MG ကိုခပ်ကြောင်ကြောင်“မောင်”လို့ထင်သလား…။။။

MG ကိုခပ်ကြောင်ကြောင်“မောင်”လို့ထင်သလား…။။။
ခင်ဗျားတို့ကိုသနားတယ် ကျုပ်ကိုကျုပ်ပိုတောင်သနားသေးတယ်
ဝင်ဖတ်လို့ရနေတာတစ်ခုထဲနဲ့ကျေးဇူးတင်လိုက်တော့ တစ်ခါတစ်ခါ ကွန်နက်ရှင်ဒေါင်းရင် server error ဆိုတာကြီးပဲ
တွေ့နေရတတ်တာ “သူကြီးတဲ့” ဘယ်သူကစ,ခေါ်တယ်မသိပါဘူး  ကျွန်တော့်အထင် ကိုရင်အောင်ပုနေမှာ သူကမူးလာရင်၊။
မူးလာရင်ဆိုလို့ သူကထန်းရေပဲသောက်တတ်တာ ကျွန်တော်က  ဝီစကီသောက်နေကျ  သူက  သောက်ဝါ ငယ်နေသေးတယ်
ကျွန်တော်က ရှပ်ကီမန်း ဆိုတော့ သူထက်ဝါကြီးတယ်လေ  ထန်းရေ  ထက် ဝီစကီက ဈေးကြီးတာပဲကြည့်ပေါ့
ဒါပေမယ့် ထန်းရေမူးလို့ဘဲ  ကျွဲခိုးပေါ်တာနော် ကျနော် ဝီစကီ မူးနေလဲ လာမေးကြည့် “သားသားမလုပ်ဘူး” ပဲပြောမှာ
စကားပြတ်သွားလို့…..သူစ,ခေါ်တာနေမှာ ….။။
“သူကြီး ”ဆိုတဲ့  စာလုံး သုံးလုံးနဲ့သူလေ …..ဘာတဲ့ K ရယ် a ရယ် i ရယ်  “ကီ” လို့
ဖတ်မလား“ကိုင်” လို့ဖတ်မလား “ခိုင်” လို့ဖတ်မလား မသိဘူးဗျ ကျွန်တော်ကတော့ သူများ“သူကြီး”ဆိုတာနဲ့ ဖေါရှောနဲ့
သူကြီးလို့ ခေါ်လိုက်တာပဲဘာဖြစ်လဲ ကိုယ်လဲသူကိုသိတာမဟုတ် သူလဲကိုယ့်ကိုသိတာမဟုတ်  စွတ်ဖောလိုက်တာပဲ
MG မှာသူက Admin ဆိုလား မသိပါဘူး ဘယ်နိုင်ငံကနေထိုင်ပြီး Admin လုပ်နေတာလဲတော့မသိဘူး  ဟို ပြာတာလိုလို
စိမ်းတာလိုလို ဒေါင်းရုပ်လေးနဲ့ လူပေါ့ တစ်ခါတစ်ခါ ဟိုဟာကို ဟိုမှာရေးပါ  ဒီဟာကိုဒီမှာရေးပါ  နဲ့ ဆရာကြီး ထထလုပ်
သေးတယ် အောင်မယ် ပြောမယ့်သာပြောတာနော့ သူက“ ဗဟု နဲ့ သုတ ”တော့ စုံတယ် ကိုယ်မသိသေးတာတွေ သူအကုန်
သိတယ်ဗျ ဒါလဲကျွန်တော်ထင်ပါတယ် မြန်မာနိုင်ငံမှာ ဖွင့်မရတဲ့ဆိုဒ်တွေက သူနေတဲ့ LA ဆိုလား “လော့ကျနေတဲ့ အင်္ဂလိပ်”
ဆိုလား အဲဒီမှာက အကုန်ကြည့်လို့ရတော့ သူကဆရာကြီးလုပ်နိုင်မှာပေါ့  ဒီမှာသာရလို့ကတော့သူထက်  ကြောအောင်
ပြောနိုင်မှာပါလေ ..။။
သူလဲ သနားစရာပါ သူကြီးဆိုပြီး ဟိတ်ကြီးဟန်ကြီးနဲ့သာ  ပြောနေရတာ မျက်နှာတောင်ပြရဲရှာတာ
မဟုတ်ဘူးလေ ဒါကြောင်မို့လဲ  သူ့ခမျာ လူတိုင်းက လှမယ်ထင်တဲ့ ဒေါင်းအရုပ်ကလေး  ရွေးတင်ထားတာနေမှာပါ …
အဲဒီ အရုပ်ကိစ္စနဲ့လဲ ကျုပ်ကကျေနပ်တယ်များသူကြီးက ထင်နေလားမသိဘူး ကျုပ်ကိုပေးတဲ့အရုပ်ကိုကြည့်အုံးလေ လူက
စမူဆာပုံ ပေါက်နေတယ် ပြီးတော့ ပြာတာတာနဲ့ခြေထောက်က ဘဲခြေထောက်လိုတိုတိုလေး  အပြင်မှာဗလရှိရဲ့သားနဲ့
လက်ကလေးတွေကိုပိန်ပိန်လေး ဆွဲထားသေးတယ်ရုပ်အဆိုးဆုံးကတော့  ဟိုနှစ်လုံးပဲ  မျက်လုံးကိုပြောတာ
