မိမိကိုယ်ဆန်းစစ်ကြည့်ဖို ့လိုတယ်

ရွှေအိမ်စည်September 30, 20111min1447

လူစွမ်းကောင်းသည်အောင်မြင်မည့် အကြောင်းကိုသာတွေးတောနေသည်။

သာမန်လူများကမူ သာမန်အကြောင်းသာတွေးတောနေတတ်၏။

 

(ကွန်ဖြူးရှပ်)

 

ဗိုလ်ချုပ်အောင်ဆန်း တို ့။ မာသားထရီဇာတို ့၊ မဟာဓမ္မဂန္ဒီ၊ သမ္မတ လင်ကွန်းတို့လို သမိုင်းမှာ လူတွေရဲ့ကြည်ညို လေးစားခြင်းကို ခံရတဲ့ သူတွေဟာ ရုပ်ရည်လည်း မချောကြပါဘူး ၊ဉာဏ်ပညာလည်း အထူး ထက်မြက်တဲ့ သူတွေ မဟုတ်ကြ ပါဘူး။

ရုပ်ရည်ချောတာ ဉာဏ်ကောင်းတာ တွေထက် ကျွန်မတို ့တန်ဖိုးအထားဆုံး အရာတွေက

  •  ရိုးသားခြင်း၊
  • သတ္တိရှိခြင်း၊
  • ဇွဲရှိခြင်း၊
  • စိတ်ထားမွန်မြတ်ခြင်း၊
  • မိမိကိုယ်ကိုနှိမ်ချခြင်းတို့ပဲဖြစ်ပါတယ်။

တကယ်တမ်းသာ ကျွန်မတို ့ လိုချင်ခဲ့မယ်ဆိုရင် ဘယ်သူမဆို ဒီလို အရည်အချင်းတွေ ရလာ နိုင်ပါတယ်။

မိမိကိုယ့်မိမိ ရိုသေ လေးစားပါ။ ကိုယ့်ကိုကိုယ် ရိုသေ လေးစားမှုနဲ့ တခြားလူက ကိုယ့်ကို ရိုသေလေးစားဖို ့အတွက် ဉာဏ်ပညာ ထူးချွန်ထက်မြက်နေဖို့၊ ရုပ်ရည်ချောမော ဖြစ်နေဖို့ မလိုအပ်ပါဘူး။ မိမိကိုယ်ကို ဆန်းစစ်ကြည့်ဖို ့တော့လိုပါတယ်။

ကြေကွဲစရာ အဖြစ်မျိုးနဲ့ကြုံတဲ့အခါ(သို ့)အားလုံ းဆုံးရှုံးသွားတဲ့အခါ(သို ့)ချစ်သူကစွန့်ပစ်သွား တဲ့အခါ(သို ့)အားငယ် စိတ်ပျက်နေတဲ ့အခါ (သို ့)ကျွန်မတို ့လုပ်သမျှအရာတိုင်းမအောင်မြင်တဲ ့အခါ ကျွန်မတို ့အများဆုံးမေးဖြစ်တဲ့ မေးခွန်းတွေက

  •  ဘာကြောင့်ငါ့ကိုမှ…………………….
  •  ဘာကြောင့်ခုချိန်မှ……………………
  • ဘာကြောင့်မအောင်မြင်တာ……………………………
  • ဘာကြောင့်ငါ့ကြောင့်လား………………………….

.လို့မေးခွန်းတွေမေးခြင်းဟာကကျွန်မ တို ့စိတ်ကို ရူးသွပ်သွားစေပါတယ်။

များသောအားဖြင့် ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းတွေမှာ အဖြေမရှိပါဘူး။

 

လောကမှာ အကျိုးရှိအောင် နေတတ်သူတွေဟာ ဘာကြောင့်ဆိုတဲ့ မေးခွန်းကိုမမေးကြပါဘူး။

ဘယ်သူ ့ကိုမှလည်းအပြစ်တွေ တင်မနေတတ်ကြပါဘူး..။

ဘာ ဆိုတဲ့မေးခွန်းနဲ့ပဲ သူတို ့ကိုယ်သူတို ့ပြန်လည်ဆန်းစစ် တက် ကြပါတယ်။

 

