ကျွှန်မ ဘဝရဲ့ အမှတ်တရ များထဲက အမှတ်တရများ (3)

နွယ်ပင်August 19, 20111min22827

ဒီတစ်ခါ အမှတ်တရလေးတွေကတော့ အတင်းလေးတွေပါမယ်ထင်တယ် ၊ အနုပညာရှင် အချို့က အင်တာဗျူးမေးရင်တာ ပရိသတ်တွေအတွက်
အကောင်းဆုံးကြိုးစားနေပါတယ် ဘာတယ်ပြောပြီး တကယ်တမ်းမေးတော့ မကြိုက်ကြတာတွေလဲရှိတယ် ။ နွယ်ပင်အလုပ်လုပ်ခဲ့တဲ့ မဂ္ဂဇင်းမှာ
ပရိသတ်တွေက ရေးတဲ့စာတွေကို Celebrity တွေကပြန်ဖြေပေးရတဲ့ ကဏ္ဍာလေးရှိပါတယ် ပရိသတ်တွေဆီက တိုက်ရိုက်ရေးပေးတဲ့စာတွေကို
ပြပြီး သူတို့ဖြေပေးထားတာတွေကို စာမျက်နှာထက်မှာ ပြန်လည်ဖော်ပြပေးထားတာပေါ့ ။ အဲဒီမှာ တနလာင်္နံနဲ့ စပြီး နာမယ် (3) လုံးပါတဲ့ မင်သမီးလေးဆီကို ပရိသတ်က စာရေးတော့ သူကို့ပြန်ဖြေပေးဖို့ ဖုန်းဆက်တော့ ရှူတင်ကိုလာခဲ့ပါဆိုတော့ မနက် (12း00) နာရီလောက်
ကသွားတာ မင်းသမီးရဲ့ အခန်းတွေရိုက်နေတာ ထိုင်စောင့်နေရတယ် (ရိုက်တာကလည်း ကားကြီးဆိုတော့ အကြိမ်ကြိမ်ရီဟာဇယ် လုပ်ပြီးမှ
ရိုက်တာကိုတွေ့ရပါတယ် ) မင်းသမီးက သူ့အခန်းပြီးလို့ ဖြေပေးမလားဆိုတော့ ခဏလေးနော်ညီမဆိုပြီး တစ်ခြား သရုပ်ဆောင်တွေနဲ့ စကားပြောနေတာနဲ့ ညနေ (5) နာရီထိုးအထိစောင့်ပြီးမှ မေးခဲ့ရတဲ့ အင်တာဗျူးလေးပေါ့ ဒီအထိ မင်းသမီးကို စိတ်ထဲမှာ ဘယ်လိုမှမနေပဲ ကားကြီးရိုက်နေလို့ အမှားပါမှာဆိုးလို့ တမင်မဖြေပေးဘဲနေတာ နေမှာပါဆိုပြီးနေပင်မယ့် အင်တာဗျူးလဲ စလုပ်ရရော မင်းသမီးက ပရိသတ်ပေးတဲ့ စာကို ဖတ်ပြီး စိတ်မပါသလို ဒါကတော့ ဒီလိူပါပေါ့ ဟိုကဟိုလိုပါပေါ့ဆိုပြီး ဖြေနေတော့ တကယ်ပဲ စိတ်ထဲ မကောင်းလိုက်တာ နောက်ဆုံးအနေနဲ့ စာရေးတဲ့ ပရိသတ်က သူ့အတွက် စကားလက်ဆောင်လေးပါးလိုက်ပါဦးဆိုတော့ ညီမရယ် ဖြေနေကြအတိုင်းသာ ရေးလိုက်ပါ ညီမရေးတက်ပါတယ် အားပေးပါဦးတို့ ကျေးဇူးတင်ပါတယ်တို့ပေါ့ဆိုပြီး ပြောတယ်လေ ဒါကပရိသတ်တွေက သူတို့ရှင်ထမင်းရှင်ပါ သူတို့အတွက် အဓိကကပါဆိုတဲ့ မင်းသမီးလေးရဲ့ အဖြေနော် ………
နောက်တစ်ယောက်ကျတော့လဲ မင်းသား ။ဒီကဏ္ဍာအတွက်ပဲ စာလာလို့သွားမေးတာ အဲလိုပဲ ရှူတင်မှာပဲ မဖြေပေးတာတော့ မဟုတ်ဘူး..
သူက မြန်မာစာဖတ်တာ မကျွမ်းကျင်လို့ ဖတ်ရင်ကြာမှာမို့လို့တဲ့ သူ့အမေကို ဖြေခိုင်းလိုက်ပါတဲ့ အဲတော့ အမေက သားကိုယ်စား ပရိသတ်အတွက် တာဝန်ကျေအောင် သေသေချာချာလေးဖြေပေးခဲ့တယ် ။ သူ့ပရိသတ်ကတော့ မင်းသားကိုယ်တိုင်ဖြေတယ်လို့တွေးမိမှာပဲ ။ မြန်မာပြည်မှာနေပြီး မြန်မာစာကိုကျွမ်းကျွမ်းကျင်ကျင် မဖတ်တက်တဲ့ မင်းသားလေက ကြာသာပတေးနံနဲ့စပြီး နာမယ်က (3) လုံးပါ ။ နောက်မင်းသမီးလေးကတော့ အခုဆိုရင် ကလေးနှစ်ယောက် မိခင်ဖြစ်နေပါပြီ ဒါပေမယ့် အဲ့အချိန်ကတော့ သူကို အချစ်ရေးမေးရင် အရိပ်အမြွတ်လောက်ပြောဖို့နေနေသာသာ မေးလိုက်တိုင်း “…….. နှာစေးနေတယ်လို့ ” ဖြေတက်လို့ နောက်တစ်ခေါက်သွားမေးရင် နှာစေးပျောက်စေးဝယ်ရမယ်လို့ မှတ်ချက်ချလောက်တဲ့ အထိပါပဲ … နွယ်ပင်အင်တာဗျူးခဲ့တဲ့ အမှတ်တရတွေထဲမှာ ဒီလို Celebrity တွေရဲ့ အတင်းလေးတွေကလည်း အခုချိန်ထိ အမှတ်တရအဖြစ် သတိရနေမိတက်ပါတယ် ။
နောက် သတိရမိတဲ့ အကြောင်းလေးက ဝတ္တူကို ပါးစပ်နဲ့ပြောပြီး လက်တန်းရေးပေးတဲ့ တကယ့် ပါရမီရှင်မင်းသားရဲ့ အကြောင်းလေးပါ …
ဆက်ရန် …………

