ကျွှန်မ ဘဝရဲ့ အမှတ်တရ များထဲက အမှတ်တရများ (4)

နွယ်ပင်August 20, 20111min17914

နွယ်ပင် အလုပ်လုပ်တဲ့ မဂ္ဂဇင်းက ကဏ္ဍာအသစ်လေးတွေကိုလဲ အယ်ဒီတာတွေက စဉ်းစားပေးရတယ် တစ်ခြား မဂ္ဂဇင်းကမဟုတ်တဲ့ ကိုယ်ပိုင် ကဏ္ဍာလေးတွေကို မန်းနေဂျင်းဒါရိုက်တာဆိုတဲ့ မမကြီးဆီကို တင်ပြပြီး သူက သဘောတူရင် လုပ်ပေးရတယ် ။ ကဏ္ဍာ အသစ်ကို စပြီးစဉ်းစားပြီဆို အရမ်းကို ဦးနှောက်စားပြီး စိတ်ညစ်စိတ်တိုတဲ့ နေ့ရက်တွေပါပဲ နောက် ကဏ္ဍာကလည်း တစ်ခုထဲ မဟုတ်ဘဲ နှစ်ခု သုံးခုလောက်ကို တစ်ခြား မဂ္ဂဇင်းတွေနဲ့ မတူတဲ့ ကိုယ်ပိုင်စစ်စစ်တွေဖြစ်အောင်လဲ ဂရုစိုက်ရသေးတယ် နွယ်ပင်နဲ့ နွယ်ပင်ရဲ့တစ်ယောက်သောသူက entertainment ဘက်ကို တာဝန်ယူထားရတော့ အဲ့အချိန်ဆိုရင်တော့ တကယ့်ရန်သူတွေလိုမျိုး စကားများကြ ရန်ထောင်ကြနဲပေါ့ ။နောက်ဆုံး နှစ်ယောက်လုံး သဘောကျပြီး အဆင်ပြေမယ့် ကဏ္ဍာလေးကို စဉ်းစားမိကြတယ် ဒီဟာလေးက အနုပညာရှင်တွေရဲ့ အခြားတစ်ဖက်ကလုပ်ဆောင်နေတဲ့ အနုပညာနဲ့ ပတ်သတ်တဲ့ ကိစ္စလေးတွေပေါ့ ဥပမာ သီချင်းဆိုတဲ့ အဆိုတော်က ပရိသတ်တွေ မသိသေးတဲ့ သူရေးထားတဲ့ ကဗျာလေးတွေ ,ဝတ္တူလေးတွေရှိမယ်ဆိုရင် ဒါက သူ့ရဲ့ အခြားတစ်ဖက်က လှုပ်ရှားနေတဲ့ အနုပညာပေါ့ ဒါကို ပရိသတ်ရှေ့ချပြမယ်ဆိုပြီး ကဏ္ဍာသစ်လေး တစ်ခုကို လုပ်လိုက်ကြတယ်
ဒီမှာက နည်းနည်းတော့ အုန်းစားရတယ် ဘယ်သူတွေ ဘယ် Celebrity တွေက ပရိသတ်မသိသေးတဲ့ အနုပညာတွေလုပ်နေလဲ ဆိုတာ ဆုံစမ်းရတာပေါ့ အများအားဖြင့် အဆိုတော် အများစုက ကဗျာတွေ ဝတ္တူတွေရေးကြတယ် တစ်ချို့ သရုပ်ဆောင်တွေကလည်းရေးကြတယ် ဆိုတော့ ဖုန်းဆက်ပြီး အရင်မေးရတာပေါ့ ။ အဲမှာ အဲဒီကဏ္ဍာလေးအတွက် သရုပ်ဆောင်ထဲက တစ်ယောက်က ဝတ္တူရေးတယ်ဆိုလဲ ကြားရော သူ့ဆီဖုန်းဆက်ပြီးမေးတော့ ဟာရေးထားတာရှိတယ် လာခဲ့ပေါ့ သူပေးမယ်ဆိုုတော့ နှစ်ယောက်သား အဲ့ သရုပ်ဆောင်ဆီ ဝမ်းသာအားရနဲ့ ချီတက်သွာကြတာပေါ့ ။ဟိုလဲယောက်ရော သူက ကတ်ဆက်ပါလားတဲ့ ကိုယ်တွေကလည်း အင်တာဗျူးပါလုပ်မယ်ဆိုတော့ ဟုတ်ကဲ့ပါတယ်ပေါ့
