ဒီတစ်ခါ အမှတ်တရလေးတွေကတော့ အတင်းလေးတွေပါမယ်ထင်တယ် ၊ အနုပညာရှင် အချို့က အင်တာဗျူးမေးရင်တာ ပရိသတ်တွေအတွက်
အကောင်းဆုံးကြိုးစားနေပါတယ် ဘာတယ်ပြောပြီး တကယ်တမ်းမေးတော့ မကြိုက်ကြတာတွေလဲရှိတယ် ။ နွယ်ပင်အလုပ်လုပ်ခဲ့တဲ့ မဂ္ဂဇင်းမှာ
ပရိသတ်တွေက ရေးတဲ့စာတွေကို Celebrity တွေကပြန်ဖြေပေးရတဲ့ ကဏ္ဍာလေး၇ှိပါတယ် ပရိသတ်တွေဆီက တိုက်ရိုက်ရေးပေးတဲ့စာတွေကို
ပြပြီး သူတို့ဖြေပေးထားတာတွေကို စာမျက်နှာထက်မှာ ပြန်လည်ဖော်ပြပေးထားတာပေါ့ ။ အဲဒီမှာ တနလာင်္နံနဲ့ စပြီး နာမယ် (3) လုံးပါတဲ့ မင်သမီးလေးဆီကို ပရိသတ်က စာရေးတော့ သူကို့ပြန်ဖြေပေးဖို့ ဖုန်းဆက်တော့ ရှူတင်ကိုလာခဲ့ပါဆိုတော့ မနက် (12း00) နာ၇ီလောက်
ကသွားတာ မင်းသမီးရဲ့ အခန်းတွေရိုက်နေတာ ထိုင်စောင့်နေရတယ် (ရိုက်တာကလည်း ကားကြီးဆိုတော့ အကြိမ်ကြိမ်ရီဟာဇယ် လုပ်ပြီးမှ
ရိုက်တာကိုတွေ့ရပါတယ် ) မင်းသမီးက သူ့အခန်းပြီးလို့ ဖြေပေးမလားဆိုတော့ ခဏလေးနော်ညီမဆိုပြီး တစ်ခြား သရုပ်ဆောင်တွေနဲ့ စကားပြောနေတာနဲ့ ညနေ (5) နာ၇ီထိုးအထိစောင့်ပြီးမှ မေးခဲ့ရတဲ့ အင်တာဗျူးလေးပေါ့ ဒီအထိ မင်းသမီးကို စိတ်ထဲမှာ ဘယ်လိုမှမနေပဲ ကားကြီးရိုက်နေလို့ အမှားပါမှာဆိုးလို့ တမင်မဖြေပေးဘဲနေတာ နေမှာပါဆိုပြီးနေပင်မယ့် အင်တာဗျူးလဲ စလုပ်ရရော မင်းသမီးက ပရိသတ်ပေးတဲ့ စာကို ဖတ်ပြီး စိတ်မပါသလို ဒါကတော့ ဒီလိုပါပေါ့ ဟိုကဟိုလိုပါပေါ့ဆိုပြီး ဖြေနေတော့ တကယ်ပဲ စိတ်ထဲ မကောင်းလိုက်တာ နောက်ဆုံးအနေနဲ့ စာရေးတဲ့ ပရိသတ်က သူ့အတွက် စကားလက်ဆောင်လေးပါးလိုက်ပါဦးဆိုတော့ ညီမရယ် ဖြေနေကြအတိုင်းသာ ရေးလိုက်ပါ ညီမရေးတက်ပါတယ် အားပေးပါဦးတို့ ကျေးဇူးတင်ပါတယ်တို့ပေါ့ဆိုပြီး ပြောတယ်လေ ဒါကပရိသတ်တွေက သူတို့ရှင်ထမင်း၇ှင်ပါ သူတို့အတွက် အဓိကကပါဆိုတဲ့ မင်းသမီးလေးရဲ့ အဖြေနော် ………
နောက်တစ်ယောက်ကျတော့လဲ မင်းသား ။ဒီကဏ္ဍာအတွက်ပဲ စာလာလို့သွားမေးတာ အဲလိုပဲ ရှူတင်မှာပဲ မဖြေပေးတာတော့ မဟုတ်ဘူး..
သူက မြန်မာစာဖတ်တာ မကျွမ်းကျင်လို့ ဖတ်ရင်ကြာမှာမို့လို့တဲ့ သူ့အမေကို ဖြေခိုင်းလိုက်ပါတဲ့ အဲတော့ အမေက သားကိုယ်စား ပရိသတ်အတွက် တာဝန်ကျေအောင် သေသေချာချာလေးဖြေပေးခဲ့တယ် ။ သူ့ပရိသတ်ကတော့ မင်းသားကိုယ်တိုင်ဖြေတယ်လို့တွေးမိမှာပဲ ။ မြန်မာပြည်မှာနေပြီး မြန်မာစာကိုကျွမ်းကျွမ်းကျင်ကျင် မဖတ်တက်တဲ့ မင်းသားလေက ကြာသာပတေးနံနဲ့စပြီး နာမယ်က (3) လုံးပါ ။ နောက်မင်းသမီးလေးကတော့ အခုဆိုရင် ကလေးနှစ်ယောက် မိခင်ဖြစ်နေပါပြီ ဒါပေမယ့် အဲ့အချိန်ကတော့ သူကို အချစ်ရေးမေးရင် အရိပ်အမြွတ်လောက်ပြောဖို့နေနေသာသာ မေးလိုက်တိုင်း “…….. နှာစေးနေတယ်လို့ ” ဖြေတက်လို့ နောက်တစ်ခေါက်သွားမေးရင် နှာစေးပျောက်စေးဝယ်ရမယ်လို့ မှတ်ချက်ချလောက်တဲ့ အထိပါပဲ … နွယ်ပင်အင်တာဗျူးခဲ့တဲ့ အမှတ်တရတွေထဲမှာ ဒီလို Celebrity တွေရဲ့ အတင်းလေးတွေကလည်း အခုချိန်ထိ အမှတ်တရအဖြစ် သတိရနေမိတက်ပါတယ် ။
နောက် သတိရမိတဲ့ အကြောင်းလေးက ဝတ္တူကို ပါးစပ်နဲ့ပြောပြီး လက်တန်းရေးပေးတဲ့ တကယ့် ပါရမီရှင်မင်းသားရဲ့ အကြောင်းလေးပါ …
ဆက်ရန် …………

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..