သီတင်းကျွတ် ဂေဇတ်သို ့ကန်တော့ပန်း

ရွှေအိမ်စည်October 11, 20111min25419

တူရာသီ( သို ့မဟုတ်)သီတင်းကျွတ်ကာလတွင်ဆီးမီးထွန်းညှိပူးဆော်ခြင်း

ပဝါရဏာ ပွဲ ဖိတ်မံတက ပြုခြင်း၊ ပူဆော်ကန်တော့ခြင်းဟာမြန်မာလူူမျိုးတို ့ရဲ ့ချစ်စရာယဉ်ကျေးမှုထုံးထမ်းဓလေ ့တစ်ခုပါ။

ဘုရားရှင်က မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သားကို အဘိဓမ္မာတရား ဟောကြားတော်မူပြီး ကျေးဇူးဆပ်တယ် ဗုဒ္ဓဧ။်အဘိဓမာတရားတော်ဟောကြားပြီးမြောက်သောနေ ့ကိုပူဆော်တဲ ့အနေနဲ ့မီးထွန်းပူဆော်ကန်တောကြတယ်။ မြတ်စွာဘုရားတာဝတိ ံသာနတ်ပြည်ကလူပြည်ကိုရွှေဇောင်းတန်း ငွေဇောင်းတန်း ပတ္တမြားဇောင်းတန်းမှဆင်းတယ်လို ့ဘဲငယ်စဉ်ကသိခဲ ့ပါတယ်..။

 

နောက်ပိုင်းအသက်ရွယ်က..ဘာကြောင့်အချင်းချင်းကန်တော့ရတာလည်းသိချင်လာမိပြန်ပါတယ်။

သီးတင်းကျွတ်လပြည့်နေမှာ..လူရယ်တင်မဟုတ်သံဃာများလည်းကန်တော့ကြရပါတယ်။

 

သီတင်းကျွတ် လပြည့်နေ့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတော်ကြီးတွေလဲ “ပဝါရဏာ ကံ” ပြုကြပါတယ်။

ပဝါရဏာ ဆိုတာက “ဖိတ်မံတက ပြုခြင်း လို့ အဓိပ္ပါယ် ရပါတယ်။ ဝါကျွတ်တဲ့ အဆုံးမှာ လုပ်တဲ့ ပွဲတစ်ပွဲလို့ ဆိုလို့ ရကောင်းပါတယ်။ရဟန်းငယ်များက ရဟန်းြ့ီးများကိုကန်တော့ကြရတယ်..။ မိမိတွင်အပစ်ကြီးငယ်ရှိပါကခွတ်လွှတ်ပါရန်တောင်းပန်ကြရတယ်။

နယ်ပယ် အလိုက် ဆိုင်ရာ ဆိုင်ရာ သံဃာတော်များ အားလုံး စုစည်းပြီး ဖိတ်မံသမှု ပြုရတဲ့ ပွဲပါ။ရဟန်းဖြစ်စေဦးတော့၊

အတူ ယှဉ်တွဲ ဆက်ဆံ ပေါင်းသင်းနေကြတဲ့ သံဃာသို ့မဟုတ်ကျောင်းတိုက်ထဲ က အငယ်ဆုံရဟန်းက မြင်ခြင်း၊ကြားခြင်း၊ယုံမှားသံသသယဖြစ်ခြင်း ဆိုတဲ ့ လောဘ၊ ဒေါသ၊ မောဟရဲ့ အထူ အပါးအလျှောက် ပြောမှားဆိုမှားတာတွေ၊ စိတ်နှင့် ပြစ်မှားမိတာတွေက အနည်းနှင့် အများတော့ ရှိတတ်ကြပါတယ်။ ဒါမှ မဟုတ်ရင်လဲ သံသယဖြစ်တတ်ကြပါတယ်။ အဲဒီလို နည်းနှင့် ကိုယ့်ထက် အသက် ဂုဏ်ဝါ ကြီးတဲ့ သူတွေကို ပြစ်မှားမိရင် ခွင့်လွှတ် ကျေအေးဖို့ တောင်းပန် ကန့်တော့ကြတာပါ။ပါဋိလိုရွှတ်ဆိုပြီး ပဝါရဏာပြုကြရပါတယ်။

