မြန်မာ့ပထမဆုံး အမြွာပူးများတွေ့ဆုံပွဲ အမြွာပေါင်း ၅၀ဝကျော် တက်ရောက်

klnMay 11, 20101min1017

မန်မာ့ပထမဆုံး အမြွာပူးများတွေ့ဆုံပွဲတွင် အမြွာပေါင်း ၅၀ဝကျော် တက်ရောက်ခဲ့ခြင်းကြောင့်နေရာ အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ မေလ ၃ရက်က မဟာသန္တိသုခကျောင်း၌ မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်ခဲ့သော အမြွှာပူးများတွေ့ဆုံပွဲအခမ်းအနားတွင် အေးအေးငြိမ်း၊ အိအိငြိမ်းအမြွှာတက်ရောက်ခဲ့ပြီး သုံးမြွှာပူးငါးတွဲ၊ နှစ်မြွှာပူးများစွာတက်ရောက်ခဲ့ပြီး စုစုပေါင်း အမြွှာပူးပေါင်း၅၀ဝကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။ “ ဒီပွဲက မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပြုလုပ်တဲ့ ပွဲဖြစ်တယ်။ ဒီလောက်လာကြလိမ့်မယ်လို့မထင်တော့ အစားအသောက်၊ နေရာအခက်အခဲတော်တော် ဖြစ်သွားတယ်။ နောင်နှစ်ကျရင်တော့ ဒီ့ထက်ကျယ်တဲ့နေရာကိုရွေးပြီးကျင်းပသွားမယ်”ဟု မြန်မာနိုင်ငံ အမြွှာမွေးအသင်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထူးစိန်ကပြောသည်။ အဆိုပါတွေ့ဆုံပွဲ အခမ်းအနားတွင် တက်ရောက်လာကြသော အမြွှာပူးများမှ အသင်းဝင်လိုသူများအားစုစည်း၍ အမြွာညီအကိုမောင်နှမအသင်းကိုဖွဲ့စည်းသွားမည်ဖြစ်ပြီး ချို့တဲ့သောအမြွှာညီအကိုမောင်နှမများ၏ ကျန်းမာရေး၊ ပညာရေးများကို ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ ဒီပွဲလေးက အမြို့မြို့အနယ် နယ်မှာရှိတဲ့ အမြွှာတွေအချင်းချင်းတွေ့ပြီး သူတို့ရဲ့စိတ်ချင်းဆက်စပ်နေပုံတွေကို ဆွေးနွေးနိုင်အောင်၊ အမြွှာတွေအချင်းချင်းလဲ ချစ်ကြည်ရေးရအောင်၊ အသင်းလဲဖွဲ့စည်းနိုင်အောင်ရည်ရွယ်ပြီးပြုလုပ်တာ” ဟုယင်းကဆက်ပြောသည်။ “ ဒီလိုပွဲလေးလုပ်ပေးတာ သဘောကျပါတယ်။ လူတွေ အလွန်များတော့ အချင်းချင်း သေချာလဲမဆွေးနွေးရဘူး။ နောင်နှစ်ကျရင်တော့ နေရာကိုလဲ ကျယ်ကျယ်ဝန်းဝန်းဖြစ်စေ ချင်တယ်။ အသက်အရွယ်လဲ နည်းနည်းခွဲပြီးလုပ်ပေးစေချင်တယ်။ အသင်းဖွဲ့မယ်ဆိုတော့ ပိုပြီးသဘောကျတယ်။ နောင်နှစ်ကျရင်လဲ ဒီပွဲကိုတက်မယ်။” ဟု မိုးကုတ်မြို့မှ အသက်(၂၀)ကျော်ရှိ ထွန်း၊ ထိုက် အမြွာညီအစ်မနှစ်ဦးကပြောသည်။ အမြွှာညီအကိုမောင်နှမအသင်းကို မကြာမီဖွဲ့စည်းသွား မည်ဖြစ်ပြီး အဆိုပါအသင်းအဖွဲ့တွင်ဝင်ရောက်လိုပါက အသင်းဖြစ်မြောက်ရေးကော်မတီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁ဝခုနှစ် မေလ၁၃ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားသည်။

7 comments

  • Shwemannmay

    May 11, 2010 at 8:27 am

    ချစ်စရာကောင်းမှာပဲ ဓါတ်ပုံလေးတွေမြင်ရရင်ပိုကောင်းမယ် အဲလောက်များများရှိမယ်ထင်မထားဘူး

  • etone

    May 11, 2010 at 8:38 am

    Journal တစ်ခုထဲမှာပြောထားတာက သုံးမွှာပူး 12တွဲတက်တယ်လို့ရေးထားတယ်နော် ။
    အဲ့ဒီဂျာနယ်တောင်ဖတ်ပြီး ဘယ်ပစ်လိုက်မိလည်းမသိဘူး ။

  • banban

    May 11, 2010 at 8:53 am

    ဟိုက်ရှားဘား….အဲ့ဂလောက်တောင်ရှိတယ်လား… ဒါတောင် သွားရေးလာရေးခက်တဲ့နေရာတွေက မတက်တဲ့အမွှာတွေရှိအုန်းမှာနော်…

  • susunosuki

    May 11, 2010 at 3:29 pm

    မြန်မာမှာလဲ တော်တော်များများရှိတာကိုး
    ကောင်းတယ်
    အသင်းဖွံထားတော့ အစဉ်ပြေတာပေါ့

  • koyinmaung

    September 18, 2011 at 11:44 am

    ဖတ်စရာမရှိတော့လို့
    နောက်ကြောင်းပြန်ကြည့်မိတာ
    အမွှားပူးပေါင်း၅၀ဝဆိုတာ
    အပူး၅၀ဝပြောတာလား
    လူအားလုံးပေါင်း၅၀ဝပြောတာလား
    သိတဲ့လူရှိယင် ပြန်မန်းလိုက်ပါအုံး

  • မီးမီး သော်

    September 18, 2011 at 12:40 pm

    အားလုံးပေါင်း၅၀ဝ ထင်တယ်နော်။မထင်ထားဘူး အဲလောက်ရှိမယ်လို ့။ဒီကအမြွှာတွေလဲ ဆက်သွယ်ခိုင်းရမယ်။အမြွှာတွေရဲ ့ဆက်စပ်မှု
    ကိုလေ့လာမယ် ဆိုတော့ ကောင်းတာပေါ့။

  • manawphyulay

    September 18, 2011 at 2:03 pm

    သူတို့က ခုမှ အမြွာတွေ့ဆုံပွဲလုပ်ကြတာကိုး။ ကွန်ပျူတာ ကုမ္ပဏီတစ်ခုက ဟိုလွန်ခဲ့တဲ့ ၉၈- ၉၉ ထဲက တပ်မတော်ပြခန်းမှာ ပွဲလုပ်ရင် သူ့ဝန်ထမ်းအမြွှာတွေပဲ သီးသန့်ပြခန်းမှာ ထားတာ ဝန်ထမ်းအမြွှာတွေက ယောက်ျားလေးက ၂ တွဲရှိတယ်။ မိန်းကလေးက ၃ တွဲရှိတယ် ကုမ္ပဏီတစ်ခုထဲမှာ အဲလိုချိန်ဆို အရမ်းထူးခြားတဲ့ပြခန်းအဖြစ် လူဝင်ပိုများတယ်လေ….

Leave a Reply