဗျာ။ အများစုသော သူရဲကောင်းများကတော့ အင်းစိန်တောရကျောင်းထဲမှာပေါ့ဗျာ။ ဒေါ်လာတွေမက်ပြီး အပြင်ကနေ ဟောင်ဟောင်နေတဲ့သူများကို အထဲလေးလည်းတစ်ခေါက်လောက်ပြန်လာကြည့်ကြပါဦးလို ့။(အမှန်တကယ်လုပ်နေသူများကို လုံးဝမဆိုလိုပါ။)

  • icecube

    August 19, 2011 at 1:39 am

    နိမှသောင် နောင်မှသိ တဲ့..
    ဘာတွေဆက်ဖြစ်မလဲ နောက်မှ သိကြရမှာ…
    ခုတော့……..သို့လော သို့လော ပေါ့လေ…..

  • Foreign Resident

    August 19, 2011 at 3:34 am

    There are 3 types of Myanmar people living abroad,

    (1) real refugees living in neighboring countries ( Thai, Bangladesh, India ).
    (2) people who got political asylum or refugee visa in developed country.
    (3) well educated & rich people who live in developed country.

    If I were President U Thein Sein, 😛

    For type (1) = they are generally poor & uneducated, but, they are Myanmar, I feel pity for them. If they want to come back, President U Thein Sein will not reject. Our country can use their hard labor. 🙁

    For type (2) = In majority, they are also poor & uneducated, they are also Myanmar, but, they are dangerous. They may unsettle the recent political situation. As far as possible, he ( President U Thein Sein ) would not want to allow them. 😛

    For type (3) = they are well educated & some are very very rich. They may carry not only the knowledge & technology, but also capital ( wealth/money). Our country need them so so much. They are essential. He will invite them very warmly.

    This is barely imagination on behalf of President U Thein Sein. 😀

    But, there is one thing to consider.
    Those type (3) people can return to Myanmar at any time freely.
    They didn’t come back, because, they didn’t want to.
    Real decision maker is themselves, not government.
    If you want them to stay in Myanmar,
    you only need to ease some regulation, make fair, competitive & transparent ground.
    So, it is unnecessary to invite again & again to those type (3) people.

    Then, who else did our president invite ??? 🙂
    I am confused ????? 🙁

  • Foreign Resident

    August 19, 2011 at 3:51 am

    Haa Haa Haa
    Great !!!
    ” ခင်ဗျားတို့လည်း လယ်ပြန်ထွန်မဲ့သတ္တဝါတွေမဟုတ်ဘူးဆိုတာ
    ဘယ်သူယုံယုံ မယုံယုံ ကျုပ်ယုံတယ် “

  • ကြောင်ကြီး

    August 19, 2011 at 7:43 am

    ဟေ့ကောင်အောင်ဘု၊ မင်းထန်းရည်အဝမသောက်ရတိုင်း သမတဂျီးကို ပေါက်ကရ မပြောနဲ့။ သဘာဝဓာတ်ငွေ့ရောင်းရငွေနဲ့ စက်ရုပ်နွားအကောင်တသိန်းဝယ်ဖို့ ရုရှားနဲ့ စာချုပ်ချုပ်ပြီးသွားပြီ။ လယ်သမားက အဲယားကွန်းခန်းထဲမှာ အိုင်ပက်ဒ်တက်ဘလက်ကွန်ပြူတာနဲ့ ဂိမ်းဆော့ အင်တာနက်တက်ရင်း စက်ထွန်နေရုံပဲ။ အဲဒီကြမှ မျက်နှာငယ်လေးနဲ့ အဘရယ် လယ်ထွန်ဖို့ စက်နွားတရှဉ်းပေးပါဆိုရင် မင်းလိုကောင်မျိုး လားတရှဉ်းပဲရမယ်။ 😡

