ဟာ​သလေးတွေပါ အားလုံးရယ်မောပျော်ရွင်နိုင်ပါစေ

thit minAugust 20, 20112min16912

မဆုတ်သာ မတိုးသာ အခြေအနေ (DEADLOCK )

အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။
ငါ့တို့ နိုင်ငံ့ခြားကိုတစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။

အတွင်းရေးမှူးမက သူ့ယောကျင်္ားထံ ဖုန်းဆက်၏။
ကျွန်မ သူဌေးနဲ့ ကျွန်မနိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ်ကြည့်နေနော်
ယောကျာင်္းကသူ့တိတ်တိတ်ပုန်းချစ်သူထံဖုန်းခေါ်သည်။

ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာသွားရလိမ့်မယ်။
ဒါကြောင့်ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။ တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့်ကျူရှင်ပေးနေသော
ကောင်လေးထံ ဖုန်းဆက်သည်။ ငါ တစ်ပတ်လောက်အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ
မလိုဘူး ကောင်လေးကသူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့တစ်ပတ်လောက်
စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီးအချိန်ဖြုန်းရအောင်။ အဘိုး(အလုပ်ရှင်သူဌေး)က
သူ့အတွင်းရေးမှူးကိုဖုန်းဆက်သည်။ ဒီအပတ်ငါမြေးနဲ့ အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကိုမတက်နိုင်တော့ဘူး။အတွင်းရေမှူးက
သူ့ယောကျင်္ားကို ဖုန်းခေါ်သည်။ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲလုပ်စရာလေးတွေရှိတယ်။ ခရီးစဉ်ကို
ဖြက်လိုက်တယ်။ ယောကျင်္ားက

သု့တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။
ငါတို့ ဒီတစ်ပတ် အတူတူအချိန်မဖြုန်းနိုင်တော့ဘူး။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။တိတ်တိတ်ပုန်းချစ်သူက
ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။

ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။
ကောင်လေးကသူ့အဘိုးထံဖုန်းဆက်သည်။ဘိုးဘိုးကျွန်တော့်ဆရာမကပြောတယ်။ကျူူရှင်တက်ရမယ်တဲ့အဘိုးနဲ့အဖော်မလူပ်ပေးနိုင်တာစိတ်မကောင်းပါဘူး။

အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ
ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့။အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့်စီစဉ်စရာရှိတာတွေ
စီစဉ်ထားလိုက်။

အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်သည်။

ဟာ​သ

လူတွေ့စာမေးပွဲတစ်ခုတွင်….

ကျောင်းသား။    ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ
ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ
ပြောပြပေးပါဦးခင်ဗျာ။

ပရော်ဖက်ဆာ။   ။ အအိပ်လျှော့ ငါ့တပည့်။

 + + + + +

 သေနည်းကောင်း

 ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည်။

“ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ
အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့
စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး”

 + + + + +

 မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?

ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ
နေမှာ .. ဒါနဲ့ ရှင်ကော ..

ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား?

မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ
.. မင်းညီမနဲ့ပဲနေမှာပေါ့

+ + + + +

မင်္ဂလာဆောင်တခု၌ဖြစ်သည်

မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည်

ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ

” ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး”

 + + + + +

 အဖေ့အပေါ် မူတည်တယ်

 ” မေမေ အပြင်သွားရင် သား အိမ်မှာ
ဘာလုပ် ကျန်ရစ် မလဲကွဲ့ “

” အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ်
၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေ့ါ။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို  ရွေးမယ်ဆိုတာ မူတည်ပါတယ် “

 + + + + +

 မဖြစ်ဘူး

 ” ဒေါက်တာ ကျွန်တော် အမြဲတမ်း
စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း “

” လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ
ခေါင်းမြုပ်ထားလိုက်ပေ့ါဗျာ “

“ဟာ….ဒါတော့ မဖြစ်ဘူး ဆရာ ၊
ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။”

 + + + + +

 ရွေးချယ်မှု

 ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး
စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။