တစ်လုံးကစောင်းပြီး တစ်လုံးကမတည့်ဘူး ဆံပင်ကအပြင်မှာလဲ  ပါး ပါတယ်ဆိုကာမှ အရုပ်မှာလဲ ဆံပင်ခြောက်ချောင်းလားမသိဘူး
ဒါပဲပါတယ်  တော်တော်ပေါက်ကွဲတယ်ဗျာ ဒီလိုပုံနဲ့တော့   မဖြစ်သေးပါဘူး .. သူကြီးက  တော်တော် အကြံပိန်းတာပဲဗျ
ယောက်ျားလေးဆို  ဂျိမ်းစဘွန်းမင်းသားပုံတို့   မိန်းခလေးဆိုအင်ဂျလီနာဂျိုလီ ပုံတို့ နာမည်ကြီးမင်းသား  မင်းသမီးပုံတွေ နဲ့
လုပ်တာမဟုတ်ဘူး အခုတော့ ဒီဆိုဒ် စဖွင့်ပြီး ကြည့်လိုက်မိတဲ့သူက logo ကပုံတွေကြည့်ပြီး  အင်္ဂါဂြိုလ် က အီးတီလိုလို
ဂြိုလ်သားလိုလို အရုပ်တွေ  တွေ့ကုန်တော့  မတော်လို့လန့်ဖြန့်ပြီးဝင်မဖတ်ကျ ရင် ဘယ့်နဲ့လုပ်မတုန်း ….။။
နောက်ရှိသေးတယ် သူကြီး ပေါ့ မြန်မာပြည်က“ ရဲ” ကျနေတာပဲ ရွာထဲပြသနာဖြစ်ပြီဆို  ဘယ်ရောက်နေတယ်မသိဘူး
ကျွန်တော့်အထင် ကျွန်တော်ငယ်ငယ်ကလိုပဲ ပြဿနာဖြစ်ရင် သူမသိသလိုနဲ့ ကုတင်အောက်မှာ ပုန်းနေတာပဲဖြစ်မယ်..
ကွဲကြပြဲကြ ဆွဲကြလွဲကြ ပြသနာပြေလည်ခါနီးကျမှ တရားထွက်ထွက်ဟောသေးတယ်   ပြီးတော့ ဆိုဒ်စည်းကမ်းကြီး
ကော်ပီကူးကူးပြီး စည်ကမ်းကဒီလိုရှိတယ်  ဒီလူကလိုက်နာပါ မလိုက်နာရင် ဘာလုပ်မယ်ညာလုပ်မယ်  ခြိမ်းခြောက်တော့တာပဲ
ကျုပ်စိတ်နဲ့တော့ကွာပဗျာ ကျုပ်သာသူကြီးဆိုလို့ကတော့ နှစ်လုံးပြူးနဲ့ ခြောက်ပေါက်ထိပ်တုံးကို အပေါ်ကနဖူးစည်းစာမျက်နှာမှာ
ပုံ အကြီးကြီး လုပ်ပြီးတင်ထားမှာပဲ ပြဿနာဖြစ်ဝံဖြစ်ကြည်စမ်းပါ.. ပြဿနာစမီးမွှေးတဲ့လူကို ပွိုင်10000 နှုတ်မယ်
ပြဿနာဆက်ဖြစ်အောင်ဖွတဲ့သူကို ပွိုင့် 5000 နှုတ်မယ်လို့ စည်းကမ်းထုတ်မှာပဲ…။။။
ပြောရမယ်ဆို ကျန်သေးတယ် ရွာထဲက ပုံမကျပန်းမကျ အရုပ်လေးတွေကိုယ်စီရထားတဲ့  ရွာသူရွာသားတွေ အတွက်ပေါ့
တစ်ခါတစ်လေ လေးများ ရွာသူရွာသားတွေစုပြီး ရိုက်ပွဲ လေးတစ်ခု ….အဲ ..မှားလို့ တွေ့ဆုံပွဲလေးတစ်ခုလောက်လုပ်လိုက်ခြင်တာ
သူကြီးကလဲ အဲဒါမျိုးလေးကျ နည်းနည်းပါးပါးဆော်အော်မပေးဘူး ရွာသားတွေမတည့်ကြမှ လာတိုင်ရင် အောက်ဆိုဒ်လေးဘာလေး
ရမှာဆိုပြီ ညိမ်နေတာနေမှာပေါ့ ကျုပ်ဟာကျုပ် လုပ်ရင်ကောင်းမလားစဉ်းစားနေတာ လုံခြုံရေးစရိတ်  ဓါတ်မှန်ရိုက်ခ ဆေးဘိုးတွေနဲ့
လူနာတင်ယာဉ် ခေါ်ခတွေ  မတတ်နိုင်သေးလို့ အသာကြည့်နေရတာ …။။
အောင်မယ် ပြောသာပြောရတာပါ  ဒီနေရာလေးကကိုယ်ဝါသနာပါရာ စာလေးရေး  ဖတ်ခြင်တာလေးဝင်ဖတ် နဲ့အဆင်တော့ပြေသားဗျ
အရင်ကတော့ ဒီဆိုဒ်ထဲမဝင်ပါဘူး  သူတို့ခေါ်တာက  ရွာထဲဆိုတော့ ကိုယ်ကမြို့သားပဲဗျ   ရွာထဲတော့  ဘယ်သွားခြင်ပါ့မလဲ
