ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။

manawphyulayAugust 21, 20111min19521


ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည
ဣဿရီ တဲ့။ရှမ်းဘာသာကတော့ ဝမ်လီနုတ်ယုံး *(၀၊ခေ်လီခေူဂ့်ယုင်း*) လို့ခေါ်ပြီး
တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ
အလှစိုက်ထားလေ့ရှိတယ်။အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အဝါ၊ အစိမ်း၊ ခရမ်းရောင်
အနဲငယ်သမ်းနေတယ်။အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန ္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့်
သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦးဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေတစ်ယောက်က ဣဿရမူလီ ကို
သုံးကြည့်ခိုင်းတယ်။သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက်ငါးရွက်လောက် ဝါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ
အသားအရည်တွေ ဝင်းလာတယ်။ ကြည်လာတယ်။ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကိုဆေးစစ်သွားတော့ဟိုကဆရာဝန်တွေက အံ့ဩစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ဘာဆေးတွေ သုံးကြောင်း မေးလာတော့သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု
သူကျန်းကျန်းမာမာပါပဲ။


*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ဝါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။
(၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊
ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက်
တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ်
ကုသိုလ်ယူကြပါရန် . . . . *

မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်

21 comments

  • victor soemoe

    August 21, 2011 at 9:33 pm

    ၂၀၁၁ ခု နှစ် ဇွန်လထုတ် သူရဇ်ဇ မဂ္ဂဇင်း မှာ ဆောင်ပါးဖော်ပြထားတာ ဖတ်ရတယ် –
    အရွက် တစ်ရွက် ကို ၂၀ဝိ / ၃၀ဝိ ပေးဝယ်ရတယ် တဲ့ –
    နောက်ပီး အဲ့ ဒီအပင်ကို လိပ်ပြာ( ဘောက်ဖတ်) အတော်ကြိုက်တယ်ဆိုပဲ –
    ရောဂါ ပျောက်တဲ့ သူ ကိုယ်တွေ့ ရေးထားတာ တဲ့လေ –

  • unclegyi1974

    August 21, 2011 at 9:47 pm

    ဒီလိုအပင်မျိုးမတွေ့ဖူးတာအမှန်ဘဲ
    လက်ဆင့်ကမ်းလိုက်လို့ကျေးဇူးပါမနော

  • lapyae8016

    August 21, 2011 at 10:11 pm

    အခုလိုသိရတဲ့အတွက် အကျိုးအရမ်းရှိပါတယ်
    ကျေးဇူးပါ….

  • မီးမီး သော်

    August 21, 2011 at 11:02 pm

    ကျေးဇူးပါနော်။လက်ဆင့်ကမ်းညွှန်းပေါ့မယ်။ဆေးဖက်ဝင် အပင်တွေကို လူသားတွေအတိအကျမသိကြသေးလို ့ပါ။အပင်တိုင်းလိုလို သူဟာနဲ ့သူ အကျိုးပြ ုကြတာချည်းပါဘဲ

  • မျိုးသိန်း

    August 22, 2011 at 1:47 am

    မနှစ်ကလဲဒီအကြောင်းကို eton လဲရေးဘူပါတယ်၊ ကောင်းပါသည်ထပ်ပြီးရေးတောလဲမဖတ်ရသေးတယ်သူတွေလဲသိသွားရတာပေါ.
    ကျနော်ကဖြည့်ပြီးဆေးရောင်းတဲနေရာလေးကိုအမှတ်မထင်သတင်းစာမှတွေလိုရေးပေးလိုက်ပါသည်။

    ဦးကိုကိုကြီးဆေးဆိုင်
    မ-၅၇၈
    မင်းစေတီလမ်း
    မင်းစေတီစာကြည့်တိုက်ရှေ့
    ရွာမအနောက်ရပ်ကွက်
    ဖုံး ဝ၁-၆၄၄၀၉ဝ ၊ ဝ၉၇၃၀၃၆၆၅၄ သို ့ဆက်သွယ် ၎င်းဆေးဝယ်ယူရရှိနိုင်ပါသည်။