” ရွှေ နဲ့ အသိဉာဏ် နှစ်ခုယှဉ်လာရင်
မင်းဘာကို ရွေးချယ် မလဲ “

” ရွှေကို ယူမှာပေ့ါ “

” ဆရာကတော့ အသိဉာဏ်ကို ယူမယ် ၊
ဘာကြောင့်လဲ သိလား “

” သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို
ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ “

 + + + + +

 ၁။ ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့
ပေးစာ

 အဖေနဲ့ အမေ ခင်ဗျား … ကျန်းခံ့သာလို့
မာပါစ။

ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမတစ်လလုံးလုံး
ဘာစာမှ မသင်ရပါဘူး။ စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက်
ဖြစ်နေတယ်။ အဲဒီညက မီးမလာဘူး။ ပြီးတော့ ဆရာလည်း မလာဘူး။

 စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ
ပြောတယ်၊ `ဒီအခန်းထဲမှာ နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး
ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ ဆရာတစ်ယောက်တည်း
ရပ်နေတာကို အားနာလို့။

 ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့
ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင်
ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့။

 ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ
ချောတယ်။ အဖေတို့ အမေတို့အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာတစ်စောင် အင်္ဂလိပ်လိုရေးပြီး
ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို တက်လှပြီမထင်နဲ့။ သားမရေးတတ် ပါဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။
ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။

 စာရေးတာ နားဦးမယ်။ သား သိပ်နေမကောင်းဘူး။
ဟိုတစ်ပတ်က ဆရာက `မင်းတို့ အပြင်စာတွေ များများ ဖတ်ရမယ်´ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ
အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့ ဦးထုပ်တောင် မတော်တော့ဘူး။
အဲဒါ နောက်စေ့ကို တူနဲ့ ထုထားရတယ်။ ဒီတော့မှ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့။

 ပြီးတော့ မနက်ဖြန်မှာ သားတို့ကို
Blood Test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။

 ချစ်သား

စာကြွင်း ။ ။ ဒါနဲ့ အမေ၊ နောက်တစ်ပတ်မှာ
ဘရစ်နေးစပီးယားစ်အကြောင်း အရေးတကြီး လေ့လာရဦးမယ်။ အဲဒါပိုက်ဆံလိုတယ် ပို့ပေးပါဦး။

၂။ ကောလိပ်ကျောင်းရှိ သားထံ အမေ့ပေးစာ

 ချစ်စွာသောသား….

အမေ အသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာ
သားသိရအောင် စာလှမ်းရေးလိုက်တာပါ။ မင်း စာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို
ဖြည်းဖြည်းပဲ ရေးလိုက်တယ်။

မင်း အိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ
မဟုတ်ဘူး။ အမေတို့ ပြောင်းသွားကြပြီ။

မင်းအဖေလား။ အခု အလုပ်ကောင်းကောင်း
တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀ဝ လောက်ရှိတယ်။ သချိုင်းမှာ မြက်ရိပ်နေရတယ်လေ။

အခု အမေတို့အိမ်အသစ်မှာ အဝတ်လျှော်စက်တစ်လုံးရှိတယ်။
သိပ်တော့ မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေအဲဒီထဲ ရှပ်အကျီ ၁၄ထည် ထည့်တယ်။ ပြီး
ခလုပ်နှိပ်လိုက်တာ အဲဒီအကျီတွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။

သားအမ မမရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။
သားလေးလား၊ သမီးလေးလားတော့ အမေ မသိသေးဘူး။ အဲဒီတော့ မင်းက အန်တီဖြစ်မလား၊ အန်ကယ်လ်ဖြစ်မလား
အမေလည်း မပြောတတ်ဘူး။

ပြီးခဲ့တဲ့အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ချစ်လည်း
တို့မြို့က အရက်ချက်စက်ရုံမှာ ဝီစကီကန်ထဲ ကျပြီးနစ်လို့ သူ့လုပ်ဖော်ကိုင်ဖက်အချို့က
ခုန်ဆင်းပြီးကယ်ကြသေးတယ်။ ဒါပေမယ့် သူက ကယ်တဲ့သူအားလုံးကို သတိ္တရှိရှိ တွန်းလှန်နိုင်ခဲ့တယ်။
သူ့ကို သဂြိုဟ်တော့ အဲဒီမီးကို ငြိမ်းရတာ ၃ ရက်ကြာတယ်။

