ဘာမှမသိဘူး

chindwinsayargyiAugust 20, 20111min8714

ငါသိတာကတော့ငါသိတာဘာမှမရှိဘူး.ဘယ်သူရေးထားမှန်းလဲမသိတော့ဘူး။ဘယ်အချိန်ကဘယ်စာအုပ်ကဘယ်သူအဆို

လဲမသိတော့ဘူး.အခုလဲဘာကြောင့်ဝင်ရေးနေတာလဲမသိဘူး.ဘာရေးရမှန်းမသိဘူး.သူကြီးကဘယ်သူလဲမသိဘူး.အုပ်စုတွေ

ဖွဲ့တာလဲမသိဘူး.ဖါးနေတယ်ဆိူတာလဲမသိဘူး.အမှတ်တွေဘယ်သူတွေပြည့်ပြီးဘာရတာလဲမသိဘူး.ရွာသူချောလားမချော

လားမသိဘူး.သူကြီးဘာရောဂါဖြစ်နေလဲမသိဘူး.ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်ရောက်တာလဲမသိဘူး.စစ်ဗိုလ်ချုပ်

တွေပြုတ်တာလဲမသိဘူး.လွတ်တော်ထဲဘာတွေပြောကြဦးမှာလဲမသိဘူး။နိုင်ငံခြားကကောင်တွေဘာတွေပြောကြဦးမှာလဲမသီဘူး

ဒီမိုကရေစီကိုပြောင်းသွားပြီလားမသိဘူး.ရွာထဲမှာငါလိုအရူးတွေရှိလားမသိဘူး.မြန်မာပြည်သားတွေအပြောနဲပြီးအလုပ်ပို

လုပ်လာကြမလားမသီဘူး.ဦးသိန်းစိန်နဲ့ငါမသိဘူး.ဦးကျော်ဆန်းနဲ့ငါမသိဘူး။ဒီရွာထဲကလူတွေဘာကြောင့်စာရေးနေကြတာလဲမသိဘူး.

ဒီပို့စ်ဖတ်ပြီးဘယ်လောက်ဆဲကြမလဲမသိဘူး.သူကြီးကတင်ပေးမလားမသိဘူး.ရေးရင်းနဲ့ငါတဖြည်းဖြည်ူတော်လာနေတာလဲမသိ

ဘူး.

 

မြန်မာပြည်မှာဘယ်သူအချမ်းသာဆုံးလဲမသိဘူး.တေဇဘာလုပ်နေလုပ်နေလဲ.ဇော်ဇော်ဘာလုပ်နေလဲလဲမသိဘူး

ကချင်နဲ့စစ်ပွဲဘယ်လိုလုပ်ရမလဲ.မြစ်ဆုံဆည်ဘယ်လိုလုပ်ရမလဲမသိဘူး

အမေရိကန်နဲ့တရုပ်ဘယ်သူကဗမာကိုကောင်းကျိုးပေးမလဲမသိဘူး

ကိုယ့်ကလေးကိုယ်စွန့်ပစ်ကြတာဘာကြောင့်လဲမသိဘူး.

ဘုရားတောင်နို့တစ်လုံးဖိုးဘဲကြေတယ်ဆိုတဲမိခင်မစ်တာတွေဘယ်ရောက်ကုန်လဲမသိဘူး

လစာနဲ့စားရိတ်တွေဘာကြောင့်မလောက်တာလဲမသိဘူး

ငါဘာကြောင့်လက်ညောင်းလာတာလဲမသိဘူး

 

 

14 comments

  • windtalker

    August 20, 2011 at 3:01 pm

    ကဗျာ တစ်ပုဒ် အဖြစ် ဖတ်ပြီး
    အမြင်လေး ပြန်ရေးချင်လာလို ့
    ရေးလိုက်တယ်
    ငါ သိတာ ကတော့
    ဒီဆိုက် ထဲ စာရေးနေတဲ့ သူတွေ ဟာ
    သူတို ့အတွေ ့အကြုံ တွေ
    သူတို ့ဖန်တီးထားတဲ့ အနုပညာ တွေ
    သူတို ့ရင်ထဲ က ထွက်လာတဲ့ ရသ တွေ
    သူတို ့ကြားရတဲ့ သတင်းထူးတွေ
    ကို အများသူငှါ ကို ပြန် ဝေမျှ ခံစားချင်လို ့
    တင်ကြတာပဲ
    သေချာ တာ ကတော့
    ရွာထဲ မှာ အရူး လက်မခံ ဘူး
    ရေးတဲ့ ကဗျာထဲက စာသားအချို ့ကြောင့် သာ
    ဒီကွန်မန် ့ကို
    ငါလဲ ဘာကြောင့်မှန်း မသိ ဝင်မန် ့သွားမိခဲ့တာ တော့
    ငါသိတယ်

  • thit min

    August 20, 2011 at 3:42 pm

    ဘာဘာ..ဘာမှမသိဘူးဆို်ပြီး ရွာထ မှာ….. ရူး သလို ကြောင်သလိုတွေကတော့မလုပ်တာကောင်းမယ်ထင်တာပဲ ဗျာ..

  • thit min

    August 20, 2011 at 3:45 pm

    ရွာထဲ မှာလို ့ရေးတာ ပါ..