ရဟန်းလောကသာမဟုတ်ပါဘူး…လူလောကနယ်ပယ်မှာလည်း

လူငယ်ကသာ မဟုတ်ပါဘူး။ လူကြီးတွေဟာလဲ အလားတူ ပြစ်မှား မိတတ်ကြတာပါပဲ။ ဒါကြာင့်မို့ ကန်တော့ခံကြတဲ့ လူကြီးတွေကိုယ်တိုင်ကလဲ သူတို့တွေ အကယ်လို့ ပြောမှား ဆိုမှား ပြုမိမှား ရှိခဲ့ကြရင်လဲ ခွင့်လွှတ်ကြပါလို့ လူငယ်တွေကို ပြန်ပြီး တောင်းပန်ကြလေ့ ရှိကြတာပါ။

စိတ်ထား နူးညံ့ သိမ်မွေ့တဲ့၊ ရိုးရာ အစဉ်အလာလဲ ကောင်းခဲ့၊ ထိမ်းလဲ ထိမ်းသိမ်းတဲ့ အိမ်တွေမှာဆို မိဘတွေကို မိသားစုဝင်တွေအားလုံး စုံစုံ ညီညီ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုး ကန်တော့တဲ့ ဓလေ့ ရှိတတ်ကြတယ်။

တစ်ချို့ဆို အစ်ကိုကြီး အမကြီးတွေကိုတောင် အစဉ်လိုက် ကန့်တော့တတ်ကြသေးတယ်။ ဪ တကယ်လဲ ကြည်နူးရတဲ့ ကာလနှင့် ဓလေ့လေးပါပဲနော်။ဒီသီတင်းကျွတ်ကာလရာသီဟာမီးထွန်းခြင်းသာမဟုတ်ဘဲ…ကန်တော့ရတဲ ့အကြောင်းရင်းကိုဘဲလေ ့လာမိသလောက်ပါ

ငယ်ငယ်ကတော့ဒီလကဘတ်ချက်အကိုက်ဆုံးလပါ..။

ဟောအခုဂေဇတ်ရွာထဲ ရောက်လာတော့..ကျမကလည်း ကိုယ်ထက်တရက်တမနက်ကြီးတဲ ့သူတွေ ကိုကန်တော့ချင်လာပါတယ်..။

ကျမထက်ငယ်ရွယ်သူတွေ ကိုလည်းတောင်းပန်ချင်ပါတယ်။

ဒါကြောင့်

ကျမ ကိုချစ်သော..

ကျမ ချစ်သော

ကျမ ကို မချစ်သော…

ကျမ ဘယ်လို ့မှမနေသော..ဂေဇတ်ရွာသူရွာသားအပေါင်းအပေါ်မြင်ခြင်း၊ကြားခြင်း၊ယုံမှားသံသယဖြစ်ခြင်း နှင့် အပြစ်ကိုထောက်ပြဆုံးမနိုင်ကြောင်း၊ ကျမကလည်းအပြစ်ရှိပါက ပြုပြင်ပါမည်လိုက်နာပါမည်ဖြစ်ကြောင်း။

ကျမတွင်လည်းအပြစ်ကြီးငယ်ရှိပါက ခွင့်လွှတ်ပါရန်သီးတင်းကျွတ်ကန်တော့လိုက်ပါသည်…။

 

ချစ်စရာမြန်မာ့ဓလေ့ သီးတင်းကျွတ်မှသည် ရတနာပုံနေပြည်တော်သတင်းစာ ဆထက်ပိုမိုတိုးတက်ပါစေရန်

အဖက်ဖက်မှ တာဝန်ယူဆောင်ရွက်ပေးနေပါသော…သူကြီးနှင့် တာဝန်ရှိသူများ

့ဂေဇတ်မှာပါဝင်ရေးသားနေသောအဖွဲ ့သူအဖွဲ ့သားအပေါင်း…

အချင်းချင်း ညီညွတ်စွာ ရိုင်းပင်းကူညီ ဂေဇတ်အကျိုး ဆထက်သယ်ပိုးနိုင်ကြပါစေ။

ဂေဇတ်(ရတနာပုံနေပြည်တော်သတင်းစာ)ကောင်းသတင်းနဲ ့ထာဝစဉ်မွေးပျံနေပါစေကြောင်း

စိတ်ဧ။်နှစ်ဖြာ ကျန်းမားခြင်း ချမ်းသားခြင်းပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည်။

