အရင်နဲ့မတူတဲ့…………….(အင်းကြီးတောင်သမန်)


ဒီပုံကတော့ 2011 သင်္ကြန်တွင်းတုံးက တောင်သမန်အင်းက အပျော်စီးတဲ့ ငှက်(သမ္ဗာန်)လေးတွေပါ။
မြောက်ဘက်ကမ်းစပ်မှာပါ။
ဒါကတော့ လောလောဆယ်တောင်သမန်အင်း မှာ
စီးသူမျှော်နေတဲ့ ငှက်ကလေးတွေ.
အရင်ဆို ဒီနေရာမှာရေမရှိဘူး။
ဆိုင်ခန်းတွေရှိတယ်လေ။
အင်းတစ်ပါတ်လောက်လှေစီးရအောင်လေ။
ဧရာဝတီမြစ်ရေကြီးတော့ တောင်သမန်းအင်းကလဲရေအပြည့်ပေါ့။
ဦးပိန်တံတားအနောက်ဘက်က ဘုရားလေးပါ။
အခုတော့ ရေလည်ဘုရားပေါ့။



ဒါကတော့ အေပရယ်နွေညနေခင်းမှာတွေ့ရတဲ့ ဘုရားပါ။
ပါတ်ဝန်းကျင်တစ်ခုလုံးက စိမ်းစိမ်းစိုစို။
အရင်ကတော့ ဒီနေရာမှာ သဘာဝပေါက်ပင်တွေနဲ့စိမ်းစိမ်းစိုစို

အခုတော့ရေတွေကဗောင်းလံ
ုဆိုင်ခန်းလေးတွေကလဲ ရေမြုတ်လို့ပေါ့.
အခုတော့ဗျာ အင်းတပြင်လုံးရေအပြည့်
အပင်တွေတောင်ရေထဲမြုတ်လို့
အခုတော့ဗျာ အင်းတပြင်လုံးရေအပြည့်
အပင်တွေတောင်ရေထဲမြုတ်လို့။
အရင်ကတော့ ကွင်းပြင်ကျယ်ကြီးဖြစ်ခဲ့ပါတယ်။
အရင်ကတော့ ခန့်ခန့်ထည်ထည် ကန်နံဘေးကဆိုင်ခန်း။
အခုတော့ရေအောက်ကဆိုင်ခန်းလေးပေါ့။
မူံဝါးဝါး တောင်သမန်ရွာ မြင်ကွင်း အရှေ့ဖက်ကပေါ့
သင်္ကြန်တွင်းမူံရီရီကတွေ့ရတဲ့ တောင်သမန်ရွာ
ရေအပြည့်နဲ့ဦးပိန် တံတားအစလေး
မိုးတိမ်အောက်က တောင်သမန်ရွာ ကောင်းကင်ကပြာပြာ
အခုမြင်ရတဲ့ မြောက်ဘက်က ပုထိုးတော်ကြီးဘုရား
သင်္ကြန်တွင်းက မြင်ရတဲ့ပုထိုးတော်ကြီး
ရေမရှိသေးတဲ့ဦးပိန် သင်္ကြတွင်းကပေါ့
လွမ်းစရာကောင်းတဲ့သင်္ကြန်ရာသီမှာတွေ့ခဲ့ရတဲ့ အထီးကျန်သစ်ပင်နှစ်ပင် မြင်တာနဲ့ပိုလွမ်းသွားသလို
အခုတော့ရေတွေလွှမ်းတော့ သစ်ပင်လေးလဲ မလွမ်းနိုင်တော့ဘူးကွယ်
မြောက်ဘက်ကကြည့်ရင်မြင်နေရတဲ့ ဦးပိန်တံတား
အင်းရေတွေပြည့်နေချိန်မှာမြင်ရတဲ့ အရှေ့ဘက်က တောင်သမန်ရွာ
တိမ်ပြာပြာအောက်ကဥိးပိန်တံတား ုံ
အေပရယ်လတုန်းက မြင်ရတဲ့ မူံဝါးဝါးဦးပိန်တိမ်ထဲကို ထိုးဝင်တော့မယ် ဦးပိန်
လှေတစ်စင်းနဲ့ဝမ်းစာရှာ အိုတံငါ
ငှက်ကလေးနဲ့အင်းတပါတ်သွားမယ်
တံတားခြေရင်းက ရေးဆင်းကူးတဲ့မယ်ဇယ်ပင်
သူကလဲအားကျမခံရေးကူးနေပြန်ပါတယ်။
ရေဆင်းချိုးတဲ့မယ်ဇယ်ပင်တွေ များမှများ
ကွေ့ကွေ့ကောက်ကောက်ဦးပိန်
မန်းလေးကိုအလည်လာရာ တောင်သမန်အင်းကိုတော့ရောက်ဖြစ်အောင်သွားစေလိုပါတယ်.
တောင်သမန်သုံးပန်လှတဲ့ နွေမိုးဆောင်းရာသီသုံးခုစလုံးမှာ လှပါသတဲ့..
ဆောင်းအလှကိုလဲတင်ပေးပါအုံးမယ် နောက်များမှ………………….

