အူးတာဗျင်

မောင် ပေAugust 19, 20111min18011

အခုရက်ပိုင်းတွင် စမ်း(some) အင်တာဗျူး အချို  ့ကို အဆက်မပြတ် ဖတ်ရှူ မိသဖြင့် ၊ မေပေါင် ခေါ် မောင်ပေ ၊ ကျွန်ုပ် ကြုံခဲ့ဖူးသော အင်တာဗျူးလေးကို လည်း ပြန်ဖောက်သည် ချမိချင်လာသည် ။ သို ့အတွက် ကျွန်တော်၏ ကပေါက်တိ ကပေါက်ချာ၊ အရေးအသားလေး ကို အပျင်းပြေစေရန် အလို ့ငှါ ဖတ်ရှူတော်မူကြပါကုန် ။

အချိန်ကား Y2K

နေရာကား စေ့စပ်ပွဲ ပြုသူ လူငယ်တစ်ဦး ၏ နေအိမ် ၊ မန်းတလေး မြို  ့

နေအိမ်ရှေ  ့တွင်

ဂျစ်ကား ၄ စီးခန် ့၊ ဆိုင်ကယ် အစီး ငါးဆယ် ခန် ့ ၊ စလွန်းကား ၂ စီး ခန် ့ရပ်ထားသည် ။

စေစပ့်သည့် သတို ့သား သည် အင်ဂျင်နီယာအတတ်ပညာများကို သင်ကြားပေးနေသည့် တက္ကသိုလ် ကျောင်းတွင် တက်ရောက်သင်ကြားနေသူ ကျောင်းသားတစ်ဦး ။

သူ၏ ပေါင်းသင်း ဆက်ဆံရေးကောင်းမှုကြောင့် သူငယ်ချင်း အပေါင်းအသင်း လွန်များပြားပြီး ၊ ယခု စေ့စပ်ပွဲ တွင် တက်ရောက်လာသူ သူငယ်ချင်း အယောက် ၇ဝ ခန် ့။

စေ့စပ်ပွဲ ကို အောင်မြင်စွာ ပြီးဆုံး ပြီး

သတို ့သား ကို သူငယ်ချင်း များ က

ဘူချလူ နိုက် အဖြစ် လိုက်တိုက်ခိုင်းကြတော့လေသည် ။ ( မှတ်ချက် = ဘူချလူနိုက် ဆိုသည် မှာ စေ့စပ်သူ များ ၏ ည )

သို ့ဖြင့်

မန်းတလေး မြို  ့၏  ဘီယာဆိုင် တစ်ဆိုင်တွင် စေ့စပ်သူ နှင့် အပေါင်းအဖော် တစ်စု ( လူ၇ဝကျော် ) တို ့သည် ပျော်ပါးသောက်စား ကြကုန်သည် ။

ဝူးဝါးဝူးဝါး ဖြင့် မူးရူး ပြီး ထအော်သူ က အော် ၊ အိုဗာ ဖြစ်ပြီး ဇက်ကြိုးသူ ( အမူးလွန်ကာ မှောက်သွားသည် )  က ကြိုး ၊ ဥဩဆွဲ (အန်သည်) သူ က ဆွဲ ဖြင့်

အချိန် ၂ နာရီခန် ့ကြာပြီး သကာလ

သောက်ပွဲသဘင်ကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည် ။

အရပ်ထဲ မှာတော့ ပွဲပြီးရင် ဖျာလိပ် တဲ့

သူတို ့တတွေ က တော့ ပွဲပြီးတော့ ပြဿနာ ရှာပါတော့သည် ။

သောက်စားနေသူ အချင်းချင်း က လည်း အစုအဖွဲ  ့လေးတွေ ကိုယ်စီ နဲ ့လာကြတာ ဆိုတော့

အချင်းချင်း ထ ပြဿနာ ရှာလို ့က လည်း မဖြစ်

နောက်ဆုံး တူညီ စွာ ဆုံးဖြတ်လိုက်ကြပြီး

၇၃ လမ်း ၊ မင်္ဂလာ တံတား မှ စပြီး မန်းတလေး နန်းမြို  ့ရိုး နှင့် ကျုံးကို ဘယ်ရစ် ပတ်ကြလေတော့သည် ။

