အမြဲတမ်းပြင်နေရသည် လမ်းဘေး ပလက်ဖောင်းမျာ…

zaymdyAugust 18, 20111min8514

ပျက်အစဉ်ပြင်ခန .. နေတိုင်းလည်း ပြင်သည် နှစ်တိုင်းလည်း ပြင်သည် ပြင်တိုင်းလည်း မကောင်းနောက်ဆုံး ပြည်သူဘက်ဂျက်များ ကုန်..
ချမ်းသာတဲ.သူကချမ်းသာ.. ရန်ကုန်မြို. ပလက်ဖောင်းတွေ.ကတော. ဒီတိုင်း .. ပြောလို.တောင် မဆုံးသေးပါဘူး ဒီနှစ်လည်း ထက်ပြင်ပြန်ပြီး ပလက်ဖောင်းတွေ. သဲ ကျောက်စရစ် အနည်းငယ် (မြင်ကောင်းအောင်) ထည်.ဘိလပ်မြေထည်. ပြင်သည် ဒီထက်ကောင်းတယ် အစီအစဉ်များ မရှိတော.ဘူးလားလို. ရန်ကုန် မြိုတော်စည်ပင်ကို မေးချင်သည်..

14 comments

  • unclegyi1974

    August 18, 2011 at 10:29 pm

    တယ်ခက်တဲ့ကလေးတွေပဲတခါတည်းကောင်းသွားအောင်လုပ်တာ
    မခက်ဘူးဟ နှစ်တိုင်းပြင်ရအောင်လုပ်တာကခက်တာ
    တခါတည်းကောင်းအောင်လုပ်လိုက်ရင်
    နောက်နှစ်တွေငါတို့ဘာသွားစားရမလဲကဲဟင်းဟင်း..

  • moethidasoe

    August 18, 2011 at 11:22 pm

    အန်ကယ်ကြီးမှန်အောင်ပြောနိုင်တယ် .. တစ်မှတ်

  • မီးမီး သော်

    August 18, 2011 at 11:24 pm

    အန်ကယ်ကြီးကတော့လေ ငတ်မှာကြောက်နေတယ်ပေါ့။ဒီလို ဘဲပေါ့ ပျက်အစဉ်ပြင်ခဏ ပါတဲ့ဆောင်ပုဒ်ရှိတယ်လေ။ပြင်လည်းခဏဘဲခံမှာလေ။သိပ်မကြာဘူးထပ်ပျက်မှာဆိုတဲ့သဘောပါ. ဟိ ဟိ

  • ညီလေး

    August 18, 2011 at 11:59 pm

    အန်ကယ်ကြီးအသွားမတော်ရင်တလှမ်းတဲ့၊ အစားမတော်ရင်…အ
    ဒန်ပေါက်ကြီးဘဲစားမနေနဲ ့၊ သွေးတိုးနေအုံးမယ်…..
    တခြားဟာပြောင်းစားပါအုံးနော်….

  • MaMa

    August 19, 2011 at 7:33 am

    အမြဲတမ်းပြင်နေရသည့် လမ်းဘေး ပလက်ဖောင်းများ…
    ဆိုတော့ လမ်းတွေတော့ ကောင်းပုံရတယ်။ 🙂

  • pan pan

    August 19, 2011 at 8:35 am

    ပို့စ်ကစာနည်းတယ်နော်
    ဓါတ်ပုံတွေပါရိုက်တင်ပါလား
    ခက်ခက်ခဲခဲလုပ်စရာမလိုဘူး
    လမ်းထိပ်ထွက်တာနဲ့ ရိုက်လို့ရပြီ

  • Shwe Tike Soe

    August 19, 2011 at 10:30 am

    ပြောကိုမပြောချင်တော့ဘူး.. ပြောရင် အောင်မင်းလွန်ရာကျမယ်….
    ပလပ်ဖောင်းမကောင်း လမ်းပေါ်တက်လျှောက်.. ကားတိုက်ရင် ကိုယ်ဖြစ်ကိုခံ…
    ရေကြီးရင် မြောင်းပေါက် ကျွံမကျအောင် ဂရုစိုက် ကားလမ်းပေါ်တက်လျှောက်…