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 19, 2011 at 8:55 am

    ပြည်ပရောက်အတိုက်အခံတွေ ပြန်မှာလား
    ခင်ဦးသာ Thursday, 18 August 2011 18:33 .
    ပြည်တော်ပြန်ရန် တံခါးဖွင့်ပေးလိုက်ပြီဟု သမ္မတဦးသိန်းစိန်က ပြောဆိုသော်လည်း ခိုင်မာသည့် အာမခံချက် တစုံတရာ မရှိသောကြောင့် အိမ်ပြန်ရန် မဖြစ်နိုင်သေးဟု ပြည်ပရောက် အတိုက်အခံများက ဆိုကြသည်။
    ဦးသိန်းစိန်၏ ကမ်းလှမ်းချက်ကို ကြိုဆိုကြောင်း၊ စစ်ခေါင်းဆောင်ဟောင်းများ ပါဝင်သည့် အစိုးရအဖွဲ့သစ်၏ မူဝါဒကို လက်တွေ့ အကောင်အထည် ဖော်ရန် အချိန်အတန်ကြာယူရဖွယ်ရှိကြောင်း ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးတွင် ထိပ်တန်းတာဝန် ယူခဲ့ဖူးသူ ဦးအောင်နိုင်ဦးက ပြောသည်။
    “အရပ်သား အစိုးရ လက်ထက်မှာစတဲ့ ခြေလှမ်းသစ်တခုလို့ ဆိုရမှာပါ၊ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးကို မလိုလားသူတွေနဲ့ လုပ်နေရတာ ဆိုတော့ (သမ္မတအတွက်) လွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူး” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
    အတိုက်အခံများ ပြည်တွင်းပြန်ဝင်ရေးကို နေပြည်တော်တွင် ပြုလုပ်သည့် လုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့များနှင့် တွေ့ဆုံပွဲတွင် သမ္မတဦးသိန်းစိန်က ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။
    “ပြစ်မှု တစုံတရာ ကျူးလွန်ထားတာ မရှိဘူး ဆိုရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျွန်တော်တို့ စဉ်း စားပေးမှာ ဖြစ်ပါတယ်၊ ပြစ်မှု ကျူးလွန်ထားသည့်တိုင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံဖို့ ပြန်လာမယ် ဆိုရင်တောင် ကျွန်တော်တို့ သဘောထားကြီးစွာ စဉ်းစားပေးမှာဖြစ်ပါတယ်” ဟူသော ဦးသိန်းစိန်၏ ပြောကြားချက်ကို ကြာသပတေးနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
    ဤသို့သော် ကမ်းလှမ်းချက်မျိုးကို ကြေညာချက်၊ ဥပဒေများဖြင့် ရေးသား ထုတ်ပြန်သင့်သည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။
    “ပြည်ပရောက်အတိုက်အခံတွေကို တကယ်ပြန်ခေါ်ဖို့ အစီအစဉ် ရှိတယ် ဆိုရင် လေးလေးနက်နက် လုပ်စေချင်တယ်၊ တိကျတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်တာမျိုး၊ နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရစေနိုင်တာမျိုးပေါ့။ အခုဟာက ယုံကြည်လောက်တဲ့ အနေအထား မရှိဘူး” ဟု ချင်းမိုင်မြို့တွင် နေထိုင်သူ ဒေါ်တင်တင်ညိုက ဆိုသည်။
    အခြေအနေပေါ် မူတည်၍ လာမည့်လအတွင်း မြန်မာနိုင်ငံသို့ ပြန်မည်ဟု စီစဉ်ထားသူမှာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် လူရွှင်တော် ဂေါ်ဇီလာ ဖြစ်သည်။