အဲတာဆိုရင် သူကစပြောမယ်နော်တဲ့ ကိုယ်တွေကလည်း ဟုတ်ကဲ့ပေါ့ အစ်ကို ဝတ္တူစာရွက်လေး အရင်ပေးပါလးဆိုတော့ သူက မဟုတ်ဘူး သူကဝတ္တူကို ပါးစပ်နဲ့ တစ်ခါတည်းတန်းပြောမှာတဲ့ အခု စိတ်ထဲမှာ ပေါ်နေတာလေးကို တန်းပြီးပြောပြမှာတဲ့ အဲ့မှာ စတာပဲ မင်းသားက သူစိတ်ထဲရှိတဲ့ ဟာကို ပါးစပ်နဲ့ ဝတ္တူပုံမျိုးပြောတာ မကြာဘူးဆို မိနစ် (30) လောက်ကိုကြာမယ် ဒါပေမယ့် ဇာတ်လမ်းတွေက ဟိုရောက် ဒီရောက်နဲ့ဆိုတော့ ဘယ်လိုမှကို အသုံးပြုလို့ရမယ့် ပုံမပေါ်ဘူး ဒါပေမယ့်လဲ ကိုယ်တွေက ယဉ်ကျေးမူအရ ပြီးအောင် အင်တာဗျူးလေးကို လုပ်ခဲ့ရပါတယ် ဘယ်လိုမှ အသုံးပြုလို့ရမှာမဟုတ်တဲ့ မင်းသားရဲ့ အင်တာဗျူး့အခွေလေးလဲ အခုထိအမှတ်တရ သိမ်းထားဖြစ်တယ် ။
ဒီမင်းသားကိုတော့ လူတိုင်းသိမှာပါ သူက သူ့ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ ရာဇာနေဝင်းပါပဲ ။နွယ်ပင်ရဲ့ အင်တာဗျူးအမှတ်တရတွေထဲမှာ
ဒိလို အမှတ်တရတစ်ချို့လဲ ပါဝင်နေခဲ့ပါတယ် ။
နောက်တစ်ခု အမှတ်တရက မင်းသား မင်းသမီးတွေ အချိန်မရလို့ အင်တာဗျူးကို ကိုယ်တိုင်ပါးစပ်နဲ့မဖြေပေးတော့ဘဲ မေးခွန်း စာရွက်လေး လာပို့ပေးပါလားဆိုတာပါပဲ ။ အဲဒီလိုအပြောခံရပြီဆိုရင်တော့ အဲ့ဒီအင်တာဗျူးက အင်တာဗျူးကောင်း တစ်ခုဖြစ်ဖို့မလွယ်တော့တာပါပဲ ။ Celebrity တွေကပါးစပ်နဲ့ဖြေရင်သာ များများပြောတက်ကြပင်မယ့် လက်ရေးနဲ့ဖြေရမယ်ဆိုရင်တော့ တစ်ကြောင်းသွားလေးတွေ ဖြေပေးတက်ကြတာများပါတယ် (တစ်ချို့တစ်လေကတော့ သေသေချာချာလေး အကျိုးနဲ့ အကြောင်းဆက်စပ်ပြီး ဖြေပေးတက်ကြတာ ရှိပါတယ် ) အဲတော့ နွယ်ပင်တို့က အဆင်ပြေအောင် အန်တီပိုကြီး ဦးပိုကြီးတွေလုပ်ပြီး အပိုစာသားလေးတွေနဲ့ သိုင်းသိုင်းဝန်းဝန်းဖြေပေးရတက်ပါတယ် တစ်ခါကတော့ မင်းသမီးလေးတစ်ယောက်က အဲလိုပဲ စာရွက်လေးလာပေး ပါဆိုတော့ သွားပေးတာ စရွက်လဲပြန်ရရော အန်တီပိုကြီး ဦးပိုကြီးတွေတောင်လုပ်လို့မရပဲ ဟုတ်ကဲ့ ၊ မဟုတ်ဘူး Yes , No နဲ့ဖြေထားလို့ အဲ့ဒီအင်တာဗျူးလေးကိုလဲ မသုံးဖြစ်ခဲ့ရတာ အမှတ်တရပါပဲ ။ဒီတစ်ခါတော့ ဖောင်ပိတ်ရက်လဲ ရောက်ပြီဆိုတော့ နောက်တစ်ယောက်ကို ရအောင် ကသောင်းကနင်းနဲ့ ကြီုးစားပန်းစား လုပ်ခဲ့ရပြီး မန်းနေဂျင်းဒါရိုက်တာဆိုတဲ့ မမကြီးရဲ့ အဆူကိုလဲ ခံခဲ့ရတဲ့ အမှတ်တရ အင်တာဗျူးလေးပေါ့

ဆက်ရန် …..