သားစိုး နှင့် ရန်ရန်ချမ်း ဆိုထားသည့် သီချင်းထဲ က လို ဆိုင်ကယ် တွေ ဗြူးဗြူးနဲ ့ဗြဲ ၊ ဂျစ်ကားတွေ ရော ၊ စလွန်းကားတွေ ပါ

သူ တို ့အတွက် ကံကောင်းတာလား ကံဆိုးတာလား တော့ မသိ

၂၆လမ်း ၇၈x၈ဝ ကြား ၊ အရောက်တွင်တော့

သူတို ့လိုချင်နေသော ပြဿနာ သည် ` နိုက်စ်တူ မိယူ ´ ဟု နှုတ်ဆက်လာသည် ။

လူငယ်သဘာဝ ၊ သောက်လာသည့် အခံကလေး က လည်း ရှိ ၊ ရိုက်ပွဲ တစ်ပွဲ ဖြစ်ခဲ့လေသည် ။

လူ ၇ဝ ကျော် နှင့်  လူ ၅ ယောက် ခန် ့

တွက်သာကြည့်

လူ၅ ယောက် က ပြေးကုန်ကြတာပေါ့

အဲ..သူတို ့က စက်ဘီးလေး တွေ နဲ ့ဆိုတော့ ၊ စီးနင်းလာတဲ့ စက်ဘီးလေး တွေ ပစ်ပြေးကြရှာတယ်

ပြဿနာ ရှာလို ့အားမဝသေးသူ လူသိုက်က ၊ ကျန်ခဲ့တဲ့ စက်ဘီးတွေ ကို မန်းတလေး ကျုံးထဲ ပစ်ချ ကြပါလေရော

ပြီးတော့ လူစု ခွဲ ပြန်ကြတာပေါ့

သူတို ့ရှာခဲ့တဲ့ ပြဿနာ က လွယ်လွယ် နဲ ့တွေ   ့ခဲ့ ရပေမယ့် ၊ လွယ်လွယ် နဲ ့မပြီးခဲ့ပုံ က

အဲဒီည

မေပေါင် တစ်ယောက် အိမ်ပြန်အရောက်

ရီဝေ စွာ အိပ်ပျော်နေတုန်း

တစ်ဒုန်းဒုန်း နဲ ့အခန်းတံခါး ထုလာတယ်

ဘယ်သူ များပါလိမ့် လို ့ဖွင့်ကြည့်တော့ ( အချိန်က ည ၁၂ ခွဲခန် ့ရှိပြီ )

မာတာမိခင်

` ဟဲ့…..အိမ်ရှေ  ့မှာ နင့်အကောင်တွေ ရောက်နေတယ် ၊ ထွက်ကြည့်လိုက်ဦး ´ ဟု ဆိုလာသည်

သို ့နှင့် ၊ အိပ်ချင် မူးတူး ဖြင့် ထွက်ကြည့်တော့

4wd ကားလေး ၊ ကားပေါ်မှာ သူငယ်ချင်း တစ်ယောက် က လှမ်းပြုံး ပြနေသည် ။

ပြီးခဲ့သည့် ပွဲ တွင် ၊ မောင်ပေ သည်လည်း  ဘော်ဒါများသူ ဖြစ်သည် ။

သို ့သော် ၊ ဖြစ်ခဲ့သည့် ပြဿနာ တွင် မူ ၊ တစ်ချက် ဝင်မလုပ် ခဲ့ ၊ ဘေးကပဲ ကြည့်နေခဲ့သူ

ယခုမူ အိပ်ယာအောက် ကို ရေဝင်လာပြီ

ကားပေါ်တက်ပြီး ၊ ကားအထွက် ၊ ကားပေါ် ပါလာသော သူငယ်ချင်း ကို မေးရတော့သည် ။

သူ လည်း ဒီလုပ်ရပ် မှာ ဘာတစ်ချက် မှ ဝင်မလုပ်ခဲ့သူ ။

` ဟေ့ကောင် ၊ ငါလည်း ဘာမှ မလုပ်ခဲ့တာ မင်းအသိ ၊ အဘယ်ကြောင်း နှင့် င့ါ ကို ဖော်ရသနည်း ´ ဟု ဆိုလိုက်တော့ ၊ ဆရာသမား က ပြုံးဖြီးဖြီး ဖြင့်

