ဝဋ်ကြွေးတွေ ပြေစေဖို့ ဝဋ်ကြွေးတော်ပြေ ဖူးကြစို့

manawphyulayAugust 22, 20112min28016

မယ်လမုကနေ စက်လှေနဲ့ အသွား ၁၀ဝ ကျပ်နှင့် အပြန် ၁၀ဝ ကျပ် ပေးရပါတယ်။ ဒါနဲ့ ဝဋ်ကြွေးတော်ပြေဘုရားဘက်ရောက်တော့ လူတွေ အတော်စည်ကားလှပါတယ်။ တချို့ကလည်း ကားတွေနဲ့ ဘုရားဖူးလာကြတာ လူတွေမှ ကြက်ပျံမကျ စည်ကားလှပါတယ်။


ဒါနဲ့ ဘုရားတစ်ဆူပြီး တစ်ဆူဖူးတော့ မဟာကိုးသိန်း အရှင်ဌာပနာ ဘုရား လှူဒါန်းနိုင်ကြောင်း တွေ့ရှိရတဲ့အတွက် ဘုရား ၁၁ ဆူကို ငွေ သုံးထောင်ကျပ်နဲ့ လှူဒါန်းခဲ့ပါတယ်။ ပြုပြုသမျှ ကုသိုလ်အစုစုကိုလည်း မန်းဂေဇက်မှ မောင်နှမအားလုံးအတွက် ပြန်လည်မျှဝေပါတယ်ရှင်။
နေရာစုံက ကားကြီး ကားငယ်တွေနဲ့ လာကြသလို ဈေးသည်တွေကလည်း အတော့်ကို စုံလင်လှပါတယ်။

မိုးရွာတော့ နီးရာနေရာကို အတင်းမိုးဝင်ခိုကြတာကိုတွေ့ရပါတယ်။ မနောတောင် ဝဋ်ကြွေးတော်ပြေဘုရားမှာ မိုးခိုရင် ကြာကြာဖူးမြော်ခဲ့ရပါတယ်။

အလိုတော်ပြည့်ဘုရားကိုလည်း ဖူးမြော်နိုင်ပါတယ်။

ဝဋ်ကြွေးတော်မြေ ဘုရားဝင်းအတွင်းကို အပေါ်ကနေ စီးပြီး ရိုက်လာခဲ့ပါတယ်။

ကံကြွေးတော်ကြေ

ဘုရားတွေလှူပြီးရင် တိုက်ရိုက် ကပ်လှူပူဇော်လို့လည်းရပါတယ်။ ဌာပနာအရှင် ပူဇော်ထားပါသည်။

နယ်စုံက ကလေးတွေလည်း ဒီလိုပဲ ဘုရားမှာ ပျော်ရွှင်ဆော့နေကြတာတွေလေ…

16 comments

  • kai

    August 23, 2011 at 11:10 pm

    မန်းလို့မရဖြစ်နေလို့..ဖွင့်ပေးရင်းအသိပေးတာပါ..။
    ဝဋ်ကြွေးတွေပြေစေဖို့.. ငွေလှူရင်ရတယ်..အခုမှပဲသိတော့တယ်..။

    ဘုရားဆင်းတုတော်လည်း..ဖြည်းဖြည်းချင်း.. ငရဲပြည်နဲ့..နတ်ပြည်ကြား.. ပွဲစားဖြစ်နေပြီလားမသိ…။
    (စဉ်းစားနိုင်ဖို့နောက်တာနော… 🙂 )

    • manawphyulay

      August 24, 2011 at 10:01 am

      ဟုတ်ကဲ့ပါသဂျီးရေ… ဝဋ်ကြွေးကျေဖို့ ငွေလှူခိုင်းတာမဟုတ်ပါဘူး။ အဲဒီမှာ ခုဘုရားတွေတည်နေပါတယ်။ သဒ္ဒါတရားရှိရင် လှူနိုင်ပါတယ်။ ဝဋ်ကြွေးဆိုတာ ရှိနေသရွေ့ ဆပ်နေမှာပါပဲ။ မကောင်းမှုတွေ များများလုပ်ပြီး ငွေလှူရင် ရတယ်ဆိုတဲ့ အတွေးကိုတော့ မပေးပါနဲ့ရှင်။ ခုတည်နေတဲ့ဘုရားတွေ စေတီတွေမှာ သာသနာပြုချင်သူများအတွက် ဘုရားဆင်းတုတော်တွေလှူပြီး ကုသိုလ်ယူနိုင်အောင် စီစဉ်ထားတယ်လို့ မနောတော့ မြင်မိပါတယ်ရှင်….

