ပညာရေး…. ဝေးသည်။မရှိ ။ :D အဲလိုမဖြစ်ရလေအောင်

ShwemannmayMay 11, 20101min542

ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ပေးနေပြီဆိုတာကို ဒီလပိုင်းတွေမှာကြားနေကြရတာကြာပါပြီ။ ကျောင်းဖွင့်ချိန်နီးလာတာနဲ ့အမျှ အမျိုးမျိူးသောသတင်းတွေလည်းပေါ်ထွက်လာပါတယ်။ သိန်း ၃ဝ အထိ ဈေးပေါက်နေပြီလို ့ ဂျာနယ်တစ်ခုမှာဖတ်လိုက်ရပါတယ်။

ပညာရေးသည်လူတိုင်းအတွက်ဆိုတဲ့ဆောင်ပုဒ်အတိုင်း ပညာရေးပာာမြန်မာပြည်သူပြည်သားတိုင်းအတွက် သက်သာလွယ်ကူသော ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော အရာဖြစ်သင့်ပါတယ်။ ဈေးပိုပေးတိုင်းပိုပြီးကောင်းမွန်တဲ ့ပညာရေးမျိူးရနိုင်မယ်လို ့မျှော်မှန်းလို ့မရနိုင်ပေတဲ ့ ငွေပေးပြီးရယူတယ်ဆိုကတည်းက ဝန်ဆောင်မှူကိုမကြိုက်ရင် မကျေနပ်ရင် ပြောရေးဆိုခွင့်ရှိလာတာအမှန်ပါ။ ပညာရေးဝန်ဆောင်မှူကို ဝယ်ယူသူဖြစ်လာတဲ့အတွက် ကိုယ်လိုချင်တဲ ့ပုံစံ ၊ ကိုယ်မကြိုက်တဲ ့ပုံစံတွေကို ပွင့်လင်းစွာ ဝေဖန်ပြောဆို ခွင့် တောင်းဆိုခွင့်ရှိလာပါပြီ။ ရှိတဲ့အတိုင်းလည်း ပြောရဲဆိုရဲ တောင်းရဲ ဝေဖန်ရဲ ဖြစ်လာကြပါပြီ။

မိဘဆိုတာတော့ သားသမီးကို အကောင်းဆုံးဆိုတာတွေကိုပေးဆပ်ဖို ့စေတနာရှိကြတာပါပဲ။ ကြိုးစားအားထုတ်ကြတာပါပဲ။ မိမိတတ်နိုင်တဲ့ ဘောင်၊ ပမာဏအတွင်းကနေပြီး မိမိတို ့သားသမီးများကို အကောင်းဆုံးသော ပညာရေးကို သင်ကြားစေလို ကြတာပါပဲ။ တတ်နိုင်သူများအတွက်တော့ ရှိစေတော့ပေါ့။ မုဒိတာပွားရပါတယ် ။ မတတ်နိုင်သူအများစုဘက်က စဉ်းစားကြည့်ရအောင် ။တကယ်တော့သိန်း ၃ဝ ဆိုတဲ့ပမာဏပာာနည်းတာမပာုတ်ပါ။ ဒီလိုပုဂ္ဂလိကကျောင်းတွေ လို အစိုးရကျောင်းတွေကရော လေ့ကျင့်သင်ကြားမှူ မလုပ်ပေးနိုင်ကြဘူးလား။ လုပ်ပေးနိုင်ကြပါတယ်။ လုပ်ပေးချင်ကြဖို ့သာလိုပါတယ်။

နှစ်စဉ်နှစ်စဉ်မှာ အစိုးရကျောင်းတွေက ကလေးတွေ ဂုဏ်ထူးရှင်တွေ အများကြီးပေါ်ပေါက်နေတာပါပဲ ။ နှစ်တိုင် း ၁ဝ တန်းစာမေးပွဲအောင်စာရင်းထွက်ပြီးပြီဆိုရင် သတင်းစာမှာ ဝမ်းမြောက်ဂုဏ်ယူကြောင်းတွေ ပလူကိုပျံနေအောင် ပါတာပါပဲ။