 

ချစ်ခင်လေးစားသော

ရွှေအိမ်စည်

19 comments

  • moonpoem

    October 11, 2011 at 3:50 pm

    မရွွှှေအိ်မ်စည်ရေ ချစ်စရာကောင်းသော မြန်မာ့ဓလေ့ ၊ သီတင်းကျွတ်လပြည့်နေမှာ ကျွန်မကလည်း အဖွဲ ့သူတစ်ယောက်အနေနဲ ့
    ဂေဇက်မှ သူငယ်ချင်းများအားလုံးကို ကျန်းမာချမ်းသာ လန်းဖြာကြစေကြောင်း မမနဲ ့အတူဆုတောင်းမေတ္တာပို ့သအပ်ပါတယ်ရှင်။

  • စုံ စုံ

    October 11, 2011 at 4:01 pm

    ငယ်ငယ်ကတော့ဒီလဟာဘတ်ဂျတ်အကိုက်ဆုံးလဖြစ်ခဲ့ပေမယ့်
    အခုချိန်မှာတော့ဒီလဟာဘတ်ဂျတ်အထိဆုံးလဖြစ်နေပြီပေါ့လေ 😛
    ကျမလဲရွှေအိမ်စည်နဲ့တူတူဆုတောင်းပေးပါတယ်

    • ရွှေအိမ်စည်

      October 11, 2011 at 8:49 pm

      စုံစုံရေ..အရွယ်လေးရလာတော့..ကန်တော့ခံ ဖြစ်လာတော့လည်း..
      .ပထမဆုံးကျမကန်တော့ခံရတဲ ့အရွယ်တုံးကသိပ်ငယ်ပါသေးတယ်။
      ၁ဝတန်းအောင်ပြီး..သချင်္ာသင်တယ်လေ….
      အဲ ့ဒိအရွယ်ကအိုးတိုးအတ..ဘာလုပ်ဘာကိုင်ရမှန်းမသိ..ဘာဆုပေးရမှန်းမသိ..ကိုယ်လည်းစာသင်လို ့အိမ်ပြန်..ထမီကွင်းလုံးချွတ်ဘောင်းဘီတိုဝတ်ပြေးဆော့တြ ့အရွယ်ပေါ့….

      တကယ့်တကယ်ကြုံဘူးမှသိဆိုသလို..ကိုယ့်အနေအထိုင်ကိုယ်သာသာဘဲပြန်သင်ရဘူးခဲ ့ပါရဲ ။
      ကိုယ့်ဘာရှက်တတ်ရင်းနဲ ့ဘဲ ကိုယ့်ဘဝကိုယ်ထိမ်းကျောင်းမိတာ
      အရွယ်ကတဆင့်ပြီးတဆင့်တက်လို ့…

      အမှတ်တယပြောပြတာပါ

  • kai

    October 11, 2011 at 4:02 pm

    @ရွှေအိမ်စည်
    အပြစ်ဟူသမျှ.. (ကျုပ်က.. ခွင့်လွှတ်လို့ရတာတွေ).ခွင့်လွှတ်ပါတယ်ကွယ်..။
    @ရွာသူ/သားများသို့
    ကျုပ်က..အမှားအယွင်းတွေများလုပ်ခဲ့တာတွေရှိရင်လည်း.. ရွာကောင်းကျိုးအတွက်ရည်ရွယ်တာမို့.. စေတနာကောင်းနဲ့လုပ်တယ်သဘောထားပြီး ..ခွင့်လွတ်ကြပါလို့.. ပြန်ပြောလိုပါတယ်..။

    အရင်ကတည်းက ပြောဖူးပါတယ်..။
    ဖွင့်ဟဝန်ခံခြင်း.. တောင်းပန်ခြင်း..ကျေအေးခြင်းဆိုတာ.. လူသားအတွက်အင်မတန်မွန်မြတ်တဲ့..အလုပ်တခုပါလို့..။
    =
    မှားရင်တောင်းပန်ရတယ်..။ မှားတယ်ထင်ရင်..ဖွင့်ဟ ဝန်ခံရပါတယ်..။
    တဖက်ကတောင်းပန်လာရင်လည်း.. ကျန်တဖက်က..(အတတ်နိုင်ဆုံး) ကျေအေးပေးရပါတယ်..။
    ဖွင့်ဟဝန်ခံသူကိုလည်း လက်ခံနားထောင်ပေးရတယ်..။ ကူညီဖြေရှင်းရတယ်..။ ဖြေလျှော့ပေးရပါတယ်.။
    ဒါကို.. ခရစ်ယန်တွေ.. Confession ဆိုပြီး.. လုပ်နေခဲ့တာပါ..။