  • ဒီကိစ္စမှာ ငါဘာလုပ်ရမလဲ……
  • ဒီဖြစ်ရပ်မှာ ငါဘာတွေ သင်ခန်းစာရလိုက်သလဲ………’
  • မျှော်လင့်ချက်ကင်းနေတဲ့အခါ အခြေအနေပြန်ကောင်း လာအောင် ငါဘာဆက်လုပ်သင့်သလဲ…
  • ဒီလုပ်ငန်းကိုငါဘယ်လိုဆက်လုပ်ကိုင်မလဲ……

 

အောင်မြင်သူ လူအများစုကလည်း သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ဘဝတွေကို ကံကောင်းတိုက်ဆိုင်မှု တစ်ခုတည်းနဲ့ရောက်ရှိလာကြတာ မဟုတ်ပါဘူး။ လောကမှာအောင်မြင်နေသူတွေ ရဲ ့စိတ်သဘောထားကိုဂရုတစ်စိုက်လေ ့လာကြည့်ပါ။ အောင်မြင်နေသူတွေ ရဲ ့ဘဝဟာလည်း သင်လိုငါလို ပါဘဲ။ မအောင်မြင်ခင်မှာတော့လောကဓံ ရဲ ့ရိုက်ပုတ်မှုတွေ၊အဆင်မပြေမှုတွေ နဲ ့ရင်းနှီးနေခဲ ့ရမှာပါ..။
ကျွန်မတို ့ကိုယ် ကျွန်မတို ့ပြန်လည်ဆန်းစစ် ဖို ့လိုပါတယ်..။ ထိုဆန်းစစ်မှုမရှိမှသာ ကျွန်မတို ့လိုချင်ရာပန်းတိုင်ကိုရောက်မှာသာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကိုလူတွေ အခုထိဘာကြောင်းတမ်းတနေတာလည်း… ့။

မာသားထရီဇာတို လူတိုင်းက ဘာလို ့မဖြစ်နိုင်တာလည်း၊

မဟာဓမ္မဂန္ဒီကိုရော..ဘာလို ့နောက်ထပ်တစ်ယောက်မတွေ ့နိုင်ရတာလည်း၊

သမ္မတ လင်ကွန်းတို့လို လူမျိုးလူတွေဘာကြောင်မျော်လင့်နေကြတာလည်း……..

 

ကျွန်မတို ့ဘုရားလောင်း မဟာဇနက္ကမင်းသားဟာ ပင်လယ်ထဲ သဘောင်္နစ်တာလည်း သာဓကတွေ ရှိသေးတယ်နော်…

အများသူငါ လူ တွေလို အုတ်အော်သောင်းနင်းမဖြစ်ဘဲ..ငါဒီသင်္ဘောနဲ့လိုက်လာမိတာမှားပြီ၊

ငါတော့သေကြေပျက်စီးရတော့မှာဘဲလားမတွေးပါဘူး..မိမိကိုယ်မိမိလည်းအပြစ်မတင်ဘူး။

အစာရေစာဝအောင်စားတယ်.. .ရေထဲပေါ့ပါးစွာကူးနိုင်အောင် အဝတ်အစားအပိုအလျှံ ဖယ်ပစ်တယ်၊ သူ ့ရဲ ့ကိုယ်ကိုထောပတ်ဆီတွေလူးတယ်။ သင်္ဘောနဲ ့ဝေးနိုင်သမျှဝေးအောင် ခုန်ပြီး အောင်မြင်အောင်ကြိုးစားခဲ ့ပါတယ်။

ဒါဟာမဟာဇနက္ကမင်းသားရဲ ့စိတ်ကူးထဲမှာကျဆုံးခြင်းမရှိဘူး။ အဆင်မပြေဘူးဆိုတာမရှိဘူး..

သေခြင်းတရားဆိုတာမရှိဘူး၊ အောင်မြင်အောင်ကျိုးစားမယ် ဆိုတဲ ့အတွေးဘဲရှိတယ်။

 

ကျွန်မလည်း နောက်ထပ်ပုံပြင်တစ်ပုဒ်ပြောပြမယ်နော်..။ကြားဖူးပြီးသားတွေ ပါဘဲနော်..။

ဒါပေမယ့်ထပ်ပြောချင်ပါတယ်..။

တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို
လာတယ်။

“ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ… မရဘူး။ ကလေးက စားမြဲ စားတာပဲ။  အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံး ”ဆိုပြီး လာပြောတယ်။

