စဉ်းစားကြဦးမလား မြို့တွေ

moethidasoeAugust 22, 20111min20015

(၁) ရေနဲ့ နီးစပ်တဲ့ မြို့ (မြို့နယ်) မှတ်မိသမျှ ၃၈ ခု ရှိတယ် (များတယ်လို့ တော့ မပြောနဲ့နော် .. အားအားရှိ စဉ်းစားပြီး မှတ်ခဲ့တာတွေပါ)

(၂) အာမထိ လျှာမထိက ၄ မြို့ ရှိတယ်

(၃) တစ် (တ) ပါတဲ့ မြို့ ၁ဝ မြို့ရှိတယ်

(၄) သုံးပါတာ (၃) ခု

(၅) လေး ပါတာ (၄)

15 comments

  • မီးမီး သော်

    August 22, 2011 at 1:13 pm

    ၄။သုံးခွ၊သုံးဆယ်၊???
    ၁။ရေဦး၊ အများကြီးပါလားနော်။မှတ်ထားနိုင်လွန်းပါတယ်။သူများအဖြေဘဲစောင့်ကြည့်ပါတော့မယ်။ဟိ ဟိ

  • etone

    August 22, 2011 at 1:36 pm

    ဒီတစ်ခါတော့…ပို့စ်လေးက ရသတမျိုးပဲနော် ဟိဟိ … ဦးနှောက်စားတယ် …။
    1. မအူပင် ၊ စစ်တောင်း၊ ရမည်းသင်း ၊ ဝါးခယ်မ ၊ ရွှေလောင်း ၊အိမ်မဲ ၊ ဖျာပုံ ၊ပန်းတနော် ၊ဒေးဒရဲ ၊ ဒလ ၊ တွံတေး ၊ ဟသာင်္တ၊မြိတ်… ကော့သောင်း .. ထားဝယ် … ဟိဟိ .. 😛 … ရှိအုံးမှာပါ … မတွေးမိတော့ဘူး ဟိဟိ ။
    2.ဝေါ ၊ အမ်း … … ကျန်တာ ..မသိဘူး …။
    3.ဘုတလင် ၊ဟင်္သာတ ၊ ပြျွန်တဆာ၊ မတ္တရာ ၊ တနင်္သာရီ ၊ ပန်းတနော် ၊ … ကျန်တာသိတော့ဘူး 🙄
    4.သုံးခွ ၊ သုံးဆယ် ၊ သုံးပန်လှ
    5.လေးမျက်နှာ ၊ ညောင်လေးပင်၊ ကလေး ၊ …. သိတော့ဘူး ဟဲဟဲ 😀

    • pan pan

      August 22, 2011 at 2:22 pm

      ၂။ ရေး၊ ဟားခါး၊
      ၃။ ထန်းတစ်ပင်၊
      ၅။ ကလေးဝ

    • moethidasoe

      August 22, 2011 at 2:38 pm

      ရေနဲ့ နီးစပ်တယ် ဆိုတာ မြစ်ဘေးမှာ ရှိတာကို ပြောတာ မဟုတ်ဘူး .. သူ့ နာမည်မှာ ရေ နဲ့ နီးစပ်တာ ပြောတာ .. ရေ ပင်လယ် မြစ် ချောင်း အင်း အိုင် ကျွန်း အစရှိတာတွေပါ

      လေး မှာ ကလေး ပြီးရင် ကလေးဝ ကို ဘာလို့ မေ့ထားတာလဲ လို့

      တ ပါတယ် ဆိုတာ (တစ်) ဂဏန်းကို ကိုယ်စားပြုတဲ့ တ ကို ဆိုလိုတာ အခု ဖြေထားကြတဲ့အထဲမှာ ဒို့ မသိခဲ့တာတွေ ပါသေးတယ်
      အဲဒီအတွက် ကျေးဇူးပါ
      အဖြေချုပ် ထုတ်ရင် ထည့်မှတ် ရေးလိုက်ပါ့မယ်

