ကြွေကြတော့မယ့် ပန်းတပွင့် ( ဝါ ) ဧရာဝတီ

ရွှေအိမ်စည်August 22, 20111min2158

ကြွေကြတော့မယ့် ပန်းတပွင့် ( ဝါ ) ဧရာဝတီ

သူ့ ခနာ္တဟာ ကောက်ကွေ့တဲ့ မျဉ်းတစ်ကြောင်းဆိုရင်

သူ့ဦးခေါင်းက အလွန်လှပတဲ့ မြစ်ဆုံဒေသပေါ့….

သွေးကြောတွေ ယှက်နွယ်နေပုံလေးက

နူးညံ့ပျော့ပြောင်းလှပေမယ့်

သူ့ခြေထောက်က ဗမာပြည်ရဲ့ ဆန်အိုးကြီးကို

မရွဲ့စောင်းအောင် သယ်ပိုးထားသူလေ…….။

သူ့အလှလား…

နန်းအဆက်ဆက်တိုင်းမှာ

အလှဘုရင်မဘွဲ့ခံ

စာဖွဲ့ပြဖို့ ကြိုးစားသူတိုင်း

ကြည်နူးစွာ ယစ်မှုးခဲ့ကြပေမယ့်

ပြည့်စုံအောင် မဖော်ပြနိူင်ဘဲ

ချီးကြူးသွားခဲ့ကြတယ်…..။

သူ့အလုပ်လား

တောတောင်တွေ စိမ်းလန်းနေအောင်

သစ်ပင်တွေကို နေ့စဉ် ရေလောင်း

ပြည်သူလူထု အပေါင်းကို ရေေဝေ

လေးလံလှတဲ့ ကုန်စည်များကို ထမ်းရွှက်

မြန်မာနိူင်င်အထက်နဲ့အောက်

မရပ်မနာ လမ်းလျှောက်

တိုင်းပြည်အကျိုးကို နေ့စဉ် သယ်ပိုး

သူ့ရဲ့အလုပ်ကြိုးစားမှု

ဘယ်သူက ယှဉ်ပြိုင်နိူင်မှာလည်း …..။

အခုတော့ ရာဇဝင်ရိုင်းပြီ

အာဏာကို ဘုရားလို ကိုးကွယ်

လိုအပ်ရင် မိဘလည်း သတ်မယ် ဆိုတဲ့

လူမိစာ္ဆတွေရဲ့ ယုတ်မာ ပက်စက်မှု

ခြွေချခံရတော့မယ့် အလှဆုံးပန်းတပွင့်

သံဃာသွေးတောင်မြေခစေခဲ့တဲ့ သူတိုရင်ထဲက

ပျောက်ဆုံးနေတဲ့ ကိုယ်ချင်းစာ တရား

သူတို့ စိတ်ထားကို သက်သေပြသွားတဲ့ နာဂစ်

ရေခန်းသွားတဲ့ အင်းလေးအိုင်

သောက်စရာ ရေတောင်မရှိတဲ့

ဒုက္ခနွံထဲက ပြည်သူလူထုဘဝ

တွေးမိရင်းက မျက်ရည်ကျဆင်း

လွတ်မြောက်လိုခြင်းတွေနဲ့

တောင့်တနေတဲ့ လူထု ဆန္ဒ

ပြည့်ဝစေဖို့ တောင်းဆုချွေကာ

ပြည်သူတွေရဲ့ ကြေကွဲမျက်ဝန်း ကို ငေးစိုက်ကြည်ရင်း……

စတေးခံရမယ့် ရက်တွေကို စောင့်စားကာ

နောက်ဆုံးအချိန်ထိ စီးဆင်းနေမယ့်……………ဧရာဝတီ ။



http://www.facebook.com/note.php?note_id=261289287222059

ပြောချင်တာ လေးများရှိရင် ဒီလင့်ကိုသာ နှိပ်ပြီး လာရင်ဖွင့်ကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ.။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

ကျနော့်တို ့တွေ ကသွေးသောက်မောင်နှမတွေ မလို ့သူ ့စာလည်းကိုယ့်စာ လိုဘဲ မှတ်ယူဖတ်ပေးပါ

8 comments

  • ကြောင်ကြီး

    August 22, 2011 at 9:53 am

    မပြောချင်ဘူး
    မပြောချင်ဘူးဆိုတာ
    ပြောစရာမရှိလို့
    မပြောတတ်လို့မထင်နဲ့
    မပြောကိုမပြောချင်တာ
    ပြောချင်ရင်
    ပြောပါလို့
    ပြောစရာrလိုဘူး
    ပြောပြီးသွားပြီ… 😡
    ပြောပြရရင်တော့ 🙁
    ပြောခဲ့ပါတယ်
    ပြောလဲပြောပြောပါ
    ပြောတာပဲအဖတ်တင်
    ပြောမိတဲ့ပါးစပ်
    ပြောအုံးပြောအုံးဆိုပြီး
    ပြောပြစ်ထောင်ဒဏ်
    ပြောမိလို့ခံရပုံများ
    မပြောကို
    မပြောချင်တော့ပါဘူးကွယ်..။ 🙄