14 comments

  • ဆူး

    August 20, 2011 at 12:27 pm

    ရာဇာနေဝင်း အခု မတွေ့တာ တော်တော် ကြာနေပြီနော်.. ဘာတွေ လုပ်နေလဲ မသိဘူး။
    အာရုံထဲမှာ မရှိတာတောင် အခု နာမည် မြင်လို့ သတိရသွားတယ်။

    • king

      August 20, 2011 at 12:32 pm

      လှိုင်သာယာက လုံမနီ ဆေးရုံမှာလို့တော့ သတင်းသဲ့သဲ့ကြား …
      နည်းနည်းတော့ကြာပြီ သတင်းရတာ … ဆေးရုံနာမည်ကတော့ မှန်မမှန် မသိတော့ဘူး

      • ဆူး

        August 20, 2011 at 9:47 pm

        အဲဒါ ဘာလဲဟင် မသိလို့
        ဆေးရုံမှာ ဘာလုပ်နေတာလဲ

  • မီးမီး သော်

    August 20, 2011 at 12:35 pm

    ဟုတ်ပနော် ကို ့ရိုးကားယားနဲ ့အထည်တွေဆို တံဆိပ်တောင်မဖြ ုတ်ဘဲ လုပ်ပြတတ်သူ ကို သွားသတိရပါတယ်—သင်္ကြန်မှာတော့ နည်းနည်းတွေ ့ရတတ်တယ်နော်။ရုပ်ရှင်ပိုင်းမလုပ်တော့ဘဲ ဘောလုံးကန်တယ်လားမသိတော့ပါဘူး

  • moethidasoe

    August 20, 2011 at 12:41 pm

    ဟိုတလောက blog တစ်ခုထဲမှာတော့ ရွာသာကြီးမှာ ဆေးဖြတ်နေတယ်လို့ ဖတ်ဖူးတယ် .. အခုဆို ဆင်းရလောက်ရောပေါ့

  • weiwei

    August 20, 2011 at 1:29 pm

    နွယ်ပင့်အမှတ်တရလေးတွေက ဖတ်တဲ့သူတွေ သိချင်နေကြတဲ့ အကြောင်းအရာတွေဆိုတော့ …. စိတ်ဝင်စားစရာကောင်းပါတယ် … ဆက်ရန်တွေကို စောင့်ဖတ်နေတယ်နော် …

  • windtalker

    August 20, 2011 at 1:55 pm

    အင်း
    မနွယ်ပင် က
    ဆယ်လီဘရီတီ တွေ လည်း စာရေးကြတယ် လို ့ဆိုလာတော့
    ( အရင်ကတော့ စိုးမြတ်သူဇါ ကို ကြားဖူးပါတယ် )
    သိချင်တာလေး တစ်ခု မေးရဦးမယ် ၊ မေးခွင့် ပြုပါနော်
    မနွယ်ပင် ကိုယ်တိုင် စာပေလောက ထဲ က မို ့ မေးမိတာပါ နော်
    ဖြေနိုင်ရင် ဖြေကြားပေးပါလို ့လေးလေးစားစား တောင်းဆိုလိုက်ပါတယ်နော်
    “ ကြာတော့ ကြာပါပြီ လေ
    မော်ဒယ် သရုပ်ဆောင် လိုင်းထဲ ကို ဝင်လာပြီး
    အောင်မြင် မှု မရရှိတဲ့ အခါ
    အနုပညာအလုပ် ကို အားလုံးကို စိတ်ဝင်စား ၊ ကြိုးစားအားထုတ်ချင်ပါတယ် ဆိုပြီး
    စာပေလိုင်းထဲ ကို ဝင်ကာမှ
    အယ်ဒီတာ အတွက် ကလေး မွေးပေးလိုက်ရတဲ့ ကောင်မလေး အကြောင်းကို သိချင်ပါတယ်
    ( နံပါတ် ၁ နေရာ နဲ ့၊ လူသိရှင်ကြား မဟုတ်ပါ )
    သူ လေး နာမည် က အင်္ဂ ါနံ နဲ ့စပြီး ၊ ၃ လုံး ရှိပါတယ် ။
    ကျွန်တော် သူ ့စာ ကို စသတိထားမိတာ ဟိုး၄ နှစ်လောက်က ထွက်ခဲ့တဲ့ Times ဂျာနယ်တွေ မှာပါ
    ဒီလောက်ဆို မနွယ်ပင် အနေနဲ ့
    ကျွန်တော့် မေးခွန်း ကို ဖြေပေးလို ့ရလောက်ပါပြီနော် ”
    စောင့်မျှော် နေမယ်နော်
    လေးစားစွာဖြင့်ပါ

