ကျနော်သူငယ်ချင်းတစ်ယောက်က ပညာရေးနဲ.ဆိုင်တဲ. ကူညီမှုတွေလုပ်ပေးနေတဲ. ပရဟိတ အဖွဲ.လေးပါ။ ဘယ်ကမှ ထောက်ပံ့ကြေးတွေ ၊ ၀င်ငွေတွေမရပဲ သူရဲ.ရင်းနှီးတဲ.မိတ်ဆွေတစ်ချို. နဲ. အဖွဲ.ထဲက member တွေ၇ဲ. လစဉ်ကြေးလေးတွေ ၊ သူ၇ဲ.ကိုယ်ပိုင်ဝင်ငွေထဲက ၃ ပုံ ၁ ပုံကို ထည်.၀င်ပြီး လုပ်ဆောင်ကူညီပေးနေကြတာပါ။ ဒီလို အသင်းအဖွဲ.လေးတွေ ပေါ်လာတာ ၊ လူငယ်တွေ စုစုစည်းစည်း နဲ.အလုပ်လုပ်တတ် လာတာ ၊ ကူညီချင်စိတ်၇ှိလာတာဟာ ကောင်းတဲ.လက္ခဏာ လို. ကျနော်မြင်မိတယ်။ ဒါပေမယ်. ခက်နေတာက ဒီလိုအဖွဲ.လေးတွေက ကိုယ်.စေတနာနဲ. ကိုယ်လုပ်နေတာမှန်ပေမယ် တရားဝင်မဟုတ်တဲ.အတွက် အကျိုးပြုလုပ်ငန်းတွေလုပ်ကြတဲ.အခါ နှောက်ယှက်တာတွေ ခဏခဏကြုံကြံနေရသလို အချို.ဟာတွေကလဲ သင်ကြားမှုတွေလုပ်ကြတဲ.အခါ အဆင်မေပြေပြန်ဘူး။ ဥပမာ နယ်ဘက်တွေစာလိုက်သင်တဲ.အခါ ရွာလူကြီးက ကြံ့ဖွတ်ဖြစ်နေတော. “ မင်းတို.က ဘာတွေလဲ၊ ဘယ်အဖွဲ.လဲ၊ တရားဝင်အဖွဲ.လား” ဆိုတာတွေပေါ.။ သူတို. စိတ်မကြည်ရင် လုံးဝကို ပေးမလုပ်တော.တာ။ ကျနော်အထင်တော. သူတို.မလုပ်ပေးနိုင်တာတွေကို လိုက်လုပ်ပေးရင် သူတို.မူအရ ဘယ်သူလုပ်လုပ်ကြည်မယ်မထင်ဘူး။ နောက်တစ်ခုက နယ်မြေခံလူထု…..။ နယ်မြေခံလူထုကလဲ တရားဝင်အဖွဲ.မဟုတ်ရင် “ ဒါ နိုင်ငံရေးလား၊ စည်းရုံးရေးဆင်းနေတာလား” ဆိုတဲ. အတွေးနဲ. နဲနဲတွန်.သွားပြန်ရော။ ကူညီတဲ.အဖွဲ.ဘက်ကကြည်.ပြန်တော.လဲ စေတနာအလျောက် အပင်ပန်းခံကူညီပေးတာကို နှေက်ယှက်ခံနေရရင် ။ နယ်မြေခံလူထု၇ဲ ယုံ့ကြည်မှုမရရင် ကြာတော. စိတ်ဓာတ်ပါကျသွားနိုင်တယ်။ … ဒါဆို ..တရားဝင်မှတ်ပုံတင်ပြီး Local NGO အဖြစ်ရပ်တည်မလား….? ဒီအတိုင်းပဲ ဆက်သွားနေမလား ?….

၁။ ပုံမှန် ပရဟိတအဖွဲ.အနေနဲ.ပဲ ဆက်သွားမယ်ဆိုရင်..

—အကျိုးပြုလုပ်ငန်ေးတွလုပ်တဲ.အခါ အနှောက်အယှက်ပေးတာ ခံရနိုင်တယ်။ ဒီလိုမျိုးကြုံလာရင်လဲ အဖွဲ.က တရားဝင်မဟုတ်တဲ.အတွက် ပြောပိုင်ခွင်. သိပ်ရှိမယ်မထင်ဘူး..။ ကြာရင် member တွေရဲ.လုံခြုံရေးပါ ထိခိုက်လာနိုင်တယ်။

—နယ်ခံလူထုက နိုင်ငံရေးနဲ.ရောပြီး အဖွဲ.အပေါ်ယုံကြည်မှုမရနိုင်ပါ။( ဒါကလဲ ပြည်သူတွေအကြောက်တရား နှစ် ၂၀ ကျော်ဆိုတော. ပြောရတာ အခက်သားဗျ)

—ဒီအတိုင်းဆက်သွားရင် လုပ်ငန်းလုပ်တဲ.အခါ စိတ်သွားတိုင်းကိုယ်မပါ၊ သိပ်မတွင်ကျယ်ပဲ ဖြည်းဖြည်းပဲ သွားနိုင်ပါလိမ်.မယ်။ ဒါဆိုးကျိုးပါ….ကောင်းကျိုးတွေအနေနဲ.က….

