ကိုသစ်မင်းကို အားကျလို့ စုထားတဲ့ မြို့ ပဟေဠိတွေ

moethidasoeAugust 20, 20111min25019

(၁) ငွေရေးကြေးရေး အရ ဆင်းရဲတဲ့မြို့

(၂) အရသာ ရှိတဲ့မြို့

(၃) မြို့ကြီးဖြစ်ပေမယ့် မြို့အမည် မပေါက်တဲ့ မြို့

(၄) မြို့နာမည်က ဈေးရောင်းနေတာ

(၅) ရောဂါရှိတဲ့မြို့များ

(၆) ရှေးရှေးတုန်းက ဂျပန်တွေ နေတဲ့မြို့

(၇) အုပ်ချုပ်သူ မရှိတဲ့မြို့

(၈) အဲဒီမြို့တွေကတ္ထိလိင်

(၉) မာ တဲ့ မြို့များ

(၁၀) အမည် တစ်လုံးပဲ ရှိတဲ့ မြို့များ

19 comments

    • moethidasoe

      August 20, 2011 at 11:33 am

      (၉) အတွက် ဒို့ မှတ်ထားတာ ၁ဝ မြို့ ရှိတယ်
      (၁၀) အတွက် ၁၄ မြို့ရှိတယ်

      (၇) မှန်တယ်

  • မီးမီး သော်

    August 20, 2011 at 11:20 am

    ကျန်တာလေးတွေတော့ စဉ်းစားပါအုံးမယ်။ဉာဏ်က ထိုင်းတော့ အဖြေမရသေးပု

    • moethidasoe

      August 20, 2011 at 12:28 pm

      အရေအတွက်အားဖြင့်
      (၁) = ၂၊ (၂) = ၃၊ (၃) = ၈၊ (၄) = ၁၊ (၅) = ၃၊ (၆) = ၁၊ (၇) = ၂၊ (၈) = ၅၊ (၉) = ၁၀၊ (၁၀) = ၁၄ ရှိပါတယ်
      စုဆောင်းထားမိတာ ရေးလိုက်တာပါ၊ (၇) မှာ မင်းတုန်းကို ထပ်ဖြည့်လိုက်လို့

  • ကြောင်ကြီး

    August 20, 2011 at 12:29 pm

    ၁-တမူးမြို့
    ၂-သရက်မြို့
    ၃-နေပြည်တော်
    ၄-ဖျာပုံ
    ၅-ဆင်ပေါင်ဝဲ၊ ပလိပ်မြို့
    ၆-ငပုတော
    ၇-မင်ကင်းမြို့
    ၈-မေမြို့၊ နတ်သမီးကျွန်း၊ ပုဏ္ဏားကျွန်း၊ ခင်ဦးမြို့
    ၉-ကျောက်ကြီး၊ သံတွဲ၊ မင်းတုံး၊ ကျောက်ဖြူ၊ တောင်ဥက္ကလာ၊ တောင်ကြီး
    ၁၀- မေ၊ ရေး၊ မြိတ်၊ ပေါက်မြို့

  • manawphyulay

    August 20, 2011 at 12:33 pm

    (၈) အဲဒီမြို့တွေက ဣတ္ထိလိင် = ချောက်မြို့

    (၉) မာ တဲ့ မြို့များ = သံတောင်

    (၁၀) အမည် တစ်လုံးပဲ ရှိတဲ့ မြို့များ = ဂွမြို့

    ကျန်တာက သိတော့သိတယ် မေ့နေတယ်…:P

  • moethidasoe

    August 20, 2011 at 12:46 pm

    ဆောရီး ..
    (၈) ကို ရေးတာက ဣတ္ထိလိင် မဟုတ်တာလို့ ရေးထားတာ paste လုပ်တော့ ဘာလို့ကျန်ခဲ့မှန်း မသိ (လွယ်လွယ်မှတ်ရင် အထီးမြို့) (၁၀) က အများကြီးရှိတယ်လေ .. ဥပမာ ယော ဆော ???????