  • True Answer

    August 24, 2011 at 8:32 am

    တကယ်က ကိလေသဝဋ် (၃)ပါး ၊ ကမ္မဝဋ် (၂)ပါး ၊ ဝိပါကဝဋ် (၈) ပါး ရှိပါတယ်။
    ထို ဝဋ်များကို အမှန်တကယ် ပြေစေ – ကြေစေလိုပါက…
    ဒါန တစ်မျိုးတင်မကဘဲ။ သီလ မှသည် ….ဝိပဿနာ ဘာဝနာ ထိ တက်လှမ်းဖို့ လိုပါလိမ့်မည်။

  • ကြောင်ကြီး

    August 24, 2011 at 8:54 am

    ဝိပဿနာနဲ့ကြုံတာတောင် ဆုံခွင့်မရနိုင်တဲ့ အတ္တဝါဒီသဂျီးအတွက်ကတော့ ဘုရားမှာ သူ့ဝဋ်ကြွေးပြေအောင် ဆုတောင်းပေးဖို့မှတပါး အခြားမရှိပြီ…။ သဂျီးမင်းအား (ငရဲ)ခွေးလွှတ်တော်မူပါ။ မိုးကြိုးပစ်ချတော်မူပါ၊ ဘီလူးဂုမာ္ဘန်တသိန်းစေလွှတ် ဆုံးမတော်မူပါ…။ 😛

    • kai

      August 24, 2011 at 10:42 am

      အဲဒီအကောင်တွေ.. လပ်စ်ဗေးဂတ်မှာ.. ရုံးသွင်းပြလိုက်လို့ကတော့.. အပွပဲ.။ 🙂

  • etone

    August 24, 2011 at 8:56 am

    အဲ… အဲ့ဒီဘုရားတစ်ခါမှ မရောက်ဖူးသေးဘူး…. စက်လှေနဲ့သွားမှ ရတာလား .. ကားနဲ့ရော မရဘူးလား … ။
    ရေလမ်းကိုကြောက်လွန်းလို့ပါ 🙁

    • pan pan

      August 24, 2011 at 9:31 am

      မရဘူး မetone
      ငမိုးရိပ်ချောင်းကို ဖြတ်ရမှာလေ
      မယ်လမုကသွားတာ လမ်းသင့်နေတာကိုး
      စက်လှေမစီးချင်ရင် တံတားနဲ့သွားလို့ရမယ့်နေရာက သွားရင် ရမလားတော့မသိ

      • etone

        August 24, 2011 at 10:29 am

        အဲ… ဒါမှ ဒုက္ခ … ဒီကစက်လှေတွေက ဘာ အသက်ကယ်အကျီ င်္မှ ပေးမှာမဟုတ်ဘူး… ကိုယ်ကလည်း .. ရေကြောက်ကြောက်နဲ့ … ဘယ်လိုပဲ ရေးကူးသင်သင် ရေထဲဆင်းလိုက်လျှင် ကူးဖို ့သတိမရလွန်းလို့ … ခဏခဏ မြုပ်သွားဖူးတယ် … အဲ့ဒီတုန်းက လေးပေကန်မှာ … 🙁 အဲ့ဒီတုန်းကတောင် ရေသေမို့လို့ …. ရေ ရှင်ဆို … သေပြီပဲ … ။ ရေချိုးတာနဲ့ .. မိုးရေကလွဲလို့.. ကျန်တဲ့ရေဆို အကုန်ကြောက်တယ် 😛

        • manawphyulay

          August 24, 2011 at 11:02 am

          စက်လှေမှာ ဂျက်ကက်တွေ ပါပါတယ်။ ရေလမ်းအရမ်းကြောက်တဲ့သူတွေ ဝတ်လို့ရပါတယ်။ ဟိုဘက်ကမ်းက ချောင်းလေးပဲ ဖြတ်ကူးတာဆိုတော့ သိပ်တော့ကြောက်ဖို့မလိုပါဘူး။ ရေလယ်ကျောက်တန်းလောက် ရေမဖြတ်ရပါဘူး။ စက်လှေပေါ်က တန်းတွေမှာ တစ်တန်းကို ၄ ယောက်ထိုင်ရပါတယ်။ မနောတို့သွားတဲ့အချိန်တုန်းက ဘာမှမဖြစ်ပေမယ့် ဟိုဘက်ကမ်းက ပြန်လာတော့ မိုးအတော့်ကိုရွာပါတယ်။ ပထမ ထီးဆောင်းထားပြီး ကမ်းကပ်ချိန်မှာ ထီးတွေ ပိတ်ခိုင်းပါတယ်။ စက်သပ်ပြီး ကမ်းကပ်မှာမို့တဲ့လေ…