    “ကျနော်တို့ အနုပညာသမားတွေက ပြည်ပမှာထက် ပြည်တွင်းမှာ လုပ်ရတာက ပိုပြီး အဆင်ပြေပါတယ်၊ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးကိုလည်းပဲ အတွင်းကပဲ လုပ်ဆောင်နိုင်မှာပါ” ဟု လူရွှင်တော် ဂေါ်ဇီလာက ဆိုသည်။
    အစိုးရ၏ ဖိတ်ခေါ်ချက်ကို ပြည်ပရောက် အတိုက်အခံများက သံသယရှိနေကြခြင်းမှာ နိုင်ငံရေးအကျဉ်းသားများကို ထိန်းသိမ်းထားခြင်း၊ ဆက်လက်ဖြစ်ပွားနေသော တိုင်းရင်းသားဒေသ ပဋိပက္ခကို ဖြေရှင်းမှု မပြုခြင်းတို့ကြောင့် ဖြစ်သည်ဟု ကာတွန်းဆရာ ဟန်လေးက ပြောသည်။
    “အနီးကလူတွေနဲ့တောင် ပြေလည်အောင် မညှိနှိုင်းနိုင်သေးဘဲ အဝေးကို ကမ်းလှမ်းတာ စဉ်းစားစရာပါ” ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိနေသူ ကာတွန်းဆရာ ဟန်လေးက သုံးသပ်ပြသည်။
    ပြည်ပရောက် အင်အားစုများအား အစိုးရက ထိုသို့ ကမ်းလှမ်းနေသော်လည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်း နိုင်ငံရေးအားစုများနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်သွားမည် ဆိုသည်ကို ရှင်းပြခြင်း မရှိသေးပေ။
    နေပြည်တော်တွင် သမ္မတနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေက “ဘယ်သူမဆို ပြန်လာဖို့၊ အပြစ်တွေ ရှိရင်ခွင့် လွှတ်ပေးမယ် ပြောတယ်၊ အာမခံချက် အတိအကျ ပေးမထားပေမယ့် အားလုံးနဲ့ အပြုသဘော ဆောင်ပြီး ဆွေးနွေးပြီးတော့ နိုင်ငံ တိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လုပ်ဆောင်ကြဖို့အတွက် သမ္မတက ဖိတ်ခေါ်လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။
    အိမ်နီးချင်းနိုင်ငံများသည် တချိန်က မြန်မာနိုင်ငံထက် များစွာ နိမ့်ကျခဲ့သော်လည်း ယနေ့တွင် မြန်မာနိုင်ငံထက်များစွာ တိုးတက်သွားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပြည်တွင်းမငြိမ်သက်မှုများကြောင့် ဆင်းရဲ ကျပ်တည်းနေရကြောင်း သမ္မတက ပြောကြားသည်ဟု အစိုးရထုတ်ဝေသည့် သတင်းစာများတွင် ဖော်ပြထားသည်။ တိုင်းရင်းသားဒေသများ၌ ငြိမ်းချမ်းရေး ရလိုပါက သက်ဆိုင်ရာပြည်နယ် အစိုးရများနှင့် စေ့စပ် ဆွေးနွေးနိုင်သည်ဟု ဆိုသည်။
    တိုက်ပွဲများကြောင့် လူအများအပြား ဒေသစွန့်ခွာ ထွက်ပြေးနေရသည့် ကချင်ပြည်နယ်တွင် လာမည့်နှစ်အတွင်း ရိက္ခာ စပါး မလုံလောက်မှုဖြစ်ပေါ်နိုင်ကြောင်း၊ ရေလွှမ်းမိုးသည့် ဒေသများတွင်လည်း ရိက္ခာ စပါး ခက်ခဲမည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း သမ္မတက ပြောသည်ဟု ဆိုသည်။
    ပြည်တွင်းငြိမ်းချမ်းရေးအတွက် တူသည့်အရာ ပူးပေါင်း လုပ်ဆောင်ပြီး မတူညီသည့် ကိစ္စများကို ခွဲခြားလုပ်ဆောင်မည် ဟုလည်း သမ္မတက ပြောဆိုခဲ့သည်။
    http://www.bur.irrawaddy.org/index.php/news/7098-2011-08-18-11-35-57