ပြီးခဲ့တဲ့အပတ်က မိုး ၂ ခါရွာတယ်။ တစ်ခါက
၃ ရက်ကြာပြီး နောက်တစ်ခါက ၄ ရက်ကြာတယ်။ တနင်္လာနေ့တုန်းကများ လေတွေတိုက်လိုက်တာ ခြံထဲက
ကြက်မတစ်ကောင်ဟာ ကြက်ဥတစ်လုံးတည်းကို လေးခါ ဥရတယ်။

အသုဘအလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစ်စောင်မနေ့က
ရတယ်။ သူက အမေတို့ပေးစရာရှိတဲ့ ကြွေးကျန်ကို ရ ရက်အတွင်း မပေးရင် မင်းဘွားအေကြီးကို
ပြန်ထအောင် လုပ်လိုက်မယ်တဲ့။

ချစ်တဲ့ အမေ

P.S : အမေ သားအတွက် ငွေ၅ထောင်-ထည့်ပို့မလို့ပဲ။
ဒါပေမယ့် စာအိတ်က ပိတ်ပြီးသွားပြီ။

ပြုံးပျော်နိုင်ပါစေ..။

12 comments

  • ဝိညာဉ်ပြာ

    August 20, 2011 at 11:52 am

    အဟက်ဟက် တော်ရီရတယ်ဗျာ……….

  • မီးမီး သော်

    August 20, 2011 at 12:28 pm

    “”””” မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
    ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ
    နေမှာ .. ဒါနဲ့ ရှင်ကော ..
    ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား?
    မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ
    .. မင်းညီမနဲ့ပဲနေမှာပေါ့”””””

    ဝါးးးး. ရီရပါတယ်။။ဒီတခုကတော့ ယောကျာ်းတွေကို မှတ်လောက်အောင်ဆော်ထည့်လိုက်လို ့ကြိ ုက်ပါတယ်

  • moethidasoe

    August 20, 2011 at 12:38 pm

    အမေကလဲ စာအိတ် ပိတ်လိုက်ပေမယ့် လူကြုံနဲ့ ထည့်ပေးလိုက်ရောပေါ့ ..

  • zawthulay

    August 20, 2011 at 3:34 pm

    အောက်ဆုံးက ရေးထားတဲ့ဟာလေး ပိုပီးရယ်ရတယ်..

  • thit min

    August 20, 2011 at 6:20 pm

    ကယ်တင်ရှင်
    ဇိမ်ခံ သဘေ်ာပေါ်တွင်လိုက်ပါလာသော အပျိုချောတစ်ဦး၏ နေ့စဉ်မှတ်တမ်းတွင်
    အောက်ပါအတိုင်းရေးထားသည်
    ပထမနေ့………………အပျံစားသဘေ်ာဖြစ်သည်။သဘေ်ာပေါ်ရှိယောက်ျားများတွင်captain သည် အချောဆုံး အခန့်ဆုံး ဖြစ်သည်
    ဒုတိယနေ့……………..ထမင်းစားခန်းတွင် captain နှင့်တစ်စားပွဲတည်း ကျသည်။
    တတိယနေ့…………….သဘေ်ာကို captain က လို်က်ပြသည်။ထို့နောက် ချစ်ရေးဆိုသည်။
    စတုတ္ထနေ့………………ယနေ့ည သူ၏အခန်းသို့မလာပါက သဘေ်ာကို မှောက်ပစ်မည်ပာု ခြိမ်းခြောက်သည်။
    ပဉ္စမနေ့…………………မနေ့က ညက ခရီးသည် 380 နှင့် သဘေ်ာသား 120 တို့၏ အသက်ကို ကယ်တင်လိုက်သည်။