—မသိမသာလုပ်နေတဲ.အတွက် အာဏာပိုင်တွေအနေနဲ. သိပ်သတိမထားမိနိုင်ဘူး။ ဒါဆို အဖွဲဝင်တွေရော အားလုံးအတွက်ပါ အန္တရာယ်ကင်းးမယ်။ ဖြည်းဖြည်းမှန်မှန် ဆက်လုပ်နေနိုင်မယ်။

—တရားဝင် LNGO အဖြစ်မှတ်ပုံမတင်တဲ.အတွက် ကျနော်တို. ဘာလုပ်နေပါတယ်ဆိုတာကို သူတို.ကိုအသိပေးဖို.မလို။ ဒါလဲ အန္တရာယ် ကင်းတာပဲ၊ လေကုန်ပါ သက်သာတယ်။ (တရားဝင်ဆိုရင် ငါတို. ဘာလုပ်နေပါတယ်ဆိုပြီး စိန်ခေါ်သလိုများဖြစ်သွားမလားလို.)

၂။ Local NGO အဖြစ် မှတ်ပုံတင်မယ်ဆိုရင် …

—တရားဝင်ဖြစ်တဲ.အတွက် အလုပ်လုပ်တဲ.အခါ တစ်ချို.ဟာတွေ မကြိုက်ရင်တောင် သူတို.လွှတ်ပေးရတော.မယ်။ ဒါဆိုလုပ်ငန်း ပိုတွင်ကျယ်လာမယ်။

—နယ်မြေခံတွေမျာက်စိမလည်တော.ပဲ အလုပ်လုပ်တဲ.အခါ ၀င်ရောက်ပူးပေါင်းလုပ်ဆောင်နိုင်လာမယ်။

—အဖွဲ.ရဲ. လုပ်နိုင်တဲ.စွမ်းအားကို အပြည်.အ၀ အကောင်အထည်ဖော်နိုင်ခွင်. ရှိလာမယ်။

ဒါတွေက ကောင်းကျိုးတွေပါ ။ အဆိုးဘက်ကကြည်.၇င်တော……….

—တရားဝင်အဖြစ်ရပ်တည်ရင် ငါတို.ဘာတွေလုပ်နေပါတယ်ဆိုပြီ သူတို.ကို သွားပြော၊ သွားဆွ သလိုဖြစ်ပြီး လာစောင်.ကြည်.နေပါလို. ဖိတ်ခေါ်သလိုဖြစ်သွားမယ်။

—အကျိုးပြု လုပ်ငန်းများများလုပ်လို. သူတို.မျက်စိထဲမတွေ.ရင် ပြသာနာအမျိုးမျိုးလှည့်ရှာလာနိုင်ပါတယ်။ (ဥပမာ ကိုကျော်သူ ဖြစ်သလိုမျိုးတွေလိုပေါ.)

ဒါဆို ကျနော်တို. လူမှုကူညီရေးတွေ အင်တိုက်အားတိုက်လုပ်ချင်တယ်ဆိုရင် ပရဟိတအဖွဲ.အနေနဲ.ပဲ (မှတ်ပုံမတင်ပဲ)ရပ်တည်သင်.လား….Local NGO တစ်ခုအဖြစ်တရားဝင်ရပ်တည်သင်.လားဆိုတာသိကြသူများ  အကြံပေးကြပါလို. ရွာသူရွာသားအပေါင်းအား မောင်းခတ် နှိုးဆော် အပ်ပါသည် ခင်ဗျား။

PS…( ကျနော် ngo အကြောင်းများအား အရမ်းပြည်.စုံစွာမသိပါ….သိသလောက် ၀င်ဆွေးနွေးရင်း ရွာထဲကအကြံဥာဏ်တွေကို ရွာပြင်သယ်ပြီး အသုံးချစေရန်ဖြစ်ပါ၏)

 

About ရာဇ၀င်လူဆိုး

yar za win lu soe has written 16 post in this Website..

ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ အသဲနုတယ်၊ လက်သီးပြင်းတယ်၊ အပျင်းပြေ လူသတ်တယ်….