မသကာ“ မြို့” ထဲဆို တော်သေးတယ်  ကာရာအိုကေ နဲ့  မာဆတ်လေးဘာလေးရှိအုံးမယ် ……..။။
ထားပါတော့လေ ..“သူကြီး” လို့သာပြောတာပါ ……
သိပ်တော့လဲကြောက်စရာတော့  မလိုပါဘူး  သူကထိတ်တုံးလဲမရှိ နှစ်လုံးပြူးလဲမရှိ ဒါပေမယ် သူကြီးက  စွဲဆောင်မှုရှိအောင်လုပ်
တတ်တယ်ဗျ   ပိုစ့်တစ်ပုဒ်ကိုပွိုင့်ဘယ်လောက်ပေးမယ်  ဆိုတာရယ် အဆင့်လေးတွေ  သတ်မှတ်ပေးတာရယ်ကြောင့်
ကိုယ်ရေးတဲ့စာနဲ့  ရေးနိုင်အားကိုမှန်းဆလို့ရတယ်  တစ်ပုဒ်ရေးတိုင်းတက်တက်လာတဲ့ ပွိုင့်လေးတွေကို ကျန်တဲ့
ရွာသူရွာသားတွေကတော့ဘယ်လိုမြင်တယ်မသိဘူး ကျွန်တော်ကတော့  ကျိုးစားမှုရဲ့ ရမှတ်တွေလို့ပဲမြင်တယ် တက်လာတဲ့
ကောမန့် တွေကတော့ တစ်ခါတစ်လေ ကိုယ်အရေးအသား ဆောက်ချိုးမပြေရင်တော့  ရဲရဲတောက်ပဲပေါ့  တစ်ချို့တွေကလဲ
ကောင်းတယ် ပြောတာပဲ  အဲဒီအခါကျရင်လေ  ပီတိတွေကိုဖြာလို့ ပေါ့လေ အဲဒီပီတိလေးတွေ စားပြီး အားမဖြစ်တောင်
အားမပြတ်တော့ဘဲ ဆက်ရေးလာလိုက်တာ အခုဆို မဂ္ဂဇင်းတိုက်လေးပို့ပြီး စာပေစီစစ်ရေးခံနေရပြီလေ…ဒါကလဲ
သူကြီးကျေးဇူးတော့ကင်းနိုင်မယ် မထင်ဘူးဗျ   ဘာလို့လဲဆို သူကြီးက  အင်တာနက်စာအုပ်တစ်အုပ်စီပေးပြီး
ကျွန်တော်တို့ကို ရေးချင်ရာရေးခိုင်းထားလို့ပါပဲ …ဒီလိုလေးပြောလို့ဘဝင်တော့မမြင်နဲ့နော်  သူကြီး….။။။။။
မဖြစ်ပါဘူး ……သူကြီး နည်းနည်းကြောက်သွားအောင် အချဉ်လေးတော့ ဖေါက်ထားခဲ့မှပါ…
ဒီမှာ“သူကြီး” ……ငါလက်အောက်ကရွာသားတွေဆိုပြီး   ထိပ်တုံးနဲ့ဖြဲချောက် နှစ်လုံးပြူးကြီးချိန်ပြီး လာဟောက် ဖို့တော့
မစဉ်းစားနဲ့ ရွာသူရွာသားဆိုပေမယ့်  ….
“လူငါးရာလောက်အုပ်ချုပ် မန်နေဂျာလုပ်နေတဲ့သူတွေ
“ကွန်ပြူတာအဲယားကွန်ခန်းထဲက စီမံခန်ခွဲနေကြတဲ့ ရုံးအုပ်မမ/ကိုကိုတွေ
“စာသင်ချိန်မအားတဲ့ကြားက ဆိုင်သွားပြီး ပို့စ်တင်ရတဲ့ ဆေးကျောင်းသား/သူပေါက်စတွေ
“မြန်မာပြည်မှာအလုပ်မဖြစ်လို့ နိုင်ငံခြားလစ်အလုပ်လုပ်နေ ကြတဲ့ အင်ဂျင်နီယာဘဝကလူတွေ
“မြန်မာပြည် ဥပဒေကြောက်လို့ နိုင်ငံခြားရောက်နေကြတဲ့ မြန်မာနိုင်ငံရေးဆွေးနွေးနေကြသူတွေ
“စစ်ဗိုလ်အလုပ်ပြုတ်လို့ အုပ်ချုပ်ခွင့်မရကြသူတွေ
“ဒေါက်တာနဲ့/သင်္ဘောသား နိုင်ငံခြားလှည့်သွားနေတဲ့သူတွေ
“.အိုးရေးပြရရင်းအရှည်ကြီးဖြစ်တော့တယ်….ဒါပေမယ့် သူကြီးရယ်သိတ်တော့မကြောက်သွားပါနဲ့…
အဲဒါအကင်းလေးပဲရှိပါသေးတယ်….။။။
။။။။။။။ဒါကြောင့်ပြောတာပေါ့ MG ကိုတော့ ခပ်ကြောင်ကြောင် “ မောင်” လို့တော့မထင်လိုက်ကြပါနဲ့လို့…..။။။။။။။။။။။။။။။။။။။။။။။။။။