  • မျိုးသိန်း

    August 22, 2011 at 10:05 am

    sorry ! အင်စိန်မြို့နယ် ကျန်သွားပါသည်။ ရန်ကုန်တိုင်းဒေသကြီးမှာပါ။

  • zawthulay

    August 22, 2011 at 10:08 am

    အဲ အပင်ကို မတွေ့ဖူးဘူးဗျ .. ကောင်းပါတယ်. . မြန်မာ့ဆေးနည်းတစ်လက်အနေနဲ့ တင်ပြတာ ကျေးဇူးပဲ မမ မနောရေ

  • manawphyulay

    August 22, 2011 at 10:10 am

    ဟုတ်ပါတယ်။ မနောတို့အိမ်နဲ့လည်း နီးပါတယ်။ မင်းစေတီမှတ်တိုင်ဆင်းရင် ရပါတယ်ရှင်….

  • မျိုးသိန်း

    August 22, 2011 at 10:42 am

    ဟုတ်လား။ဒါဆိုရင်ဆက်လက်ပြီးတောညွှန်ပေးပါ ကျနော်က အလုံမှာကျနော်ကနေတာ ကောင်းရင်ဝေဒနာသည်အားလုံးအတွက်ကောင်းတာပေါနော်

  • ZinWinAung

    August 22, 2011 at 11:26 am

    အဲ.ဒီ. အပင်ကို……….အိမ်မှာစိုက်လို. မ ရ ဘူး လား ??

  • May

    August 22, 2011 at 11:55 am

    သေချာသိချင်လို့မေးပါရစေ…
    အပင်ရောင်းတာလား.. ဆေးရောင်းတာလား..
    မေမေ က စီပိုးရှိနေလို့ပါ…
    သိသူများပြောပေးကြပါ…
    ကျေးဇူးတင်ပါတယ်….

    • မျိုးသိန်း

      August 22, 2011 at 11:59 am

      may ရေ ဖုန်းဆက်မေးလိုက်ပါလားကျနော်ဖုန်းnumber ရေးပေးထားပါတယ်

      • May

        August 22, 2011 at 12:00 pm

        ဟုတ်အကို.. မေ့လို့..
        မေးလိုက်ပါ့မယ်…

  • May

    August 22, 2011 at 12:04 pm

    ှု I just check with the clinic and they said, they can sell the leave and also they are making dry leave like tea leave and so, I will go and check first and then let you know all in detail.

  • အဆိုတော်ရူးမလေး

    August 22, 2011 at 2:17 pm

    ဟုတ်တယ်အမ ဒီအပင်ကို ညလေးတွေ့ဖူးတယ် ဒီအရွက်ရဲ့အရသာကအရမ်းခါးတယ် ညလေးကြားဖူးတာပေါ့နော် ပြည်ပကိုအလုပ်သွားလုပ်မဲ့ကောင်လေးတစ်ယောက်ပေါ့နော် ဆေးစစ်တော့ဘီပိုးတွေ့လို့ဆေးကျတာနဲ့အဲဒီကောင်လေးက ဒီအရွက် ကိုတစ်နေ့ကိုသုံးရွက်နှုန်းနဲ့ တစ်လတိတိစားလိုက်တာ ဘာဆေးမှစားစရာမလိုဘူး ဒီအရွက်စားလို့တစ်လပြည့်တဲ့နေ့မှာဆေးပြန်စစ်လိုက်တော့ ဘီပိုးလုံးဝမတွေ့တော့ဘူး အဲဒါတကယ်အဖြစ်မှန်ပါအမ

  • minthakhin

    August 23, 2011 at 2:13 am

    ကျွန်တော်သိသလောက် ဝင်ဆွေးနွေးချင်ပါတယ်။ အခုလိုဆွေးနွေးတာဟာ မနောဖြူလေးရဲ ့ စိတ်ရင်းစေတနာကိုပဲဖြစ်ဖြစ်၊ ဒီဆေးပင်ဟာ အစွမ်းရှိတယ်ဆိုတာပြောတဲ့လူတိုင်းကိုပဲဖြစ်ဖြစ် စော်ကားမိသလိုဖြစ်သွားရင် (အနူးအညွတ်) တောင်းပန်ပါတယ်ဆိုတာပါ။