  • pan pan

    August 19, 2011 at 9:11 am

    ကျွန်မတော့ မြန်မာပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးစေချင်တယ်
    အထဲမှာ ကျန်းမာရေးချို့တဲ့ပြီး မိသားစုနဲ့အလှမ်းဝေးနေသူတွေ များတယ်
    ——————————————————————————-
    ကိုယ်တိုင်တော့ကြားတာမဟုတ်ဘဲ ကြားခဲ့တဲ့လူတစ်ယောက်ပြောတာတော့
    နိုင်ငံရေးကြောင့်အကျဉ်းကျပြီး ပြန်လွတ်လာတဲ့ တချို့လူတွေက ဒေါ်စုကိုအားကိုးတယ်တဲ့
    ဘာအားကိုးလဲဆိုတော့ ငွေရေးကြေးရေးပေ့ါ
    တွေးကြည့်တော့လည်း သူတို့အထဲရောက်တော့ ဘယ်လိုစီးပွားရေးလုပ်မလဲနော
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသ္မီးတွေပညာရေးအတွက် အလှူငွေတွေထောက်ပံ့ပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 19, 2011 at 9:33 am

    ပြောခြင်တာက
    တစ်ကယ်လုပ်တဲ့သူက ပြောဆိုတယ်ဆိုခံသာသေးတယ်
    ဘာမှမလုပ်တဲ့ကောင်တွေက ပိုပြီးအော်တယ်
    ပိုအော်ဆို သူတို့အမျိုးတွေဒုက္ခသည်စခန်းထည်းရောက်နေပြီဟာ
    ရောက်နေတာကလည်း လိုက်လာဘို့အကြံဖန်လုပ်ထားကြတာ
    ပြောသာပြောရတာ ကိုကြောင်ကြီးတို့ သဂျီးတို့ အမျိုးတွေလည်း
    ဘယ်နှစ်ယောက်ရှိနေပြီလဲပြောနိုင်ဘူး
    ဆိုတော့ကာ 😀
    နိုင်ငံရေးအကြောင်းတစ်ခုကို တွေးတောကြတဲ့အခါ
    နှစ်ပေါင်းများစွာလည်း ကိုယ်က ခံခဲ့ရပြီးပြီ
    ဧရာဝတီဆည်တွေအကြောင်းကို အော်နေကြတဲ့အချိန်မှာ
    ဒီလိုပြောလိုက်တာဟာ လမ်းကြောင်းလွှဲ အာရုံလွှဲတွေရော မဖြစ်နိုင်ဘူးလား
    ဆိုလိုတာက
    အကြောင်းတစ်ခုကို အပြန်အလှန် တွေးတောသုံးသပ်တာမလုပ်ဘဲနဲ့
    ကိုယ့်ကိုယ်ကိုယ်စွတ်ပြီး အထင်ကြီးနေကြတယ်
    ကိုယ်ပြောတာမှ မှန်မယ်လို့တော့ ဘယ်ဆိုလိုမလဲ
    ဖြစ်နိုင်ခြေတွေကို တွေးတောကြမှပေါ့
    ကိုယ်က ဒီနယ်ပယ်ထည်းကနေတဲ့ဥစ္စာ
    သူ့ဗျူဟာကိုလည်း ဖြစ်နိုင်ခြေတွေးကြမှပေါ့
    ဘာဘဲပြောပြော
    ကျုပ်ကတော့ အကြံဖန်လုပ်ပြီး လစ်သွားတဲ့ကောင်တွေကို တော်တော်များများသိထားတယ်
    ပြန်လာပစေ
    ပြန်လာမှ ပြဿနာကိုရှာဦးမယ်
    နောက်ဆုံး ဘာပြဿနာမှ မတွေ့လို့ကတော့
    ခွေးမသားတွေကို လဲပြီးတဲ့အမှု့နဲ့ကို ဖမ်းမယ်

  • manawphyulay

    August 19, 2011 at 10:15 am

    ဦးဦးပု ပြောတာတွေကမှန်နေသလား…. ဘယ်သူတွေပြောတာတွေ မှန်နေသလဲ… တိတော့ဝူး။ နားလည် လည်ဘူး။ ဖတ်တော့ ဖတ်လိုက်တာပဲ။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေအတွက် အားလုံးအဆင်ပြေမယ်ဆိုရင်တော့ အတိုင်းထက် အလွန် ဝမ်းသာမိပါကြောင်း…..

  • Shwe Ei

    August 19, 2011 at 10:24 am

    ဦးအောင်ပု ရေးပြမှဘဲ ပြည်ပရောက်မြန်မာတွေဆိုတာ ဘယ်သူ့ကိုဆိုလိုမှန်းသဘောပေါက်တော့တယ်။
    ကျွန်မတို့ကလည်း နိူင်ငံရေးနဲ့ပတ်သတ်ရင် အကောင်လိုက်ပြမှအရိပ်မြင်တာဆိုတော့ ဘာမှဝင်မမန့်တော့ဘူး။ ဖတ်လို့ကောင်းကြောင်းဘဲ ထောက်ခံလိုက်ပါတယ်။:B

  • ရွှေအိမ်စည်

    August 19, 2011 at 10:24 am

    ဂေဇတ်မှာအကြိုက်ဆုံးက

    ကျနော်ဒီမှာစာတစ်ပုဒ်ဖတ်ပြီးရင်..ကောမက်တွေ ဘဲလိုက်ဖတ်နေတာ..ရီရတယ်..
    ကလေးတွေ လိုဘဲတခါတခါပေါ့…

    ဒါဟာလည်းဂေဇတ်ရဲ ့ပကတိရိုးသားတဲ ့အရသာဘဲနေမယ်….