အထက်စာပိုဒ် ပါအကြောင်းအရာများသည် ..“သူကြီး”ကိုသော် လည်ကောင်း “ကိုရင်အောင်ပု”ကိုသော်လည်ကောင်း
ခွင့်တောင်းခြင်းမရှိပါပဲ ရေးသားမိလိုက်ပါသဖြင့် ဤနေရာမှ လေးစားဂါရဝ ဖြင့် ဝန်ချတောင်းပန်အပ်ပါကြောင်း
နစ်နာစေလိုခြင်းစိတ်ရင်းအလျှင်မရှိစေပါပဲ..ရွာသူရွာသားအပေါင်း  ခဏတစ်ဖြုတ်မျှ  ပြုံးနိုင်ကြရုံသာ ရည်းညွှန်းပါကြောင်း
တောင်းပန်အပ်ပါသည်..။။။
ကျွန်တော်၏ ရေးသားချက်များ မှ သူကြီးနှင့် ကိုရင်အောင်ပုအားထိခိုက်မည့်အရေးအသားများပါရှိပါက ချက်ချင်းပယ်ဖျက်နိုင်ပါ
ကြောင်း။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

21 comments

  • kai

    August 20, 2011 at 3:21 pm

    အဲဒီပုံလေးဆိုတာကို.. ..ကိုယ်ကြိုက်တာလဲလိုက်လို့ရပါတယ်.. ကိုရင်ရယ်..။
    တခြားတော့ ..ပြောစရာမရှိ..။
    အားလုံးကို ခွင့်လွတ်ပါ၏…။ 🙂

