ဒို့ဘာသာ ၊ နိဒါန်းပိုင်း

ashinindakaAugust 19, 20111min1939

(၁)

ဒို့ဘာသာဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့
ခေါင်းစဉ်ငယ်လေးတွေ အမြောက်အများပေးကာ
အပိုင်းပေါင်း (၃၁) ပိုင်းခွဲ ရေးသားဖော်ပြပါမယ်။
အချို့ဟာတွေကို ဒီရွာထဲမှာ ဖော်ပြပြီးသားတွေပါ။
ဒါပေမဲ့ မဖတ်ရသေးသူများ ကွင်းဆက်မိမိ ဖတ်ဖြစ်အောင် ထပ်မံဖော်ပြလိုက်ပါတယ်
ဒီအထဲက အကြောင်းအရာအချို့မှာ အငြင်းပွါးဖွယ်တွေ တွေ့ကောင်းတွေ့နိုင်ပါတယ်
ကိုယ်ထင်တာတွေနဲ့ ကိုယ်ပိုင်အယူအဆတွေနဲ့ မွှမ်းထုံထားတာကိုး။
မှားချင်လည်း မှားနိုင်တယ်။ မှန်ချင်လည်း မှန်နိုင်တယ်။
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။
(၂)
၂၀၀၉ -ခုနှစ် ဖေဖော်ဝါရီလတုန်းက မြန်မာပြည်ခဏပြန်ပြီး
သူငယ်ချင်းဦးဇင်းရှိရာ ဒေါက်တာပါရမီနေနေတဲ့
ထေရဝါဒသာသနာပြုတက္ကသိုလ်မှာ တည်းခိုနေတဲ့အချိန်၊
ရန်ကုန်၊ တောင်ဥက္ကလာ၊ ရွှေမြင်းမိုရ်မိုးကုတ်ရိပ်သာဆရာတော်က
ဖုန်းဆက်လာပါတယ်။
“သူ ဇနိတာရာမကျောင်းတိုက်မှာ ၁ဝ ရက်စခန်းတရားပွဲအတွက် တရားသွားဟောပေးရမှာမို့
သူ့ကျောင်း (ရွှေမြင်းမိုရ်ကျောင်းမှာ) ၁ဝ ရက်တရားစခန်းပွဲမှာ တရားဟောပေးစေလိုကြောင်း”
စာရေးသူကို ဖုန်းဆက်ပြောလာပါတယ်။
“၁ဝ – ရက်စခန်းတရားပွဲဆိုတော့ ဝိပဿနာတရားတွေချည်း ဟောပေးရမှာလား”
လို့ ပြန်မေးဖြစ်ပါတယ်။
“ဦးဇင်း ဟောချင်တာ ဟောပါ” လို့ ဆရာတော်က ပြောတာနဲ့
“မှန်ပါဘုရား” လို့ ပြန်လျှောက်လိုက်ပါတယ်။

(၃)
ဟောချင်တာဟောဆိုတော့ အဆင်ပြေတာပေါ့။
မိုးကုတ်ရိပ်သာမှာ တရားဟောရမှာဆိုတော့
နိဗ္ဗာန်ရောက်ကြောင်းဝိပဿနာတရား၊
အထူးသဖြင့် မိုးကုတ်နည်းဆိုတော့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကို အခြေခံတဲ့
ဝိပဿနာတရားတွေကို ဟောကြားပေးရမယ်ဆိုတာ သိပြီးသား။
ဒါပေမဲ့ နိဗ္ဗာန်ရောက်ကြောင်းဝိပဿနာတရားဆိုတာထက်
ပိုသိသင့်တဲ့
ဗုဒ္ဓဘာသာသဘောတရားလေးတွေကို
ဟောပြရရင် ပိုအကျိုးရှိမှာလို့ စဉ်းစားမိတယ်။
(၄)
အကျိုးဆက်ကတော့
ဒို့ဘာသာတရားတော် ဖြစ်လာတာပါပဲ။
(၅)
တကယ်တော့ Facebook နဲ့ www.dhammagarden.com တို့မှာ
ဖော်ပြခဲ့တဲ့ ဒို့ဘာသာဆိုတဲ့အကြောင်းအရာတွေဟာ
အထက်ကပြောခဲ့သလို စာရေးသူရန်ကုန်ပြန်ရောက်ခိုက်
ဟောကြားခဲ့တဲ့ တရားတော်တွေကို
ပြန်ရေးထားတာပါ။ (MP3 ရှိပြီးသားပါ။)

