နွယ်ပင် အလုပ်လုပ်တဲ့ မဂ္ဂဇင်းက ကဏ္ဍာအသစ်လေးတွေကိုလဲ အယ်ဒီတာတွေက စဉ်းစားပေးရတယ် တစ်ခြား မဂ္ဂဇင်းကမဟုတ်တဲ့ ကိုယ်ပိုင် ကဏ္ဍာလေးတွေကို မန်းနေဂျင်းဒါရိုက်တာဆိုတဲ့ မမကြီးဆီကို တင်ပြပြီး သူက သဘောတူရင် လုပ်ပေးရတယ် ။ ကဏ္ဍာ အသစ်ကို စပြီးစဉ်းစားပြီဆို အရမ်းကို ဦးနှောက်စားပြီး စိတ်ညစ်စိတ်တိုတဲ့ နေ့ရက်တွေပါပဲ နောက် ကဏ္ဍာကလည်း တစ်ခုထဲ မဟုတ်ဘဲ နှစ်ခု သုံးခုလောက်ကို တစ်ခြား မဂ္ဂဇင်းတွေနဲ့ မတူတဲ့ ကိုယ်ပိုင်စစ်စစ်တွေဖြစ်အောင်လဲ ဂရုစိုက်ရသေးတယ် နွယ်ပင်နဲ့ နွယ်ပင်ရဲ့တစ်ယောက်သောသူက entertainment ဘက်ကို တာဝန်ယူထားရတော့ အဲ့အချိန်ဆိုရင်တော့ တကယ့်ရန်သူတွေလိုမျိုး စကားများကြ ရန်ထောင်ကြနဲပေါ့ ။နောက်ဆုံး နှစ်ယောက်လုံး သဘောကျပြီး အဆင်ပြေမယ့် ကဏ္ဍာလေးကို စဉ်းစားမိကြတယ် ဒီဟာလေးက အနုပညာ၇ှင်တွေရဲ့ အခြားတစ်ဖက်ကလုပ်ဆောင်နေတဲ့ အနုပညာနဲ့ ပတ်သတ်တဲ့ ကိစ္စလေးတွေပေါ့ ဥပမာ သီချင်းဆိုတဲ့ အဆိုတော်က ပရိသတ်တွေ မသိသေးတဲ့ သူရေးထားတဲ့ ကဗျာလေးတွေ ,ဝတ္တူလေးတွေ၇ှိမယ်ဆိုရင် ဒါက သူ့ရဲ့ အခြားတစ်ဖက်က လှုပ်ရှားနေတဲ့ အနုပညာပေါ့ ဒါကို ပရိသတ်ရှေ့ချပြမယ်ဆိုပြီး ကဏ္ဍာသစ်လေး တစ်ခုကို လုပ်လိုက်ကြတယ်
ဒီမှာက နည်းနည်းတော့ အုန်းစားရတယ် ဘယ်သူတွေ ဘယ် Celebrity တွေက ပရိသတ်မသိသေးတဲ့ အနုပညာတွေလုပ်နေလဲ ဆိုတာ ဆုံစမ်းရတာပေါ့ အများအားဖြင့် အဆိုတော် အများစုက ကဗျာတွေ ဝတ္တူတွေရေးကြတယ် တစ်ချို့ သရုပ်ဆောင်တွေကလည်းရေးကြတယ် ဆိုတော့ ဖုန်းဆက်ပြီး အရင်မေးရတာပေါ့ ။ အဲမှာ အဲဒီကဏ္ဍာလေးအတွက် သရုပ်ဆောင်ထဲက တစ်ယောက်က ဝတ္တူရေးတယ်ဆိုလဲ ကြားရော သူ့ဆီဖုန်းဆက်ပြီးမေးတော့ ဟာရေးထားတာရှိတယ် လာခဲ့ပေါ့ သူပေးမယ်ဆိုတော့ နှစ်ယောက်သား အဲ့ သရုပ်ဆောင်ဆီ ဝမ်းသာအားရနဲ့ ချီတက်သွာကြတာပေါ့ ။ဟိုလဲယောက်ရော သူက ကတ်ဆက်ပါလားတဲ့ ကိုယ်တွေကလည်း အင်တာဗျူးပါလုပ်မယ်ဆိုတော့ ဟုတ်ကဲ့ပါတယ်ပေါ့