17 comments

  • kontwins

    August 21, 2011 at 11:14 pm

    ရိုက်ကွက်တွေ က လှပါ့
    လာလည်ချင်စိတ်တွေပေါက်သွားပြီ
    နောက်ခါ လာလည်မယ်နော်

    မှ မန္တလေး 😛
    (လူလေး-ခွန်တွင်းစ်)

  • zawmyothu

    August 22, 2011 at 8:51 am

    တော်သလင်းလ ဆိုရင် တောင်သမန်ရွာက နတ်ပွဲ ရှိတယ် ဖောင်တော်လှည်.တဲ.
    အချိန်ဆိုပျော်ဖို.ကောင်းတယ် (အားလုံးမူးနေလို. :P)

  • pan pan

    August 22, 2011 at 9:10 am

    လေးပေါက်ရေ…ဦးပိန်တံတားကိုရိုက်ထားတာ တော်တော်လှတယ်နော်
    ပုံတိုင်းလိုလိုမှာ မြင်ကွင်းတွေက မှိုင်းညို့နေတာပဲ
    မိုးအုံ့လို့ထင်ပါရဲ့

  • ကြောင်ကြီး

    August 22, 2011 at 9:15 am

    ရေသိပ်မနက်ဘူး ထင်တယ်နော်။ အရင်က ရေရှိပြီးသား အင်းကောသွားတာကို ရေပြန်ဖြည့်ထားတာ မဟုတ်လား။ ဦးပိန်တံတားတိုင်အရှည်ကိုကြည့်ပြီးပြောရရင် အရင်ကလူတရပ်လောက် ရေမြှုပ်မလားဘဲ…။

  • manawphyulay

    August 22, 2011 at 9:50 am

    ခုဆိုရင်လည်း ဦးပိန်က ရေတွေအရမ်းတက်နေမှာပဲနော်။ ရောက်ဖူးချင်လိုက်တာ…….. ရေမရှိတဲ့အချိန် ကြည့်ရင်လည်း တစ်မျိုး ကြည်နူးဖို့ကောင်းသလို ရေတက်နေတဲ့အချိန်ကျတော့လည်း တော်တော်သာယာတယ်နော်။ အဲနားက ဈေးသည်တွေကရော ခုလို ရေကြီးနေတဲ့အချိန်မှာ ဈေးရောင်းကောင်းရဲ့လားဟင်…

  • မီးမီး သော်

    August 22, 2011 at 10:40 am

    ကိုပေါက်ရဲ ့လက်ရာကောင်းလေးတွေ သိမ်းထားပါရစေ။သဘာဝပတ်ဝန်းကျင်အလှကို ပေါ်အောင် ရိုက်ပြနိုင်ပါပေတယ်။. ခုချိန်ဆို နိုင်ငံခြားသားတွေမရောက်သေးလောက်ပါဘူးနော်။လာလည်ချင်ပါတယ်. ကိုပေါက်ရေ

  • hmee

    August 22, 2011 at 1:01 pm

    တောင်သမန်အစပ်က အပင်ကြီး (မှီ့ အထင် အမရပူရဘက်က) အကြီးကြီးပဲ အုပ်ဆိုင်းနေတာပဲ။ နောက်ပြီးတော့ မန္တလေး တမြိုလုံး ဘယ်နေရာသွားသွား အဲ့ဒီ အပင်မျိုးတွေပဲ တွေ့နေတာ ဘာအပင်လည်း အရမ်းကို သိချင်နေတဲ့စိတ်နဲ့ ကားမောင်းသမားကို မေးကြည့်မှ မယ်ဇယ်ပင်မှန်းသိတယ်။ တခါမှ မမြင်ဘူးဖူး မန္တလေးရောက်မှ မြင်ဖူးတာ။

  • အခုတစ်ခေါက်ပုံတင်တာအဆင်မပြေဖြစ်ဘူးဗျ။
    တစ်ချို့ပုံတွေက ပေါ်မလာတော့ စာနဲ့ပုံ မကိုက်တာတွေဖြစ်ကုန်တယ်။

  • weiwei

    August 22, 2011 at 9:49 pm

    စာနဲ့ပုံတွဲလျက်ဖြစ်နေအောင် ပုံတင်တဲ့အခါ caption ဘေးကအကွက်ထဲမှာ စာထည့်ရိုက်လိုက်ရင် အတွဲလိုက်ဖြစ်နေပါတယ် ..

  • Shanma TUmdy

    August 22, 2011 at 10:43 pm

    ၃၃ ပုံ .. မန်းလေးအလွမ်းပြေ .. အကုန်ကူးသွားပါတယ်.. 🙂

  • ရှမ်းမမရေ
    မန်းလေးပုံတွေကူးမယ်ဆို အများကြီးကူးရမှနော်
    ကိုပေါက်ရဲ့စနက်ရှော့မဟုတ်ဘဲ လက်ဆော့ထားတဲ့ပုံတွေက ရွာထဲမှာအများကြီးတင်ထားပါသဗျာ။

    • Shanma TUmdy

      August 22, 2011 at 11:19 pm

      မန်းလေးက ပုံတွေဆိုအခုပဲ link ပေးလိုက်လေ.. connection လေးကောင်းတုန်း..
      စလိုက်ကြရအောင်.. 🙂 🙂

  • ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ လို့ ဂူးဂဲလ်မှာရှာလိုက်ရင်ရပါပြိ။
    မန်းလေးဂေဇက်မှာ တင်ထားတဲ့ပုံတွေထွက်လာပါမယ်။
    ဖေစ်ဘုတ်မှာတော့ စတော်ဘယ်ရီသီးပုံနဲ့တင်ထားတာကိုပေါက်ပါ။

  • MoonLay

    October 5, 2011 at 2:29 pm

    ကိုပေါက်ရဲ့စနက်ရှော့မဟုတ်ဘဲ လက်ဆော့ထားတဲ့ပုံတွေကတော့အံံ့ဩလောက်အောင်ပဲအရမ်းကိုလှပါတယ်

Leave a Reply