CMP အတွက် အဆိုးနဲ့အကောင်း..။။

လက်တို့ပြီးပြောပရစေ…။။။

ဒီရက်ပိုင်းတော့  ဒေါ်လာဈေးတွေကလဲ ထိုးကျလိုက်တာ အဝီစိရောက်လုနီးနီးပါပဲ
လက်ခစားလုပ်ကိုင်နေကြတဲ့ CMP လုပ်ငန်းရှင်များအတွက်ကတော့ Nov လနဲ့ ,Dec လများအတွက်
လက်ခစားချုပ်လုပ်ဘို့ အော်ဒါပြတ်လုပြတ်ခင် ဖြစ်နေကြ ပြီး တစ်ချို့     Garment  တွေကတော့ ထိုလများ
အတွက်အော်ဒါလုံးဝ မရှိဘဲဖြစ်နေကြလို့  Local ဘက်က ရမယ့်အော်ဒါတွေကို လိုက်ကမ်းလှမ်းနေကြရပါတယ်
ယခင်လများက Garment တော်တော်များများ ဂျပန်အော်ဒါများ ရရှိကြပေမယ့်  Main Buyer များဆီက တိုက်ရိုက်
ရရှိ ကြခြင်းမဟုတ်ပဲ ၎င်းအော်ဒါများဟာ တစ်ဆင့်ခံ Buyer  ကြားခံနေပြီး   ကြားခံ Buyer များဟာ ကိုရီးယားဆိုဒ်က
လူတွေများပါတယ် ….။။။
Nov လနဲ့ ,Dec လများအတွက် အော်ဒါရှားပါးရခြင်းကတော့  ဒေါ်လာဈေးနဲ့ သက်ဆိုင်နေပါတယ် ဒေါ်လာဈေး 2011ခု
နောက်ပိုင်းလများအတွင်းစံချိန်တင် ကျဆင်းလာတာကြောင့်  Garment တော်တော်များများဟာ လုပ်သားလုပ်ခလစာ
ငွေကြေးအတွက် လက်ခစားချုပ်ခ  CMP ကိုတိုးမြှင့်တောင်းဆိုလာခြင်းကြောင့်  တစ်ဆင်ခံ Buyer များအနေနဲ့ တိုးမြှင့်
ပေးနိုင်ဘို့ အတွက် ဆိုရင်   သူတို့အမြတ်အစွန်းနည်းပါးနိုင်မှုနဲ့ ချုပ်လုပ်မှု ကွားလတီ  ကိုချိန်ညှိပြီး  အသင့်အတင့်သာရှိတဲ့
မြန်မာကို လက်ရှောင်လိုက်ကြပါတယ်  Nov လနဲ့ ,Dec လများအတွက် ရရှိမယ်အော်ဒါအများစုဟာ  တရုပ်/ဗီယက်နန် နဲ့
သီရိလင်္ကာ များကိုရောက်ရှိသွားကြပါတယ်….။။။။။
ဒီနေ့နံနက် BBC ,VOA သတင်းဌာနများမှ အထည်ချုပ်ဥက္ကဌ ဦးမြင့်စိုး (ချင်းတွင်းတံခွန်) နဲ့ ဖုန်းနှင့် တွေဆုံမေးမြန်မှု
များထုတ်လွင့်ရာမှာ ဝင်ငွေခွန် အားယခင် (10%) ဖြတ်တောက်ရာမှ (8%) သို့ လျှော့ချ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း
ထုတ်လွင့်သွားခဲ့ပါတယ်  ဝင်ငွေခွန်ပေးဆောင်နေရသူများ နှင့် CMP လုပ်ငန်းရှင်များအတွက်းသတင်းကောင်းတစ်ခုဖြစ်ပါကြောင်း။။
….။။။။သူကြီး တိုတိုလေးရေးလိုက်လို့ ပွိုင့်မပေးရင်လည်းရပါတယ်..ခင်ဗျား။။။

(။။။။။။။။။။။ဘီလူး။။။။။။။။)

16 comments

  • etone

    August 19, 2011 at 3:47 pm

    သူများ စီအမ်ပီတွေကတော့ ဘယ်လိုနေလဲမသိဘူး … .ဒီမှာတော့ အော်ဒါကောင်းမှကောင်းပဲ…. ။
    စက်ရုံ နှစ်ရုံရှိရာကနေ …နောက်တရုံတောင် ထပ်ဝယ်ထားသေးတယ် … အဲ့ဒီလိုကို အလုပ်ဖြစ်နေတာ … အော်ဒါတွေက ကိုရီးယား ၊ ချိုင်းနား နဲ့ အီတလီ ၊ ဂျာမဏီတွေချည်းပဲ … အာဂျင်တီးနားလည်း နည်းနည်းရှိတယ် … ကိုင်း … ဘယ်လိုပြောမလဲ 🙄