` ငါလည်း ၊ ရုတ်တရက် ငါ့အိမ် ကို ရဲတွေ လာခေါ်တော့ ၊ မင်းအဖော်တွေ ဖေါ်လို ့ဆိုလာတော့ ၊ လုပ်မိလုပ်ရာ…မင်း ကို ဖေါ်မိတာပဲ….ဟီးဟီး ´

တော်တော် ချဉ်တူး မိသော ကျွန်တော် မောင်ပေ မှာ သူ ့ကို ဘာပြောလို ့ပြောရမှန်း မသိတော့ ။ ယခု ချိန်မှ အပြစ်ပြောနေလျှင် လည်း သူငယ်ချင်း စကားထပ်များရုံ ။

ကိုယ်တိုင် က မဆင်မခြင် ၊ သူတို ့တစ်သိုက်နှင့် ၊ ပျော်ပါး လျှောက်သွားခဲ့သည် ကို သာ သတိရနေပြန်တော့သည် ။

သို ့နှင့် 4wd ကားဖြင့် ဘော်ဒါ အပေါင်းကို လိုက်လံ ခေါ်ဆောင်တော့သည် ။

ကျွန်တော် အပြီး ၊ သွားရောက် ပင့်ဆောင်ဖြစ်သည် က သတို ့သား ။ သူ ့ထံ မှ ဆက်လက် ထွက်လာသည် က တစ်ကယ့် တရားခံ များ ။

ကျွန်တော် အပါအဝင် ၁ဝ ယောက် ပြည့်သည် နှင့် ကားသည် ရဲစခန်း သို ့ဦးတည် တော့လေသည် ။

စခန်းသို ့အရောက် ၊ ကျွန်တော် တို ့၁ဝယောက်သည် လည်း ပျော်ပျော်ပါးပါး ၊ စကားများ ပြောလျှက် ။ ( ငယ်ကြသေးသည် ကိုး ၊ ပူရမှန်း မသိ )

ကျွန်တော် တို ့လူသိုက် ကို တစ်ယောက် စီ ခွဲ ပြီး ဗျူးကြလေတော့သည် ။

ရဲ = ညီလေး နာမည်

ပေ = မောင်ပေ ပါ

ရဲ = အဖေ နာမည် ၊ အမေ နာမည်

ပေ = xxxxxxxxxxxxx

ရဲ = နေရပ် ၊ နောက်ပြီး ညီလေး က ဘာတက်နေတာလဲ

ပေ = မန်းတလေး ၊ နည်းပညာ တက္ကသိုလ်

ရဲ = ညီလေး က အခု အမှု မှာ ဘယ်လို လုပ်ခဲ့တာလည်း ၊ မှန်မှန်ဖြေ နော် ၊ ကိုယ်တို ့ဆီ မှာ မှတ်တမ်း အတိအကျ ရှိတယ်

ပေ = ဘာမှ မလုပ်ခဲ့ ရပါဘူး အကို ၊ မှတ်တမ်းရှိတော့ ပိုကောင်းတာပေါ့ ၊ မှတ်တမ်း ကို အရင် ပြန်ကြည့်ပြီး မှ ကျွန်တော့် ကို ဗျူးပါလား ၊ ဒါမှ ကျွန်တော် အပြစ်မရှိကြောင်း သိပြီး ၊ ကျွန်တော့် ကို ပြန်လွှတ် ပေါ့

ရဲ = အဲဒီလို လုပ်လို ့မရဘူး ၊ ငါ့ညီ ၊ အခုဟာ က တစ်ကယ့် တရားခံ တွေ ကို လိုက်ဖမ်းတော့ ၊ ညီလေး နာမည် လည်း ပါနေတယ် ။

ပေ = အခု ဖြစ်ခဲ့တဲ့ ကိစ္စ မှာ ၊ ဘာတစ်ခု မှ ကျွန်တော် မှ မလုပ်ခဲ့တာ ၊ ဘယ်လို လုပ် ကျွန်တော် က တရားခံ ဖြစ်ရတာလဲ

