နေ ့စဉ်အသုံးချ ဂမီ္ဘရ(၁)

ဒီယွန်ဖော်ကျွန်းရဲ ့ နေ ့စဉ်လက်တွေ ့အသုံးချဂမီ္ဘရ အကြောင်းကိုအနှစ်ချုပ်အနေနဲ ့အပိုင်းတွေခွဲပြီး

ကျွန်တော်တင်ပြသွားပါမယ်။ဂမီ္ဘရ ဂန္ဓာရီစသည့်စကားလုံးတို ့နှင့်ပတ်သက်၍ ကိုးယိုးကားယားဖြစ်

စရာမရှိပေ။အမှန်မှာ ကိုယ့်အားကိုယ်ကိုး၍ စိတ်စွမ်းရည်ကို အသုံးပြုခြင်းသာဖြစ်ပါတယ်။ထို့ပြင်

ဤပညာရပ်သည် သိပ္ပံပညာဟုပင်ဆိုနိုင်ပြီး ရုပ်နယ်လွန်အဆင့်တွင် သတိရှိရှိ ရည်ရွယ်ချက်ရှိရှိဖြင့်

လေ့ကျင့်အားထုတ်ခြင်းပင်ဖြစ်တယ်။ဤပညာရပ်တွင် ကောင်းခြင်း ဆိုးခြင်းမရှိပေ။အသုံးချသူနှင့်

သာဆိုင်သည်။သို ့သော်ကံကောင်းသည်မှာစစ်မှန်သော ဂမီ္ဘရစွမ်းရည်သည် မှန်ကန်သောလေ့ကျင့်

မှုနှင့်ကောင်းမွန်သောအရည်အသွေးရှိသူတို ့တွင်သာပေါက်ဖွားပေါ်ထွက်နိုင်ရာ ၎င်းတို့အနေဖြင့်

ကိုယ်ကျိုးနှင့်မကောင်းမှုအတွက်အသုံးပြုမည်မဟုတ်ပေ။သို့ရာတွင် စိတ်နှလုံးယုတ်မာသော

အောက်လမ်းမှော်ဆရာများက အခြားသူများကိုထိခိုက်အောင်လုပ်နေသောအချက်မှာလည်းအထင်

အရှားပင်ဖြစ်ပေသည်။

(ဒီယွန်ဖော်ကျွန်းသည် အနောက်တိုင်းသူဖြစ်၍သူ့ကျင့်စဉ်များမှာသူ၏စစ်မှန်သော

အတွေ့အကြုံများအခြေခံ၍ရေးခြင်းဖြစ်ရာ အနောက်တိုင်းဆန် သော်လည်း အလွန်ကောင်း

မွန်လှကြောင်း ပညာရှင်များကဆုံးဖြတ်ပါသည်။  -စာရေးသူ)

 

အသုံးချဂမီ္ဘရ(၁)

ဂန္ဓာရီပညာရပ်၏အခြေခံစည်းမျဉ်းမှာ ရှာဖွေမှသာရရှိပေမည်။ရမ်းသမ်းလုပ်သူများအနေဖြင့်ဒုက္ခတွေ့

ပေလိ်မ့်မည်။ဤပညာရပ်တွင် ကိုယ်ကျင့်သီလသည် အလွန်အရေးပါသည်။ကိုယ်ကျင့်တရားမကောင်း

လျင် အောက်လမ်းဆရာသာဖြစ်သွားမည်။ဂန္ဓာရီပညာရှင်ဖြစ်မလာနိုင်ပေ။ထို့ကြောင့်ဆရာရှင်တို့သည်

သာဝကများ၏ ကိုယ်ကျင့်သီလခိုင်မာဖြောင့်မတ်အောင်ဦးစွာအားထုတ်စေ၍ ထိုအရည်အသွေးပြည့်မှီ

သည်အထိလေ့လာအကဲခတ်ပြီးမှပညာရပ်များကိုသင်ကြားပေးကြခြင်းဖြစ်သည်။

ထို့ကြောင့် ဂန္ဓာရီပညာရပ်တွင် လေ့ကျင့်အောင်မြင်ခြင်း၏အဓိကသော့ချက်များမှာ ရည်ရွယ်ချက်ဖြူစင်

ဖြောင့်မတ်ခြင်း ၊အသိဉာဏ်သန့်ရှင်းမှုရှိခြင်းတို့ပင်ဖြစ်ပေသည်။လေ့ကျင့်သူသည် စိတ်အလိုမလိုက်ရ။

ရုပ်ပိုင်း စိတ်ပိုင်းကောင်းစွာညီညွတ်မျှတနေစေရမည်။ပညာကိုသိရုံဖြင့်မရ။ပညာနှင့်တသားတည်းဖြစ်