  • nature

    August 20, 2011 at 6:21 pm

    ၄။ထားဝယ် ၉။ကျောက်ဖြူ ၊ ၁၀။ ယော၊ ဝေါ၊ ဆွာ၊ ပေါင် ၊အန်း၊ပြည်

  • naywoonni

    August 20, 2011 at 6:48 pm

    ငယ်ငယ်တုန်းက သူငယ်ချင်းတွေကို စဖူးတယ်..။ အားမထိ လျှှာမထိ ခေါ်ရတဲ့ မြို့တို့ သရမပါတဲ့ဗျည်းချည့်သက်သက်ရှိတဲ့မြို့တို့..။ ဘာမြို့တွေလဲတော့ မမှတ်မိတော့ဘူး ..။ ရွာထဲက ဘယ်သူ သိဦးမလဲ

    • moethidasoe

      August 20, 2011 at 7:48 pm

      အာမထိလျှာမထိ က ဟဲဟိုး၊ ဝေါ
      သရ မပါတာက ကဝ၊ ဒလ

  • nature

    August 20, 2011 at 10:47 pm

    ၁၀။မြိတ်၊မြိုင်၊ ချောက်

  • ဆူး

    August 20, 2011 at 10:56 pm

    မာတဲ့ မြို့ = သံတွဲ
    အရသာ ရှိ= သရက်
    မြို့နာမည် မပေါက် = ဇီးကုန်း

  • moethidasoe

    August 21, 2011 at 6:57 am

    စောင့်ရတာ ညောင်းနေမှာစိုးလို့ အဖြေတွေ
    (၁) ငွေရေးကြေးရေး အရ ဆင်းရဲတဲ့မြို့ = တမူး၊ မတ္တရာ (မတ်တရာ)
    (၂) အရသာ ရှိတဲ့မြို့ = ဟားခါး၊ နောင်ချို၊ ရွာငံ
    (၃) မြို့ကြီးဖြစ်ပေမယ့် မြို့အမည် မပေါက်တဲ့ မြို့ = မုံရွာ၊ ရွာသစ်ကြီး၊ မောင်တော၊ ရှားတော၊ မြိုင်၊ သံဖြူဇရပ်၊ ရွာငံ၊ သဲတော
    (၄) မြို့နာမည်ကိုက ဈေးရောင်းနေတာ = ဆီဆိုင်၊
    (၅) ရောဂါရှိတဲ့မြို့ = မိုးညှင်း၊ ပလိပ်၊ ဆင်ပေါင်ဝဲ
    (၆) ရှေးရှေးတုန်းက ဂျပန်တွေ နေတဲ့မြို့ = ငပုတော
    (၇) အုပ်ချုပ်သူ မရှိတဲ့မြို့ = မင်းကင်း၊ မင်းတုန်း
    (၈) အဲဒီမြို့တွေကဣတ္ထိလိင် မဟုတ်ဘူး = အုတ်ဖို၊ ထုံးဖို၊ ထီးချိုင့်၊ ထီးလင်း၊ လေရှီး
    (၉) မာ တဲ့ မြို့များ = ကျောက်တန်း၊ ကျောက်ဆည်၊ သံတွဲ၊ ကျောက်ဖြူ၊ သံတောင်၊ ကျောက်တံခါး၊ ကျောက်တံတား၊ ကျောက်ကြီး၊ ကျောက်ပန်းတောင်း၊ ကျောက်တော်၊
    (၁၀) အမည် တစ်လုံးပဲ ရှိတဲ့ မြို့ = (၁၀) ယော၊ ဆော၊ ပေါက်၊ ဝေါ၊ ရေး၊ ပြည်၊ ချောက်၊ မြောင်၊ ပေါင်၊ ဂွ၊ ဆွာ၊ မြိတ်၊ အမ်း၊ လှိုင်၊ ဖြူး

  • thit min

    August 21, 2011 at 12:03 pm

    ဟဲ့ ဟဲ့…အမလေး …………….ဘာလို့ လေရှီး ကြီးပါလာရတာတုန်း..(ဟီးဟီး…တော်တော် နောက်တယ်..။ )

    • moethidasoe

      August 21, 2011 at 1:43 pm

      ပုလိ္လင်လေ မဟုတ်လို့လား

  • thit min

    August 21, 2011 at 2:16 pm

    ဟုတ်လွန်းလို့ ခက်နေတာလေ။..နောက်တာပါ.. ပေါက်မှာပါနော။်

Leave a Reply