    ကျနော်ကသိပ်ပြီးကောမက်မပေးတတ်ဘူးနော်.
    ..ဒီတစ်ခါဒါလေးဖတ်ပြီး…သဘောကြလို ့။။။

    ဝေဖန်ဖို ့ပညာနုသေးတယ်ဗျ။

  • skyaw

    August 19, 2011 at 11:06 am

    ထိပ်ပြောင်သမ္မတဖြစ်တာကိစ္စမရှိပါဘူး
    ဦးနှောက်ပြောင်သမ္မတမဖြစ်ဖို ့အရေးကြီးတယ် ၊ဟုတ်လားအောင်ပု

  • nozomi

    August 19, 2011 at 12:01 pm

    ကိုအောင်ပုကြီး ရေးခဲ့သမျှထဲ ဒီပို့စ်ကို အကြိုက်ဆုံးပါ……….

  • aungnng87

    August 19, 2011 at 1:40 pm

    မှန်ပါ့ကိုအောင်ပုရယ်…။ ကိုအောင်ပုမှန်တာရေးတာ ၂ခါရှိသွားပြီ။ ကျနော်ဖတ်လိုက်ရတာပြောတာနော်…။
    မနေ့က kai ရေးထားတဲ့ ဟိုမိန်းမတွေ ဟိုလူတွေ ပြောတာ ဖတ်ပြီး စိတ်ထဲမှာ ခိုးလို.ခုလု ခံစားရတယ်။ ဦးသိန်းစိန်က သူတို.ကိုပြန်လာချင်ရင် ပြန်လာလို့ ရတယ်လို့ ပြောတာ။ ပြန်မလာချင်ရင်လည်းပြန်မလာလို့ရတယ်။ ဒါကိုများ အမိန့်ေကြော်ငြာစာ ထုတ်ရဦးမယ်ဆိုသေးတယ်။ ဟိုတနေ့ က ဘယ်သူရေးထားတာလဲမသိဘူး.။ ဝမရှိဘဲ ဝီလုပ်ချင်နေကြတယ်ဆိုတာလေ။ အဲ ..အတိုင်းဘဲ။ သူတို.ကလည်း တသက်လုံး ပြန်လာမဲ့ ရုပ်တွေမဟုတ်ပါဘူး။ သူတို.ဟာသူတို့ဟိုမှာအဆင်ပြေနေပြီးသားဘဲ။ ပြန်ချင်တဲ့သူတွေကို မပြန်ချင်အောင် လုပ်နေသလိုဘဲ။

  • နှမတော်ပုပုရေ
    ခွေးမသားတွေကို (လဲပြီး)တဲ့အမှု့နဲ့ကို ဖမ်းမယ် ။
    ဒီအမူ့ကတော့ ပြစ်ဒဏ် ကြီးကြီး ပေးမှရမယ်နော်။

  • chitpyae

    August 20, 2011 at 8:38 am

    ရွာသူတွေကို ဝင်ရောက်မဆွေးနွေးချင်တဲ့ သဘောမဟုတ်ပါဘူး …. etone ပြောသလိုပဲ ကိုယ်လည်း မွေးရော အရေးခင်းကဖြစ်နေပြီလေ ။ အရှေ့ဇာတ်ကြောင်းလည်း သိပ်မသိလိုက်ရ .. အနောက်ဇာတ်ကြောင်းလည်း သေချာ နားမလည်နဲ့ ချာလပတ်လည် ရမ်းနေလို့ … လူကြီးတွေ ရေးထားတာကိုုပဲ ဖတ်ပြီး ဗဟုသုတ ယူနေရတဲ့ ဘဝလေးတွေပါ ။ ဗိုလ်ချုပ်အောင်ဆန်းက လွဲရင် ကျန်တာတွေ ဘာမှလည်း သိပ်မမှတ်မိပါဘူး … ဒါ အမှန်အတိုင်းဝန်ခံခြင်းပါ ။ ဗိုလ်ချုပ် တယောက်ကိုပဲ စွဲစွဲမြဲမြဲ မှတ်မိပါတယ် ကျန်တဲ့သူတွေတော့ ချုပ်ခြင်တာချုပ် ဘာမှကို မသိတော့ပါဘူးးးး ။

Leave a Reply