အောင် ကိုယ့်အားကိုယ်ကိုး၍ အားထုတ်ရမည်။ထိုအချက်သည်အရေးကြီးဆုံးအချက်ဖြစ်ပြီး သဘာဝ

၏အနိ္တမအချက်ကို၎င်းကဆုံးဖြတ်ပေလိမ့်မည်။

အခြားသော့ချက်များမှာ ဂန္ဓာရီပညာရပ်၏စည်းမျဉ်းများကို အပေါ်ယံမဟုတ်ဘဲ စစ်မှန်နက်ရှိုင်းစွာ

သဘောပေါက်ခြင်းနှင့်ကျင့်စဉ်များ၏အချိန်ဇယားကိုနားလည်ခြင်းဖြစ်သည်။သိခြင်းနှင့်နားလည်

ခြင်းတို့ဖြင့် ပညာသည်ဖြစ်လာနိုင်ပေသည်။အသိဉာဏ်ရှိမှုနှင့်ရည်ရွယ်ချက်ဖြူစင်ဖြောင့်မတ်မှု

ကြောင့် အကျိုးရှိသောကျင့်စဉ်များဖြစ်လာပေမည်။သဘာဝ၏စွမ်းအင်စီးဆင်းမှုစည်းချက်များကို

ထိုးထွင်းနားခြင်းဖြင့် ဂန္ဓာရီပညာရပ်တွင် များစွာတိုးတက်လာပေမည်။သို့သော် သင်သည် ကံအ

ကြောင်းတရားများကို သတိပြုနားလည်ရမည်။မလွဲမသွေဖန်လာမည့်ကံအကြောင်းတို့ကိုကျော်

လွှားရန် ဂန္ဓာရီစွမ်းရည်များသုံး၍ရမည်မဟုတ်ပေ။သို့ရာတွင် ထိုကံတရားတို့၏ကြောင်းကျိုးကို

နားလည်နိုင်အောင်ကြိုးစား၍နိယာမနှင့်အညီသင်လုပ်နိုင်သောအကောင်းဆုံးအလုပ်တွင်ဤ

ပညာရပ်ကိုအသုံးချနိုင်အောင်ကြိုးစားပါ။(ဝဋ်နာကံနာရှိသူများကို ကုသ၍မရနိုင်သော်လည်း

တတ်နိုင်သမျှအကောင်းဆုံးကုသပေးသကဲ့သို့ ဖြစ်မည်ထင်ပါသည်။)

 

 

ကျွန်ုပ်တို ့ဖြစ်ပျက်သမျှအကြောင်းအရာတိုင်းကို အကုန်လုံးနှစ်သက်လက်မခံနိုင်သည်မှာရိုးရှင်းသောအခြေခံ

အမှန်တရားတစ်ခုဖြစ်သည်။အမှန်မှာ အတိတ်ကံတို့သီးပွင့်လာအောင်မျက်မှောက်ပစ္စုပ္ပန်တွင်အားထုတ်မှု

ကြောင့်ဖြစ်ပေသည်။ကိုယ်လုပ်သမျှကိုယ်ခံရခြင်းသာဖြစ်သည်။ဂန္ဓာရီပညာရပ်တွင် ဟိုစပ်စပ် သည်စပ်စပ်

လျှောက်လုပ်သူတို့သည် မကောင်းသော သားရဲသဖွယ်နိမ့်ကျသောစွမ်းအင်များကိုသာရရှိပေလိမ့်မည်။

ဖြူစင်ရိုးသား၍အရည်အသွေးပြည့်ဝသူတို့သာလျှင်စစ်မှန်သော စွမ်းအင်များကိုရရှိမည်။ထိုသို့သောအရည်

အသွေးများကို လွယ်ကူစွာမရနိုင်ပေ။ထို့ကြောင်ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာပြဿနာများ ကိုဆန်းစစ်၍ပြုပြင်ရ

မည်။သို့သော် သိမ်မွေ့သောမသိစိတ်၏အခြေအနေများကိုဆန်းစစ်ရာတွင် သိပ်မလွယ်ကူပေ။မသိစိတ်၏

သဘာဝသည် အလုံးစုံမှတ်သားထားတတ်၍ အလွယ်ပင်ထိခိုက်နိုင်ပေသည်။ပြဿနာများနှင့်ကြုံသောအခါ

ပုဂ္ဂိုလ်စွဲမထား၍ဖြောင့်မတ်စွာမစဉ်းနိုင်တော့ဘဲ ကိုယ့်အတ္တကိုသာဗဟိုပြု၍စဉ်းစားတော့သည်။ဤအချက်

နှစ်ချက်ကိုစဉ်းစားကြည့်ပါ။ပြဿနာ၏သဘောသဘာဝကိုမှန်ကန်စွာနှလုံးသွင်းနိုင်မှုနှင့်စူးစိုက်နိုင်မှုစွမ်းရည်