    ဂေါတမဘုရားရှင်က.. ဒီလိုလုပ်ဖို့အတွက်.. လွန်ခဲ့တဲ့နှစ် ၂၅၀ဝကျော်ကတည်းက… သူတည်ထောင်တဲ့..သံဃာတော်တွေကို သေသေချာချာ လမ်းပြစည်းကမ်းချသတ်မှတ်ပေးသွားခဲ့တယ်..။
    သံဃာတော်တွေ.. ဝိနည်း.. ချိုးဖေါက်မိရင်..အာပတ်ဖြေတယ်ဆိုတာ… အဲဒါပါပဲ..။
    အင်မတန် မြင့်မြတ်တဲ့ အလေ့အကျင့်ဖြစ်ပြီး.. အဲဒါကို လူတွေသာလုပ်နိုင်ရင်.. လောကီရေးရာအဖြာဖြာမှာ.. အင်မတန်အေးချမ်းလာမယ်လို့ ထင်မိတာပါပဲ..။

    ဖြစ်နိုင်ရင်..သီတင်းကျွတ်ကို.. အဲဒီလိုဖြစ်စေချင်တာပါပဲ..။
    ပြောရရင်.. အခုမြန်မာပြည်မှာ..လုပ်နေကြပုံက. လာဘ်ထိုးပွဲကြီးလိုလို…. 👿

    • ma ma gyi

      October 13, 2011 at 9:21 pm

      မှားရင်တောင်းပန်ရတယ်..။ မှားတယ်ထင်ရင်..ဖွင့်ဟ ဝန်ခံရပါတယ်..။
      တဖက်ကတောင်းပန်လာရင်လည်း.. ကျန်တဖက်က..(အတတ်နိုင်ဆုံး) ကျေအေးပေးရပါတယ်..။
      ဖွင့်ဟဝန်ခံသူကိုလည်း လက်ခံနားထောင်ပေးရတယ်..။ ကူညီဖြေရှင်းရတယ်..။ ဖြေလျှော့ပေးရပါတယ်.။
      (ဦးကိုင် အမှား အမှန်ကို ဘယ်လိုခွဲခြားပါသလဲ။)

  • AKKO

    October 11, 2011 at 4:13 pm

    သီတင်းကျွတ်အချိန်ကြောင့် ရှိခိုးကန် ့တော့ခြင်း အလေ့ထလေးလုပ်လာတာကောင်းပေမယ့် နောက်ပိုင်း အကျိုးလိုလို့ ညောင်ရည်သွန်းတာတွေ များနေတယ် ။ စိတ်ထဲက အစစ်မှန်နဲ့ ကန်တော့တာမျိုးဆိုလျှင် သီတင်းကျွတ်တစ်လထဲတင်မဟုတ်ပါဘူး နေ့တိုင်းတောင် လုပ်သင့်တာမျိုးလို့ ကျွန်တော်တော့ယူဆတယ်။

  • ပေါက်ဖော်

    October 11, 2011 at 4:19 pm

    အားမကြီး..
    အားမကြီးကော..အားကိုကြီးကော..အားကုန်လုံးကို…တောင်းပန်တယ်.
    အားကုန်လုံးကိုလဲ ခွင့်လွှတ်တယ်..
    အားကုန်လုံးကလဲ အားနော့ကိုခွင့်လွှတ်ပေးဘာ..

    ရွာထဲရှိလေသော..ယုတ်လတ်.မြတ်မရွေး..ကြီးငယ်သေးမရွေး….ခင်ဗျား..
    ကျနော့်ရဲ့..ပြစ်ကြီး..ပြစ်ငယ်..ပြစ်လတ် အကုန်လုံးတွက် တောင်းပန်ပါ၏..
    ကျနော်မှလဲ အရာအားလုံး.အတွက်..ခွင့်လွှတ်ပါ၏..

