မြနမာနိုင်ငံလူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာ ပြုစုရေးနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

klnMay 11, 20101min661

မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ ( Myanmar Human Rights Body ) နှင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာပြုစုရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို မေ၁ဝရက်နေ့နံနက် ၈နာရီက နေပြည်တော်ဟိုတယ်ဇုန်ရှိရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဒေါက်တာထွန်းရှင်နှင့် လုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စာတမ်းပြုစုရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ကျွမ်းကျင်သူပညာရှင်များ၊ အင်ဒိုနီးရှား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြကြောင်း ၂၀၁ဝခုနှစ်မေလ ၁၁ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 11, 2010 at 3:48 pm

    ကြားရတာ ဝမ်းသာစရာ
    တကယ်လည်း အကောင်အထည်ဖော်နိုင်ကြရင်တော့
    တိုင်းပြည်တိုးတက်မယ်

Leave a Reply