    စာဖတ်မပျင်းကြပဲ ဒါလေးတွေကိုအရင်ဆုံးဖတ်စေလိုပါတယ်
    http://moemyintmaung.weebly.com/11/post/2011/8/92.html
    http://www.khinmaungwin-liver.com/index.php?option=com_content&view=article&id=160:2010-05-11-04-51-37&catid=31:b-c-&Itemid=43
    http://www.khinmaungwin-liver.com/index.php?option=com_content&view=article&id=21:2010-01-02-10-33-12&catid=23:2010-01-07-03-55-43&Itemid=20

    http://friendsmyanmar.com/profiles/blogs/hepatitis-b-virus-hepatitis-c

    ပထမဆုံးက ဘီပိုးစတွေ ့ပြီးလို ့ ခြောက်လနေရင် နောက်တစ်ခါပြန်စစ်သင့်ပါတယ်။ဘာဖြစ်လို ့လဲဆိုတော့
    နောက်တစ်ခါပြန်စစ်ရင် မတွေ ့တော့တဲ့လူများစွာရှိနေပါတယ်၊ ထပ်စစ်လို ့မှရှိနေရင်တော့ ဒီလူဟာ နာတာရှည်ရောဂါပိုးသယ်ဆောင်တဲ့သူများဖြစ်သွားပါတယ်။ (ဆိုလိုတာက ဒီခြောက်လအတွင်းမှာ သူ ့အလိုလိုပျောက်သွားသူများရှိတယ်လို ့ပြောချင်တာပါ။)
    အဲဒါကြောင့် နန်းမွေဖောင်အဖေရဲ ့မိတ်ဆွေဆိုတာ နဲ ့ (အဆိုတော်ရူးမလေးပြောတဲ့) ကောင်လေးဆိုတာကဒီလိုအဖြစ်မျိုးနဲ ့တိုက်ဆိုင်သွားတာ ဖြစ်ချင် (ဖြစ်နိုင်) ဖြစ်နေမှာပါ။
    ဒီအရွက်ကြောင့်လဲ တကယ်ပျောက်တာ ဖြစ်သွားနိုင်တယ်ဆိုတဲ့အချက်ကိုလည်း ကျွန်တော် ငြင်းးဆိုနေခြင်း (လုံးဝ) မဟုတ်ပါဘူး။
    ဒါပေမယ်လို ့ ဒီအရွက်သာ တကယ်ပျောက်အောင်စွမ်းဆောင်နိုင်ရင် ဒီအပင်ဟာခုနေ ဆေးပညာလောကနဲ ့ မီဒီယာတွေ အလယ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီ။
    ဘာဖြစ်လို ့လဲဆိုတော့ ဒီပို ့စ်မှာ တင်ထားတဲ့ဖြစ်ရပ်ဟာတော်တော်ကြာနေပါပြီ။
    ဒီလင့်ခ်မှာတောင် သူဘယ်လောက်ကြာကြာတုန်းကသိပြီး တင်ထားတာလဲဆိုတာကြည့်ကြည့်ပါအုံး။ မနှစ်ကတည်းကတင်ထားတာပါ။
    http://friendsmyanmar.com/profiles/blogs/4557204:BlogPost:101079
    ဒီအရွက်သာတကယ်ပျောက်တယ်လို ့အသံထွက်ထွက်ချင်း ဆေးပညာလောက သမားများက လိုက်နေခဲ့မှာသေချာပါတယ်။ ဒါဆိုရင် ဒီလောကသားထဲက ဘယ်သူများ confirm လုပ်ခဲ့သလဲဆိုတဲ့မေးခွန်းမျိုး ကျွန်တော်မေးချင်ပါတယ်။ ကျွန်တော်သိသလောက်တော့ ဘယ်သူမှမရှိသေးပါဘူး။ (တကယ်လို ့သိခဲ့ရင်၊ရှိခဲ့ရင် ကျွန်တော့်ကို ပြန်ပြောပြပေးပါလို ့ တောင်းဆိုချင်ပါတယ်၊အမှန်တကယ်ကို ကျွန်တော်သိချင်လို ့ပါ၊ ကျွန်တော့်အမျိုးထဲမှာလည်း ဘီပိုးရှိနေလို ့ပါ)
    ကျွန်တော်လည်း ကျွန်တော်အမျိုးကို ဒီအရွက်ကို စမ်းပြီး စားသုံးဖို ့အကြံပြုလိုက်ပါမယ်။
    အနည်းဆုံး ဒီရောဂါမပျောက်တောင်မှ ဘာဘေးထွက်ဆိုးကျိုးမှ မရှိလို ့ပါ။
    အရင်ကတော့ ကောလဟာလ တစ်ခုထွက်ဖူးပါတယ်။ စပါးကြီး သည်းခြေ စားရတယ်ဆိုပြီး။
    ဒီလို ကောလဟာလ မျိုးဆိုရင်တော့ စားမိတဲ့သူအပေါ်ကြီးစွာ ဘေးထွက်ဆိုးကျိုးဖြစ်စေပါတယ်။
    ဒီအရွက်အကြောင်းသိချင်တယ်ဆိုရင်တော့
    http://en.wikipedia.org/wiki/Aristolochia_tagala
    http://www.flowersofindia.in/catalog/slides/Indian%20Birthwort.html

