မေတ္တာ

thit minAugust 21, 20111min902

၁)ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင်ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ

ကျန်တဲ့၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။

၂)မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။တစ်ယောက်နဲတစ်ယောက်ကြားမှာအကွာအဝေးတစ်ခုချန်ထားရင်ကိုယ့်ကိုယ့်ကိုုကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။

၃)တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။ကိုယ်ဖက်က လိုချင်တာတွေများသွားလို့ပါ။

၄)Believe ဆိုတဲ့ စကားလုံးကြားမှာတောင် lie ဆိုတဲ့ စာလုံးကို ဝှက်ထားသေးတယ်။

Heart ဆိုတဲ့ စကားလုံးကြားမှာတော့ earနဲ့ art ဆိုတဲ့စာလုံးတွေကို ဝှက်ထားတယ်။

၅)၁ဝဝ% ပြည့်တဲ့ ကြင်ဖော်ဆိုတာ မရှိပါဘူး။၅ဝ% ရှိတဲ့ လူနှစ်ဦးပေါင်းစပ်ထားတဲ့ ဘဝပဲ ရှိပါတယ်။

၆)ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင်ကိုယ့်ကိုအမှန်တကယ် ချစ်တဲ့သူဖြစ်တယ်။

၇)ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။

ကိုယ်စိတ်ညစ်လို့သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရသိမ်းထားလိုက်ပါ။

၈)အေးစက်တယ်၊ဥပေက္ခာပြုတယ်ဆိုတာ တစ်ခါတလေမှာတော့ ရက်စက်တယ်လို့ထင်မထားရဘူး။ နှစ်ဦးနှစ်ဖက် မထိခိုက်ဖို့ကာကွယ်တဲ့ပစ္စည်းလို့မှတ်ယူထားရမယ်။

၉)တကယ့်သူငယ်ချင်းဆိုတာအတူရှိနေပြီးပြောမကုန်တဲ့စကားတွေနဲ့ဖောင်ဖွဲ့နေသူကိုဆိုလိုတာမဟုတ်ဘူး။
တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီးစကားတွေမပြောလည်း တစ်ယောက်ကို တစ်ယောက် နားလည်နေသူကို
ဆိုလိုပါတယ်။

၁ဝ) တကယ့်သူငယ်ချင်းဆိုတာကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည်ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်။

2 comments

  • မီးမီး သော်

    August 21, 2011 at 11:57 am

    “”တကယ့်သူငယ်ချင်းဆိုတာကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည်ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်။”

    Status message ကောင်းလေးတွေအဖြစ်သုံးလို ့ရတာပေါ့နော်။ကျေးဇူးပါရှင်

  • mandalarthu

    August 21, 2011 at 3:14 pm

    Good words between intimate friends and others.
    These ideas are really good to learn to build up good relationship between people.
    Thanks a lot for yr share.

Leave a Reply