  • zawmyothu

    August 20, 2011 at 4:15 pm

    ပိုစ်.တစ်ခု ဖတ်ပြီးရင် ဘယ်လိုပို.စ်မျိုး အသစ်ထပ်တင်လာမလဲ လို. ခဏခဏ Reload လုပ်ပြီး
    ကြည်.ကြည်.နေရတာ အနှစ်သာ၇ရှိတဲ.ပို.စ်ရေးပြီး ကူညီပေးပါအုံးဗျ။

  • pan pan

    August 20, 2011 at 4:34 pm

    ငါဘာမှမသိပါလားလို့သိတာကပဲ ငါ့အားပညာဖြစ်စေသတဲ့
    ဆိုကရေးတီးပြောတာ

  • ogre

    August 20, 2011 at 5:18 pm

    တစ်ကယ်ပါ
    ဘာဘာ ..ဘာမှကို ..မသိတော့တာပါ…အဲဒါကို
    ခင်များတို့က ..ဘာသိချင်သေးတာလဲ
    ဘာမှန်းကိုမသိဘူး တစ်ကယ်..ဘယ်လိုလူတွေပါလိပ်

  • moethidasoe

    August 20, 2011 at 6:07 pm

    မသိတာပဲ ကောင်းပါတယ် .. သိနေရင် သိတဲ့အကြောင်းတွေ ရေးနေဦးမှာ
    ရေးနေရင် ဖတ်နေရဦးမှာ
    (ရေးပါနော် ဖတ်မှာပါ စိတ်မဆိုးနဲ့)

  • chatsu

    August 20, 2011 at 7:41 pm

    commentရေးတဲ့သူတွေကကိုယ်ချင်းစာစိတ်မရှိသလိုဘဲနော်

    • Rpay2

      August 21, 2011 at 10:14 am

      hote pa ….hote pa ….fight mal so tar gyee pal
      comment lay ka kg par tal
      !!!!:(

    • Shanma TUmdy

      August 21, 2011 at 1:59 pm

      အဲလိုလည်းမဟုတ်ပါဘူး.. MG ကိုချစ်လွန်းလို့ .. တစ်နာရီသုံးလေးရာပေးပြီး လာထိုင်ကြတာလေ.. ပြီးသိတော်မူကြတဲ့အတိုင်း မြန်မာပြည် connection အကြောင်းကို.. အဲလိုဘာမှ မသိ တဲ့စာကြိးဖတ်လိုက်ရတော့ နည်းနည်းတော့တင်းကြမှာပေါ့..

  • thit min

    August 21, 2011 at 3:28 pm

    မဖတ်ရ
    ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ခင်ဗျားအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့မဖတ်ရဆိုပြီး ခေါင်းစဉ် တပ်ထားတာပေါ့။ ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့ရွေးချယ်ပိုင်ခွင့်ပါ။ တားမြစ်လို့ မရပါဘူး။ ဒါပေမယ့် လုံးဝ မဖတ်ဖို့ကျနော် ပြောချင်ပါတယ်။ ပြောနေရင်းနဲ့တောင် ခင်ဗျား ဆက်ဖက်နေသေးတယ်နော်။
    ကျနော်က ခင်ဗျား အတွက် ပြောနေတာပါ။ ခင်ဗျား ဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာခင်ဗျားအတွက် အကျိုး လုံးဝ မရှိလို့ပါ။ အခုတောင် ခင်ဗျား ဖတ်လာတာစာကြောင်းရေ တော်တော်များလာပြီ။ ကျနော်က ခင်ဗျား အကျိုးကို ရှေးရှူပြီး
    မဖတ်စေချင်တာပါ။
    ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ မရှိပါ။အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော် ပြောမပြတတ်တော့ဘူး။အလားတူဘဲ .. မဖတ်ပါနဲ့ကိုလည်း ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။
    ဒီတော့ ရှင်းရှင်းပြောမယ်။ ဆက်မဖတ်နဲ့။ ပြောနေရင်းနဲ့တောင်ခင်ဗျားဖတ်လာတာ များသထက် များလာပြီ။ ကျနော် ဘယ်လိုပြောရမလဲဗျာ၊မဖတ်ပါနဲ့။ ဟုတ်ပြီလား၊ မဖတ်နဲ့တော့။ ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။ လူ့စိတ်ကလည်း အခက်သား၊ မဖတ်ပါနဲ့ဆိုတိုးလို့ဖတ်ချင်တယ်။ ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က မဖတ်ဖို့တားမြစ်ရလေဘဲဗျာ။ မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မဖတ်စေချင်လို့ပါ။
    အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။ ဒါဘဲ။ ကျနော်ပြောမယ်။
    ဒီစာကို ခင်ဗျား မဖတ်နဲ့။

  • naywoonni

    August 21, 2011 at 5:16 pm

    ဘာမှမသိရင်လည်း ဘာမှမသိလိုပဲ အေးအေးနေပါ ကိုဘာဘာရယ်…။ ဘာဘာ ဘာမှမသိဘူးဆိုတဲ့ ခေတ်ကုန်သွားပြီ..။

  • TTNU

    August 21, 2011 at 11:21 pm

    ဘာမှမသိဘူး ဆိုတဲ့ လေသံထဲမှာ သိတာတွေ အများကြီးမြင်နေရတာပါလားကွယ်။

Leave a Reply