ရဲ = ညီလေး က ဘာမှ မလုပ်ခဲ့ဘူး လို ့ပြောနေပေမယ့် ၊ ကိုယ်တို ့မှတ်တမ်း အရ ညီလေး လဲ ပါတယ် ။ ဒီတရားခံ တစ်စု ကို ပဲ ကိုယ်တို ့က အရေးယူ ရတော့မှာ လေ

ပေ = ကြည့်လည်း လုပ်ပါဦး ဗျာ ၊ အခု ၁ဝ ယောက်ထဲ မှာ တစ်ကယ်လုပ် တဲ့ ကောင်တွေ ပါ ပါတယ် ။ ပြောရရင် သတို ့သား နဲ ့ ဟို ၃ ယောက် ပေါ့ ဗျာ ။

ရဲ = ညီလေး တို ့အဖွဲ  ့က ဆိုးတာက ၊ ကျုံးထဲ ကို စက်ဘီး တွေ ပစ်ချခဲ့တာပဲ ၊ တရားလို တွေ ဘက်ကလည်း သူတို ့စက်ဘီးတွေ အတွက် အမှုဖွင့်လာတယ်

( အမှန်ကား ၊ တရားလို များ က ကျွန်တော် တို ့စခန်းရောက်သည် ကို ပင် မသိ ၊ ဘာအမှု မှ လည်း မဖွင့်ရသေး ၊ ကျွန်တော် တို ့တတွေ ကို ဖမ်းပြီး ၊ စခန်း က အကြောင်းကြား မှ သိရသည် )

ပေ = စက်ဘီးတွေ ပစ်ချ ခဲ့တယ် ဆိုတာ မှန်ပါတယ် ၊ ပစ်ချ ခဲ့သူတွေ က လည်း ကျွန်တော် ပြောတဲ့သူတွေ ပဲ ၊ ကျန်တဲ့ သူတွေ ကို မေးရင် လည်း ၊ ကျွန်တော် ဖြေသလို ဖြေကြမှာပဲ

ရဲ = မှန်ပါတယ် ။ ဒါပေမယ့် ညီလေး တို ့က ကျောင်းသား တွေ ဆိုတော့ ချုပ်ထားလို ့မရပါဘူး ၊အမှုတော့ ဆိုင် ကြ ရလိမ့်မယ်  ၊  ခဏနေ ညီလေး တို ့မိဘ တွေ အာမခံ လာပေးရင် ညီလေးတို ့ပြန်ကြရမှာပါ ၊

ပေ = ဗျာ ၊ အမှု ဆိုင်ရမယ် ၊ ကျွန်တော် က ဘာမှ မှ မလုပ်ခဲ့ဘူးလေ ၊ ဘေးက ပဲ ပါသွားပြီး ၊ ကြည့်ရုံပဲ ကြည့်ခဲ့တာလေ ၊ အဲဒါ ကျွန်တော် က တရားဆိုင် ရ ဦးမှာလား

ရဲ = ညီလေး က ဘာမှ မလုပ်ခဲ့ပေမယ့် လည်း ၊ ပြဿနာ ဖြစ်ချိန် မှာ ညီလေး ပါနေတဲ့ အတွက် ၊ အခု ရောက်နေ တဲ့ ၁ဝ ယောက်လုံး အမှုကတော့ သေချာပေါက် ဆိုင်ရတော့ မှာပဲ

ကျွန်တော် လည်း ဘာမှ မပြောနိုင်တော့ ၊ ခဏနေ ကြ ၊ ဆိုင်ရာ မိဘ များ ရောက်လာပြီး ၊ အသီးသီး အာမခံ ဖြင့် ပြန်ခေါ်ကြတော့သည် ။

ရုံးချိန်းတော့ ပေးလိုက်တာပေါ့ ။ ကျွန်တော် နှင့် ဘာမှ မလုပ် ပဲ စခန်း သို ့ရောက်ခဲ့သူ ၆ ယောက် လုံးက တော့ မချိပြုံး လေး များ အသီးသီး ပြုံးလျှက် ကိုယ်စီ ပြောလိုက်ကြသည် မှာ

` ဗျူးတော့ ဗျူးတာပေါ့ ၊ ဒါပေမယ့် မမောဘူး ´

( အားလုံး ကို ကျေးဇူးတင်ပါသည် )