တို့ဖြစ်သည်။တော်တော်များများကိုဖြေရှင်းနိုင်ပါလိမ့်မည်။တစ်ချို ့ပြဿနာများကိုမဖြေရှင်းနိုင်သော်လည်း

လျော့ပါးသက်သာအောင်ဆောင်ရွက်နိုင်ပါလိမ့်မည်။သို့သော် ပြဿနာကိုမဖြေရှင်းနိုင်သောအခါ ကြောင်း

ကျိုးဆက်စပ်မှုကိုနားမလည်နိုင်ပေ။စိတ်တွင်မကျေလည်သောအခါ မည်သည့်ပြဿနာမဆို သိစိတ်တွင်ထိ

ခိုက်၍ဒဏ်ဖြစ်လာမည်။စိတ်ထောင်း၍ကိုယ်ကြေမည်။သိစိတ်တွင်သက်ရောက်မှုများသည်သိမ်မွေ့သောအ

ဆင့်များတွင်ဖြစ်ပွား၍ပေါ်ပေါက်လာခြင်းဖြစ်သည်။ကြောင်းကျုိုးဖြစ်စဉ်သည် အာရုံများတွင်ရှုပ်ထွေးစွာဖွဲ့ယှက်

လျက်ရှိရာ ကာလသုံးပါးကိုလွန်သောသီးခြားသိစိတ်သည် ကွန်မြူနတီ(သို့)မျိုးနွယ်ကြီးတစ်ခုလုံး၏သိစိတ်တွင်

ပေါင်းစပ်ပါဝင်သကဲ့သို့ပင်ဖြစ်သည်။(ကိုယ့်အဖေကိုဆဲလျင် သားသမီးတွေကျေနပ်မည်မဟုတ်။ကိုယ့်လူမျိုးကို

ဆဲလျင်တစ်မျိုးလုံးကျေနပ်မည်မဟုတ်။)

စိတ်အလွှာတိုင်းတွင် သီးသန့် စွမ်းရည်၊စည်းမျဉ်းများနှင့် အခြေအနေများရှိသည်။အတွေ့အကြုံပြည့်ဝပြီး

ကောင်းစွာလေ့ကျင့်ထားသောဂန္ဓာရီပညာဖြင့်ဤစွမ်းအင်များကို သတ်မှတ်ထားသောနယ်နိမိတ်များ၊စည်းမျဉ်း

များနှင့် အခြေအနေများအတွင်း အသုံးပြုနိုင်သည်။ဂန္ဓာရီပညာရပ်တွင်သေချာစွာအနက်ဖွင့်ထားသော ကန့်သတ်

ချက် နယ်နိမိတ်များရှိသည်။အသိစိတ်တွင်အားနည်းချက်မရှိလျှင် ဘေးမကျရောက်နိုင်ပေ။စိတ်ဝိဉာဏ်ဆိုင်ရာ

ကုသမှုသည် သိစိတ်ကိုမှန်ကန်စွာထိန်းညှိမှုရှိခြင်းနှင့်ရည်ရွယ်ထားသောကျင့်စဉ်များသေချာစွာလေ့ကျင့်ထား

မှုရှိခြင်း တို့တွင်သာအကျိုးသက်ရောက်မှုရှိပေမည်။

2 comments

  • မောင်ဘလိူင်

    August 22, 2011 at 12:16 pm

    အခြေအနေမဲ့ သန်းကြွယ်သူဌေး ဆက်ပြီး ဘာသာမပြန်နိုင်သေးတာနဲ့
    အရင်က ဘာသာပြန်ထားတာလေးတွေ ပြန်ရှာပြီး တင်လိုက်ပါတယ်။
    တစ်ယောက်တစ်လေလောက် စိတ်ဝင်စားရင် တင်ရကြိုးနပ်ပါတယ်။
    ကျွန်တော် အနေနဲ့ နားလည်လို့ တင်ခြင်းမဟုတ်ပါ။ တကယ်နားလည်
    သော ပုဂ္ဂိုလ်များ ဝင်ရောက်ဆွေးနွေးခြင်းဖြင့် ကျွန်တော်တို့ ရွာသူ
    ရွာသားများ ဗဟုသုတ ရစေခြင်းအတွက်သာ ဖြစ်ပါသည်။

  • Shwe Ei

    August 22, 2011 at 3:55 pm

    ဖတ်တော့ ဖတ်လိုက်ပြီ၊ နားလည်တေးဝူး။ ထို့ကြောင့် ဘာမှမဆွေးနွေးဘဲ တိတ်တိတ်လေးပြန်ထွက်တွားဘီ။

Leave a Reply