ပါတီနှစ်ခုက အလံများပြန်လည်ပြင်ဆင်ရန် စီစဉ်နေ

klnMay 11, 20101min802

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) တို့က ပါတီအားလံများကို ပြန်လည်ဆောင်ရွက်ရန်စီစဉ်နေကြောင်း ယင်းပါတီများ၏ တာဝန်ရှိသူများကပြောသည်။ နေပြည်တော်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယင်းပါတီတို့၏ အလံများကို ကန့်ကွက်သူရှိပါက ကန့်ကွက်နိုင်ကြောင်း ၁-၅-၂၀၁ဝရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။ ယင်းသို့ ကန့်ကွက်ကြော်ငြာအရ လူပုဂ္ဂိုလ် ၇၂ဦးတို့က ရွေးကောက်ပွဲကော်မရှင်သို့ လက်မှတ်ထိုးကာကန့်ကွက်ထားသည့်အတွက် အဆိုပါ ပါတီတို့၏ အလံများကို ယခုမေလ ၂ဝရက်မတိုင်မီ ပါတီခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်တို့က သင့်လျော်သလိုပြင်ဆင်ဆောင်ရွက်မည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်ကပြောသည်။ “ စာပေနှင့် စာနယ်ဇင်းသမားတွေလို့ပြောတယ်။ ၇၂ဦးက လက်မှတ်ထိုးထားတယ်။ ဒဂုန်တာရာတို့လည်းပါတယ်” ဟု၎င်းကပြောသည်။ အဆိုပါပါတီနှစ်ခုစလုံးသည် မှတ်ပုံတင်ခွင့်ရရှိထားသော ပါတီများဖြစ်ပြီး အသုံးပြုမည့် အလံတံဆိပ်တို့ကို ရွေးကောက်ပွဲကော်မရှင်သို့တင်ပြခဲ့ရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၏ အလံမှာ အဝါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ်ပြီးအလယ်တွင် အဖြူရောင် နောက်ခံအဝိုင်းပါ အစိမ်းရောင်ကဒေါင်းကို အသုံးပြုထားကာ ၈၈မျိုးဆက်ကျောင်းသား လူငယ်များ( ပြည်ထောင်စုမြန်မာနိုင်ငံ) ၏အလံမှာ နောက်ခံအနီရောင် ဖြစ်ကာ အလယ်၌ စက်ဝိုင်းပုံပါခွပ်ဒေါင်းကို အသုံးပြုကာတင်ပြခဲ့ခြင်း ဖြစ်သည်။

2 comments

  • Bayote

    May 11, 2010 at 7:28 am

    အခုလို အလံပြောင်းဖို့ လုပ်နေ တာ ကောင်းပါတယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခြင်းပါဘဲ။ ဆင်တူယိုးမှား နဲ. မဲရအောင် ကြံစည်ခြင်းဟာ ကောင်းသောလုပ်ရပ်လို့ မထင်ပါ။

  • susunosuki

    May 12, 2010 at 7:26 am

    ကန့်ကွက်တယ်ဆိုတာ က ပြည်သူလူထုတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ ကိုယ်စားပြုတဲ့ ပုံမို့လား

Leave a Reply