    • ogre

      August 19, 2011 at 4:08 pm

      MAIN BUYER နဲ့ တိုက်ရိုက်ချိတ်ဆက် ရယူလုပ်ကိုင်ကြတဲ့
      ကုမ္ပဏီ ကတော့ တစ်နှစ်စာ ရယူထားနိုင်ရင်သော်လည်းကောင်း
      နှစ်ကြိုစာချုပ်နှင့်သော်လည်းကောင်း ရယူထားကြရင်ပြသနာရှိမှာ မဟုတ်ပေမယ့်
      စာချုပ် စဉ်က cmp လက်ခနဲ့ ယခုလက်ရှိပေါက်ဈေး cmp လက်ခကိုနှိုင်းယှဉ်လိုက်ရင်
      ဒေါ်လာဈေးကျ ဆင်းခြင်းကြောင့် မရှုံးတောင် မမြတ်ဘဲ လုပ်ခလစာတွေနဲ့ အခြားအသုံး
      စရိတ်တွေ လောက်သာကာမိနိုင်ပါတယ်

  • nozomi

    August 19, 2011 at 4:44 pm

    “ဝင်ငွေခွန် အားယခင် (10%) ဖြတ်တောက်ရာမှ (8%) သို့ လျှော့ချ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း”

    ၁၀% ကနေ ၂% ထိလျှော့တာပါ ဆရာရဲ့
    မနေ့က သတင်းမှာလဲ ပြော ဒီနေ့ သတင်းစာမှာလဲ ပါပါတယ်

    • ogre

      August 19, 2011 at 5:30 pm

      ကျုပ်ပဲနားကြားလွဲလေးသလားမသိဘူးဗျာ
      2% ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့

  • moonpoem

    August 19, 2011 at 4:47 pm

    ဒေါ်လာဈေးကို ၉၀ဝ အတိနဲ ့လိုလို ၅၀ဝအတိနဲ ့လိုလိုသတ်မှတ်မယ်လို ့ကောလဟာလထွက်နေတယ်နော်
    ဘယ်ဈေးကမှန်မလဲတော့ မသိဘူး

    • ogre

      August 19, 2011 at 5:33 pm

      ဒေါ်လာဈေးမသတ်မှတ်ခင်မှာ Fec ပြည်တွင်းငွေ တွေဖျက်သိမ်းမယ်ကြားပါတယ်
      ဘယ်ဈေးနဲ့ ပြန်လဲ ပေးမှာလဲ ဒေါ်လာနဲ့လဲပေးမှာလား မြန်မာငွေနဲ့ပြန်လဲပေးမှာလား
      Fec ကိုဘယ်လောက်နဲ့ ဈေးဖြတ်ပြီးပြန်လဲပေးမလဲတော့မသိဘူး

      • maungmoenyo

        August 22, 2011 at 7:25 am

        ဘယ်ဈေးဘဲသတ်မှတ်သတ်မှတ်၊ FEC လက်ဝယ်ရှိသူတွေကြိတ်ငိုကြရတဲ့အချိန်ပေါ့။ တရားဝင်သတင်းကရှင်းပါတယ်။ ပေါက်ဈေးနဲ့ရှင်းပေးမယ်တဲ့….။ ဒါထက်လည်းသူကပိုပြီးကြေနပ်အောင်လုပ်ပေးနိုင်မဲ့ပုံမပေါ်ပါဘူး။

  • နွယ်ပင်

    August 19, 2011 at 4:58 pm

    ခုနက သူငယ်ချင်းတစ်ယောက်ပြောနေတာကတော့ 950 ဆိုလားပဲ
    သူကတော့ ပျော်နေလေရဲ့ သူ့ချစ်ချစ်က ဒေါ်လာစားဆိုတော့ ………..

  • nozomi

    August 19, 2011 at 5:42 pm

    မနေ့ က အဲဒီသတင်းကြားတယ် အမေရိကန် ဒေါ်လာကို ၉၅ဝ ၊ စင်ကာပူ ဒေါ်လာကို ၈၀ဝ သတ်မှတ်မယ်တဲ့ ကောလဟလ လား တကယ်လားတော့ မသိဘူး

    တကယ်သတ်မှတ် ခဲ့မယ်ဆို ဈေးကွက်မှာ လိုအပ်လာရင် တစ်ဒေါ်လာ ပေးတဲ့ လူတိုင်းကို ၉၅ဝ အချိန်မရွေးပြန်ပေး နိုင်မှ ဖြစ်မှာ သတ်မှတ်ရုံပဲ ဆိုရင်တော့ အစိုးရက အစိုးရ ဈေးကွက်က ဈေးကွက် ဖြစ်နေဦးမှာပဲ

    • ogre

      August 19, 2011 at 7:06 pm

      ဒီလိုဈေးနှုန်ဆိုရင်တော့ လုပ်ငန်းရှင်တွေအသက်ရှုချောင်နိုင်ပါတယ်

      • etone

        August 22, 2011 at 2:49 pm

        တော်သေးတာပေါ့ … ကိုးရာ့ငါးဆယ် သတ်မှတ်လည်း … ။
        အခုတောင် ဒေါ်လာက ခွက်ထိုးခွက်လန်သောက်သောက်လဲ ကျနေတာ … ခြောက်ရာ့ကိုးဆယ်တဲ့လေ … ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့… ငှီး … 😥