      • pan pan

        August 22, 2011 at 3:21 pm

        ၁။ ရေနီ၊ အင်းလေး၊ မြစ်ကြီးနား၊ မြစ်သား၊ ချောင်းဆုံ၊ ချောင်းဝ၊ မော်ကျွန်း၊
        ရေကျော်၊ ကျောက်မြောင်း(မြောင်းပါလို့)၊ စမ်းချောင်း၊ ရေနံချောင်း၊ ရေစကြို၊ ကျောက်ဆည်(ဆည်ပါလို့)၊

  • manawphyulay

    August 22, 2011 at 2:27 pm

    ဘယ်သူတွေ ဘာတွေဖြေမလဲဆိုတာ လာဖတ်တာလေ… အဟိ… ကိုယ်တိုင်က စဉ်းစားရင် ဦးနှောက်စားလို့ မစဉ်းစားဘဲ အချောင်လာကြည့်တာဆိုပါတော့ မှတ်သားစရာတွေပါပဲ။

  • Shwe Ei

    August 22, 2011 at 3:30 pm

    ၁။ မြစ်သား၊ ရေဦး၊ ပင်လယ်ဘူး၊ ချောင်းဆုံ၊ ရေနံချောင်း၊ ငသိုင်းချောင်း၊ မော်ကျွန်း (စဉ်းစားပြီးထပ်တင်ပါအုံးမည်။)

  • cobra

    August 22, 2011 at 5:16 pm

    များလိုက်တာဗျာ….
    အဖြေတွေကအကုန်အမှန်တွေလား။

  • moethidasoe

    August 22, 2011 at 5:29 pm

    အဖြေတွေ မနက်ဖန် နေ့လည် ၂ နာရီမှာ တင်မယ်ဆိုရင် အဆင်ပြေမှာလား

    • pan pan

      August 23, 2011 at 11:06 am

      ဒေါက်တာကို ကြုံတုန်းမေးစရာလေးရှိပါတယ်
      ကျွန်မဆံပင်တွေ ခုတလော တော်တော်ကျွတ်နေလို့
      အပူများလို့လားထင်မိတယ်
      ဝမ်းလည်းတော်တော်ချုပ်လို့ပါ
      အရင်တနေ့ကပဲ ဆံပင်ညှပ်လိုက်တယ်
      တော်တော်ပါးသွားတော့ အကျွတ်နည်းပြီမှတ်တာ
      အရင်လိုပဲ မထူးပါဘူး များများကျွတ်မြဲပါ
      အရင်ကဆို သိပ်မဆံပင်မကျွတ်တတ်ပါဘူး
      ဆံပင်ရှည်လာလို့ ကျွတ်လွယ်တယ်ထင်နေတာ
      ခုတော့ သာမန်ထက်ပိုနေလို့ပါ
      အပူကန်နေတာလားမသိလို့ပါ

    • pan pan

      August 23, 2011 at 11:08 am

      ဆံပင်ဆေးဆိုးတာတို့
      ဖြောင့်တာတို့တော့ လုပ်ပါတယ်
      အရမ်းကြီးတော့ မဟုတ်ပါဘူး
      အဲဒါတွေနဲ့လည်း ဆိုင်မယ်ထင်ပါတယ်
      ပြီးတော့ တခြားအကြောင်းများ ရှိသေးလားလို့ပါ

      • moethidasoe

        August 23, 2011 at 12:02 pm

        ဆံပင်ကိစ္စက မျိုးရိုးနဲ့လည်း ဆိုင်လိမ့်မယ် .. ဟိုမုန်းနဲ့လည်း ဆိုင်လိမ့်မယ် ..
        တဦးစီ အချက်တွေမှာတော့ ဆိုးဆေးကိစ္စ၊ ခေါင်းလျှော်ရည် ကိစ္စ တွေပါလာလိမ့်မယ် ..
        ဒို့ဆိုရင် အဖေဖက်က ရော အမေဖက်ကပါ ဆံပင် ကျွတ်တဲ့ မျိုးရှိလို့ အတော် ကျွတ်ပါတယ် .. ဒါတောင် ဆေးမဆိုးဘူး .. ခေါင်းလျှော်ရည် အထူးအဆန်းတွေ မသုံးဘူး ..
        ဒို့ အမ ကျပြန်တော့ အဲဒီလို မဖြစ်ပြန်ဘူး .. သူက အပျိုကြီးလေ ..