27 comments

  • weiwei

    August 19, 2011 at 10:12 am

    မြန်မြန်ဆက်ရေးပါဗျို့ … အတင်းအဖျင်းတွေပါတော့ စိတ်ဝင်စားစရာပိုကောင်းတယ် …
    ခွေးမကြောက်တော့ဘူးထင်တယ်နော် … ဘော်ဒီဂတ်အကြောင်း မပါတော့ဘူး … 😛

    • နွယ်ပင်

      August 19, 2011 at 11:59 am

      မဝေရေ ခွေးကရူတင်ဆိုတော့ ကြောက်ရတော့ဘူးလေ ဘောဒီဂတ်က နေရာတိုင်းမလိုက်ပေးဘူး
      တစ်ယောက်ထဲ မသွားရဲမလာရဲ့မှာ ဆိုးလို့တဲ့လေ… ဒါပေမယ့် ရူတင်ကခွေးမရှိပင်မယ့် (ရှိရင်လဲ လူများတော့ခွေးကို လှောင်ထားတက်တယ် ) မျက်လုံးအကြည့်ဒဏ်တော့ တော်တော်ခံရတယ် 🙂

  • Foreign Resident

    August 19, 2011 at 10:27 am

    တနလာင်္နံနဲ့ စပြီး နာမယ် (3) လုံးပါတဲ့ မင်သမီးလေး ??? 🙁
    မင်းသားလေက ကြာသာပတေးနံနဲ့စပြီး နာမယ်က (3) လုံးပါ ??? 🙁
    နောက်မင်းသမီးလေးကတော့ အခုဆိုရင် ကလေးနှစ်ယောက် မိခင်ဖြစ်နေပါပြီ ??? 🙁

