ငြိမ်းချမ်းရေးလမ်း လျှောက်လှမ်းကြစို့ သူငယ်ချင်း…

sitminnaingAugust 19, 20111min886

အားလုံးပဲ မင်္ဂလာပါ။ကျနော် စစ်မင်းနိုင်ပါ။

       ငြိမ်းချမ်းရေးလမ်း ဒို့လျှောက်လှမ်းကြပါစို့သူငယ်ချင်း….

ဒီမှာ သူငယ်ချင်း…..

ဒို့ငယ်စဉ်ကာလ ကလေးဘဝကပေါ့

အတူတူသွား အတူတူစား

အတူတူကစားလို့ ပညာတွေသင်

ပြုံးပျော်ရွင်ကြ လက်တွဲကြပေါ့…

လူမျိုးမတူ ဘာသာမတူလဲ

တမြေတည်းသားညီနောင်များမို့

ဒို့ချစ်ခင်ကြ လက်တွဲကြပေါ့….

ငယ်ကကြီးလာယခုခါမှ…

အတ္တမာန ထောင်ကာကြွပြီး…

မင်းကဘာကောင် ငါဘာကောင်နှင့်

ဝါဒမှိုင်းအောက် ဒို့တတွေရောက်ပြီး

အချင်းချင်းတိုက် ဒို့ဆက်မိုက်လို့

ဒို့ညီနောင်သွေးတွေ စတေးရတာလ ဲများလှပြီ

ဒီမယ်သူငယ်ချင်း…..

ဒို့ကိုပိုင်းခြား သွေးခွဲထားသည့်

အာဏာရှင်စနစ် ဝါဒမှိုင်းညစ်ညစ်ကို

ဒို့တတွေခွါချ ခဝါချပြီး

ငယ်စဉ်ကာလ ကလေးဘဝလို

အတူတူလက်တွဲ ယှဉ်ကာနွဲလို့

ငြိမ်းချမ်းရေးလမ်း ဒို့လျှောက်လှမ်းစို့သူငယ်ချင်း….

                                                                    ပြည်သူ့စေတမာန်

The World News Journal  August.12.2011

 

6 comments

  • mnoe

    August 20, 2011 at 11:28 am

    ငြိမ်းချမ်းရေးလမ်း ….
    ဖောက်တဲ့သူကဖောက်နေတယ်
    လျှောက်မဲ့သူကစောင့်နေတယ်
    ဒါမဲ့ လမ်းက မဖြောင့်ဖြူးသေးတော့ …………

  • zaw min

    August 30, 2011 at 4:00 pm

    မဖြောင့်သေးသောလမ်း ဒို့လျောက်လှမ်းဖို့…
    နေမင်းကို အံတု သေမင်းကိုအရှင်ပြုု၍…
    လက်တွဲညီစွာ စောင့်ကြိုကြစို့….

  • cobra

    August 30, 2011 at 4:29 pm

    လမ်းကဖောက်တော့ဖောက်နေတယ်
    လျှောက်လည်းလျှောက်လှမ်းနေတယ်
    ဒါပေမယ့်
    တဖြည်းဖြည်းလမ်းကဝေဝါးနေတယ်။
    ဘယ်လိုလုပ်ကြမလဲ…..
    ကူညီပေးကြဦး…….

  • manawphyulay

    August 30, 2011 at 5:57 pm

    ငြိမ်းချမ်းလမ်း လျှောက်ဖို့
    လမ်းပျောက်နေသူတစ်ဦး
    ဖေးကူကာ
    ကယ်ဖို့အရေး
    ကြိုးစားကြစို့….. 🙂

  • မီးမီး သော်

    August 30, 2011 at 11:16 pm

    အရမ်းဦးတည်ချက်ကောင်းတဲ့ကဗျာလေးပါ။ခုလိုဝေမျှပေးတော့ ကျေးဇူးနော်

  • minthar

    August 30, 2011 at 11:25 pm

    နေတတ်ဖြေတတ်ရင် ကျေနပ်စရာကောင်းတယ် ပြောကြပေမဲ့
    တစ်ချို့ ကိစ္စလေးတွေက ဖြေဖျောက်ရ ခက်တယ်
    စာသားလေးက နားထောင်ကောင်းပါတယ်
    ဖြေဖျောက်ရခက်တဲ့ အကြောင်းအရာလေးတွေ အတွက်တော့ ရင်ထဲမှာ မကောင်းဘူးဗျာ။

Leave a Reply