    • manawphyulay

      August 20, 2011 at 5:05 pm

      သူဂျီးက ဒေါင်းတင်ထားတော့ ပြောအားရှိတာပေါ့။ မနောတို့ကတော့ ဘယ်ရမလဲ သဂျီးမပြောခင်ထဲက ပြောင်းထားလိုက်တယ်…. 😛

  • ogre

    August 20, 2011 at 3:36 pm

    ဒါကြောင့်“ သူကြီး” ကိုချစ်တာ
    ကိုအောင်ပု မဆဲအောင်ပြောပေးအုံးဗျ..။။
    ပုံလဲလိုရမှန်းသိပါတယ်…ဒီပုံးလေးကိုပဲကြိုက်နေမိလို့..မပြောင်းတော့ပါဝူး…။။

  • king

    August 20, 2011 at 3:51 pm

    ရေးတိုက်လိုက်တာ လွန်ပါရော
    ဘယ်ရွာသားလေးပါလိမ့် …….. 😛 😀 🙂

  • မီးမီး သော်

    August 20, 2011 at 4:18 pm

    ဘီလူးတော့ သူကြီးကခွင့်လွှတ်ပေမယ့်ကို ဂျော်နီးအောင်ပုက တော့မရလောက်ဘူးနော်။ဟိ ဟိ. တွယ်ထားလိုက်တာနည်းတာ မဟုတ်ဘူး။ပြံ ုးနိုင်လွန်းလို ့ပါ။ရေးလဲရေးတတ်ပါပေတယ်

  • နီလေး

    August 20, 2011 at 4:41 pm

    စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ ဆိုတဲ့ ကိုဘီလူးရေ သူကြီးကို သွားမစားပေးပါနဲ့တော် သူ့မှာတစ်ရက်တစ်ရက်အားတယ်မရှိ ရွာထဲမှာ နှတ်ခမ်းမွေးက တကားကားနဲ့ ခြောက်လုံးပြူးကြီးထမ်းပြီး ဟန်ရေးပြနေရတယ်
    ဟိဟိ

  • pan pan

    August 20, 2011 at 4:46 pm

    “လူငါးရာလောက်အုပ်ချုပ် မန်နေဂျာလုပ်နေတဲ့သူတွေ”
    အဲဒါကိုရင်ဘီလူး(ကိုယ့်ထက်ကြီးမှန်းသိလို့ မောင်ရင်လို့မခေါ်တော့ဘူး) ကိုယ့်ဘာသာပြန်ညွှန်းတယ်ထင်ပါရဲ့ 🙂
    ခဏပြုံးရုံမဟုတ်ပါဘူး
    တော်တော်လေးပြုံးရပါတယ်
    ရေးတတ်လွန်းပါရဲ့
    ———————————————————————-
    ကိုရင်ဘီလူး
    “သိပ်တော့လဲကြောက်စရာတော့ မလိုပါဘူး သူကထိတ်တုံးလဲမရှိ နှစ်လုံးပြူးလဲမရှိ”ဆိုတော့
    “ငါလက်အောက်ကရွာသားတွေဆိုပြီး ထိပ်တုံးနဲ့ဖြဲချောက် နှစ်လုံးပြူးကြီးချိန်ပြီး” အဲဒါကြောက်စရာမလိုတော့ဘူး
    သဂျီးမှာ နှစ်လုံးပြူးမှမရှိဘဲကိုး……ထိတ်တုံးလည်းဆွေးရောပေ့ါ

    • ogre

      August 20, 2011 at 4:58 pm

      နှစ်လုံးပြူးမရှိရင်တော်တာပေါ့ ဒါပေမယ့်
      လက်နက်ပုန်းတွေ ထုတ်သုံးမှာစိုးရတယ် ပန်ပန်ရဲ့..။။။

  • သူကြီးမှာ သေချာပေါက်ရှိပါတယ်ကွယ်.. သူက လိုအပ်မှ ထုတ်ထုတ်သုံးတာ
    တော်ရုံလူဆို လန့်သွားမှာစိုးလို့တဲ့ 😀 😛
    (ပြောတာကတော့ အင်္ဂလိပ်ခေတ်ကတည်းက ရှေးဟောင်းကြီးမို့လို့ထင်ပါ့)