    ထပ်ပြောချင်တာကတော့ အပေါ်ကလင့်ခ်လေးတွေကိုဖတ်ပေးကြပါ။ စာဖတ်မပျင်းကြပါနဲ ့။

    • kai

      August 23, 2011 at 6:16 am

      အခုလိုရေးပြတာကျေးဇူးပါပဲ..။ ကျုပ်လည်း အမြဲတန်း.. ဝင်ဝင်ပြောလို့.. အနီကဒ်လည်းခဏခဏရတယ်..။ ထပ်ပြောရမှာပါပဲ..။

      တကယ်တော့. ကျမ်းမာရေးဆိုင်ရာ…ပရိုဖက်ရှင်နယ်.. ဆရာဝန်တွေရှိပါတယ်..။
      ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများဟာ..ဆေးမြီးတိုတွေ..လုပ်လုပ်မနေပဲ… ဆရာဝန်တွေကို.. ပြသတိုင်ပင်ရမှာပါပဲ..။
      ဘုန်းကြီး..ရဟန်းဟာ..သူ့ပရိုဖက်ရှင်နယ်.. သာသနာကိစ္စမလုပ်ပဲ.. ပရိုမဟုတ်တဲ့… ကိစ္စတွေဝင်မပါရပါဘူး..။
      အခုတော့… ငွေကြေးစီမံခန့်ခွဲတာတွေနဲ့.. လူထုကိုကိုယ်တွယ်အုပ်ချုပ်တာတွေပါ ဝင်လုပ်နေတာ တွေ့ရပါတယ်..။
      ဒီလိုမျိုးတွေဟာ.. မြန်မာပြည်အနှံ ့ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်နေတာမို့.. ဒါဟာ..အမျိုးသားရေးကိစ္စတောင်ဖြစ်နေပါတယ်..။
      ==
      [11] Ching, 4 Duke of Ch´i asked Confucius, What is kingcraft?
      Confucius answered: “When the king is king and the minister is minister; when the father is father and the son is son.”
      “True indeed!” said the duke. “Were the king no king and the minister no minister, were the father no father and the son no son, could I get aught to eat, though the grain were there?

      မင်းသည၊်မင်းဘဲဖြစ်ပါစေ
      မှူးမတ်တို့သည်မှူးမတ်ဘဲဖြစ်ပါစေ
      ဖခင်သည်လည်း၊ဖခင်သာဖြစ်၍
      သားသည်လည်းသားဘဲဖြစ်ပါစေ
      (ကွန်ဖြူးရှပ် ဘီစီ 722-481)

      ရဟန်းသည် ရဟန်းဘဲဖြစ်ပါစေ
      ဆရာဝန်သည် ဆရာဝန်ဘဲဖြစ်ပါစေ
      စစ်သားသည် စစ်သားဘဲဖြစ်ပါစေ
      နိုင်ငံရေးသမားသည်လည်း နိုင်ငံရေးသမားဘဲဖြစ်၍
      မီဒီယာသည်လည်း မီဒီယာဘဲဖြစ်ပါစေ။ ။

      မန္တလေးဂေဇက် ( အေဒီ၂၀၁၁)