    • pan pan

      August 22, 2011 at 10:09 am

      ပြောကိုမပြောချင်တော့ပါဘူး (ဒေါ်မြလေးလေသံ)
      ဦးကြောင်ကြီးဘာပြောပြော ပြောကိုမပြောချင်တော့ပါဘူး
      ဦးကြောင်ကြီးဘာလုပ်လုပ် ပြောကိုမပြောချင်တော့ပါဘူး
      ဦးကြောင်ကြီးဘာရေးရေး ပြောကိုမပြောချင်တော့ပါဘူး
      ဦးကြောင်ရဲ့အရှိန်အဝါက ကြီးသကိုးးးးးးးးးးးး 🙄

  • manawphyulay

    August 22, 2011 at 10:09 am

    အင်း ခုပဲ ဗမာသွေး ပို့တာတွေဖတ်နေတာ… ဧရာဝတီဆိုတာ အားလုံးရဲ့အသက်သွေးပါပဲ။ ပြန်တော့မတင်တော့ပါဘူးဖော်ဝေါ့မေးလ်ဖြစ်နေမှာစိုးလို့ပါ။

    • ရွှေအိမ်စည်

      August 22, 2011 at 10:41 am

      ဟုတ်တယ်မနော..သူနဲ ့ငါက..ငါစာသူတင်..သူစာငါ့တင်ပါဘဲ…
      အောက်မှာလည်းရေးထားတယ်လေ..ဖတ်ကြည့်အုံးနော်

  • မီးမီး သော်

    August 22, 2011 at 10:31 am

    ဧရာဝတီ ရဲ ့တသွင်သွင်စီးနေတဲ့ ရေသံလေးရယ် မကြားရမမြင်ရတော့ဘူးပေါ့။ဒါပေမယ့်အသိစိတ် ကလေးနဲ့ မျက်တောင်မွှေးတဆုံးမကြည့်ကြပါဘဲနဲ ့ မျက်စိတဆုံးကြည့်တတ်ကြရင် ဧရာဝတီ ဆက်တည်တံ့နေမှာပါ

  • ZinWinAung

    August 22, 2011 at 11:15 am

    မပြောပါနဲ.တော.ဂျာ………………..T.T:)

  • zaymdy

    August 22, 2011 at 11:34 am

    မပြောလို. မပြီး ပြောချင်သေးတယ် မြစ်ဆုံစဉ်းမံကိန်းကြီးကို လုံးဝ သဘောမတူဘူးဗျာ…
    အခုတောင် ရောဝတီ မြစ်ရိုးတစ်လျှောက် သောင်ထွန်းတာနဲ. ကမ်းတွေ.ကလည်း ပြို…
    ရောဝတီမြစ်ကြီးကို ထိန်းသိမ်းရမယ် အစား ဒီစဉ်မံကိန်းကြီးက ပျက်စီးမယ် စီးမံကိန်းကြီးလို. ထင်တယ်ဗျာ..

  • blackchaw

    August 22, 2011 at 4:44 pm

    ထူးအိမ်သင် ကတော့ ပု ပင်း အင်း တောင် ညောင် ကုန်းဘောင် ဆိုတဲ့ ခေတ်အဆက်ဆက် ရာဇဝင်အဆက်ဆက် တင်မြှောက်ခဲ့တဲ့ သတို့သမီး လို့ တင်စားပြီး ရာဇဝင်များရဲ့ သတို့သမီး တဲ့။ အခု ကျွန်တော်တို့ခေတ်ကျမှ ကျွန်တော်တို့ ရဲ့ စွန့်ပစ်ခြင်းကို ခံရတော့ မယ့် အစွန့်ပစ်ခံ သတို့သမီး ဖြစ်ရတော့မယ် ကိုငှက်ရေ။ ခင်ဗျား ချစ်သလို ခင်ဗျား ခံစားသလို ဧရာဝတီ ကို ကျွန်တော်တို့ ချစ်ပါတယ်။ အခုလိုစွန့်လွှတ်ရတော့မယ် ဆိုတော့ ပိုပြီးတော့ ကြေကွဲကြရပါတယ်။ ဧရာဝတီ ကို ကယ်တင်ဘို့ အတတ်နိုင်ဆုံး ကြိုးစားကြပါလို့ ဒီနေရာက တောင်းဆိုပါရစေ။

Leave a Reply