  • နိုင်ကြီး

    August 19, 2011 at 10:56 am

    ွှအဲဒါပြောချင်နေတာတော်တော်ကြာပြီ အချက်အလက်မစုံလို့မပြောဖြစ်တာ ဓာတ်ပုံရိုက်ပြီးကိုတင်ချင်တာ
    သူတိုရှေ့သွားပြီးရိုက်ရင် တော်ကြာ အုတ်ခဲနဲလှမ်းထုမှာလည်း ကြောက်ရသေးတယ်ဗျ
    Civil မှာဒီလိုလမ်း (ပလက်ဖောင်း) ခင်းနည်းတခါမှ မသင်ဖူးပါဘူးဗျာ စည်ပင်ရောက်မှ သင်ရတယ်ထင်ပ
    သဲချည်းပဲ ၄လက်မလောက် ခင်းတယ် အပေါ်ကနေ လမ်းခင်းကျောက်ပြားကိုအသာလေးတင်တယ် ဘိလပ်မြေနည်းနည်းနဲ့ဆက်လိုက်တယ် ဒါဘဲ မိုးလည်းရွာရော အောက်ကသဲတွေပါသွားပြီတော့ အပေါ်ကကျောက်ပြားတွေ ကျွံကျတော့တာဘဲ
    ဟိုနေ့က ခလေးတယောက် ကျွန်တော့်ရှေ့မှာ လဲကျတယ် တော်ရုံနဲပြန်ထမလာဘူး သွားထူတော့ နဖူမှာနည်းတဲ့ ကြက်ဥကြီးမဟုတ်ဘူး ချက်ချင်ဖြစ်သွားတာ အဲဒါနဲ သူလဲကျတဲ့နေရာ ကြည်လိုက်တော လမ်းခင်းကျောက်ပြားက အပေါ်ကိုငေါ့ထွက်နေတာတွေ့တယ် ပလက်ဖောင်းညီရင် ခလေး ဒီလိုဖြစ်မှာမဟုတ်ဘူး
    (ပိုစ်ရှင်ထက်တောင်ရှည်သွားပြီ)

  • etone

    August 19, 2011 at 1:12 pm

    အဲ့ဒီလိုပြင်လို့ကို ကို့ရို ့ကားယားဖြစ်နေတာ … ပလက်ဖောင်းပြင်တော့ လူတွေ လမ်းမဆင်းလျှောက်တယ် … လမ်းမပေါ်က ကားတွေ ကလည်း စေတနာပရပွနဲ့ … လူသွားလာဖို့ နေရာချန်ပြီး လမ်းလည်ခေါင် တက် ပါကင်ထိုးတယ် … အဲ့ဒါတွေများလာလို့ … ကားဂျမ်းဖြစ်တာ … ရုံးနောက်ကျတာ … မှတ်တိုင်မှာ ကားလာနည်းလို့ … လူတွေ အလုယှက်တက်ရတာ … ကားတိုးစီးရတာ … အကြောင်းနဲ့ အကျိုး .. အကုန်ဆက်စပ်နေတယ် … ဟင့် …. 😀

  • manawphyulay

    August 19, 2011 at 2:06 pm

    စားထားတာ ကုန်တော့ ထပ်ပြင်တာပေါ့။ အဲဒါ ဘာဖြစ်လဲ ဈေးသည်တွေ နေရာကောင်းကောင်းမှာ ရောင်းလို့ရအောင် ပလက်ဖောင်းပြင်ပေးတာကို ကျေးဇူးတင်ရမှာပေါ့။

  • cobra

    August 19, 2011 at 5:20 pm

    ဒါကငါတို့ဂွင်ကဘယ်သူကလျှောက်ဖွနေတာလဲ။
    အကုန်ဖမ်းလိုက်မှာနော်။
    (ယောက်ျားလေးများမပါ)

  • naywoonni

    August 19, 2011 at 7:48 pm

    အမြဲတမ်း ပြင်ပေးနေတာကိုပဲ အပြစ်လုပ်နေတာပဲ..။ မပြင်ပဲထားလိုက်ရ ဟင်းးးးးးးးးးး

  • zaymdy

    August 20, 2011 at 11:28 am

    ပို့စ် စာတွေ.အများကြီးတင်ချင်ပါတယ်.. … သိုသော် ဓါတ်ပုံတွေ.လည်း တင်ချင်ပါတယ် .သို.သော် အဖက်ဖက်ကို ထောက်ထားသဖြင်. (ဥပမာ naywooni cobra) နောက်နောင်တွင် ဒီထပ်ကောင်းအောင် တင်ပြပါမည် ခင်ဗျာ.. 😛

Leave a Reply