    • pan pan

      August 20, 2011 at 4:58 pm

      နှစ်လုံးပြူးက အင်္ဂလိပ်ခေတ်ကတည်းက ရှေးဟောင်းကြီးဆိုတော့ မီးမကူးလောက်တော့ပါဘူး
      အဲဒါကြောင့်ရှိလည်း ကြောက်တော့ဘူး
      သိတွားဘီ….တဂျီးနှစ်လုံးပြူး မီးမကူး…တဲ့ 😛 😀

  • ရာဇဝင်လူဆိုး

    August 20, 2011 at 5:33 pm

    ကျူပ်လို လူဆိုးတောင် တစ်ခုခုလုပ်ပြိးရင် သူကြိးကတော်ဆီ လက်ဆောင်လေးဘာလေးပေး။ ပြီးရော။ (မြန်မာပြည်မှာ အကျင်.ဖြစ်နေလို.) ကျုုပ်အထင် သူကြိးက မိန်းမကြောက်ရတယ်ထင်၏။ ဟီးဟီး

  • hmee

    August 20, 2011 at 7:09 pm

    ကိုဘီလူးပြောမှ ကိုယ်က ဘယ်အဖွဲ့မှာ ပါပါလိမ့်လို့ ယောင်တောင်တောင် စဉ်းစားမိနေတယ်။ 😛

  • MaMa

    August 20, 2011 at 8:21 pm

    ဘီလူး က ရွာကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ကြိုးစားနေပြီ။ ဘီလူးနဲ့ခြောက်မှပဲ သဂျီးလည်း ကြောက်မယ်ထင်တယ်။ 🙂
    (သူကြီးက တော်တော် အကြံပိန်းတာပဲဗျ။ ယောက်ျားလေးဆို ဂျိမ်းစဘွန်းမင်းသားပုံတို့ မိန်းခလေးဆိုအင်ဂျလီနာဂျိုလီ ပုံတို့ နာမည်ကြီးမင်းသား မင်းသမီးပုံတွေ နဲ့
    လုပ်တာမဟုတ်ဘူး။)
    အဲဒီုအကြံကို ထောက်ခံတယ်။ ကိုယ်ကိုယ်တိုင်လည်း ရွာထဲဝင်ခါစက ပုံလည်း မပြောင်းတတ်သေးတော့ သဂျီးပေးတဲ့ပုံကို ကြည့်ပြီး စိတ်ပိန်လိုက်ရတာ။ နောက်တော့မှ ဟိုဟိုဒီဒီ လျှောက်လုပ်ကြည့်ရင်းနဲ့ ပုံပြောင်းလို့ရမှန်း သိသွားတာ။ 🙂

  • ရွှေအိမ်စည်

    August 20, 2011 at 9:23 pm

    တို ့ကသူကြီးသမီး.
    .ဖိုးစည်ညီမ…..ရွှေအိမ်စည်
    ပျော်စရာပါဘဲ..ရွာပြင်မှာဒီပို စ့်မြင်လိုက်လို ့…..
    လာဖတ်ချင်နေတာနဲ ့ ..ကချင်နဲ ့ကရင်တောင်မှားရေးမိတယ်….

    ရွာပြင်နေပေမဲ ့..စိတ်ကဒီရောက်နေတာ….
    ပုံပြောင်းတာများ..ကိုယ်ညံ့..ညံ့တယ်ပေါ့…
    သူကြီးများ….

    အဟားး……..

    သူကြီးရေ..ကျနော်ဒီစာမြင်လို ့စပ်စုပြီးဖတ်နေတာ..
    ကချင်နဲ ့ကရင်မှားသွားတယ်ပြင်ပေးပါနော(်ကျေးဇူးပြုပြီး)

  • windtalker

    August 20, 2011 at 9:29 pm

    ကိုဘီလူး ရေ
    နက်ဂိမ်းဆော့ရင်း ပို ့စ်တင်သူတွေ တို ့
    လမ်းသွားလမ်းလာ ရင်း အချိန်လေး လုပြီး ပို ့စ်ဝင်တင်သူ တို ့ စသည်ဖြင့်
    များစွာ ကျန်ဦးမယ် ထင်ပ

  • ဆူး

    August 20, 2011 at 9:44 pm

    ရာဇဝင်မသိပဲ ဇာချည်လို့ စာစီနေပြီ….