ဒါပေမဲ့ ထုံးစံအတိုင်း ဟောတရားတွေကို
ပြန်လည်ရေးသားရတာဆိုတော့ ဟောထားတဲ့အတိုင်း တသဝေမတိမ်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
အချို့ ဟောထားတဲ့ အထဲမှာ မပါတာတွေ ရေးထားတဲ့ အထဲမှာ ပါပါတယ်။
အချို့ရေးထားတဲ့အထဲမှာ မပါတာတွေ ဟောထားတဲ့ အထဲမှာ ပါပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်။
မစို့ မပို့ ဟောထား ရေးထားတာလေတွေဟာ
နိဗ္ဗာန်ရွှေပြည်ကြီးအထိ မပို့နိုင်တောင်
တစုံတခုသောအတိုင်းအတာအထိ အကျိုးသက်ရောက်မှု
ရှိလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း။

ဒေါက်တာအရှင်ဣန္ဒက (Dhammagarden)

9 comments

  • 007James

    August 19, 2011 at 8:40 am

    ရေးပေးပါဘုရား။တပည့်တော်လဲ မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် သေချာတိကျမသိပါဘုရား။သေချာဖတ်ပါ့မယ်ဘုရား

  • minchittu

    August 19, 2011 at 12:31 pm

    သရနဂုံ(၃)ပါးနဲ ့၊ (၅)ပါးသီလအကြောင်းတွေလည်းလူငယ်တွေအတွက်ရေးပေးပါအုံးဘုရား။

  • Harumoto

    August 19, 2011 at 1:22 pm

    MP 3 ကဘယ် ဆိုက်မှာ တင်ထားပါသလဲဘုရား..
    တရားလဲ နာယူချင်ပါတယ်ဘုရား.. ညွှန်ပြပါဘုရား။

    • ashinindaka

      August 19, 2011 at 8:06 pm

      ဘယ်မှာမှတော့ မတင်ရသေးဘူး။ နားထောင်ချင်ရင် အီးမေးလ်နဲ့ ပို့ပေးပါ့မယ်။

  • kai

    August 19, 2011 at 2:38 pm

    ဆရာတော်က.. ဘယ်နိုင်ငံက.မာစတာနဲ့…ဒေါက်တာဘွဲ ့ရသလည်းပါ.. အဆင်ပြေရင်.. ရေးပေးပါဘုရာ့..။
    ရွာသားတွေလည်း.. ရွာကျောင်းဆရာတော့်.တရားနာကြဖို့..တိုက်တွန်းပါတယ်နော..။ 🙂

    • ashinindaka

      August 19, 2011 at 8:04 pm

      BA ကို မြန်မာပြည်ကရတယ်။ MA ကို သီရိလင်္ကာက ရတယ်။ PhD ကို အိန္ဒိယနိုင်ငံ၊ ဘုံဘေ (Mumbai) က ရပါတယ်။

  • unclegyi1974

    August 20, 2011 at 10:24 pm

    စောင့်မျှော်နေပါတယ်ဘုရား
    မိန့်တော်မူပါ

  • မီးမီး သော်

    August 20, 2011 at 11:08 pm

    စောင့်ဖတ်ပါ့မယ့်။မိန့်တော်မူပါအရှင်။ဇာတိ၊ဇရာ၊ဗျာတိ၊မရဏ နဲ ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြပေးစေလိုပါသည်။

Leave a Reply