ထိုင်းခရီးသွားဗီဇာကြေး တစ်နှစ်နီးပါးထပ်မံကင်းလွတ်ခွင့်ပြု

klnMay 11, 20101min381

ထိုင်းခရီးသွားဗီဇာကြေးကိုတစ်နှစ်နီးပါး ထပ်မံကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုင်းခရီးသွားဗီဇာ(Tourist Visa)အတွက် ဗီဇာကြေး ၃၅ဒေါ်လာကို၂၀၁ဝ မေ၁၁ရက်မှစ၍ ၂၀၁ဝ မတ်၃၁ရက်အထိ ကင်းလွတ်ခွင့်ပြုမည်ဟု ရန်ကုန်အခြေစိုက် ထိုင်းသံရုံးက ဧပြီ၂၉ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယင်းကဲ့သို့ဗီဇာကြေးကင်း လွတ်ခွင့်ပြုခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၀၉မတ်၅ရက်မှ ၂၀၁ဝမတ် ၉ရက်အထိ ကင်းလွတ်ခွင့်ပြုခဲ့သည်။ ထိုကဲ့သို့ Tourist Visa (ခရီးသွားဗီဇာ)အတွက် ဗီဇာကြေး ၃၅ ဒေါ်လာကို ကင်းလွတ်ခွင့်ပြုလိုက်သော်လည်း Tourist Visa အတွက် ဗီဇာကြေးဒေါ်လာ ၃ဝကိုမူ ကင်းလွတ်ခွင့်ပြုခြင်းရှိကြောင်း သိရသည်။

One comment

  • susunosuki

    May 12, 2010 at 7:33 am

    သွားမယ့် အလုပ်သမားတွေအတွက် ကောင်းပါတယ်
    သူတို့တွေက မရှိလို့သာ အပြင်ထွက်ပြီးလုပ်ကြရတယ်

Leave a Reply