    သတင်းကျွတ်မှာ..အားလုံး..ကျွတ်နိုင်ကြပါစေ..
    ပုံ/
    ဥုံ

  • နွယ်ပင်

    October 11, 2011 at 4:20 pm

    သီတင်းကျွတ်ဆိုတဲ့ အချိန်ခါရာသီကိုလိုက်ပြီး အခုတော့ လူတွေက
    အကျိုးစီးပွားရှာ အမြတ်ထုတ်နေကြတာပေါ့ ။ စိတ်ထဲကသာ သန့်သန့်ရှင်းရှင်းနဲ့
    မြန်မာ့ဓလေ့ သီတင်းကျွတ်ကို ဆင်နွဲကြမယ် ကန့်တော့ကြမယ်ဆိုရင် ဘယ်လောက်
    ကောင်းလိုက်မလဲနော် ။
    သီတင်းကျွတ်မှာ ဂေဇက်မှ ရွာသူ/ ရွာသားတွေလည်း ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် ……..

  • char too lan

    October 11, 2011 at 4:24 pm

    နာမှားဒါချိယင်…… တောင်းဘန်ပါဒယ်……………….. 🙂
    😉
    အားလုံး ကိုယ်စိတ်နှစ်ဖျာ ကျန်းမာရွှင်လန်းကြပါစေ….
    ရွာထဲမှ လူကြီးသူမ များအားလုံးကို (ကျနော်ရောက်တာ ၂နှစ်လောက်ရှိပီဆိုတော့ )
    ၂နှစ်ပတ်လုံး ဝစီကံ မနောကံတွေနဲ့ ပစ်မှားမိတာ ရှိခဲ့ပါလျှင် ခွင့်လွှတ်ပေးပါရန်
    ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးဦးခိုက် ကန်တော့လိုက်ပါတယ်ဗျာ….

  • manawphyulay

    October 11, 2011 at 4:49 pm

    သီတင်းကတော့ နှစ်တိုင်းကျွတ်ပါတယ်။ လူတိုင်းမှာလည်း အပြစ်ဆိုတာ အမြဲမကင်းကြပါဘူးလေ။ မနောမှာလည်း လူကြီးသူမတွေကို ခင်မင်မှုနဲ့ နောက်တာတွေလည်း ရှိခဲ့တယ်။ မှားတာတွေလည်း ရှိခဲ့တယ် ထင်တာပဲ။ အားလုံးပဲ ဒီနေရာလေးကနေ ကန်တော့လိုက်ပါတယ်။ ဂေဇက်ကြီးလည်း သီတင်းတွေအခါခါ ကျွတ်ပြီး ဆက်လက်ရပ်တည်နိုင်စေဖို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

  • ရာဇဝင်လူဆိုး

    October 11, 2011 at 4:57 pm

    ဖတ်ရတာ သိပ်ကိုမင်္ဂလာရှိတဲ. မြန်မာတို.ရဲ.ယဉ်ကျေးမှုအငွေ့အသက်ကို ခံစားမိလိုက်ရတယ်။ ဂေဇက် ဒီထက်မက တိုင်းပြည်အကျိုး လူမျိုးအကျိုးကို မီဒီယာအားနဲ. ဆထက်တစ်ပိုး အကျိုးပြုနိုင်ပါစေ။ ကဲ..အားလုံး ဒီထက်မက စည်းလုံးချစ်ခင်နိုင်ပါစေ။

  • blackchaw

    October 11, 2011 at 5:27 pm

    ရွှေအိမ်စည် ရေ။
    ရွှေအိမ်စည်က ဘလက်ချောထက်ငယ်မှာပါ။
    ဘလက်ချော တူမတွေ ကန်တော့ရင် ဘလက်ချော ဆုတစ်ခုပဲပေးပါတယ်။
    “လင်ကောင်းသားကောင်း ရပါစေ” လို့။
    ဒါပေမယ့် ရွှေအိမ်စည်က ကျွန်တော်နဲ့ ရေးလိုက် ကျွန်မနဲ့ရေးလိုက်ဆိုတော့
    ဘယ်လိုဆုပေးရမှန်းမသိတော့ပါ။
    သာဓု သာဓု သာဓု ပါ။
    သူကြီး လည်း နာမည်တတ်ပြီး စော်ကားမိသလို ဖြစ်တာရှိရင်
    ခွင့်လွှတ်ပါလို့ လေးလေးစားစား တောင်းပန်ပါတယ် သူကြီး ခေါ် kai ခင်ဗျား။