    • နွယ်ပင်

      August 22, 2011 at 9:24 am

      မေပေါင်ပြောတဲ့ တစ်ယောက်က လျှပ်တပြတ်ဂျာနယ်မှာ အခုလုပ်နေတဲ့ တစ်ယောက်လား
      ဟိုတစ်လောက သူ့ပုံတွေ အင်တာနက်ထဲမှာ တွေ့လိုက်ရတဲ့ သူလေးလား
      နာမယ်ပြောပြချင်ပင်မယ့် မဟုတ်ရင် အားနာစာရာတွေ ဖြစ်နေမှာဆိုးလို့
      အင်္ဂ ါနံ နဲ ့စပြီး ၊ ၃ လုံးရှိတယ် နောက်ဆုံးနာမည်စာလုံးက ကြာသာပတေးနံနဲ့ ဆုံးတာလား………

    • နွယ်ပင်

      August 22, 2011 at 9:46 am

      မေပေါင်ပြောတဲ့ တစ်ယောက်က လျှပ်တပြတ်ဂျာနယ်မှာ အခုလုပ်နေတဲ့ တစ်ယောက်လား
      ဟိုတစ်လောက သူ့ပုံတွေ အင်တာနက်ထဲမှာ တွေ့လိုက်ရတဲ့ သူလေးလား
      နာမယ်ပြောပြချင်ပင်မယ့် မဟုတ်ရင် အားနာစာရာတွေ ဖြစ်နေမှာဆိုးလို့
      အင်္ဂ ါနံ နဲ ့စပြီး ၊ ၃ လုံးရှိတယ် နောက်ဆုံးနာမည်စာလုံးက ကြာသာပတေးနံနဲ့ ဆုံးတာလား………

  • ogre

    August 20, 2011 at 4:06 pm

    နွယ်ပင် အင်တာဗျူးရင်
    သူတို့တွေက ““ဘယ်လိုပြောရမလဲပေါ့နော်””
    လို့ပြောတဲ့သူဘယ်နှစ်ယောက်ရှိလဲ မှတ်မိသမျှလေးချရေးစမ်းပါအုံး..။။။

    • pan pan

      August 20, 2011 at 4:49 pm

      ကျွန်မသာဆိုရင် “ပါးစပ်နဲ့ပြော”လို့ ပြောထည့်လိုက်မှာ (စိတ်ထဲကပေါ့…အဟဲ 😀 )
      ——————
      ရာဇာနေဝင်းတော့ မတွေ့တာကြာပေ့ါ
      ဒီကိစ္စနဲ့ပတ်သတ်ပြီးအားလုံးအဆင်ပြေသွားပြီဆိုတဲ့ စကားလေးမကြားရတော့ဘူး

  • R Ga

    August 20, 2011 at 5:48 pm

    ရာဇာနေဝင်း ကဂေါက်နေတယ်လို့ ကြားပါတယ်။ သူညီမ(အိနြာကျော်ဇင်) မင်္ဂလာဆောင်တောင် မတက်နိုင် အထိဂေါက်နေတယ်လို့လည်းသိရပါတယ်။ အသက်၉ဝ ကျော် ရှိတဲ့ ဆရာဒဂုန်တာရာတောင် တက်သေးတာ သူမတတ်နိုင်ဘူး။

  • hmee

    August 20, 2011 at 6:55 pm

    စိတ်ဝင်စားတဲ့ နေရာမှာ ဆက်ရန်လုပ်ထားတာကတော့ ကိုရီးယားကား အတိုင်းပဲ။

  • bigchef

    August 21, 2011 at 8:23 am

    wintalker ရေ သူလေး ရဲ ့ ဘဲ ကြီး က ဘီ လူး တောင် သူ ့ထက် ချော အုံး မယ်။နာ မည် က န လာင်္ နံ နဲ.ဆုံးတာ ဟုတ်။

Leave a Reply