 

ဂန္ဒြီကြီး ကအမျိုးသမီးကိုပြုံးပြုံးရွှင်ရွှင်ကြည့်ရင်း..နဲ ့”ကောင်းပါပြီ….နောက် တစ်လလောက် နေမှ ပြန်လာခဲ့”
လို ့ပြောလိုက်တယ်။

 

ဒီလိုနဲ ့တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ ့သူ ကလေး က ပြန်ရောက်လာပြန်တယ်။

အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီ း “သားလေး… အချိုတွေ သိပ်မစားနဲ ့…..” လို ့ရိုးရိုးလေးပဲပြောလိုက်တယ် ။

အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး “ဟုတ်ကဲ့” လို ့ပြောလိုက်တယ်။

အဲလိုနဲ ့ကလေး အမေက အံ့ဩပြီးစိတ်ဆိုးမိတာပေါ့”ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက ကျမလာကတည်းကပြောလိုက်ရောပေါ့” လို ့ပြန်ပြောလိုက်မိတယ်။

အဲဒီတော့မှ ဂန္ဒီကြီးက “ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်…  ဒါပေမယ့် အရင် တလက စပြီး ငါအချိုတွေ မစားတော့ဘူး…  ရှောင်လိုက်ပြီ… ဒီကလေးကို အချိုမစားနဲ့ လို ့ပြောဆို ဆုံးမဖို ့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ ဖြစ်မှရမယ် လေ…။”

ကဲ … ဘယ်လိုလဲ သူငယ်ချင်းတို ့ရေ … ပုံပြင်လေးကပြောထားတာတော့
ရှင်းရှင်းလေးပါပဲ …

သူများကို ဆုံးမပြုပြင်ပေးချင်ရင် အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံ းမ    ပြူပြင်ထားဖို ့လိုအပ်တယ်ဆိုတဲ့
အကြောင်းလေး၊မိမိကိုယ်ကိုဆန်းစစ်ဖို ့လိုတဲ ့အကြောင်းပေါ့….နော်…

 

ဒါကြောင့်သူငယ်ချင်းရေ..

မိမိကိုယ့်မိမိရိုသေလေးစားပါ။

ကိုယ့်ကိုကိုယ်ရိုသေလေးစားမှုနဲ့ တခြားလူကကိုယ့်ကိုရိုသေလေးစားဖို့အတွက် ဉာဏ်ပညာထူးချွန်ထက်မြက်နေဖို့နာမည်ကြီးသရုပ်ဆောင်ဖြစ်နေဖို့ ရုပ်ရည်ချောမောဖို ့မလိုအပ်ပါဘူး။

မိမိကိုယ်မိမိဆန်းစစ်ကြည့်ဖို ့ဘဲလိုပါတယ်။

 

 

ချစ်ခင်လေးစားသော

ရွှေအိမ်စည်

7 comments

  • ကြောင်ကြီး

    September 30, 2011 at 10:46 am

    ဒေါ်ရွှေပြောချင်တာကို ကျွနုပ်ကြောင်ကြီး အမုန်းခံပြောလိုက်မယ် “သဂျီးကောင်းကောင်းနေ” 🙂

  • True Answer

    September 30, 2011 at 12:52 pm

    “ငါ့ ” ကိုမှ ဘာကြောင့် …………………….

    “ငါ့ ” ကို ဘာကြောင့်ခုချိန်မှ……………………

    ဘာကြောင့် “ငါ့ ” မအောင်မြင်တာ……………………………

    “ငါ့ ” ကြောင့်လား………………………….

    “ငါ ” ဒီကိစ္စမှာ ဘာလုပ်ရမလဲ……

    ဒီဖြစ်ရပ်မှာ ” ငါ ” ဘာတွေ သင်ခန်းစာရလိုက်သလဲ………’

    အခြေအနေပြန်ကောင်း လာအောင် ” ငါ ” ဘာဆက်လုပ်သင့်သလဲ…

    – ဒီလုပ်ငန်းကို “ငါ” ဘယ်လိုဆက်လုပ်ကိုင်မလဲ…

    – အများသူ “ငါ” လူ တွေလို ………………

    – “ငါ” လည်း အရင်တုံးက အချိုတွေသိပ်စားတယ်…………….