    • ရွှေအိမ်စည်

      October 11, 2011 at 8:42 pm

      “လင်ကောင်းသားကောင်း ရပါစေ”ဆိုတဲ ့ဆု..ဒီဆုအရေးကြီးတယ်..ငယ်ငယ်က(အရွယ်လေးရင်ခုန်စပြုတုံးက)
      လူကြီးတွေ ကန်တော့လို ့(အဲ ့သလိုဆုမပေးရင်…..လိုနေသေးတယ်…နော်ဆိုပြီးသတိပေးတတ်တယ်)အခုထိဆိုပါတော့..မျက်နှာတော့ပြောင်တယ်နော်…။

      တကယ်တော့ဒါဟာ…အရေးကြီးပါတယ်..မမြင်ရတြ ့အိမ်ထောင်ရေးကံ ကအရေးကြီးဆုံးဘဲ

      ——————–
      တောင်းပန်ပါရဲ ့..ကျမဆိုတဲ ့အသုံးအနှုံးမယဉ်ပါးခဲ ့ဘူး..ကိုယ်တိုင်လည်းမနှစ်သက်တာပါပါတယ်….
      .ကလောင်စရေးတည်းကယောက်ကျားလေးလို ့ဘဲရွှေအိမ်စည်ကိုလူသိများတာလည်းပါနိုင်ပါတယ်…..။

      မည်သို ့ပင်ဆိုစေကာမူ………….ကျေးဇူးပါ

  • pooch

    October 11, 2011 at 7:42 pm

    ကျမလည်း ရွာရဲ့ သက်ကြီးဝါ ကြီး ရပ်မိရပ်ဖများ၊ ညီအစ်ကို မောင်နှမများ၊ မောင်ငယ်ညီမငယ်လေးများနဲ့ အထူးသဖြင့် သူကြီးကို ပြောမှားဆိုမှားရေးမှားတာ များရှိခဲ့ရင် ခွင့်လွှတ်ပါလို့ တောင်းပန်ချင်ပါတယ်..
    သီတင်းကျွတ်… အခါသမယကိုလည်း စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် ဖြတ်ကျော်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

  • ရွှေအိမ်စည်

    October 11, 2011 at 9:03 pm

    တရွာလုံးကို
    ကျမထက်အသက်ကြီးသူ..ကျမထက်အသက်မကြီးသူ..
    အားလုံးကိုရည်ရွယ်ပြီးရေးသားသီးတင်းကျွတ်ကန်တော့တာပါ….
    (.facebookမှာတော့..မုန် ့ဘိုးလိုက်တောင်းတာပါဘဲ…ဆရာသမားတွေ ကိုပါ။။။။။။)

    လောကမှာအရေးကြီးတာကကျန်းမာရေးပါဘဲ..
    ကျမရက်တော်တော်ကြာနေမကောင်းဖြစ်နေတာ…
    နေပြန်ကောင်းတဲ ့နေ ့ရဲ ့ပထမဆုံးပိုစ့်ပါဘဲ…..

    ဂေဇတ်ကမိသားစုဝင်များနေ ့တိုင်းရက်တိုင်းမင်္ဂလာရှိသောနေ ့ရက်များပိုင်ဆိုင်ကြပါစေ

    ဂေဇတ်ထဲ ကဆရာတော်များ၊စားရေးဘက်ဦးဇင်းရဟန်းများ
    တာဝန်ရှိလူကြီးမင်းများနှင့်သူကြီး

    poochayပေးတဲ ့ဆု
    blackchaw
    ရာဇဝင်လူဆိုး
    manawphyulay
    char too lan
    နွယ်ပင်
    ပေါက်ဖော်
    AKKO
    စုံစုံ
    moonpoem

    တို ့နှင်းအားလုံးသောမောင်နှမ..ဦးလေးအဒေါ်အကိုအမညီမမောင်လေးများ
    သီးတင်းကျွတ်မှသည်စိတ်ချမ်းသာကိုယ်၏ကျန်းမာစွာဖြင့် ……..