 

11 comments

  • pyinlepyaw

    August 19, 2011 at 1:20 am

    အူးတာဗျင် တဲ့.. ဘဲလာ လို့
    ဂိမှသု
    ဖေါင်းကပ် တယ်
    ကယ်တောင်း ဗျာ………။

  • MaMa

    August 19, 2011 at 7:06 am

    အဲဒီ အင်တာဗျူးလေးလည်း ဘယ်သတင်းစာ အယ် မှားလို့ ဘယ်ဂျာနယ်မှာများ ပါသေးလဲ လို့။ နာမည်ကြီးတွေရဲ့ အင်တာဗျူးကို ဖတ်ချင်လို့ပါ။ 🙂

  • ogre

    August 19, 2011 at 7:40 am

    မောင်ပေလုပ်တာနဲ့
    တို့ အရက်နှစ်သက်သူတွေ မူးလာရင်
    ပြဿနာရှာတယ်လို့ လူတွေထင်ကုန်တော့မှာပဲ..ကွာ..။။။

  • pan pan

    August 19, 2011 at 9:25 am

    တော်သေးတယ်
    ဒီအူးတာဗျင်က “ပေ့ါနော်” မပါလို့

  • နွယ်ပင်

    August 19, 2011 at 9:25 am

    မေပေါင် ရဲ့ အူးတာဗျင် ကတော့မိုက်ပ
    သူများထက်တူးတယ် …………

  • hmee

    August 19, 2011 at 4:00 pm

    တော်သေးတာပေါ့ တညလောက် သွေးမလှုရတာ။ 🙂

  • ပေါက်ဖော်

    August 19, 2011 at 4:13 pm

    မေပေါင် မေပေါင်..
    စမုတ်တံ တစ်ချောင်း ခါးကြားညှပ်လျက်တွေ ့တာတောင် ဟုတ်ပါဘူး..လုပ်ပါဘူး ညင်းနေသေးတယ်… 😛

    တို ့အလှည့်တုန်းကတော့ သူဗျူး..ကိုယ်ဗျူးပဲ..
    ကောင်းကောင်းနဲ ့ လှိမ့်ဗျူး..လှိမ့်ပြီး ချီးပေါက်ပေးလိုက်တယ်….ဟုတ်တယ်လေ
    ပြဿနာရှာသွားတာ တစ်ဖွဲ ့..လာဖမ်းတော့..မဆိုင်တဲ့လူတွေရမ်းသမ်းပြီး စိသွားတယ်
    ဘယ်လောက်တောင် စောက်သုံးမကျတဲ့ရဲတွေလဲလို ့..ရေလည်စိတ်ပိန်တယ်..

  • akswe

    August 19, 2011 at 4:20 pm

    မေပေါင်.. အနော်အထေ မတိုင်.. ဂေါက်ရတ်…အမှတ်ပု..စာပြတ်သနောက်..ဝါလင်။
    ကေကေနောင်း..လာမိန်..

  • ကျွန်နုပ် ဝါတော်ကင်း
    အပေါင်းအသင်းများရယ်နဲ့
    ဘက်ချလိုက်နာ က
    အရက်တိုက်တာကို
    ငတ်ကြီးကျမိတော့
    အမူတွဲထဲ
    မရိုက်မဆဲရဘဲပါ။
    အိမ်ရောက်မှ မှန်ကြည့်
    ပေါ်လာတဲ့ ငတိကို
    သောက်ချင်အုံးဟဲ့အရက်………………..
    လုပ်ချင်အုံးဟဲ့ ဘက်ချလိုက်နာ……………….
    လည်ချင်အုံးဟဲ့ သူငယ်ချင်းတွေနဲ့………………
    ပြောပြောပြီး မှန်ထဲက ငတိကို
    မှတ်လောက်အောင်ဗျဉ်းလိုက်တာ
    ကျုပ်ပါးတွေတောင်နာလို့ရယ်………………………

  • naywoonni

    August 19, 2011 at 9:57 pm

    အော်ဟော ………. မောင်ပေ တို့ အထဲကိုပေါက်လည်းပါခဲ့သပေါ့လေ……….. ကောင်းပါလေ့ ကောင်းပါလေ………

Leave a Reply