    နွယ် ပင် or somebody please ????? ;(

    • နွယ်ပင်

      August 19, 2011 at 10:45 am

      တနလာင်္နံနဲ့ စပြီး နာမယ် (3) လုံးပါတဲ့ မင်သမီးလေးက အခုဆိုရင် သူက ကလေးတစ်ယောက်မိခင်ပါ သူ့ကလေးက တော်တော်ကြီးနေပြီလေ သူ့ကလေးကိုမွေးတုန်းက ပေါင်မပြည့်ဘူးလေ ကလေးက မိန်းကလေးပါ
      မင်းသားလေးက ကြာသာပတေးနံနဲ့စပြီး နာမယ်က (3) လုံးပါတယ်လေ သူအဖေက နာမယ်ကြီး အဆိုတော်လေ အခုသူ့မိသားစုက နိုင်ငံခြားမှာဆိုတော့ သူကတစ်ယောက်တည်းနေတယ်လေ သူကတော့ လူပျိုပါ …
      အခုဆိုရင် ကလေးနှစ်ယောက် မိခင်ဖြစ်နေမင်းသမီးက အခု ရုပ်ရှင်မရိုက်တော့ဘူးလေ နောက် အရမ်းလဲ ဝနေတယ် သူ့မောင်က ရုပ်ရှင်ရိုက်နေတယ်လေ .. သူတို့မှာ ရုပ်ရှင်ထုတ်လုပ်ရေးလဲ
      ရှိပါတယ်

      • pan pan

        August 19, 2011 at 10:57 am

        တနင်္လာနံမင်းသမီးက ခိုင်သင်းကြည်
        မင်းသားက မိုးအောင်ရင်
        ဟုတ်မဟုတ်တော့သိဘူး
        မှန်းချလိုက်တာ

      • hmee

        August 19, 2011 at 3:24 pm

        ၁. ခိုင်သင်းကြည်
        ၂. မိုးအောင်ရင်
        ၃. နန္ဒာလှိုင်
        ထင်တာပြောတာ။ 🙂

      • thit min

        August 19, 2011 at 7:50 pm

        1.သူက မြန်မာစာဖတ်တာ မကျွမ်းကျင်လို့ ဖတ်ရင်ကြာမှာမို့လို့တဲ့ သူ့အမေကို ဖြေခိုင်းလိုက်ပါတဲ့ အဲတော့ အမေက သားကိုယ်စား ပရိသတ်အတွက် တာဝန်ကျေအောင် သေသေချာချာလေးဖြေပေးခဲ့တယ် ။…………………..

        2.အခုသူ့မိသားစုက နိုင်ငံခြားမှာဆိုတော့ သူကတစ်ယောက်တည်းနေတယ်လေ သူကတော့ လူပျိုပါ ………….

        မနွယ်ပင်ရေ ရှင်းပါဦး ………………တစ်ယောက်တည်းနေတယ်//သူ့အမေကို ဖြေခိုင်းလိုက်ပါ

        • နွယ်ပင်

          August 20, 2011 at 9:22 am

          အဲ နွယ်ပင်ရေးတာ နည်းနည်းရှုပ်သွားတယ်ထင်တယ်နော်
          ပြောချင်တာက အင်တာဗျူးလုပ်တုန်းက သူ့အမေတို့ မိသားစုတို့ကရှိတုန်းပဲ
          သိပ်မကြာသေးတဲ့ အချိန်ကာကမှ သူ့မိသားစုက နိုင်ငံခြားထွက်သွားတာပါ
          အဲလိုပြောချင်တာပါနော် ……….