    ရွာဆိုတဲ့ အသုံးအနှုန်းနဲ့ သဂျီး ဆိုတဲ့ အသုံးကို စတင်ခဲ့တာပါ။
    သူကြီး ဆိုတာကိုတောင် သဂျီးလို့ စာလုံးပေါင်းတယ်။
    သဂျီး ဆိုတာ ရွဲ့ပြီး ခေါ်တာ.. ဂျီး = ဂျီးထူတဲ့ ဂျီး ကို ယူသုံးတာပါ။
    ဘာသာရေးနဲ့ ပတ်သတ်ပြီး အတိုက်အခံနဲ့ ငြင်းခုန်နေလို့ ကိလေသာ ဂျီး ထူ သူ လို့ ရည်ရွယ်ပြီး ခေါ်တာပါ။ ပိုစ်တခုမှာ ရေးပြပြီးနောက်ပိုင်း ဘာလို့လဲ ဆိုတာ သဂျီး က သိသွားတဲ့ အခါမှာ သဂျီး ဆိုတဲ့ နာမည်ကို ကြိုက်နှစ်သက်ပေမဲ့ သူကြီး ဆိုပြီး စာလုံးပေါင်းကို ပြုပြင် သုံးစွဲခဲ့တယ်။
    သဂျီး ဆိုပြီး ရွာနဲ့ စည်းစည်း လုံးလုံးဖြစ်အောင် စကားလုံး ထွင်ခဲ့ခြင်းဖြစ်ပါတယ်။
    အောင်လည်း အောင်မြင်ခဲ့တယ်။
    http://www.myanmargazette.net/36179/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories/

    အခုပေးထားတဲ့ လင့် နောက်ပိုင်းမှ သဂျီး ဆိုတဲ့ အသုံးအနှုန်းကို တွင်တွင် သုံးလာကြတာပါ။

  • weiwei

    August 22, 2011 at 9:32 am

    တကယ်သူကြီးဘွဲ့က ဆင်ဆရာ ကြွက်ဖြူများရှင် အကြီးအကဲ ဦးခိုင် ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 23, 2011 at 9:11 am

    မူးယစ်ထုံထိုင်းစေတာအားလုံးဟာဆိုရင်ဖြင့်
    သေရည်သေရက်ကံထိုက်တာဘဲလို့တော့ စာအုပ်ထည်းမှာပြောကြတာဘဲ
    ဆိုတော့ကာ
    ထန်းရည်လည်း သေရည်
    ဝီစကီလည်းသေရည်ပေဘဲဂလား
    အဲ့သည်သေရည်ကိုတော့ သူတော်ကောင်းတွေက မသောက်ဘူးလို့ပြောကြတာဘဲ
    သူတော်ကောင်းတွေမှ မဟုတ်ဘူး
    ခွေးနွားတိရိစ္ဆာန်တွေလည်း သောက်ကြတာဟုတ်ဘူး
    ခင်ဗျားရယ် ကျုပ်ရယ် သဂျီးရယ်
    ဒီသုံးယောက်ဘဲ သောက်ဖော်သောက်ဖက်တွေဆိုတော့
    တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာတော့ နေကြရမှာဘဲ

  • etone

    August 23, 2011 at 3:10 pm

    ဘီလူးကြီးရေ .. လေးစားပါတယ် .. ရေးတတ်ပုံများ ……..သဂျီးခမျာ မျက်လုံးလေး ကလယ်ကလယ်နဲ့ … ဒေါင်းကနေ သေးသွားတာ ကြက်သာသာရယ် 😛 ဖတ်ပြီးလည်း ရယ်ရပါတယ် … 😀

  • blackchaw

    August 26, 2011 at 1:15 pm

    အပျော်သဘောရေးတာပေါ်လွင်ပါတယ်ဗျာ။ ဘီလူးကြီးရေ ကျွန်တော် က MG ကို တစ်ခါတစ်လေမှ ဝင်ကြည့်ဖြစ်ပေမယ့် အခု ခင်ဗျားပို့စ်တွေအားလုံးကို ထိုင်ဖတ်နေဖြစ်တယ်ဗျာ။ သဘောတူတာလည်းရှိ မတူတာလည်းရှိပေါ့ဗျာ။ ကျေးဇူးပဲဗျာ။

Leave a Reply