သို ့သော် ဒီကလေးတွေကိုကြည့်ရင် အစိုးရကျောင်းကို နာမည်ခံသာတက်ပြီး ပြင်ပက နာမည်ကြီးကျူရှင်တွေက လေ ့ကျင့်သင်ကြားပေးလိုက်တဲ ့ကလေးတွေဖြစ်တာကို တွေ ့ရပါလိမ့်မယ်။ ခလေးများကလည်း နားလည်ကြရှာပါတယ် ။ ကိုယ်တက်ခဲ ့တဲ ့ကျောင်းကိုတော့ပြန်ပြီး ကျေးဇူးတင်ကြောင်းတွေလည်း သတင်းစာထဲမှာ ထည့်တဲ့သူလည်းထည့်ကြပါတယ်။ သို ့သော်… သို ့သော်ပေါ့လေ တကယ့်တကယ် သူတို ့နဲ ့စကားပြောကြည့်တဲ့အခါမှာ ပြင်ပပုဂ္ဂလိကကျောင်းဘက်ကို ပိုပြီး အလေးသာတာ ၊ဦးစားပေးတာ၊ အဲဒီကဆရာတွေကိုပိုပြီး အထင်ကြီးတာကို သိသာစွာမြင်ရပါတယ်။ ဒါပာာ ဘာကြောင့်လဲ။

အစိုးရကျောင်းတွေမှာ စာကို သေချာမသင်ကြားဘူးဆိုတဲ ့ အသိပာာ ကလေးတွေ နဲ ့ကလေးမိဘတွေခေါင်းထဲမှာစွဲမြဲနေတာကိုတွေ ့ရပါတယ်။ တကယ်လည်း အဲဒီလိုဖြစ်နေတာကို တွေ ့ရပါတယ်။ ကျောင်းကဆရာ၊ဆရာမများကလည်း

သူတို ့ကျူရှင်က သင်လိမ် ့မပေါ့ဆိုတဲ ့အတွေးနဲ ့ အလုပ်ကို မလေးစား၊ မလေးစားတော့ကောင်းကောင်းမသင် ၊မသင်တော့ ကျောင်းသားကမကြိုက် ၊ မကြိုက်တော့ ပုဂ္ဂလိကကျောင်းသွားတက်၊ အဲဒါနဲ ့ပဲနောက်ဆုံးတော့ အစိုးရကျောင်းများသင်ကြားမှူ

ညံ့ဖျင်းတယ်ဆိုတဲ ့ကောက်ချက်ချသံတွေထွက်လာတော့တာပါပဲ၊

တကယ်ကြိုးကြိုးစားစား စေတနာအပြည့်နဲ ့သင်တဲ ့ဆရာ၊ဆရာမတွေလည်း ရှိကြမှာပါပဲ။ ဒါပေမယ့် အားလုံးကောင်းဖို ့တော့လိုတယ်လို ့ထင်မိပါတယ်၊

သင်ကြားမှူလည်းကောင်းတယ်၊ ငွေကုန်ကြေးကျလည်း သက်သာတယ်ဆိုတဲ ့နောက်တော့ ကျောင်းသားနဲ ့ကျောင်းသားမိဘများ က ဒီကိုပဲ ပြန်လာကြမှာပါပဲ။

2 comments

  • day day

    May 11, 2010 at 1:01 pm

    ရွှေမန်းကိုကြည့်ရတာ အစိုးရကျောင်းမတက်ဖူးတာလား။ကျောင်းကောင်းကောင်းနဲ့မဆုံရတာလားမသိပါဘူး။
    ဒို့ကတော့အဲလိုမထင်ဘူး။အစိုးရကျောင်းကဆရာ၊ဆရာမများတိုင်းလည်း ပုဂ္ဂလိကကျောင်းကဆရာ၊ဆရာမတွေလို ဝင်ငွေကောင်းကောင်းရတာမဟုတ်ပါဘူး။
    ရွှေမန်းမေပြောထားတဲ့ အလုပ်ကို မလေးစား၊ မလေးစားတော့ကောင်းကောင်းမသင် ဆိုတဲ့ဆရာ၊ဆရာမတွေကို ကိုယ်တိုင်လေ့လာကြည့်ပါ။အနည်းဆုံးတော့
    ငါ့တပည့်လေးတွေအောင်ပါစေ ဆိုတဲ့စေတနာလေးတော့ရှိကြတာပဲ။မရှိဘူးဆိုရင် ကြိုက်သလိုပြောပါ။ကိုယ်ပြောတာကိုယ်တာဝန်ယူပါတယ်။

  • susunosuki

    May 11, 2010 at 3:10 pm

    သင်တန်းတွေပေါ်လာတာကောင်းတယ်
    ကလေးတွေက အကောင်းဆုံးနည်းစနစ်တွေရဲ့ အရသာကို လက်တွေ့ ကိုယ့်နိုင်ငံအတွင်းမှာပဲတွေ့နိုင်တယ်
    သိန်း ၃ဝ ဆိုတာ များကောင်းများလိမ့်မယ်
    ဒါပေမယ့် ကောင်းမွန်တဲ့သူတို့ဘဝ အုတ်မြစ်ဟာ သူတို့ကို ဂုဏ်ယူဝမ်းမြောက်စေလိမ့်မယ်

Leave a Reply