  • pan pan

    August 19, 2011 at 10:29 am

    အဲဒီလိုကိစ္စမနေ့ကတောင် အိမ်မှာမောင်လေးနဲ့ပြောဖြစ်သေးတယ်
    တချို့အဆိုတော်တွေ၊ သရုပ်ဆောင်တွေက ငွေနဲ့ကျော်ကြားမှုလိုချင်လို့ ဒီအလုပ်ကိုလုပ်ကြတာပဲ
    အနုပညာကို တကယ်နှစ်သက်တာမှမဟုတ်တာ
    အဲဒီတော့ ဟိုစပ်စပ်ဒီစပ်စပ် ဘာမှဟုတ်တိပတ်တိမတတ်တဲ့ လိုင်းကြောင်တွေလည်းပါတာပေ့ါ
    အင်း………အတင်းအတင်း
    မကောင်းပြောတော့ အတင်းတဲ့
    သူ့တို့တွေက ပရိသတ်အတွက်ပါဆိုပြီး သူတို့အတွက်ပဲလုပ်ယူသွားတဲ့လူတွေ တပုံကြီး
    မနွယ်ပင်ရေ ဆက်ပါဦး နောက်တစ်ပိုင်း

  • windtalker

    August 19, 2011 at 10:54 am

    နေ ့နံ တွေ နဲ ့ အစဖော်ပေးထားတဲ့
    အတိတ်စိမ်းတွေ ကို
    အဖြေညှိလို ့ကို မရဘူး
    ပန်းပေးပါပြီ…
    အဖြေပေးပါတော့ မနွယ်..

    • နွယ်ပင်

      August 19, 2011 at 12:04 pm

      မေပေါင်ကတာ အတိတ်စိမ်းတွေကို မသိတာ သိတဲ့သူတွေက သိနေကြပြီနော် ..
      သူတို့ပြောတဲ့ အဖြေလေးတွေက မှန်နေတာဆိုတော့ နွယ်ပင်ပြောပြစရာတောင် မလိုတော့ပါဘူး ..

  • ကြောင်ကြီး

    August 19, 2011 at 11:03 am

    တနင်္လာနံနဲ့စ၊ အင်္ဂါနံအလယ်၊ ဗုဒ္ဓဟူးနဲ့ကြာသာပတေးနံရံထား၊ သောကြာနံပိတ်ပြီး စနေနဲ့တနင်္ဂနွေနံ မစခင်နဲ့ အဆုံးအပြီးမှာ ရှိတဲ့ နာမည်ကြီး လျှမ်းလျှမ်းတောက် အနုပညာသည်အကြောင်း သိချင်ရင် စဉ်းစားလို့ရတဲ့ နာမည်တခုပေးပြီး ကြောင်ကြီးထံ ဆက်သွယ်ပါဗျို့…။

  • Shwe Tike Soe

    August 19, 2011 at 11:08 am

    မြန်မာစာ သိပ်မဖတ်တတ်ဘူးဆိုတဲ့ မင်းသား တော်တော် ဆိုးတယ်..
    သူ က ဂျပန်အဆင်း အင်္ဂလိပ်အတက်မှာမွေးတာနဲ.တူတယ်နော်………

  • nozomi

    August 19, 2011 at 11:24 am

    ဖတ်လို့ ကောင်းပါတယ်

    နာမည်ကျော်တွေရဲ့ သရုပ်အမှန်က ဒီလိုမှပဲ သိရမှာ

  • Shwe Ei

    August 19, 2011 at 12:00 pm

    ကလေးနှစ်ယောက်မိခင်က နံဒါလှိုင်ပေါ့နော်။

  • ဆူး

    August 19, 2011 at 12:02 pm

    ပေါ့ပေါ့ ပါးပါးသာ ဖတ်လိုက်တာ.. နာမည် အစ တွေ ပေးထားတော့ လိုက်တွေးမိနေတယ်။
    ဘယ်သူတွေလဲလို့.. ဟိဟိ.. ဆက်လုပ် ဆက်လုပ်.. အားပေးနေမယ်။

  • zawmyothu

    August 19, 2011 at 12:07 pm

    တစ်ချို.စာစောင်တွေမှာ celebrity တွေရဲ.ဓါတ်ပုံတွေပါဖေါ်ပြတာတွေ.ရတယ်
    ဓာတ်ပုံတွေကရော သူတို.ခွင်.ပြုချက်နဲ. ထည်.တာလားဗျ
    မဟုတ်ရင် လှတဲ.ပုံ မထည်.ပဲမလှတဲ.ပုံ ထည်.တာ ဘာညာ ကိစ္စလေးတွေရော ရှိသေးလားဗျ။