    – “ငါ ” က အရင်ဦးဆုံး အချိုမစားတဲ့သူ ဖြစ်ရမှာ ………………

    “ငါ” ကိုယ် “ငါ” ဆန်းစစ်ကြည့်ဖို ့ဘဲလိုပါတယ်။ ……………..

    မနေ့ က ‘ငါ” ထက် ဒီနေ့ “ငါ” ပိုကောင်းရမယ် …………….

    – “ငါ” နဲ့ ငါ သာ နှိုင်းစရာ …………….

    – `ငါ`တိုးတက်ဖို့ …..

    – `ငါ ငါ့ဆွေမျိုး ငါ့လူမျိုး ` ကောင်းစားဖို့ ……..

    – ´ငါ` ပြီးတော့ `ငါ` ………………….

    – `ငါ` ………….

    – `ငါ` …………

    – `ငါ` ………..

    – ` င …..ါ ` …….

    – င ……………. င ……………. c ……………o

  • mandalarthu

    September 30, 2011 at 1:05 pm

    ူဟုတ်ပါတယ်။ ရွှေအိမ်စည်ရေ
    ကျွန်မလဲ ကိုယ် ့ကို ပြန်ဆန်းစစ်ကြည် ့ရ ုပါ ဦးမယ်။
    ဒါပေမယ် ့
    လူစွမ်းကောင်းတော ့ မဖြစ်ချင်ပါ။
    သာမန်လူဘဲ ဖြစ်ချင်ပါတယ်။ အဲဒီ ဘဝကို ပျော်လို ့ပါ။ ရိုးရှင်းတဲ ့ ဘဝမှာရှင်သန်နေထိုင်ရတာကို ်နှစ်သက်တာလဲ ပါတယ်။
    ဘယ်လိုလူဘဲ ဲဖြစ်ဖြစ်၊ ဘယ်ဘဝမှာ ဘဲနေနေ
    မိမိကိုယ်မိမိဆန်းစစ်ကြည့်ဖို ့ဘဲလိုပါတယ်။ထောက်ခံပါတယ်။
    ကျေးဇူးပါ။

  • thantmonzaw

    September 30, 2011 at 1:34 pm

    ဒီနေ.ဒီpostကိုဖတ်ရတာအရသာရှိလိုက်တာ၊ရွှေအိမ်စည်ရဲ.စာတွေကို
    စောင်.မျှော်ဖတ်ရှုနေပါ.မယ်ဗျာ။
    (ဒါကြောင့်သူငယ်ချင်းရေ..

    မိမိကိုယ့်မိမိရိုသေလေးစားပါ။

    ကိုယ့်ကိုကိုယ်ရိုသေလေးစားမှုနဲ့ တခြားလူကကိုယ့်ကိုရိုသေလေးစားဖို့အတွက် ဉာဏ်ပညာထူးချွန်ထက်မြက်နေဖို့နာမည်ကြီးသရုပ်ဆောင်ဖြစ်နေဖို့ ရုပ်ရည်ချောမောဖို ့မလိုအပ်ပါဘူး။

    မိမိကိုယ်မိမိဆန်းစစ်ကြည့်ဖို ့ဘဲလိုပါတယ်။)..ဆိုတဲ.အပိုဒ်ကရင်ဘတ်ကိုတည်.တည်.ထိကြောင်းပါခင်ဗျာ။

  • char too lan

    September 30, 2011 at 4:31 pm

    လိမ္မာတဲ့မြင်းက အစီးခံရတယ် ရိုးသားတဲ့လူက အခိုင်းခံရတယ်
    ငါနင့်ကို ထိခိုက်အောင်ဘာလုပ်ခဲ့လို့ နင်ကဘာကြောင့်ငါ့ကိုမှ…………………….

  • windtalker

    September 30, 2011 at 8:52 pm

    သူများတွေ တောင် လုပ်နေကြ အောင်မြင်နေကြ တာပဲ
    ငါကော ဘာလို ့လုပ်လို ့မဖြစ်ရမှာလဲ
    အောင်မြင်အောင် မလုပ်နိုင်ရမှာလဲ

  • TTNU

    September 30, 2011 at 9:01 pm

    ရွှေရေ
    ငါ လုပ်သလို မလုပ်နဲ့၊ ငါပြောသလို လုပ် ဆိုတာလေး သွားသတိရမိတယ်။

Leave a Reply