  • Thanlwinoo

    August 19, 2011 at 10:10 pm

    Ogre နဲ့ CMP သမားများအတွက်
    CMP Import & Export လုပ်ငန်းများကို
    ရန်ကုန်တစ်မြို့ထဲမှာတင် ပြီးပြတ်အောင်ဆောင်ရွက်နိုင်ပါစေ…။
    သက်ဆိုင်ရာ အစိုးရဌာနများနဲ့လည်း အဆင်ပြေပါစေ…။
    မီးမှန်မှန်လာပါစေ…။
    Order များ ရပါစေ…။

  • maungmoenyo

    August 22, 2011 at 7:28 am

    CMP ကမလျှောလလို့မရတော့ပါဘူး။ ရန်ကုန်က စက်မှုဇုံတွေအားလုံးက CMP ပေါ်မှာအခြေခံတဲ့ လုပ်ငန်းတွေမို့ပါ။ CMP ဟာ နိုင်ငံရဲ့ direct investment မှာအကြုံးမဝင်တဲ့ လုပ်ငန်းမျိုးမို့ စက်ရုံကြီးဘယ်လိုဘဲဟီးနေအောင်ဆောက်ထားပါစေ၊ နိ်ုင်ငံအတွက် နည်းပညာပိုင်းရော၊ GDP ကိုဘာမှအကျိုးဖြစ်ထါန်းစေခြင်းမရှိပါဘူး။
    ဒါပေမဲ့ လုပ်ငန်းရှင်တွေအတွက်ကတော့ ဆူလွယ်နပ်လွယ်၊ ငွေရလွယ်ဆိုတာယုံကြပါဗျာ။

  • မီးမီး သော်

    August 22, 2011 at 11:04 am

    အားလုံသော အောက်ခြေ ဝန်ထမ်းများဧ။် လုပ်အားခ များ ထိုက်တန်စွာရဖို ့ပို အရေးကြီးပါတယ်။လုပ်ငန်းရှင်တွေ ရှုံးပါစေ။ဆင်ပိန်ရင် ကျွဲလောက်တော့ ကျန်ဦးမှာပါ။ နေ ့စားဝန်ထမ်းတွေခမျာမှာ ဒေါ်လာလဲ မသိ အက်ဖ်အီးစီ လဲမသိပါဘူး။သူ ့တို ့ဘဝရဲ ့လူနေထိုင်မှုမြှင့်တင်ပေးဖို ့ပိုအရေးကြီးပါတယ်

    • etone

      August 22, 2011 at 2:52 pm

      မော်မော်သီးကတော့ လုပ်တော့မယ် … ။ အဲ့ဒီအလုပ်ရှင်တွေ ဒေါ်လာဈေးကျလို့ ပြန်ပြေးလျှင် ကျုပ်တို့အပါဝင် ….. အလုပ်သမားများစွာ အလုပ်လက်မဲ့ ထမင်းရည် လျှက်နေရမယ် … ။
      တကယ်ဆို နေ့စားတွေလစာကို ဒေါ်လာတွေ အက်ဖ်အီးစီတွေနဲ့ မပေးလို့မသိတာပါ …။ စက်ရုံပိုင်ရှင်က လူမျိုးခြားဆိုလျှင် ….တဆင့်ခံနာမည်ပေါက်ပိုင်ရှင်တွေက ဒေါ်လာကနေ မြန်မာငွေလဲပြီး … အလုပ်ခ ရှင်းပေးတာ …ဒါကြောင့် မိမိကိုယ်တိုင်က ဒေါ်လာစားနေပြီး စားမှန်းမသိတာလေးတွေ ဖြစ်သွားတတ်ပါသတဲ့ … 😀

  • moethidasoe

    August 22, 2011 at 12:10 pm

    မော်မော်သီးရယ် .. လုပ်ငန်းရှင်တွေ ရှုံးရင် သူတို့က အောက်ခြေ လူတွေရမယ့် အစုအဖို့ထဲက ဖြတ်မှာ
    ဒါကြောင့် ဘယ်လုပ်ငန်းမှ ရှုံးလို့ မဖြစ်သေးဘူးလေ ..
    ဘာကြောင့်ပဲ ငွေကြေး မငြိမ်ပါစေ .. ကုန်ဈေးနှုန်းတွေ မတည်ငြိမ်လို့ .. ခံရမယ့်လူက အောက်ခြေ (သူတောင်းစားခွက်ပျောက်တယ်လို့ ခပ်ကြမ်းကြမ်း ဥပမာပေးလို့ရတယ်) အပေါ်လူတွေက မော်မော်သီး ရေးထားသလို ဆင်ပိန် ကျွဲ ပဲ

Leave a Reply