အဲတာဆိုရင် သူကစပြောမယ်နော်တဲ့ ကိုယ်တွေကလည်း ဟုတ်ကဲ့ပေါ့ အစ်ကို ဝတ္တူစာရွက်လေး အရင်ပေးပါလးဆိုတော့ သူက မဟုတ်ဘူး သူကဝတ္တူကို ပါးစပ်နဲ့ တစ်ခါတည်းတန်းပြောမှာတဲ့ အခု စိတ်ထဲမှာ ပေါ်နေတာလေးကို တန်းပြီးပြောပြမှာတဲ့ အဲ့မှာ စတာပဲ မင်းသားက သူစိတ်ထဲ၇ှိတဲ့ ဟာကို ပါးစပ်နဲ့ ဝတ္တူပုံမျိုးပြောတာ မကြာဘူးဆို မိနစ် (30) လောက်ကိုကြာမယ် ဒါပေမယ့် ဇာတ်လမ်းတွေက ဟိုရောက် ဒီရောက်နဲ့ဆိုတော့ ဘယ်လိုမှကို အသုံးပြုလို့ရမယ့် ပုံမပေါ်ဘူး ဒါပေမယ့်လဲ ကိုယ်တွေက ယဉ်ကျေးမူအရ ပြီးအောင် အင်တာဗျူးလေးကို လုပ်ခဲ့ရပါတယ် ဘယ်လိုမှ အသုံးပြုလို့ရမှာမဟုတ်တဲ့ မင်းသားရဲ့ အင်တာဗျူ့းအခွေလေးလဲ အခုထိအမှတ်တရ သိမ်းထားဖြစ်တယ် ။
ဒီမင်းသားကိုတော့ လူတိုင်းသိမှာပါ သူက သူ့ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ ရာဇာနေဝင်းပါပဲ ။နွယ်ပင်ရဲ့ အင်တာဗျူးအမှတ်တရတွေထဲမှာ
ဒိလို အမှတ်တရတစ်ချို့လဲ ပါဝင်နေခဲ့ပါတယ် ။
နောက်တစ်ခု အမှတ်တရက မင်းသား မင်းသမီးတွေ အချိန်မရလို့ အင်တာဗျူးကို ကိုယ်တိုင်ပါးစပ်နဲ့မဖြေပေးတော့ဘဲ မေးခွန်း စာရွက်လေး လာပို့ပေးပါလားဆိုတာပါပဲ ။ အဲဒီလိုအပြောခံရပြီဆိုရင်တော့ အဲ့ဒီအင်တာဗျူးက အင်တာဗျူးကောင်း တစ်ခုဖြစ်ဖို့မလွယ်တော့တာပါပဲ ။ Celebrity တွေကပါးစပ်နဲ့ဖြေရင်သာ များများပြောတက်ကြပင်မယ့် လက်ရေးနဲ့ဖြေရမယ်ဆိုရင်တော့ တစ်ကြောင်းသွားလေးတွေ ဖြေပေးတက်ကြတာများပါတယ် (တစ်ချို့တစ်လေကတော့ သေသေချာချာလေး အကျိုးနဲ့ အကြောင်းဆက်စပ်ပြီး ဖြေပေးတက်ကြတာ ရှိပါတယ် ) အဲတော့ နွယ်ပင်တို့က အဆင်ပြေအောင် အန်တီပိုကြီး ဦးပိုကြီးတွေလုပ်ပြီး အပိုစာသားလေးတွေနဲ့ သိုင်းသိုင်းဝန်းဝန်းဖြေပေးရတက်ပါတယ် တစ်ခါကတော့ မင်းသမီးလေးတစ်ယောက်က အဲလိုပဲ စာ၇ွက်လေးလာပေး ပါဆိုတော့ သွားပေးတာ စရွက်လဲပြန်ရရော အန်တီပိုကြီး ဦးပိုကြီးတွေတောင်လုပ်လို့မရပဲ ဟုတ်ကဲ့ ၊ မဟုတ်ဘူး Yes , No နဲ့ဖြေထားလို့ အဲ့ဒီအင်တာဗျူးလေးကိုလဲ မသုံးဖြစ်ခဲ့ရတာ အမှတ်တရပါပဲ ။ဒီတစ်ခါတော့ ဖောင်ပိတ်ရက်လဲ ရောက်ပြီဆိုတော့ နောက်တစ်ယောက်ကို ရအောင် ကသောင်းကနင်းနဲ့ ကြီုးစားပန်းစား လုပ်ခဲ့ရပြီး မန်းနေဂျင်းဒါရိုက်တာဆိုတဲ့ မမကြီးရဲ့ အဆူကိုလဲ ခံခဲ့ရတဲ့ အမှတ်တရ အင်တာဗျူးလေးပေါ့

ဆက်ရန် …..

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..