    တည်တံနိုင်ပါစေကြောင်းထပ်လောင်းပို ့သပါသည်။

  • ကြောင်ကြီး

    October 12, 2011 at 9:38 am

    အဝေးရောက်မင်း
    ရွှေအိမ်စည်
    တခုမေးချင်အတည်..
    သင်ရဲ့အသက်
    ဘယ်လိုမှတ်
    ဂေဇက်ရွာအတွက်..
    ထေရ်ကြီးဝါကြီး
    ဦးကြောင်ကြီး
    သက်တော်၆ဝနီး..
    ကိုယ့်ထက်ကြီးလျင်
    တောင်းပန်ချင်
    ဖိုးဖိုးဖွားဖွားအရှင်..။ :mrgreen:

  • ma ma gyi

    October 13, 2011 at 9:24 pm

    ကျမ ကိုချစ်သော..

    ကျမ ချစ်သော

    ကျမ ကို မချစ်သော…

    ကျမ ဘယ်လို ့မှမနေသော..ဂေဇတ်ရွာသူရွာသားအပေါင်းအပေါ်မြင်ခြင်း၊ကြားခြင်း၊ယုံမှားသံသယဖြစ်ခြင်း နှင့် အပြစ်ကိုထောက်ပြဆုံးမနိုင်ကြောင်း၊ ကျမကလည်းအပြစ်ရှိပါက ပြုပြင်ပါမည်လိုက်နာပါမည်ဖြစ်ကြောင်း။

    (အဲဒီ စာသားတွေကို အရမ်းကြိုက်ပါတယ်)

  • သီတင်းကျွတ်ပြီ
    မီးပုံပျံလွှတ်ရအောင်
    မိုးလွတ်ပါမည်လား………………
    ငယ်ငယ်က သင်ခဲ့ရတဲ့ ကဗျာလေးတပုဒ်
    ဒီလိုအခါများ
    နားထဲမှာကြားလာတတ်ပါရဲ့။
    သီတင်းကျွတ်ပြီ
    ဗျောက်ဖောက်ရအောင်လား
    အဖမ်းမခံရဘို့တော့လိုပါမည်
    ဒါကတော့ ခေတ်သစ်ဖတ်စာ……………

    2011 သီတင်းကျွတ်
    ရွာထဲက ဦးဦးဒေါ်ဒေါ်ကိုကိုမမ
    ညကြီးညလတ် ညလေး
    ဘယ်သူတွေ ကျွတ်လို့
    ဘယ်သူတွေမီးပုံးလွှတ်မယ်တော့ မသိ။
    ဘယ်သူတွေဗျောက်ဖောက်လို့
    ဘယ်သူတွေမီးပန်းလွှတ်မယ်လဲမသိ။
    သို့ပေသိ မင်္ဂလာဆုတောင်းစာများ
    ကန့်တော့ခန်းများ
    လက်ဆောင်ပေးခြင်းများ
    တောင်းပန်းခြင်းများ
    ဖတ်ရမြင်ရတဲ့ အခါ
    အင်မတန်မှ မင်္ဂလာ့မင်္ဂလာပြည့်စုံပါသော သီတင်းကျွတ်လို့
    မှတ်ယူရင်းကျေးဇူးတင်ပါကြောင်း
    မောင်းခတ်လိုက်ရပါသဗျား……………..
    ဒူဟူဟူ…………………………………

  • မှော်ဆရာ

    October 14, 2011 at 1:08 am

    မန္တလေး ဂဇက်မှာရေးခဲ့ကြသော ပိုစ်များအနက် တချို့သောပိုစ်များမှာ
    ကျွန်တော် မှော်ဆရာအား အသိပညာ အတတ်ပညာများ သိစေ တတ်စေခဲ့ပါသည်။
    ထို့ကြောင့်
    ထိုပိုစ်များကို ရေးသားခဲ့သူများအား ကျွန်တော်၏ မြင်ဆရာ ကြားဆရာ အဖြစ်သတ်မှတ်၍
    ဤ နေရာမှနေ၍ ကန်တော့ပန်းဆင်အပ်ပါကြောင်း …….

Leave a Reply