ရွှေသမိုင်းတစ်လျှောက် တစ်ခါမျှမဖြစ်ဖူးသည့် ရွှေဈေး မေ၈ရက်စံချိန်တင်ကာ ယမန်နှစ်ဈေး ထက်ပိုမြင့်ခဲ့ကြောင်း ရန်ကုန်ရွှေဈေးကွက်မှ သိရသည်။ ယခုစံချိန်တင်ဈေးမှာ တစ်ကျပ်သား ၆၂၆၀၀၀အထိရောက်ခဲ့ပြီး ယမန်နှစ် စံချိန်တင်ဈေးထက်ပိုမိုမြင့်မားခဲ့ကြောင်းသိရသည်။ ယင်းစံချိန်ရွှေဈေးနှင့်အတူ အရောင်းအ၀ယ်ဈေးကွက်မှာလည်း အေးနေရာမှ ပြန်လည်အသက်ဝင်လာကြောင်း ရွှေဈေးကွက်မှ စုံစမ်းသိရှိရသည်။ “ အခုလို ကျပ် ၆၂၆၀၀၀အထိ ဖြစ်တာ တစ်ခါမှမကြုံဖူးဘူး။ မနှစ်ကစံချိန်တင်ဈေးထက်ပိုမြင့်တယ်။ မနေ့ကစပြီး ၆၂၃၀၀၀ဖြစ်သွား တယ်။ မနှစ်ကထက်စံချိန်တင်တဲ့ဈေးပဲ။ ထပ်တက်နိုင်တဲ့အလားအလာတော့ မရှိတော့ဘူးလို့ထင် တယ်။ ကမ္ဘာ့မှာလည်းရွှေဈေးကို ဝိုင်းထိန်းနေကြတယ်လို့ကြားတယ်”ဟု တိတ်စိန်ရွှေဆိုင် ဦးဇော်အောင်က ဆိုသည်။ ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေးမှာလည်း လိုက်လံမြင့်မားလာကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးမှာ စီးပွားရေးပြဿနာကြောင့် မြင့်တက်ခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးကွက်မှ ဆက်လက်မြင့်တက်မှုမရှိစေရန် ဆောင်ရွက်နေကြကြောင်း ရွှေဈေးကွက်လေ့ လာသူများအဆိုအရ သိရကြောင်း ၂၀၁၀ခုနှစ် မေလ၁၃ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားသည်။

About kln

k ln has written 409 post in this Website..