ဧပြီ ၁၅ရက်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရလူနာ ၁၇၀အနက်လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ကြပြီး အမျိုးသာ ၁၂ဦး၊ အမျိုးသမီးခြောက်ဦးစုစုပေါင်း ၁၈ဦး ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြကြောင်း သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆိုပါ ဆေးကုသမှုခံယူလျက်ရှိသော လက်ကျန်ဒဏ်ရာရ လူနာများအနက် သက်သာပျောက်ကင်းသူများ ဆေးရုံမှ ထပ်မံဆင်းသွားခဲ့ကြသဖြင့် မေလ ၁၀ရက်နေ့ အထိ အမျိုးသား ခြောက်ဦး ၊ အမျိုးသမီး ငါးဦးစုစုပေါင်း ၁၁ဦးသာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်း ၂၀၁၀ခုနှစ် မေလ ၁၁ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..