မယ်လမုစေတီတော် ဖူးမြော်နိုင်စေဖို့

manawphyulayAugust 22, 20112min1086

မယ်လမုစေတီတော်ကို မနေ့က ရုံးပိတ်ရက်မှာ ရောက်ခဲ့ပါတယ်။ မရောက်တာကြာပြီဖြစ်ပေမယ့် အရင်လိုပဲ စည်ကားမြဲ စည်ကားနေတာကို တွေ့ရတာပါတယ်။ တော်သေးတာက ယမန်နေ့က ရေကြီးလို့ ဘုရားကုန်းတော်ပေါ်မှာ အတော်ကို ရေလျှံတယ်လို့ ပြောပါတယ်။ မနောတို့ ဘုရားသွားရောက်တော့ ရေတော့ သိပ်မတင်တော့ပဲ ကျောက်ပြားတွေမှာ ရေညှိတွေတက်နေတော့ သတိထားပြီးတော့ ဘုရားကို ဖူးမြော်ရပါတယ်။

မယ်လမုဘုရားဝင်းအတွင်း ဆင်စီးမြင်းရံဘုရားလည်း ရောက်ခဲ့ပါသေးတယ်။

ရဟန်း ငါးရာ ကိုလည်း မှတ်တမ်းတင်ခဲ့ပါတယ်


မယ်လမုစေတီတော်ဘက်က စက်လှေစီးပြီး ဝဋ်ကြွေးတော်ပြေစေတီတော်ဘက်ကို ကူးပြီး ထပ်မံ ဖူးမြော်ခဲ့ပါတော့တယ်။

6 comments

  • etone

    August 22, 2011 at 1:50 pm

    ကျေးဇူးတင်တယ် အစ်မရေ… မယ်လမုဘုရားမရောက်တာ … အနည်းဆုံး ရှစ်နှစ် ကိုးနှစ်လောက်ရှိပြီ … အခုလိုမြင်ရမှပဲ ပြန်ဖူးခွင့်ရတော့တယ် … နီးနီးလေးနဲ့ .. ဝေးနေတာ .. ဟိဟိ 😛

  • အဆိုတော်ရူးမလေး

    August 22, 2011 at 1:58 pm

    ဝဋ်ကြွေးတော်ပြေဘုရားကို ကြားပဲကြားဖူးတယ် တစ်ခါမှမရောက်ဖူးဖူး အရမ်းလဲသွားချင်တယ် သွားလို့လဲမတတ်ဘူး နောက် တစ်ခါ အမ အားရင်လိုက်ပို့ပေးနော်

    • pan pan

      August 22, 2011 at 2:14 pm

      ခင်ဝမ်းသီချင်းတွေကို ခင်မောင်တိုးပြန်ဆိုတော့
      ဗီစီဒီထဲမှာ အဲဒီဝဋ်ကြွေးတော်ပြေဘုရားပါတယ်
      ဖိုးဉာဏ်နဲ့ နဒီဝင့်နိုင်သရုပ်ဆောင်တဲ့ သီချင်းမှာ
      သီချင်းနာမည်က နဒီမင်္ဂလာ
      သိပ်ကောင်းတယ်

  • စုံ စုံ

    August 22, 2011 at 4:14 pm

    ရန်ကုန်သူသာဆိုတယ် မယ်လမုဘုရားတခါမှမရောက်ဖူးဘူး
    အခုမနောတင်မှဘဲရောက်ဖူးတော့တယ်

  • ရွှေအိမ်စည်

    August 22, 2011 at 5:37 pm

    ကျေးဇူးပါ..မနောလိုက်ပို ့လို ့သွားလိုက်ပါတယ်..။

    မြောက်ဒဂုံမှာရှိတာဟုတ်…
    ငယ်ငယ်တုံးကတော့….အတွဲ တွေများတယ်..ဟီးတွေ ့ဘူးတာပြောတာနော်..

    ဘေးမှာငမိုးရိပ်ချောင်းရှိနေတာကိုး….

  • ရွှေဘိုသား

    August 22, 2011 at 9:49 pm

    တစ်ခေါက်မှ မရောက်ဖူးဘူး အခုလိုတင်ပေးလို. မမ မနောဖြူလေး ကျေးဇူးပါ
    ဒီလို တင်ပေးတဲ.အကျိုးကျေးဇူးကြောင်.ရွှေဘိုသားနီးပါချောတဲ. ဘောချဲချဲ လေးရပါစေ

Leave a Reply