  • naynaykyaw

    August 20, 2011 at 6:50 pm

    ပထမဆုံးတစ်ပုဒ်ကပတ်လည်ရိုက်နေတော့တာပဲ
    ဟဟအူတက်အောင်ရယ်ရတယ်

  • ဖတ်တော့ဖတ်ဘူးတယ်။
    ဒါပေမယ့်ပြန်ဖတ်တော့လဲရီရပါတယ်။
    သူတို့ဟာသတွေက ယောက်ျားမိန်းမဖောက်ပြန်တတ်တာကို ဟာသရေးတဲ့
    ဘက်မှာ ပိုအားသန်ကျသလိုဘဲနော်။

  • TTNU

    August 22, 2011 at 10:41 pm

    ဟာသစာစုလေးတွေ သိပ်ကြိုက်တယ်။ ကိုယ့် မိတ်ဆွေ ဆရာမ တစ်ယောက်ကလေ တစ်ခုခုပြောလိုက်ရင် ချက်ချင်း သဘောမပေါက်လွယ်ဘူး။ သူငယ်ချင်းတွေစုပြီး စကားစမြီပြောကြတော့ ကိုယ်ကပြောလိုက်တာ ( မြန်မာပြည်သိန်းတန် သီချင်း မုစ္စလိန​ ္တာ အိုင်မှာ ပြန် လည် ဆုံမယ်ဟောတဲ့ ဗေဒင်) အကြောင်း။
    အဲဒါ သူက မျက်သလဲဆန်ပြာနဲ့ ( ဘာလဲ ဘာလဲ တွံတေး သိန်းတန်က မူဆလင် ?? ဟုတ်လား ၊ ငါမသိဘူးတော်တဲ့) ။ အားလုံးဝိုင်းဟားကြတာပေါ့။

  • thit min

    August 23, 2011 at 6:18 am

    ချက်ချင်း သဘောမပေါက်လွယ်တဲ့သူတွေအကြောင်း ဟာသလေးတွေ ရေးပါ ဦး မည်…။

  • htet way

    October 31, 2011 at 2:42 pm

    ဟာသဆိုတာတဖက်လူနာကျင်နေတဲ့အခါတခြားသူအတွက်
    ရယ်ရွှင်ဖွယ်ပါပဲ။အားပေးတယ်ဗျာဆက်ရေးပါ။

  • thit min

    October 31, 2011 at 3:03 pm

    ကျေးဇူးတင်တဲ့အနေနဲ့ ဟာသတပုဒ်ချီးမြှင့်ပါတယ်။
    နစ်ခါနီးဆဲဆဲသင်းဘောတစီးပေါ်တွင် ကတ်ပတိန်လုပ်သူက ဟေ့ ဒီမှာ ကောင်းကောင်းဆုတောင်းတတ်သူ
    ပါသလားကွ ဟု အော်မေးလိုက်ပါသည်။
    ဤတွင်သင်းဘောသားတဦးမှ ကျနော်ကောင်းကောင်းဆုတောင်းတတ်ပါတယ်ခင်ဗျား ဟု
    အပြေးအလွှားဖြေသတဲ့။
    ထိုအခါကက်ပတိန်က ကောင်းပြီ မင်းသင်းဘောပေါ်မှာဆုတောင်းရင်း ကျန်နေပေးလိုက်ဟေ့၊ဒို့အားလုံးအတွက်
    အသက်ကယ် အင်းကျီ (life jacket) တထည်မလောက်လို့ကွာ ဟူသတတ်။

  • nikita

    October 31, 2011 at 3:45 pm

    စကားနိုင်လုကြစို ့

    ချာတိတ်နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အားကျမခံ စကားနိုင် လုနေကြသည် ။
    “ငါ့ အဖေက မင်း အဖေထက်သာတယ်ကွ”
    “မဟုတ်ဘူး ၊ငါ့ အဖေက သာတယ် ကွ”
    “ငါ့ အစ်ကိုက မင်းအစ်ကိုထက်သာတယ်ကွ”
    “မသာဘူး ၊ ငါ့ အစ်ကို က သာတယ်ကွ”
    “ငါ့အမေက မင်းအမေထက်သာတယ်ကွ”
    “အေး..အဲဒါတော့ မင်းမှန်တယ် ၊ ငါ့ အဖေက လဲ ပြောတယ်”

    >> 😀

Leave a Reply