      • manawphyulay

        August 24, 2011 at 11:12 am

        တကယ်လို့ ရေကြောက်နေရင် ဒဂုံဘက်ကနေ ကားဂိတ်မှာဆင်းပြီး လမ်းလျှောက်ဝင်လည်းရပါတယ်။ တံတားကဖြတ်တဲ့ကားကိုစီးရင် ရပါတယ်။ နောက် အားတဲ့နေ့တစ်ရက်လောက် မယ်လမုနားက အာနန္ဒာဘုရားပုံနဲ့ ဘုရားဘက်ကို ထပ်မံသွားဖူးပါဦးမယ်။

        • etone

          August 24, 2011 at 12:52 pm

          ဒီမှာက လေးပေကန်မှာတောင် ရေမွမ်းတာ …ချောင်းသေးသေးလေးဆိုပေမဲ့.. ကြောက်ပါတယ် ဆို ဟင့် 😥
          ဟိုအောက်က ရွှေအိမ်စည်ကလည်း .. .ရေကူးချန်ပလုံတဲ့ … ရှိစုမဲ့စု ထုတ်ကြွားတာ အားကိုးလောက်ပါတယ်နော် 😥 😥

  • နွယ်ပင်

    August 24, 2011 at 9:36 am

    တစ်ခါမှမရောက်ဖူးသေးဘူး …..
    စက်လှေစီးရမှကိုကြောက်လို့ မသွားဖြစ်တာ
    သွားတော့ဖူးချင်သား …….

  • ရွှေအိမ်စည်

    August 24, 2011 at 10:52 am

    တခါမှမရောက်ဘူးသေးဘူး….

    လိုက်ပို ့တြ ့မနောကိုကျေးဇူးပါ…..
    အိတုန်သွားချင်တယ်ဆိုပြော…ကျနော်ကရေးကူး…..ချန်ပလုံ

    မကြောက်ပါနဲ ့ကိုယ်ဖော ့တတ်ရင်ရေသန် ့ဘူးအလွတ်တဗူးရှိရင်တောင်
    အသက်ကယ်နိုင်ပါတယ်……အကီင်္ျကတော့ …………

  • မီးမီး သော်

    August 24, 2011 at 1:00 pm

    ရေလမ်းတော့ကြောပါတယ်။ရေကူ ချန်ပီယံတွေ ပါရင်တော့ လိုက်မှာလေ။ဟိ ဟိ ခေါ်မှာလား။ဘုရားဖူးသွားမယ်လေ—

  • ရွှေခဲမောင်

    August 25, 2011 at 6:28 pm

    ကျွန်တော်ကအဝေးရောက်နေတော့တစ်ခါမှ မဖူးဘူးပါဘူး မနော နောက်တစ်ခေါက်သွားလို့အဆင်ပြေရင်လိုက်ဖူးချင်ပါတယ်ခင်ဗျာ

  • nature

    August 25, 2011 at 10:03 pm

    ဒီဘဝမှာ သောတပန်မဖြစ်သေးဘူးဆိုရင် ဝဋ်ကြွေးတွေမကြေနိုင်သေးပါ။ ကိုယ်လုပ်ချင်ရာလုပ်ပြီး ဒီဘုရားကို ဖူးရုံနဲ့ ဝဋ်ကြွေးတွေကြေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ၊ဘုရားဖူးတာကတော့ ကုသိုလ်ရပါတယ်။ ဒီဘုရားဖူးပြီး ဝဋ်ကြွေးတွေကြေပြီလို့ယုံကြည်ယူဆနေသူတွေအတွက် ကိုယ်လုပ်ထားတဲ့အကုသိုလ်ကို တဖန်တွေးတောပြီး ပူပင်ခြင်း မရှိလို့ အကုသိုလ်တွေထပ်မပွားအောင် စိတ်ရဲ့ ဦးတည်ရာကို လှည်ပေးစေနိုင်တယ်လို့မြင်ပါတယ်။ ဘာအကုသိုလ်ပဲလုပ်လုပ် နောက်ဆုံး ဒီဘုရားကို ဖူးလိုက်ရင် ဝဋ်ကြွေးကြေပြီ ဆိုပြီး ဒီဘုရားအားကိုးနဲ့ အကုသိုလ်တွေလုပ်နေရင်တော့ လူဖြစ်ရှုံးပါလိမ့်မယ်။

Leave a Reply