        အပူကန်တယ် ဘာညာတော့ သိပ် စိတ်မဝင်စားလို့ မလေ့လာမိဘူး ..

  • victor soemoe

    August 23, 2011 at 10:01 am

    ိုအိုး -ရက်စ် အဆင်ပြေတယ်တကယ် –

  • moethidasoe

    August 23, 2011 at 2:43 pm

    ဧည့်သည် များနေလို့ အခုမှ တင်ဖြစ်တယ်

    ရေနဲ့ နီးစပ်တဲ့ (၃၈)
    ရေကြည်၊ ရေဖြူ၊ ရေဦး၊ ရေတာရှည်၊ ရေနံချောင်း၊ ရေနီ၊ ရေစကြို၊ ပင်လယ်ဘူး၊ မြစ်သား၊ မြစ်ကြီးနား၊ မြစ်ငယ်၊ သရက်ချောင်း၊ ငါးသိုင်းချောင်း၊ စမ်းချောင်း၊ ချောင်းဆုံ၊ ချောင်းဦး၊ မိချောင်းရဲ၊ ဆင်ဖြူကျွန်း၊ သင်္ကန်းကျွန်း၊ ကျွန်းလှ၊ ကျွန်းစု၊ ပုဏ္ဏားကျွန်း၊ အင်းစိန်၊ မိုးကုတ်၊ မိုးမိတ်၊ မိုးနဲ၊ မိုးညှင်း၊ မိုးကောင်း၊ မိုးမောက်၊ မိုးညို၊ ဆိပ်ကမ်း၊ တံတားဦး၊ ဆင်ပေါင်ဝဲ၊ မြောင်းမြ၊ အင်းတော်၊ အင်းလေး၊ အင်းတကော်၊ အင်းမ၊
    (ရွှေအိ ဖြည့်တာ မော်လမြိုင်ကျွန်း၊ ပန်ပန်က ကျောက်ဆည်) (ပေါင်း ၄၀)

    အာမထိလျှာမထိ (၄) က
    ဟဲဟိုး၊ ဝေါ၊ ရေး၊ ယော၊
    (အိတုန်ဖြည့်တာ အမ်း) (ပေါင်း ၅)

    တစ် (တ) ပါတဲ့ ၁ဝ မြို့
    ထန်းတပင်၊ မန္တလေး၊ တမူး၊ ပန်းတနော်၊ နတ်တလင်း၊ ထန်တလန်၊ တနိုင်း၊ ဝမ်းတွင်း၊ ဘုတလင်၊ ဗိုလ်တထောင်၊
    (အိတုန် ဖြည့်တာ တနင်္သာရီ၊ မတ္တရာ) (ပေါင်း ၁၂)

    သုံး ပါတဲ့ ၃ မြို့
    သုံးခွ၊ သုံးဆယ်၊ ဘုရားသုံးဆူ

    လေး ပါတဲ့ မြို့ (၄)
    ညောင်လေးပင်၊ လေးမျက်နှာ၊ ကလေး၊ ကလေးဝ

    နောက်ထပ် ဆန္ဒ ပြုကြရင် နည်းနည်း ကျန်သေးတယ်

  • moethidasoe

    August 23, 2011 at 2:46 pm

    ထပ်ဖြည့် ပေးမယ့်သူရှိရင်လည်း ထပ်ဖြည့်ပေးပါ .. ဒို့စာရင်းမှာလဲ ဖြည့်ချင်လို့

Leave a Reply