      • ကြောင်ကြီး

        August 23, 2011 at 7:48 am

        အဲလိုပြောကြေးဆို ငယ်ငယ်တုံးက ကစားလို ထိခိုက်ပွန်းပဲဒဏ်ရာရရင် ဖုံသိပ်၊ မြောင်းရေစိုနဲ့ ပိုးမဝင်မွှားမဝင်ကြတော့ ဘာပြောမလဲ သဂျီးရဲ့..။ သဂျီးလည်း သဂျီးပဲဖြစ်ပါစေ။ (ပြောရရင် ဘယ်နေရာမှာ အသုံးမဝင်လို့ သဂျီးအဖြစ်တင်မြောက်ထားတာများတယ်) ကြားဖူးနားဝရှိတာပြောတာပါ…လွန်တာရှိ ဝန္နာမိ…. 😎

  • minthakhin

    August 23, 2011 at 2:33 am

  • minthakhin

    August 23, 2011 at 12:59 pm

    (အဲလိုပြောကြေးဆို ငယ်ငယ်တုံးက ကစားလို ထိခိုက်ပွန်းပဲဒဏ်ရာရရင် ဖုံသိပ်၊ မြောင်းရေစိုနဲ့ ပိုးမဝင်မွှားမဝင်ကြတော့ ဘာပြောမလဲ သဂျီးရဲ့..)

    ဖုံသိပ်လိုက်တာကတော့ အလွယ်နည်းနဲ ့ သွေးအမြန်တိတ်စေဖို ့ လုပ်ကြတာလို ့ထင်ပါတယ်။ ဒါပေမယ့်
    ဒဏ်ရာပျောက်ကင်းသွားတာ ကတော့ အဲဒီဖုန် သိပ်တာနဲ ့လားလားမျှ မသက်ဆိုင်ပါဘူး။ ငယ်တုံးကာလ အခြေအနေမှာ tissue နဲ ့organ တွေ ရဲ ့သဘောသဘာဝကို က အနာကျက်ဖို ့ (အရိုးဆိုရင်လည်း ပြန်ဆက်ဖို ့) အင်မတန်မြန်ဆန်ပါတယ်။ ဒီအကြောင်းကြောင့် ဘာဆေးမျှ မထည့်၊ မသောက်တောင် သူ ့အလိုလို ပြန်ပျောက်ကြပါတယ် (ဒဏ်ရာ မကြီးရင်ပေါ့)။ တော်ရုံတန်ရုံအဖျားရှိရင်တောင် (အရွယ်နည်းနည်းရလာရင်၊ ကျန်းမာရေးချို ့ယွင်းချက်ရှိမနေရင်) ဘာဆေးမှ မသောက်ဘဲ ပျောက်နိုင်ပါတယ်။ ဖုန်သိပ်လိုက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့
    အဲဒီဖုန်လိုဟာမျိုးတွေမှာ ရောဂါပိုးမွှားပေါင်း ဘယ်ရွှေ ့ဘယ်မျှ ပါလာမယ်ဆိုတာမသိနိုင်ပါဘူး။ အနာရင်း လာရင်တော့ သေချာပါတယ် အဖျားကတော့ သေချာပေါက်တက်လာတော့မှာပါ။ မြောင်းရေဆိုရင်လည်း ဒီအတိုင်းပါဘဲ။ ဒီထက်အသေအချာ ပြောနိုင်တာကတော့ biomedical သမားများပါဘဲ။ သူတို ့ကတော့ detail ပြောပြနိုင်မှာပါ။

    သဂျီးရေ .. . အနီကဒ်ဘယ်လောက်ပဲ ပလူပျံနေပါစေ၊ ကျွန်တော့်အပေါ်အမြင်စောင်းသွားပါစေအုံး၊ ကျွန်တော်ကတော့ ပြောရမှာပါ (ကိုယ်သိသလောက်)။ ဒီဟာမျိုးတွေက သဘောထားကွဲလွဲတာ၊ အမြင်မတူတာမဟုတ်ပါဘူး။
    မှားနေတဲ့ ဟာမျိုးတွေကို အမှန်ကို ဖြစ်စေချင်တဲ့ စေတနာ သက်သက်ပါ။
    တစ်ခုပဲ အလေးအနက်ထပ်ပြောချင်တာက ဒီပို ့စ်ကိုဖတ်မိတဲ့သူတွေရော၊ ကွန် ့မန် ့ပေးတဲ့ သူတွေ၊ပို ့စ်ရေးတဲ့သူတွေရောကို စော်ကားလိုစိတ် အလျှင်း မရှိဘူးဆိုတာပါဘဲ။

Leave a Reply