    • နွယ်ပင်

      August 19, 2011 at 12:15 pm

      စာစောင်တွေထည့်တာ ကျတော့ သူတို့ ခွင့်ပြုချက်ရပြီးမှ ထည့်တာများပါတယ်
      တစ်ခါတစ်လေ သူတို့ထည့်စေချင်တဲ့ ပုံလေးတွေဆိုလဲ သူတို့ပေးပါတယ်
      လှတဲ့ပုံထည့်တာနဲ့ မထည့်တာအကြောင်းရှိသေးတယ် နောက်ပိုစ့်တင်မှပြောပြတော့မယ် …

  • meelay

    August 19, 2011 at 12:20 pm

    နန္ဒာလှိုင် နဲ့ မိုးအောင်ရင် ပေါ့ ………… နောက်ပို့စ်တွေကိုလဲ မြန်မြန်တင်ပေးနော် …… စောင့်နေမယ် ….

  • moonpoem

    August 19, 2011 at 12:21 pm

    နန္ဒာလှိုင်က စနေ သမီးမဟုတ်ဘူးလားဟင် ။

  • etone

    August 19, 2011 at 1:25 pm

    ခိုင်သင်းကြည်နဲ့ နန္ဒာလှိုင်ကတော့ ဟုတ်ပါပြီ .. ဟိုစာမဖတ်တတ်တဲ့ကောင်က ဘယ်သူတုန်း

  • MaMa

    August 19, 2011 at 2:00 pm

    ရွာထဲမှာလည်း ပဟေဠိဖွက်တမ်း ကစားလို့ရပြီ။
    😛

  • နွယ်ပင်

    August 19, 2011 at 2:11 pm

    အမှန်တော့ ပဟေဠိဖွက်တာ မဟုတ်ပင်မဲ့ Celebrity တွေရဲ့ အတင်းတွေလိုဖြစ်နေလို့ နာမယ်တွေထည့်မပြောချင်လို့ အဲလိုရေးလိုက်မိတာကနေ ဖြစ်သွားရတာပါ အန်တီ မမရယ် ….

    • R Ga

      August 19, 2011 at 2:36 pm

      ဘာမှမဖြစ်ဘူး ဘယ်သူမှတရားမဆွဲဘူး အတင်းလည်း နာမည်ထည့်ပြောလို့ရတယ် ပြောသာပြော…။

  • thit min

    August 19, 2011 at 5:13 pm

    တနလာင်္နံနဲ့ စပြီး နာမယ် (3) လုံးပါတဲ့ မင်သမီးလေးဆိုရင် .. နန္ဒာလှိုင်က မဟုတ်ဘူး….ဘယ်သူတုန်းပြောပြ
    နော်။

  • ဒီမယ် ရမစ်မစ်
    နာမည်ထည့်မပြောတာက ထည့်ပြောတာထက်ပိုခံရခက်တယ်ဆိုတာသိလား။
    တော်ပြီး ညည်းနဲ့ငါ ဗျူးဗျဲုလုပ်ပြီး ကြော်ငြာမယ်ဆိုတဲ့ အစီအစဉ်ဖျက်လိုက်ပြီ.
    ညည်းကနောက်မှ ပို့စ်တွေရေးမှာလေ………………

  • ရွှေအိမ်စည်

    August 20, 2011 at 1:22 pm

    ကောမက်ရေးဖို ့ကောမက်တွေ လိုက်ဖတ်နေရတာနဲ ့တင်….
    တခါတခါ..ပိုစ် ့ဆိုလိုရင်းတောင်မေ ့တယ်..
    တို ့ကလည်းစပ်စုတာလွန်ပါရော..တပင်ထဲ နွယ်ရေ..ဆက်ရေးဆက်ရေး
    စပ်စုတာဝါသနာပါတယ်

Leave a Reply