ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ အေးရှားဝေါလ်ကလွှဲယူ

klnMay 11, 20101min542

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို Asia World ကလွှဲပြောင်းလုပ်ကိုင်သွားရန်စီစဉ်နေကြောင်းသိရသည်။ ရန်ကုန်လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု ( Ground Handleing) လုပ်ငန်းများ Asia World ကလွှဲပြောင်းရယူလုပ်ကိုင်တော့မည်ဖြစ်ကြောင်း Asia World နှင့် ရန်ကုန်လေဆိပ်အသိုင်းအဝိုင်းမှစုံစမ်းသိရသည်။ “Asia World ကလေဆိပ်တည်ဆောက်ရေးလုပ်ငန်းတွေကို လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ လေဆိပ်လုပ်ငန်းအားလုံးကို Asia Worldက ရုတ်ခြည်းဆိုသလို ချက်ချင်းလုပ်ကိုင်သွားဖို့တော့မရှိသေးပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့်တော့ လုပ်ကိုင်သွားဖို့ရှိတယ်လို့ သိရပါတယ်။ အခုဆိုရင် လေဆိပ်ဝန်ဆောင်မှု အပိုင်းကို လွှဲယူမယ်လို့သိရပါတယ်” ဟုရန်ကုန်လေဆိပ်ရှိဝန်ထမ်းတစ်ဦးကဆိုကြောင်း ၂၀၁ဝခုနှစ် မေလ ၁၃ရက်နေ့ထုတ်ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြ
ထားပါသည်။

2 comments

  • susunosuki

    May 11, 2010 at 3:39 pm

    လွဲယူပြီးတော့
    အသက်ငါးဆယ်ကျော်လူတွေကို အလုပ်ကဖြုတ်တယ်
    လုပ်သက်ငါးနှစ်အောက်တွေကိုလဲ အလုပ်ကဖြုတ်တယ်

  • လင်းဝေကျော်

    June 10, 2010 at 9:58 am

    အဲဒါတွေ ခက်တာပဲ။
    Asia World ကိုလွှဲတယ်လုပ်တာထက် လေဆိပ်စီမံခန့်ခွဲ မှု ကုမ္ပဏီတစ်ခု ကို အစိုးရကတည်ထောင်
    (လိုအပ်ရင် အေးရှားဝါး ကိုပါခေါ်ပေါ့လေ ) ပြီးရင် အများပိုင်အဖြစ် လူအများပါအောင်လုပ်ပေးလိုက်။
    စီမံခန့်ခွဲမှု ပုံစံ လိုရင် နိုင်ငံတကာလုပ်သလို ( အေးရှားဝါးလည်း ဒီလိုလုပ်တာပါပဲ ) ဒီလုပ်ငန်းအတွေ့အကြုံရှိပြီး တတ်ကျွမ်းတဲ့ နိုင်ငံခြားအဖွဲ့အစည်းကို
    organization set up and management အတွက် ငှားပေါ့… ကိုယ်နိုင်နင်းလာရင် ဆက်သွားကိုယ့်လူတွေပဲ။
    စင်္ကာပူလည်း ဒီလိုပဲစလာတာ ၊ ကိုရီးယားလည်း ထိုနည်းလည်းကောင်း…

Leave a Reply